×

ကင္ဆာဆိုတဲ့ အသံကို ၾကားလိုက္တာနဲ႕ လူတိုင္းက တြန္႕ခနဲ ျဖစ္သြားတတ္ၾကပါတယ္။ဟုတ္ပါတယ္၊ကင္ဆာေရာဂါဟာ တကယ္တမ္းလည္း အင္မတန္မွ ေၾကာက္ဖို႕ေကာင္းတဲ့ ေရာဂါတမ်ိဳးပါ။ကင္ဆာအမ်ိဳးမ်ိဳးရွိတဲ့အနက္ တခ်ိဳ႕ကင္ဆာေတြဟာ မ်ိဳး႐ိုးလိုက္လို႕ျဖစ္ရတယ္၊အစားအေသာက္အေနအထိုင္ေတြေၾကာင့္ ျဖစ္ရတယ္၊ပတ္ဝန္းက်င္ (ဝါ)လုပ္ငန္းခြင္ အေနအထားေတြေၾကာင့္ ျဖစ္ရတယ္ စသျဖင့္ အေၾကာင္းရင္းခံအမ်ိဳးမ်ိဳး ရွိတဲ့အတြက္ အခ်ိဳ႕ကင္ဆာေတြကို ကာကြယ္လို႕ရသလို၊အခ်ိဳ႕ကင္ဆာေတြကိုေတာ့ ကာကြယ္လို႕ မရပါဘူး။ဒါေပမယ့္ အသက္ဉာဏ္ေစာင့္ဆိုတဲ့အတိုင္း မိမိဖက္က ဆင္ျခင္စရာရွိတာေတြကိုေတာ့ အေသအခ်ာ ဆင္ျခင္ရမွာပဲ ျဖစ္ပါတယ္။ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံအမ်ားစုမွာ အမ်ိဳးသားေတြကို ဒုကၡအေပးဆုံးကင္ဆာေတြကေတာ့ အဆုတ္ကင္ဆာနဲ႕ ခံတြင္းကင္ဆာတို႕ပဲ ျဖစ္ပါတယ္။အဆုတ္ကင္ဆာကေတာ့ သိၾကတဲ့အတိုင္း ေဆးလိပ္ေသာက္သုံးမႈေၾကာင့္ အဓိက ျဖစ္ေပၚလာရျပီး ခံတြင္းကင္ဆာရဲ့ အဓိက လက္သည္ကေတာ့ ကြမ္းယာပဲ ျဖစ္ပါတယ္။

ေရွးျမန္မာဘုရင္မ်ားလက္ထက္ကတည္းက ကြမ္းယာစားလာၾကတယ္ဆိုေပမယ့္ ဒီေခတ္လို ေဆးမ်ိဳးစံုထည့္ျပီး စားၾကတာမဟုတ္ပါဘူး။ထုံးနဲ႕ ကြမ္းသီး၊ကြမ္းရြက္ကိုပဲ အဓိကထားျပီး စားတာပါ။လက္ရွိကာလမွာေတာ့ အႏၲရာယ္မ်ားျပားလွတဲ့ ကြမ္းစားေဆးမ်ိဳးစံုကို ထည့္သြင္းျပီး ကြမ္းစားၾကတာမို႕ ကင္ဆာအပါအဝင္ အျခားေသာ သြားႏွင့္ ခံတြင္းဆိုင္ရာ ေရာဂါမ်ိဳးစံုကို ျဖစ္ပြါးေစႏိုင္ပါတယ္။ဒီေဆာင္းပါးေလးမွာေတာ့ ခံတြင္းကင္ဆာမျဖစ္ေအာင္ ဘယ္လိုေနထိုင္ စားေသာက္ရမယ္ဆိုတာကို မွ်ေဝေဆြးေႏြးသြားမွာပါ။

၁။ ေဆးရြက္ၾကီးငံုျခင္း၊ကြမ္းစားျခင္းကို လုံးဝေရွာင္က်ဥ္ပါ။

ကြမ္းစားျခင္း၊ေဆးငံုျခင္းဟာ လူေတြတင္စားေျပာေလ့ရွိသလို အရည္မရ၊အဖတ္မရတဲ့ အလုပ္ျဖစ္တဲ့အျပင္ ကံဆိုးရင္ ကင္ဆာေတာင္ လက္ေဆာင္ရပါလိမ့္ဦးမယ္။ႏိုင္တီတူး၊ဘုရင္မ စတဲ့ ကြမ္းစားေဆးေတြ ထည့္မစားဘူးဆိုရင္ေတာင္ ကြမ္းစားျခင္းဟာ ခံတြင္းကင္ဆာျဖစ္ပြါးႏိုင္ေခ်ကို အလြန္တရာမွ ျမင့္တက္ေစႏိုင္တဲ့အတြက္ ကြမ္းယာကို လုံးဝေရွာင္က်ဥ္သင့္ပါတယ္။ကြမ္းစားျခင္းဟာ သင့္က်န္းမာေရးအတြက္သာမက သြားမွာ ကြမ္းဂ်ိဳးမ်ားကပ္ျခင္း၊ခံတြင္းနံ႕မေကာင္းျခင္း၊ကြမ္းတံေတြးတပ်စ္ပ်စ္နဲ႕ အင္မတန္မွ ရြံရွာဖို႕ေကာင္းသလို ပတ္ဝန္းက်င္ကိုလည္း အက်ည္းတန္ေစပါတယ္။ဒါေၾကာင့္ ဘယ္႐ႈေထာင့္ကၾကည့္ၾကည့္ ေကာင္းက်ိဳးမေပးတဲ့ ကြမ္းယာကို ယေန႕ပဲျဖတ္ပါ။မစားတတ္ေသးရင္လည္း လုံးဝ အက်င့္မလုပ္ပါနဲ႕။

၂။ သစ္သီးနဲ႕ ဟင္းသီးဟင္းရြက္ မ်ားမ်ား စားေပးပါ။

အာဟာရဓာတ္ခ်ိဳ႕တဲ့ျခင္းဟာ သင့္အာခံတြင္း အတြင္းပိုင္းမွာ ေျပာင္းလဲမႈေတြ ျဖစ္ေပၚေစႏိုင္တာမို႕ ကင္ဆာျဖစ္ႏိုင္ေခ် ပိုမ်ားေစပါတယ္။ဒါေပမယ့္ သစ္သီးနဲ႕ ဟင္းသီးဟင္းရြက္ေတြက ေထာက္ပံ့ေပးတဲ့ ဗီတာမင္ဓာတ္ေတြနဲ႕ ဓာတ္တိုးဆန္႕က်င္ပစၥည္း (antioxidant)ေတြဟာ သင့္ခုခံအားစနစ္ကို တိုးတက္ေကာင္းမြန္ေစပါလိမ့္မယ္။ဒါေၾကာင့္ အဆိုပါ အစားအစာေတြကို တတ္ႏိုင္သမွ် ေန႕စဥ္စားေပးသင့္ျပီး မုန္လာဥနီ၊ေက်ာက္ဖ႐ံုသီး အစရွိတဲ့ အသီးအႏွံေတြဟာ သင့္ခံတြင္းက်န္းမာေရးအတြက္ အမ်ားၾကီး အေထာက္အကူျပဳပါတယ္။

၃။ နည္းစနစ္က်က် ခ်က္ျပဳတ္ပါ။

ဟင္းသီးဟင္းရြက္ေတြကို အရမ္းက်က္သြား၊ႏူးသြားေအာင္ ခ်က္ျပဳတ္ရင္ သူတို႕ရဲ့ အာဟာရတန္ဖိုး က်သြားတတ္တာေၾကာင့္ အက်က္မလြန္၊အႏူးမလြန္သြားေအာင္ ဂ႐ုျပဳရပါမယ္။ဟင္းသီးဟင္းရြက္၊အသီးအႏွံေတြကို အစိမ္းစားျခင္းဟာလည္း အေလ့အထေကာင္းတခုပါ။ဟင္းခ်က္ဆီတခ်ိဳ႕ဟာဆိုရင္လည္း ျပင္းထန္တဲ့မီးအပူနဲ႕ ေတြ႕ရင္ ကင္ဆာျဖစ္ေစတဲ့ ဓာတ္ပစၥည္းေတြအျဖစ္ ေျပာင္းလဲသြားတတ္ေသးတာမို႕ ဆီနဲ႕ေၾကာ္တာထက္ ျပဳတ္စားတာ၊ေပါင္းစားတာစသျဖင့္ အမ်ိဳးမ်ိဳးအဖံုဖံု လုပ္စားၾကည့္သင့္ပါတယ္။

၄။ အရက္ျဖတ္ပါ။

ရုတ္တရက္ၾကည့္လိုက္ရင္ ခံတြင္းကင္ဆာနဲ႕ အရက္ ဘာမွမဆိုင္ဘူးလို႕ ထင္ရေပမယ့္ အရက္အလြန္အကြၽံေသာက္ျခင္းဟာလည္း သင့္အာခံတြင္းကို ထိခိုက္ေစလို႕ ခံတြင္းကင္ဆာျဖစ္ပြါးႏိုင္ေခ်ကို ျမင့္တက္ေစပါတယ္။တေန႕ကို သံုး၊ေလးခြက္ေလာက္ ေသာက္ရင္ကို ခံတြင္းကင္ဆာ ျဖစ္ပြါးႏိုင္ေခ် ႏွစ္ဆပိုမ်ားလာေစတယ္လို႕ ဆိုပါတယ္။ေဆးလိပ္၊အရက္၊ကြမ္း လိုင္းေပါင္းစံုသူဆိုရင္ေတာ့ ေျပာမေနပါနဲ႕ေတာ့။ဒါေၾကာင့္ အရက္ေသာက္တတ္ရင္ ျဖတ္ဖို႕နဲ႕ မျဖတ္ႏိုင္ရင္ေတာင္ တေန႕ကို တခြက္၊ႏွစ္ခြက္ထက္ ပိုမေသာက္မိဖို႕ လိုပါတယ္။

၅။ ပါးစပ္နဲ႕လိင္ဆက္ဆံရင္ အကာအကြယ္သုံးပါ။

သင့္အေဖာ္မွာ human papillomavirus လို႕ေခၚတဲ့ ဗိုင္းရပ္စ္ပိုးရွိေနရင္ ပါးစပ္နဲ႕ လိင္ဆက္ဆံရာကတဆင့္ ဒီဗိုင္းရပ္စ္ပိုးကူးစက္ျပီး ခံတြင္းကင္ဆာ ျဖစ္ပြါးလာႏိုင္ပါတယ္။ဒါေၾကာင့္ ပါးစပ္နဲ႕ လိင္ဆက္ဆံဖို႕ အထူးထုတ္လုပ္ထားတဲ့ အကာအကြယ္ပစၥည္းကို အသုံးျပဳသင့္ပါတယ္။

၆။ သြားဆရာဝန္နဲ႕ ပံုမွန္စစ္ေဆးပါ။

သြားဆရာဝန္ဟာ သင့္သြားျဖဴေဖြးေတာက္ပေအာင္ လုပ္ေပးတာ၊အေပါက္ေတြရွိေနရင္ ဖာေပးတာထက္ပိုျပီး သင့္ကို အက်ိဳးေဆာင္ေပးႏိုင္ပါတယ္။သူတို႕ဟာ သင့္လွ်ာေအာက္ေျခနဲ႕ ပါးေစာင္ေတြအပါအဝင္ အာခံတြင္းတခုလုံးကို ေသခ်ာစြာ စစ္ေဆးေပးမွာျဖစ္တာေၾကာင့္ ခံတြင္းကင္ဆာရဲ့ ကနဦးအရိပ္လကၡဏာေတြကို ေစာစီးစြာ သိရွိႏိုင္မွာျဖစ္ပါတယ္။ဒါေၾကာင့္ အနည္းဆုံးတႏွစ္ကိုတခါေလာက္ ဆိုသလို သြားဆရာဝန္နဲ႕ ပံုမွန္စစ္ေဆးသင့္ပါတယ္။

၇။ သင့္ပါးစပ္ကို တလတခါေလာက္ ကိုယ္တိုင္စစ္ေဆးပါ။

သြားဆရာဝန္နဲ႕ တႏွစ္တခါ ျပတာပဲဆိုျပီးေတာ့လည္း ေပါ့ေပါ့ မေနသင့္ပါဘူး။သင္ကိုယ္တိုင္လည္း ကိုယ့္ပါးစပ္ကိုယ္ တလတခါေလာက္ မွန္ေရွ႕မွာ စစ္ေဆးၾကည့္လို႕ အက်ိဳးမယုတ္ပါဘူး။မွန္ေရွ႕မွာရပ္၊ပါးစပ္ကို က်ယ္က်ယ္ဟလို႕ အာေခါင္ေတြ၊လွ်ာ၊လွ်ာေအာက္၊ႏွုတ္ခမ္း၊သြားဖုံး၊ပါးေစာင္ စသျဖင့္ စစ္ေဆးပါ။ပံုမွန္မဟုတ္တဲ့ အနာေတြ၊အနီကြက္အျဖဴကြက္ေတြ ရွိေနတာ၊ဒီလို ရွိေနတာဟာလည္း ရက္သတၱပတ္သံုးပတ္ထက္ေက်ာ္ေနတာ ဒါမ်ိဳးေတြကို ဂ႐ုျပဳစစ္ေဆးရပါမယ္။

၈။ ေဆးလိပ္ေငြ႕နဲ႕ ေဝးေဝးေနပါ။

သင္ကိုယ္တိုင္ေသာက္တာပဲျဖစ္ျဖစ္၊တျခားလူဆီက တဆင့္ခံ႐ႉ႐ိႈက္ရတာပဲျဖစ္ျဖစ္ ဘယ္လိုနည္းနဲ႕မွ ေဆးလိပ္ေငြ႕ေတြကို မ႐ႉ႐ိႈက္မိပါေစနဲ႕။ေဆးလိပ္နဲ႕ ေဆးရြက္ၾကီးဟာလည္း ခံတြင္းကင္ဆာ ျဖစ္ပြါးႏိုင္ေခ်ကို ပိုျမင့္ေစလို႕ပါ။

၉။ သြားမွန္မွန္တိုက္ပါ။

ခံတြင္းကင္ဆာကို အထူးတလည္ကာကြယ္ေပးႏိုင္တယ္လို႕ အတိအက်ေျပာႏိုင္ေလာက္တဲ့ သုေတသနအခ်က္အလက္ေတြ မရွိေသးသည့္တိုင္ တေန႕ကို အနည္းဆုံးသြားႏွစ္ၾကိမ္တိုက္ျခင္း၊သြားၾကားကိုၾကိဳးနဲ႕သန္႕ရွင္းေရးလုပ္ျခင္း (flossing)ကို အနည္းဆုံး တေန႕တၾကိမ္လုပ္ေပးျခင္းဟာ သင့္ခံတြင္းက်န္းမာေရးအတြက္ အလြန္အက်ိဳးရွိပါတယ္။

လူတိုင္းလူတိုင္းဟာ မိသားစုနဲ႕ သက္တမ္းေစ့ ေပ်ာ္ရႊင္က်န္းမာစြာ ေနထိုင္သြားလိုသူေတြခ်ည္းပါပဲ။ခံတြင္းကင္ဆာဟာ မိမိရဲ့ ေနထိုင္စားေသာက္ပံုအျပဳအမူေတြကို ဆင္ျခင္ထိန္းသိမ္းျခင္းအားျဖင့္ ေရွာင္လႊဲႏိုင္တဲ့ ေရာဂါတမ်ိဳးျဖစ္တဲ့အတြက္ အထက္ေဖာ္ျပပါ ေဆာင္ရန္၊ေရွာင္ရန္အခ်က္ေလးေတြကို လိုက္နာေပးျခင္းအားျဖင့္ ခံတြင္းကင္ဆာ အိပ္မက္ဆိုးၾကီးနဲ႕ ေဝးေဝးမွာပဲ ေနထိုင္ႏိုင္ပါလိမ့္မယ္။အဓိကအက်ဆုံး၊အေရးအၾကီးဆုံး အခ်က္ကေတာ့ ကြမ္းစားျခင္းကို လုံးဝ(လုံးဝ) အက်င့္မလုပ္ဖို႕ပဲ ျဖစ္ပါေၾကာင္း။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ကင်ဆာဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ လူတိုင်းက တွန့်ခနဲ ဖြစ်သွားတတ်ကြပါတယ်။ဟုတ်ပါတယ်၊ကင်ဆာရောဂါဟာ တကယ်တမ်းလည်း အင်မတန်မှ ကြောက်ဖို့ကောင်းတဲ့ ရောဂါတမျိုးပါ။ကင်ဆာအမျိုးမျိုးရှိတဲ့အနက် တချို့ကင်ဆာတွေဟာ မျိုးရိုးလိုက်လို့ဖြစ်ရတယ်၊အစားအသောက်အနေအထိုင်တွေကြောင့် ဖြစ်ရတယ်၊ပတ်ဝန်းကျင် (ဝါ)လုပ်ငန်းခွင် အနေအထားတွေကြောင့် ဖြစ်ရတယ် စသဖြင့် အကြောင်းရင်းခံအမျိုးမျိုး ရှိတဲ့အတွက် အချို့ကင်ဆာတွေကို ကာကွယ်လို့ရသလို၊အချို့ကင်ဆာတွေကိုတော့ ကာကွယ်လို့ မရပါဘူး။ဒါပေမယ့် အသက်ဉာဏ်စောင့်ဆိုတဲ့အတိုင်း မိမိဖက်က ဆင်ခြင်စရာရှိတာတွေကိုတော့ အသေအချာ ဆင်ခြင်ရမှာပဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအများစုမှာ အမျိုးသားတွေကို ဒုက္ခအပေးဆုံးကင်ဆာတွေကတော့ အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာတို့ပဲ ဖြစ်ပါတယ်။အဆုတ်ကင်ဆာကတော့ သိကြတဲ့အတိုင်း ဆေးလိပ်သောက်သုံးမှုကြောင့် အဓိက ဖြစ်ပေါ်လာရပြီး ခံတွင်းကင်ဆာရဲ့ အဓိက လက်သည်ကတော့ ကွမ်းယာပဲ ဖြစ်ပါတယ်။

ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက ကွမ်းယာစားလာကြတယ်ဆိုပေမယ့် ဒီခေတ်လို ဆေးမျိုးစုံထည့်ပြီး စားကြတာမဟုတ်ပါဘူး။ထုံးနဲ့ ကွမ်းသီး၊ကွမ်းရွက်ကိုပဲ အဓိကထားပြီး စားတာပါ။လက်ရှိကာလမှာတော့ အန္တရာယ်များပြားလှတဲ့ ကွမ်းစားဆေးမျိုးစုံကို ထည့်သွင်းပြီး ကွမ်းစားကြတာမို့ ကင်ဆာအပါအဝင် အခြားသော သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါမျိုးစုံကို ဖြစ်ပွါးစေနိုင်ပါတယ်။ဒီဆောင်းပါးလေးမှာတော့ ခံတွင်းကင်ဆာမဖြစ်အောင် ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာကို မျှဝေဆွေးနွေးသွားမှာပါ။

၁။ ဆေးရွက်ကြီးငုံခြင်း၊ကွမ်းစားခြင်းကို လုံးဝရှောင်ကျဉ်ပါ။

ကွမ်းစားခြင်း၊ဆေးငုံခြင်းဟာ လူတွေတင်စားပြောလေ့ရှိသလို အရည်မရ၊အဖတ်မရတဲ့ အလုပ်ဖြစ်တဲ့အပြင် ကံဆိုးရင် ကင်ဆာတောင် လက်ဆောင်ရပါလိမ့်ဦးမယ်။နိုင်တီတူး၊ဘုရင်မ စတဲ့ ကွမ်းစားဆေးတွေ ထည့်မစားဘူးဆိုရင်တောင် ကွမ်းစားခြင်းဟာ ခံတွင်းကင်ဆာဖြစ်ပွါးနိုင်ချေကို အလွန်တရာမှ မြင့်တက်စေနိုင်တဲ့အတွက် ကွမ်းယာကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။ကွမ်းစားခြင်းဟာ သင့်ကျန်းမာရေးအတွက်သာမက သွားမှာ ကွမ်းဂျိုးများကပ်ခြင်း၊ခံတွင်းနံ့မကောင်းခြင်း၊ကွမ်းတံတွေးတပျစ်ပျစ်နဲ့ အင်မတန်မှ ရွံရှာဖို့ကောင်းသလို ပတ်ဝန်းကျင်ကိုလည်း အကျည်းတန်စေပါတယ်။ဒါကြောင့် ဘယ်ရှုထောင့်ကကြည့်ကြည့် ကောင်းကျိုးမပေးတဲ့ ကွမ်းယာကို ယနေ့ပဲဖြတ်ပါ။မစားတတ်သေးရင်လည်း လုံးဝ အကျင့်မလုပ်ပါနဲ့။

၂။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများ စားပေးပါ။

အာဟာရဓာတ်ချို့တဲ့ခြင်းဟာ သင့်အာခံတွင်း အတွင်းပိုင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တာမို့ ကင်ဆာဖြစ်နိုင်ချေ ပိုများစေပါတယ်။ဒါပေမယ့် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက ထောက်ပံ့ပေးတဲ့ ဗီတာမင်ဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant)တွေဟာ သင့်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါလိမ့်မယ်။ဒါကြောင့် အဆိုပါ အစားအစာတွေကို တတ်နိုင်သမျှ နေ့စဉ်စားပေးသင့်ပြီး မုန်လာဥနီ၊ကျောက်ဖရုံသီး အစရှိတဲ့ အသီးအနှံတွေဟာ သင့်ခံတွင်းကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။

၃။ နည်းစနစ်ကျကျ ချက်ပြုတ်ပါ။

ဟင်းသီးဟင်းရွက်တွေကို အရမ်းကျက်သွား၊နူးသွားအောင် ချက်ပြုတ်ရင် သူတို့ရဲ့ အာဟာရတန်ဖိုး ကျသွားတတ်တာကြောင့် အကျက်မလွန်၊အနူးမလွန်သွားအောင် ဂရုပြုရပါမယ်။ဟင်းသီးဟင်းရွက်၊အသီးအနှံတွေကို အစိမ်းစားခြင်းဟာလည်း အလေ့အထကောင်းတခုပါ။ဟင်းချက်ဆီတချို့ဟာဆိုရင်လည်း ပြင်းထန်တဲ့မီးအပူနဲ့ တွေ့ရင် ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေအဖြစ် ပြောင်းလဲသွားတတ်သေးတာမို့ ဆီနဲ့ကြော်တာထက် ပြုတ်စားတာ၊ပေါင်းစားတာစသဖြင့် အမျိုးမျိုးအဖုံဖုံ လုပ်စားကြည့်သင့်ပါတယ်။

၄။ အရက်ဖြတ်ပါ။

ရုတ်တရက်ကြည့်လိုက်ရင် ခံတွင်းကင်ဆာနဲ့ အရက် ဘာမှမဆိုင်ဘူးလို့ ထင်ရပေမယ့် အရက်အလွန်အကျွံသောက်ခြင်းဟာလည်း သင့်အာခံတွင်းကို ထိခိုက်စေလို့ ခံတွင်းကင်ဆာဖြစ်ပွါးနိုင်ချေကို မြင့်တက်စေပါတယ်။တနေ့ကို သုံး၊လေးခွက်လောက် သောက်ရင်ကို ခံတွင်းကင်ဆာ ဖြစ်ပွါးနိုင်ချေ နှစ်ဆပိုများလာစေတယ်လို့ ဆိုပါတယ်။ဆေးလိပ်၊အရက်၊ကွမ်း လိုင်းပေါင်းစုံသူဆိုရင်တော့ ပြောမနေပါနဲ့တော့။ဒါကြောင့် အရက်သောက်တတ်ရင် ဖြတ်ဖို့နဲ့ မဖြတ်နိုင်ရင်တောင် တနေ့ကို တခွက်၊နှစ်ခွက်ထက် ပိုမသောက်မိဖို့ လိုပါတယ်။

၅။ ပါးစပ်နဲ့လိင်ဆက်ဆံရင် အကာအကွယ်သုံးပါ။

သင့်အဖော်မှာ human papillomavirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးရှိနေရင် ပါးစပ်နဲ့ လိင်ဆက်ဆံရာကတဆင့် ဒီဗိုင်းရပ်စ်ပိုးကူးစက်ပြီး ခံတွင်းကင်ဆာ ဖြစ်ပွါးလာနိုင်ပါတယ်။ဒါကြောင့် ပါးစပ်နဲ့ လိင်ဆက်ဆံဖို့ အထူးထုတ်လုပ်ထားတဲ့ အကာအကွယ်ပစ္စည်းကို အသုံးပြုသင့်ပါတယ်။

၆။ သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပါ။

သွားဆရာဝန်ဟာ သင့်သွားဖြူဖွေးတောက်ပအောင် လုပ်ပေးတာ၊အပေါက်တွေရှိနေရင် ဖာပေးတာထက်ပိုပြီး သင့်ကို အကျိုးဆောင်ပေးနိုင်ပါတယ်။သူတို့ဟာ သင့်လျှာအောက်ခြေနဲ့ ပါးစောင်တွေအပါအဝင် အာခံတွင်းတခုလုံးကို သေချာစွာ စစ်ဆေးပေးမှာဖြစ်တာကြောင့် ခံတွင်းကင်ဆာရဲ့ ကနဦးအရိပ်လက္ခဏာတွေကို စောစီးစွာ သိရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် အနည်းဆုံးတနှစ်ကိုတခါလောက် ဆိုသလို သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးသင့်ပါတယ်။

၇။ သင့်ပါးစပ်ကို တလတခါလောက် ကိုယ်တိုင်စစ်ဆေးပါ။

သွားဆရာဝန်နဲ့ တနှစ်တခါ ပြတာပဲဆိုပြီးတော့လည်း ပေါ့ပေါ့ မနေသင့်ပါဘူး။သင်ကိုယ်တိုင်လည်း ကိုယ့်ပါးစပ်ကိုယ် တလတခါလောက် မှန်ရှေ့မှာ စစ်ဆေးကြည့်လို့ အကျိုးမယုတ်ပါဘူး။မှန်ရှေ့မှာရပ်၊ပါးစပ်ကို ကျယ်ကျယ်ဟလို့ အာခေါင်တွေ၊လျှာ၊လျှာအောက်၊နှုတ်ခမ်း၊သွားဖုံး၊ပါးစောင် စသဖြင့် စစ်ဆေးပါ။ပုံမှန်မဟုတ်တဲ့ အနာတွေ၊အနီကွက်အဖြူကွက်တွေ ရှိနေတာ၊ဒီလို ရှိနေတာဟာလည်း ရက်သတ္တပတ်သုံးပတ်ထက်ကျော်နေတာ ဒါမျိုးတွေကို ဂရုပြုစစ်ဆေးရပါမယ်။

၈။ ဆေးလိပ်ငွေ့နဲ့ ဝေးဝေးနေပါ။

သင်ကိုယ်တိုင်သောက်တာပဲဖြစ်ဖြစ်၊တခြားလူဆီက တဆင့်ခံရှူရှိုက်ရတာပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့မှ ဆေးလိပ်ငွေ့တွေကို မရှူရှိုက်မိပါစေနဲ့။ဆေးလိပ်နဲ့ ဆေးရွက်ကြီးဟာလည်း ခံတွင်းကင်ဆာ ဖြစ်ပွါးနိုင်ချေကို ပိုမြင့်စေလို့ပါ။

၉။ သွားမှန်မှန်တိုက်ပါ။

ခံတွင်းကင်ဆာကို အထူးတလည်ကာကွယ်ပေးနိုင်တယ်လို့ အတိအကျပြောနိုင်လောက်တဲ့ သုတေသနအချက်အလက်တွေ မရှိသေးသည့်တိုင် တနေ့ကို အနည်းဆုံးသွားနှစ်ကြိမ်တိုက်ခြင်း၊သွားကြားကိုကြိုးနဲ့သန့်ရှင်းရေးလုပ်ခြင်း (flossing)ကို အနည်းဆုံး တနေ့တကြိမ်လုပ်ပေးခြင်းဟာ သင့်ခံတွင်းကျန်းမာရေးအတွက် အလွန်အကျိုးရှိပါတယ်။

လူတိုင်းလူတိုင်းဟာ မိသားစုနဲ့ သက်တမ်းစေ့ ပျော်ရွှင်ကျန်းမာစွာ နေထိုင်သွားလိုသူတွေချည်းပါပဲ။ခံတွင်းကင်ဆာဟာ မိမိရဲ့ နေထိုင်စားသောက်ပုံအပြုအမူတွေကို ဆင်ခြင်ထိန်းသိမ်းခြင်းအားဖြင့် ရှောင်လွှဲနိုင်တဲ့ ရောဂါတမျိုးဖြစ်တဲ့အတွက် အထက်ဖော်ပြပါ ဆောင်ရန်၊ရှောင်ရန်အချက်လေးတွေကို လိုက်နာပေးခြင်းအားဖြင့် ခံတွင်းကင်ဆာ အိပ်မက်ဆိုးကြီးနဲ့ ဝေးဝေးမှာပဲ နေထိုင်နိုင်ပါလိမ့်မယ်။အဓိကအကျဆုံး၊အရေးအကြီးဆုံး အချက်ကတော့ ကွမ်းစားခြင်းကို လုံးဝ(လုံးဝ) အကျင့်မလုပ်ဖို့ပဲ ဖြစ်ပါကြောင်း။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top