ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ျပီးခဲ့တဲ့ မတ္လကုန္ပိုင္းက ဓါတ္ဆီဆိုင္တစ္ဆိုင္မွာ ရဲတစ္ေယာက္ ပစ္ခတ္ျခင္းေၾကာင့္ ေသဆံုးသြားသူရဲ့ အသုဘအခမ္းအနားကို လာျပီး ေသသူရဲ့ လက္ေဗြနဲ ့သူကိုင္တဲ့ဖုန္းကို ေလာ့ခ္ဖြင့္ဖို ့ၾကိဳးစားခဲ့တဲ့ ဖေလာ္ရီဒါရဲမ်ားရဲ့ လုပ္ရပ္ကို ေဝဖန္မႈမ်ား ရွိေနပါတယ္။

လင္းနက္စ္ ဖိလစ္ဆိုသူအမ်ိဳးသားဟာ WaWa ဆိုတဲ့ ဓါတ္ဆီဆိုင္နားမွာ လာဂိုရဲတပ္ဖဲြ ့ရဲ့ ပစ္သတ္ခံရတာပါ။ အသက္ ၃၀ ေမြးေန ့အလြန္မွာ သတ္ခံရတာ ျဖစ္ျပီး ရဲတပ္ဖဲြ ့ကေတာ့ ေသဆံုးသူ ေမာင္းႏွင္တဲ့ ကားမွာ ျပည္နယ္ဥပေဒအရ တရားမဝင္တဲ့ အေရာင္တင္ထားတဲ့ တံခါးပါတာေၾကာင့္ စံုစမ္းေနစဥ္ ကားထဲမွ ေဆးေျခာက္ န ့ရခဲ့တယ္လို ့ဆိုပါတယ္။ ဒီအတြက္ သူ ့ကို ကားထဲက ဆဲြထုတ္စဥ္ ဖိလစ္ဟာ သူ ့ကို တားတဲ့ မက္သရူးဆတိန္နာဆိုတဲ့ ရဲကို ကားနဲ ့တိုက္ေျပးသြားတာပါ။ လာဂိုရဲမ်ားဟာ ထြက္ေျပးသြားတဲ့ ဖိလစ္ကို ေျခာက္ပစ္ပစ္ရင္း ေသဆံုးေစမိတာလို ့ဆိုပါတယ္။

ေသဆံုးသူ ဖိလစ္ဟာ မူးယစ္ေဆးဝါးလုပ္ငန္းနဲ ့ပတ္သတ္မႈ ရိွမရိွကို သိဖို ့ရဲတပ္ဖဲြ ့ဟာ သူ ့ရဲ့ iPhone ထဲကို ဝင္ေရာက္ဖုိ ့ၾကိဳးစားခဲ့တာပါ။ ဒီလူ ့ဖုန္းထဲ ဝင္ေရာက္ခ်ိန္မွာ ဖိလစ္ရဲ့ အေလာင္းကို အိမ္ျပန္သယ္သြားျပီ ျဖစ္လို ့အခုလို အိမ္အထိ လာျပီးဖုန္းထဲက အခ်က္အလက္ေတြကို ေသသူရဲ့ လက္ေဗြန ဲ ့ဝင္ၾကည့္ဖို ့လုပ္ေဆာင္ခဲ့တာလို ့ဆိုပါတယ္။ ဒီလို ေသသူရဲ့ privacy ကို ဝင္ၾကည့္ဖို ့အတြက္ ေသဆံုးသူရဲ့ မိသားစုကို အေၾကာင္းမၾကားဘဲ ဝင္ခဲ့တာလည္း ျဖစ္ပါတယ္။ တရားဥပေဒအရေတာ့ ရဲတပ္ဖဲြ ့မွာ လုပ္ပိုင္ခြင့္ရိွေပမယ့္ လူမႈေရးအျမင္က ေဝဖန္စရာ ျဖစ္ခဲ့ပါတယ္။ ရဲတပ္ဖဲြ ့ဟာ  ေသဆံုးသူရဲ့ လက္ေဗြနဲ ့iPhone ထဲ ဝင္ဖို ့ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို ့လည္း ဆိုပါတယ္။

ဒီျဖစ္ရပ္ဟာ ျပီးခဲ့တဲ့ ၂၀၁၅ခုႏွစ္ ဒီဇင္ဘာလဆန္းပိုင္းက ကယ္လီဖုိးနီးယားျပည္နယ္ ဆန္ဘာနာဒီႏိုျမိဳ ့မွာ ျဖစ္ခဲ့တဲ့ အၾကမ္းဖက္ပစ္ခတ္မႈ တရားခံ ဆစ္ဒ္ရဇ္ဝမ္ဖာရြတ္ကိုင္တဲ့ iPhone 5c ျဖစ္ရပ္နဲ ့လည္း ဆင္ေနပါတယ္။ FBIအေနနဲ ့ဖာရြတ္ခ္ကိုင္ခဲ့တဲ့ iPhone 5c ကို ေလာ့ခ္မျဖည္ႏိုင္ခဲ့သလို ၂၀၁၆ ႏိုဝင္ဘာက အိုဟိုင္းယိုးျပည္နယ္တကၠလ္မွာ ကားနဲ့ဝင္တိုက္သြားတဲ့ အဗၺဒူလ္ ရာဇတ္ခ္ အလီအာတန္ အမႈမွာလည္း သူကိုင္တဲ့ iPhone ကို ေလာ့ခ္မျဖည္ႏိုင္ခဲ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ဓါတ်ဆီဆိုင်တစ်ဆိုင်မှာ ရဲတစ်ယောက် ပစ်ခတ်ခြင်းကြောင့် သေဆုံးသွားသူရဲ့ အသုဘအခမ်းအနားကို လာပြီး သေသူရဲ့ လက်ဗွေနဲ့သူကိုင်တဲ့ဖုန်းကို လော့ခ်ဖွင့်ဖို့ကြိုးစားခဲ့တဲ့ ဖလော်ရီဒါရဲများရဲ့ လုပ်ရပ်ကို ဝေဖန်မှုများ ရှိနေပါတယ်။

လင်းနက်စ် ဖိလစ်ဆိုသူအမျိုးသားဟာ WaWa ဆိုတဲ့ ဓါတ်ဆီဆိုင်နားမှာ လာဂိုရဲတပ်ဖွဲ့ရဲ့ ပစ်သတ်ခံရတာပါ။ အသက် ၃၀ မွေးနေ့အလွန်မှာ သတ်ခံရတာ ဖြစ်ပြီး ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ မောင်းနှင်တဲ့ ကားမှာ ပြည်နယ်ဥပဒေအရ တရားမဝင်တဲ့ အရောင်တင်ထားတဲ့ တံခါးပါတာကြောင့် စုံစမ်းနေစဉ် ကားထဲမှ ဆေးခြောက် န့ရခဲ့တယ်လို့ဆိုပါတယ်။ ဒီအတွက် သူ့ကို ကားထဲက ဆွဲထုတ်စဉ် ဖိလစ်ဟာ သူ့ကို တားတဲ့ မက်သရူးဆတိန်နာဆိုတဲ့ ရဲကို ကားနဲ့တိုက်ပြေးသွားတာပါ။ လာဂိုရဲများဟာ ထွက်ပြေးသွားတဲ့ ဖိလစ်ကို ခြောက်ပစ်ပစ်ရင်း သေဆုံးစေမိတာလို့ဆိုပါတယ်။

သေဆုံးသူ ဖိလစ်ဟာ မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ပတ်သတ်မှု ရှိမရှိကို သိဖို့ရဲတပ်ဖွဲ့ဟာ သူ့ရဲ့ iPhone ထဲကို ဝင်ရောက်ဖို့ကြိုးစားခဲ့တာပါ။ ဒီလူ့ဖုန်းထဲ ဝင်ရောက်ချိန်မှာ ဖိလစ်ရဲ့ အလောင်းကို အိမ်ပြန်သယ်သွားပြီ ဖြစ်လို့အခုလို အိမ်အထိ လာပြီးဖုန်းထဲက အချက်အလက်တွေကို သေသူရဲ့ လက်ဗွေန ဲ့ဝင်ကြည့်ဖို့လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။ ဒီလို သေသူရဲ့ privacy ကို ဝင်ကြည့်ဖို့အတွက် သေဆုံးသူရဲ့ မိသားစုကို အကြောင်းမကြားဘဲ ဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ တရားဥပဒေအရတော့ ရဲတပ်ဖွဲ့မှာ လုပ်ပိုင်ခွင့်ရှိပေမယ့် လူမှုရေးအမြင်က ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ  သေဆုံးသူရဲ့ လက်ဗွေနဲ့iPhone ထဲ ဝင်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနိုမြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်ပစ်ခတ်မှု တရားခံ ဆစ်ဒ်ရဇ်ဝမ်ဖာရွတ်ကိုင်တဲ့ iPhone 5c ဖြစ်ရပ်နဲ့လည်း ဆင်နေပါတယ်။ FBIအနေနဲ့ဖာရွတ်ခ်ကိုင်ခဲ့တဲ့ iPhone 5c ကို လော့ခ်မဖြည်နိုင်ခဲ့သလို ၂၀၁၆ နိုဝင်ဘာက အိုဟိုင်းယိုးပြည်နယ်တက္ကလ်မှာ ကားနဲ့ဝင်တိုက်သွားတဲ့ အဗ္ဗဒူလ် ရာဇတ်ခ် အလီအာတန် အမှုမှာလည်း သူကိုင်တဲ့ iPhone ကို လော့ခ်မဖြည်နိုင်ခဲ့ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top