ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အိပ္ခ်ိန္မလံုတဲ့ သူေတြအေနနဲ႔ သတိထားသင့္တဲ့ အခ်က္တစ္ခ်က္ကေတာ့ ခႏၶာကိုယ္ အေလးခ်ိန္ ရုတ္တရက္ တိုးလာျခင္းပါပဲ။ အိပ္ေရးမဝတာက ဝိတ္တက္တာနဲ႔ ဘယ္လိုဆက္စပ္မႈ ရွိလဲဆိုတာကို ေဆးပညာရွင္မ်ားရဲ႕ ေလ့လာဆန္းစစ္ခ်က္ေတြအရ ေဖာ္ျပေပးလုိက္ပါတယ္။

(၁) ဆာေလာင္ျခင္း

အိပ္ေရးမဝျခင္းက ဆာေလာင္မြတ္သိပ္မႈကို ပိုမိုျဖစ္ေပၚေစပါတယ္။ အစားအစာမ်ားကို လိုတာထက္ ပိုၿပီး စားခ်င္တာ၊ ေတာင့္တတာမ်ိဳး ျဖစ္ေနတတ္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ အိပ္ခ်ိန္ မလံုေလာက္တဲ့ အခါမွာ ခႏၶာကိုယ္တြင္းက ေဟာ္မုန္းမမွ်တတဲ့ အတြက္ ဆာေလာင္မႈကို ပိုမိုျဖစ္ေပၚ ေစပါတယ္။ အစားအစာကို အထိန္းအကြပ္မဲ့ စားေသာက္ျခင္းက သင့္ကိုဝိတ္တက္လာေစပါတယ္။

(၂) စိတ္ဖိစီးမႈမ်ားလာျခင္း

ညဘက္ ႏွစ္ၿခိဳက္စြာ အိပ္ခ်ိန္လံုလံုေလာက္ေလာက္ မအိပ္ရတဲ့အခါ ပင္ပန္းႏြမ္းနယ္လာၿပီး ခႏၶာကိုယ္တြင္းက stress hormone ေတြ မ်ားစြာ ထုတ္လႊတ္ပါေတာ့တယ္။ စိတ္ဖိစီးမႈ မ်ားျခင္း ကလည္း ခႏၶာကိုယ္အေလးခ်ိန္ တိုးလာေစတဲ့ အဓိကအခ်က္တစ္ခ်က္ပါပဲ။ စိတ္ဖိစီးမႈ မ်ားလာတာနဲ႔ အမွ် ကယ္လိုရီမ်ားတဲ့ အစားအစာမ်ားကို ေတာင့္တတတ္ၾကၿပီး အလြန္အကၽြံစားသံုး မိတဲ့အခါ ဝိတ္တက္လာရျခင္းပဲ ျဖစ္ပါတယ္။

(၃) အစားအစာေတာင့္တျခင္း

အိပ္ေရးမဝျခင္းေၾကာင့္ ခႏၶာကိုယ္က ပင္ပန္းႏြမ္းနယ္လာတဲ့ အတြက္ အင္အားျပည့္ေစဖို႔ အစားအစာမ်ားကို ေတာင့္တလာပါေတာ့တယ္။ မ်ားေသာအားျဖင့္ေတာ့ အခ်ိဳ၊ အဆီ၊ အဆိမ့္ စတဲ့ က်န္းမာေရးနဲ႔ မညီညြတ္တဲ့ အစားအစာမ်ားကို ပိုမိုေတာင့္တတတ္ၾကပါတယ္။ ဒါ့ေၾကာင့္လည္း ကိုယ္အေလးခ်ိန္ တက္လာရတာပါ။

(၄) ကယ္လိုရီမေလာင္ကၽြမ္းႏုိင္

ညဘက္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္ေနခ်ိန္မွာ ခႏၶာကိုယ္တြင္းမွာရွိတဲ့ ကယ္လိုရီမ်ားက အလိုအေလ်ာက္ ေလာင္ကၽြမ္းေစ ႏုိင္တယ္လို႔ ဆိုပါတယ္။ ညဘက္ ႏိုးႏိုးၾကားၾကား ရွိေနၿပီး မအိပ္တဲ့ သူေတြကေတာ့ ကယ္လိုရီေလာင္ကၽြမ္းႏုိင္ေခ် ေလ်ာ့နည္းသြားၿပီး တေျဖးေျဖးနဲ႔ ဝိတ္တက္လာရျခင္းပဲ ျဖစ္ပါတယ္။

(၅) အခ်ိန္မေတာ္စားေသာက္ျခင္း

အိပ္မေပ်ာ္တဲ့အခါမွာ လူအမ်ားစု ျပဳလုပ္ေလ့ရွိတာက အိပ္ရာကထၿပီး တခုခုထစားလိုက္ၾကတာပါ။ ဗိုက္ဆာလို႔ အိပ္မေပ်ာ္တာလား၊ အိပ္မေပ်ာ္လို႔ အစားတစ္ခုခုစားလိုက္မယ္ စသျဖင့္ စိတ္ကူးကိုယ္စီနဲ႔ မလိုအပ္ဘဲ စားသံုးေနမိၾကတာပါ။ ဒါကလည္း သင့္ကို ဝိတ္တက္လာေစတဲ့ အေၾကာင္းအရင္း တစ္ရပ္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
အိပ်ချိန်မလုံတဲ့ သူတွေအနေနဲ့ သတိထားသင့်တဲ့ အချက်တစ်ချက်ကတော့ ခန္ဓာကိုယ် အလေးချိန် ရုတ်တရက် တိုးလာခြင်းပါပဲ။ အိပ်ရေးမဝတာက ဝိတ်တက်တာနဲ့ ဘယ်လိုဆက်စပ်မှု ရှိလဲဆိုတာကို ဆေးပညာရှင်များရဲ့ လေ့လာဆန်းစစ်ချက်တွေအရ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆာလောင်ခြင်း

အိပ်ရေးမဝခြင်းက ဆာလောင်မွတ်သိပ်မှုကို ပိုမိုဖြစ်ပေါ်စေပါတယ်။ အစားအစာများကို လိုတာထက် ပိုပြီး စားချင်တာ၊ တောင့်တတာမျိုး ဖြစ်နေတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ချိန် မလုံလောက်တဲ့ အခါမှာ ခန္ဓာကိုယ်တွင်းက ဟော်မုန်းမမျှတတဲ့ အတွက် ဆာလောင်မှုကို ပိုမိုဖြစ်ပေါ် စေပါတယ်။ အစားအစာကို အထိန်းအကွပ်မဲ့ စားသောက်ခြင်းက သင့်ကိုဝိတ်တက်လာစေပါတယ်။

(၂) စိတ်ဖိစီးမှုများလာခြင်း

ညဘက် နှစ်ခြိုက်စွာ အိပ်ချိန်လုံလုံလောက်လောက် မအိပ်ရတဲ့အခါ ပင်ပန်းနွမ်းနယ်လာပြီး ခန္ဓာကိုယ်တွင်းက stress hormone တွေ များစွာ ထုတ်လွှတ်ပါတော့တယ်။ စိတ်ဖိစီးမှု များခြင်း ကလည်း ခန္ဓာကိုယ်အလေးချိန် တိုးလာစေတဲ့ အဓိကအချက်တစ်ချက်ပါပဲ။ စိတ်ဖိစီးမှု များလာတာနဲ့ အမျှ ကယ်လိုရီများတဲ့ အစားအစာများကို တောင့်တတတ်ကြပြီး အလွန်အကျွံစားသုံး မိတဲ့အခါ ဝိတ်တက်လာရခြင်းပဲ ဖြစ်ပါတယ်။

(၃) အစားအစာတောင့်တခြင်း

အိပ်ရေးမဝခြင်းကြောင့် ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လာတဲ့ အတွက် အင်အားပြည့်စေဖို့ အစားအစာများကို တောင့်တလာပါတော့တယ်။ များသောအားဖြင့်တော့ အချို၊ အဆီ၊ အဆိမ့် စတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများကို ပိုမိုတောင့်တတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း ကိုယ်အလေးချိန် တက်လာရတာပါ။

(၄) ကယ်လိုရီမလောင်ကျွမ်းနိုင်

ညဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကယ်လိုရီများက အလိုအလျောက် လောင်ကျွမ်းစေ နိုင်တယ်လို့ ဆိုပါတယ်။ ညဘက် နိုးနိုးကြားကြား ရှိနေပြီး မအိပ်တဲ့ သူတွေကတော့ ကယ်လိုရီလောင်ကျွမ်းနိုင်ချေ လျော့နည်းသွားပြီး တဖြေးဖြေးနဲ့ ဝိတ်တက်လာရခြင်းပဲ ဖြစ်ပါတယ်။

(၅) အချိန်မတော်စားသောက်ခြင်း

အိပ်မပျော်တဲ့အခါမှာ လူအများစု ပြုလုပ်လေ့ရှိတာက အိပ်ရာကထပြီး တခုခုထစားလိုက်ကြတာပါ။ ဗိုက်ဆာလို့ အိပ်မပျော်တာလား၊ အိပ်မပျော်လို့ အစားတစ်ခုခုစားလိုက်မယ် စသဖြင့် စိတ်ကူးကိုယ်စီနဲ့ မလိုအပ်ဘဲ စားသုံးနေမိကြတာပါ။ ဒါကလည်း သင့်ကို ဝိတ်တက်လာစေတဲ့ အကြောင်းအရင်း တစ်ရပ်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top