မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

လက္ထဲမွာေငြေလးမ်ားမ်ားရွိတာနဲ႔သံုးခ်င္ၾကတာလူေတြရဲ ႔သဘာ၀ပါပဲ။ သဘာ၀ကို လြန္ဆန္လို႔မရေပမဲ႔ ထိန္းခ်ဳပ္လုိ႔ေတာ့ရပါတယ္။သင့္မွာရွိေနတဲ႔ပုိက္ဆံေတြကုိ အက်ိဳးရွိေအာင္ဘယ္လိုစီမံၾကမလဲ။မကုန္သင့္တာမကုန္ေအာင္စီမံခန္႔ခြဲတတ္ဖို႔ နည္းလမ္းေလးေတြေျပာျပေပးခ်င္ပါတယ္။

၁။သံုးမယ့္ေငြကုိသတ္မွတ္ထားပါတစ္လအတြက္ စားတာ၊ေသာက္တာကအစ ၀ယ္ရမယ့္ပစၥည္းေတြအထိ ဘယ္ေလာက္သံုးမယ္ဆိုတာ ပ်မ္းမ်ွသတ္မွတ္ျပီး ဖယ္ထားပါ။ အဲ႔ဒီေငြနဲ႔ပဲေလာက္ေအာင္ခ်င့္ခ်ိန္သံုးပါ။

၂။လိုခ်င္တိုင္းမ၀ယ္ပါနဲ႔

လိုခ်င္တုိင္းသာ၀ယ္မယ္ဆိုရင္၀ယ္လုိ႔ဆံုးမွာမဟုတ္ပါဘူး။မ်က္စိထဲျမင္ျမင္သမ်ွက အကုန္၀ယ္ခ်င္စရာၾကီးပါ။တစ္ခုခုကုိလိုခ်င္ျပီဆုိရင္ေရရွည္စဥ္းစားပါ။ တစ္ခါသံုးျပီးေခ်ာင္မွာထိုးထားရမယ့္ပစၥည္းေတြဆို မ၀ယ္ပါနဲ႔။ အ၀တ္အစားေတြကုိမလိုအပ္ပဲမ၀ယ္ပါနဲ႔။

၃။၀ယ္မယ့္စာရင္းကုိ ေရးထားပါ။ေရွာ့ပင္းထြက္မယ္ဆုိရင္ ၀ယ္ရမယ့္ပစၥည္းေတြကုိစာရင္းေရးထားပါ။ျပီးရင္ ကုန္က်မယ့္ေငြကုိခန္႔မွန္းျပီးနည္းနည္းပဲပုိယူသြားပါ။ပုိက္ဆံအပုိမပါတဲ႔အခါ တျခားပစၥည္းေတြကုိလည္း အပုိမ၀ယ္ျဖစ္ေတာ့ပါဘူး။

၄။ပုိုက္ဆံကုိဘယ္လိုပြားေအာင္လုပ္ရမလဲစဥ္းစားပါသင့္မွာရွိေနတဲ႔ပိုက္ဆံကုိ နည္းနည္းခ်င္းစီတိုးပြားလာေအာင္ဘဏ္မွာစုထားပါ။ ပုိက္ဆံေတြမ်ားလာတဲ႔အခါ ဆိုင္ဖြင့္တာပဲျဖစ္ျဖစ္၊တျခားလုပ္ငန္းလုပ္တာျဖစ္ျဖစ္ အရင္းအႏွီးအေနနဲ႔သံုးလုိ႔ရပါတယ္။

၅။လက္ရွိအေနအထားကုိေရာင့္ရဲပါလူတုိင္းက ကုိယ့္ရဲ႔လိုအပ္ခ်က္မွန္သမ်ွကုိျပည့္စံုေအာင္မျဖည့္ဆည္းႏုိင္ပါဘူး။ ထြက္သမ်ွဖုန္းအသစ္တုိင္းကုိလိုခ်င္ေနလို႔မရသလို အ၀တ္အစားဒီဇုိင္းအဆန္းေတြ ထြက္လည္း၀ယ္ေနလို႔မရပါဘူး။ကုိယ့္မွာရွိတာကုိစုေဆာင္းျပီးလုိအပ္တာကုိပဲ၀ယ္ပါ။ တျခားဟာေတြကုိမရႏုိင္မွန္းသိရက္နဲ႔လိုခ်င္ေနရင္ ကိုယ္ပဲစိတ္ဆင္းရဲရမွာပါ။

၆။ဖုန္းေဘလ္ကုိစိစစ္ပါေနာက္ဆံုးအခ်က္ကေတာ့ ဖုန္းေဘလ္ပါ။ အခုေခတ္မွာဖုန္းေတြကုိယ္စီကိုင္ႏုိင္လာၾကျပီး ဖုန္းေဘလ္ေတြကလည္းတစ္လတစ္လထည့္ရတာမနည္းပါဘူး။ အ့ဲဒါေၾကာင့္ အခုခ်ိန္ကစျပီးဖုန္းေဘလ္ကုိ အရင္ကထက္ေလ်ွာ့ပါ။အရင္က ၂၀၀၀၀ထည့္ေနက်ဆို ၁၀၀၀၀ပဲထည့္ျပီးသံုးပါ။အရင္ကထက္ပုိျပီး ေငြစုမိလာပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original

#Unicode Version#
လက်ထဲမှာငွေလေးများများရှိတာနဲ့သုံးချင်ကြတာလူတွေရဲ့သဘာဝပါပဲ။ သဘာဝကို လွန်ဆန်လို့မရပေမဲ့ ထိန်းချုပ်လို့တော့ရပါတယ်။သင့်မှာရှိနေတဲ့ပိုက်ဆံတွေကို အကျိုးရှိအောင်ဘယ်လိုစီမံကြမလဲ။မကုန်သင့်တာမကုန်အောင်စီမံခန့်ခွဲတတ်ဖို့ နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။

၁။သုံးမယ့်ငွေကိုသတ်မှတ်ထားပါတစ်လအတွက် စားတာ၊သောက်တာကအစ ဝယ်ရမယ့်ပစ္စည်းတွေအထိ ဘယ်လောက်သုံးမယ်ဆိုတာ ပျမ်းမျှသတ်မှတ်ပြီး ဖယ်ထားပါ။ အဲ့ဒီငွေနဲ့ပဲလောက်အောင်ချင့်ချိန်သုံးပါ။

၂။လိုချင်တိုင်းမဝယ်ပါနဲ့

လိုချင်တိုင်းသာဝယ်မယ်ဆိုရင်ဝယ်လို့ဆုံးမှာမဟုတ်ပါဘူး။မျက်စိထဲမြင်မြင်သမျှက အကုန်ဝယ်ချင်စရာကြီးပါ။တစ်ခုခုကိုလိုချင်ပြီဆိုရင်ရေရှည်စဉ်းစားပါ။ တစ်ခါသုံးပြီးချောင်မှာထိုးထားရမယ့်ပစ္စည်းတွေဆို မဝယ်ပါနဲ့။ အဝတ်အစားတွေကိုမလိုအပ်ပဲမဝယ်ပါနဲ့။

၃။ဝယ်မယ့်စာရင်းကို ရေးထားပါ။ရှော့ပင်းထွက်မယ်ဆိုရင် ဝယ်ရမယ့်ပစ္စည်းတွေကိုစာရင်းရေးထားပါ။ပြီးရင် ကုန်ကျမယ့်ငွေကိုခန့်မှန်းပြီးနည်းနည်းပဲပိုယူသွားပါ။ပိုက်ဆံအပိုမပါတဲ့အခါ တခြားပစ္စည်းတွေကိုလည်း အပိုမဝယ်ဖြစ်တော့ပါဘူး။

၄။ပိုက်ဆံကိုဘယ်လိုပွားအောင်လုပ်ရမလဲစဉ်းစားပါသင့်မှာရှိနေတဲ့ပိုက်ဆံကို နည်းနည်းချင်းစီတိုးပွားလာအောင်ဘဏ်မှာစုထားပါ။ ပိုက်ဆံတွေများလာတဲ့အခါ ဆိုင်ဖွင့်တာပဲဖြစ်ဖြစ်၊တခြားလုပ်ငန်းလုပ်တာဖြစ်ဖြစ် အရင်းအနှီးအနေနဲ့သုံးလို့ရပါတယ်။

၅။လက်ရှိအနေအထားကိုရောင့်ရဲပါလူတိုင်းက ကိုယ့်ရဲ့လိုအပ်ချက်မှန်သမျှကိုပြည့်စုံအောင်မဖြည့်ဆည်းနိုင်ပါဘူး။ ထွက်သမျှဖုန်းအသစ်တိုင်းကိုလိုချင်နေလို့မရသလို အဝတ်အစားဒီဇိုင်းအဆန်းတွေ ထွက်လည်းဝယ်နေလို့မရပါဘူး။ကိုယ့်မှာရှိတာကိုစုဆောင်းပြီးလိုအပ်တာကိုပဲဝယ်ပါ။ တခြားဟာတွေကိုမရနိုင်မှန်းသိရက်နဲ့လိုချင်နေရင် ကိုယ်ပဲစိတ်ဆင်းရဲရမှာပါ။

၆။ဖုန်းဘေလ်ကိုစိစစ်ပါနောက်ဆုံးအချက်ကတော့ ဖုန်းဘေလ်ပါ။ အခုခေတ်မှာဖုန်းတွေကိုယ်စီကိုင်နိုင်လာကြပြီး ဖုန်းဘေလ်တွေကလည်းတစ်လတစ်လထည့်ရတာမနည်းပါဘူး။ အဲ့ဒါကြောင့် အခုချိန်ကစပြီးဖုန်းဘေလ်ကို အရင်ကထက်လျှော့ပါ။အရင်က ၂၀၀၀၀ထည့်နေကျဆို ၁၀၀၀၀ပဲထည့်ပြီးသုံးပါ။အရင်ကထက်ပိုပြီး ငွေစုမိလာပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Original




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top