ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

လိုအီခ႐ိုင္ကေန ဘန္ေကာက္ကုိ ဧၿပီ ၂၀ ရက္ေန႔ မနက္သြားမယ့္ ေနာ့ (က္) အဲ ေလယာဥ္ေပၚမွာ ဂ်ာမန္အမ်ိဳးသားတဦးက သူရဲ႕လက္ဆြဲအိတ္ထဲမွာ ဗံုးတလံုးပါတယ္ဆုိၿပီး ေျပာလုိ႔ ေလယာဥ္ေပၚက ဆင္းခိုင္းၿပီး ရဲစခန္းကို ေခၚေဆာင္သြားတယ္လုိ႔ သိရပါတယ္။

မနက္ ၁၀ နာရီခြဲ ေနာ့ (က္) အဲေလယာဥ္ေပၚက ခရီးသည္ ၈၃ ဦးလံုး ေလယာဥ္ေပၚက ထြက္ခြာၿပီး ကုန္ပစၥည္းတင္တဲ့ေနရာက ခရီးေဆာင္အိတ္ေတြအားလံုးကိုလည္း စစ္ေဆးဖုိ႔ ဖယ္ရွားခဲ့တယ္တယ္လို႔ ထုိင္းပီဘီအက္စ္သတင္းက ေျပာပါတယ္။

ခရီးသည္ေတြအားလံုးရဲ႕ ခရီးေဆာင္အိတ္ေတြနဲ႔ လက္ဆြဲအိတ္ေတြအားလံုးကို စစ္ေဆးၿပီး ေပါက္ကြဲပစၥည္း မေတြ႔သလုိ ေလယာဥ္ေပၚမွာ ဘယ္လုိသံသယျဖစ္စရာ ဗံုးမွမေတြ႔လုိ႔ ၁ နာရီၾကာအၿပီးမွာေတာ့ ဂ်ာမန္အမ်ိဳးသားမပါဘဲ ေလယာဥ္ျပန္ထြက္ခဲ့တယ္လုိ႔ ဆုိပါတယ္။

အသက္ ၄၉ ႏွစ္အရြယ္ အမည္မေဖာ္ျပတဲ့ ဂ်ာမန္အမ်ိဳးသားက ၂ နာရီၾကာေအာင္ ေလယာဥ္ထြက္ဖုိ႔ ေစာင့္ခဲ့ရလုိ႔ စိတ္ဖိစီးၿပီး ေလယာဥ္မယ္က ဘာမ်ားျဖစ္ေသးလဲ ေမးတဲ့အခ်ိန္ သူ႔လက္ဆြဲအိတ္ထဲမွာ ဗံုးပါတယ္လုိ႔ ေနာက္ေျပာင္ေျပာခဲ့တာလုိ႔ ရဲကို ေျပာပါတယ္။

ဂ်ာမန္အမ်ိဳးသားေျပာတာကို ေလယာဥ္မယ္က ေလယာဥ္မႉးကို အေၾကာင္းၾကားခဲ့တာလုိ႔ ဘန္ေကာက္ပုိ႔စ္သတင္းမွာ ေဖာ္ျပထားေၾကာင္း ကုိကုိးနက္သတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
လိုအီခရိုင်ကနေ ဘန်ကောက်ကို ဧပြီ ၂၀ ရက်နေ့ မနက်သွားမယ့် နော့ (က်) အဲ လေယာဉ်ပေါ်မှာ ဂျာမန်အမျိုးသားတဦးက သူရဲ့လက်ဆွဲအိတ်ထဲမှာ ဗုံးတလုံးပါတယ်ဆိုပြီး ပြောလို့ လေယာဉ်ပေါ်က ဆင်းခိုင်းပြီး ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မနက် ၁၀ နာရီခွဲ နော့ (က်) အဲလေယာဉ်ပေါ်က ခရီးသည် ၈၃ ဦးလုံး လေယာဉ်ပေါ်က ထွက်ခွာပြီး ကုန်ပစ္စည်းတင်တဲ့နေရာက ခရီးဆောင်အိတ်တွေအားလုံးကိုလည်း စစ်ဆေးဖို့ ဖယ်ရှားခဲ့တယ်တယ်လို့ ထိုင်းပီဘီအက်စ်သတင်းက ပြောပါတယ်။

ခရီးသည်တွေအားလုံးရဲ့ ခရီးဆောင်အိတ်တွေနဲ့ လက်ဆွဲအိတ်တွေအားလုံးကို စစ်ဆေးပြီး ပေါက်ကွဲပစ္စည်း မတွေ့သလို လေယာဉ်ပေါ်မှာ ဘယ်လိုသံသယဖြစ်စရာ ဗုံးမှမတွေ့လို့ ၁ နာရီကြာအပြီးမှာတော့ ဂျာမန်အမျိုးသားမပါဘဲ လေယာဉ်ပြန်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၄၉ နှစ်အရွယ် အမည်မဖော်ပြတဲ့ ဂျာမန်အမျိုးသားက ၂ နာရီကြာအောင် လေယာဉ်ထွက်ဖို့ စောင့်ခဲ့ရလို့ စိတ်ဖိစီးပြီး လေယာဉ်မယ်က ဘာများဖြစ်သေးလဲ မေးတဲ့အချိန် သူ့လက်ဆွဲအိတ်ထဲမှာ ဗုံးပါတယ်လို့ နောက်ပြောင်ပြောခဲ့တာလို့ ရဲကို ပြောပါတယ်။

ဂျာမန်အမျိုးသားပြောတာကို လေယာဉ်မယ်က လေယာဉ်မှူးကို အကြောင်းကြားခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားကြောင်း ကိုကိုးနက်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top