ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အသက္ ၁၂ ႏွစ္ေအာက္ မိန္းကေလးေတြကို အဓမၼျပဳက်င့္မႈအတြက္ ေသဒဏ္စီရင္ဖို႔ အိႏိၵိယအစိုးရက အတည္ျပဳလိုက္ပါပါတယ္။

အဓမၼျပဳက်င့္မႈကို ျပင္းျပင္းထန္ထန္အေရးယူဖို႔ အိႏၵိယႏိုင္ငံတ၀ွမ္း ဆႏၵျပေတာင္းဆို တာေတြ ျဖစ္ပြားေနခ်ိန္မွာ ၀န္ႀကီးခ်ဳပ္မိုဒီက အစိုးရအဖြဲ႔ အေရးေပၚအစညး္အေ၀းေခၚခဲ့ၿပီးေနာက္ အသက္ ၁၂ ႏွစ္ေအာက္ အမ်ိဳးသမီးငယ္ေတြအေပၚ အဓမၼက်ဴးလြန္သူကို ေသဒဏ္ေပးမယ့္ ဥပေဒကို အတည္ျပဳလိုက္တာပါ။

အိႏၵိယ သမၼတက လက္မွတ္ထိုးၿပီးတာနဲ႔ ဒီဥပေဒ စတင္ အသက္၀င္ေတာ့မွာပါ။ “ဥပေဒအရ အသက္ ၁၂ ႏွစ္နဲ႔ ၁၂ ေအာက္ေတြအေပၚ က်ဴးလြန္မယ္ဆိုရင္လည္း  ေသဒဏ္ေပးခံရမွာဆိုေတာ့ ဒါ သိပ္ေကာင္းတယ္။ ဒီနညး္နဲ႔ က်ေနာ္တို႔ တရားမွ်တမႈ ရမွာပါ”လို႔ အဓမၼက်င့္သတ္ျဖတ္ခံရသူ ခါသုတာရဲ႕ ဖခင္က ေျပာပါတယ္။

၂၀၁၂ ခုႏွစ္မွာ လူအုပ္စုဖြဲ႔ အဓမၼျပဳက်င့္ခံခဲ့ရသူ မိန္းမငယ္တဦးရဲ႕ မိခင္ အာရွာေဒဝီကေတာ့ “ဒီဥပေဒကို က်မ ေက်နပ္မႈမရွိဘူး။ ၁၂ ႏွစ္ အရြယ္ကေလးေတြ မုဒိမ္းက်င့္ခံရမယ္ဆိုရင္ ျပစ္ဒဏ္ေပးမယ္။ ဒါဆို ၁၂ ႏွစ္နဲ႔အထက္ အဓမၼျပဳက်င့္ခံရသူေတြ အတြက္ေရာ ဒီလိုအဓမၼျပဳက်င့္တာေလာက္ ဆိုးရြားတဲ့ရာဇ၀တ္မႈ၊ ဒါ့ေၾကာင့္ျဖစ္တဲ့ ဆိုးရြားတဲ့ခံစားရမႈ၊ ဆိုးရြားတဲ့အျဖစ္မ်ိဳးမရွိဘူးလို႔ပဲ က်မျမင္တယ္။ ဒီေတာ့ က်ဴးလြန္သူေတြ အကုန္လံုးကို ႀကိဳးစင္တင္သင့္တယ္” လို႔ ေျပာပါတယ္။

“က်ဴးလြန္သူကို ျပစ္ဒဏ္ႀကီးႀကီးမားမားေပးသင့္တယ္လို႔ က်မ ထင္တယ္။ ဒါေပမယ့္ ေသဒဏ္က အေျဖမဟုတ္ဘူးလို႔ က်မထင္တယ္။ လိုအပ္တာက ရာဇ၀တ္က်ဴးလြန္သူကို ျပစ္ဒဏ္ခ်ဖို႔ပဲ” လို႔ ကာလကတၱား ၿမိဳ႕ခံ ဂ်ိဳသီယာက ေျပာပါတယ္။

အိႏၵိယႏိုင္ငံမွာ ၂၀၁၆ ခုႏွစ္က  အဓမၼျပဳက်င့္မႈေပါင္း ေလးေသာင္းေက်ာ္ျဖစ္ခဲ့ၿပီး က်ဴးလြန္ခံရမႈရဲ႕ ၄၀ ရာခိုင္ ႏႈန္းဟာ ကေလးေတြျဖစ္ပါတယ္။

ေနာက္ဆံုးျဖစ္စဥ္ကေတာ့ ဂ်မူးနဲ႔ကတ္ရွ္မီးယားျပည္နယ္မွာ အသက္ ၈ ႏွစ္အရြယ္ မိန္းကေလးတဦးကို အုပ္စုဖြဲ႔ အဓမၼျပဳက်င့္မႈခံရမႈပါ။

ဒီျဖစ္ရပ္ေၾကာင့္ အဓမၼမႈက်ဴးလြန္သူေတြကို ျပစ္ဒဏ္ အျပင္းထန္ဆံုးေပးဖို႔ အိႏၵိယႏိုင္ငံတ၀ွမ္းမွာ ေတာင္းဆိုဆႏၵျပမႈေတြ ျမင့္တက္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
အသက် ၁၂ နှစ်အောက် မိန်းကလေးတွေကို အဓမ္မပြုကျင့်မှုအတွက် သေဒဏ်စီရင်ဖို့ အိန္ဒိိယအစိုးရက အတည်ပြုလိုက်ပါပါတယ်။

အဓမ္မပြုကျင့်မှုကို ပြင်းပြင်းထန်ထန်အရေးယူဖို့ အိန္ဒိယနိုင်ငံတဝှမ်း ဆန္ဒပြတောင်းဆို တာတွေ ဖြစ်ပွားနေချိန်မှာ ဝန်ကြီးချုပ်မိုဒီက အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ခဲ့ပြီးနောက် အသက် ၁၂ နှစ်အောက် အမျိုးသမီးငယ်တွေအပေါ် အဓမ္မကျူးလွန်သူကို သေဒဏ်ပေးမယ့် ဥပဒေကို အတည်ပြုလိုက်တာပါ။

အိန္ဒိယ သမ္မတက လက်မှတ်ထိုးပြီးတာနဲ့ ဒီဥပဒေ စတင် အသက်ဝင်တော့မှာပါ။ “ဥပဒေအရ အသက် ၁၂ နှစ်နဲ့ ၁၂ အောက်တွေအပေါ် ကျူးလွန်မယ်ဆိုရင်လည်း  သေဒဏ်ပေးခံရမှာဆိုတော့ ဒါ သိပ်ကောင်းတယ်။ ဒီနည်းနဲ့ ကျနော်တို့ တရားမျှတမှု ရမှာပါ”လို့ အဓမ္မကျင့်သတ်ဖြတ်ခံရသူ ခါသုတာရဲ့ ဖခင်က ပြောပါတယ်။

၂၀၁၂ ခုနှစ်မှာ လူအုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရသူ မိန်းမငယ်တဦးရဲ့ မိခင် အာရှာဒေဝီကတော့ “ဒီဥပဒေကို ကျမ ကျေနပ်မှုမရှိဘူး။ ၁၂ နှစ် အရွယ်ကလေးတွေ မုဒိမ်းကျင့်ခံရမယ်ဆိုရင် ပြစ်ဒဏ်ပေးမယ်။ ဒါဆို ၁၂ နှစ်နဲ့အထက် အဓမ္မပြုကျင့်ခံရသူတွေ အတွက်ရော ဒီလိုအဓမ္မပြုကျင့်တာလောက် ဆိုးရွားတဲ့ရာဇဝတ်မှု၊ ဒါ့ကြောင့်ဖြစ်တဲ့ ဆိုးရွားတဲ့ခံစားရမှု၊ ဆိုးရွားတဲ့အဖြစ်မျိုးမရှိဘူးလို့ပဲ ကျမမြင်တယ်။ ဒီတော့ ကျူးလွန်သူတွေ အကုန်လုံးကို ကြိုးစင်တင်သင့်တယ်” လို့ ပြောပါတယ်။

“ကျူးလွန်သူကို ပြစ်ဒဏ်ကြီးကြီးမားမားပေးသင့်တယ်လို့ ကျမ ထင်တယ်။ ဒါပေမယ့် သေဒဏ်က အဖြေမဟုတ်ဘူးလို့ ကျမထင်တယ်။ လိုအပ်တာက ရာဇဝတ်ကျူးလွန်သူကို ပြစ်ဒဏ်ချဖို့ပဲ” လို့ ကာလကတ္တား မြို့ခံ ဂျိုသီယာက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ၂၀၁၆ ခုနှစ်က  အဓမ္မပြုကျင့်မှုပေါင်း လေးသောင်းကျော်ဖြစ်ခဲ့ပြီး ကျူးလွန်ခံရမှုရဲ့ ၄၀ ရာခိုင် နှုန်းဟာ ကလေးတွေဖြစ်ပါတယ်။

နောက်ဆုံးဖြစ်စဉ်ကတော့ ဂျမူးနဲ့ကတ်ရှ်မီးယားပြည်နယ်မှာ အသက် ၈ နှစ်အရွယ် မိန်းကလေးတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုခံရမှုပါ။

ဒီဖြစ်ရပ်ကြောင့် အဓမ္မမှုကျူးလွန်သူတွေကို ပြစ်ဒဏ် အပြင်းထန်ဆုံးပေးဖို့ အိန္ဒိယနိုင်ငံတဝှမ်းမှာ တောင်းဆိုဆန္ဒပြမှုတွေ မြင့်တက်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top