ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×
Credit: Buzzy
# Unicode Version ဖြင့်ဖတ်ရန် #
ဒီလိုသောက်ရုံတင်မဟုတ်ပဲ နေ့စဉ် လေ့ကျင့်ခန်း လုပ်ခဲ့လို့သာ…အလုပ် အရမ်းများတဲ့လူတွေအတွက် လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ အချိန်ကိုတော်တော် စီမံခန့်ခွဲနိုင်မှဖြစ်မှာပါ။ အချိန်ကအားရင်တောင် တစ်ခါတစ်လေ အလုပ်ပင်ပန်းတာနဲ့လေ့ကျင့်ခန်းလုပ်ချိန်စိတ်တွေ ကုန်ဆုံးနေတတ်ပါတယ်။ ပင်ပန်းတော့ ပိုအိပ်၊ ပိုစားနဲ့ ဝိတ်ကထက်တက်ဖို့ပဲရှိပါတယ်။ နောက်ပြီး အိမ်မှာချက်စားတာထက် အပြင်မှာ အလွယ်ဝယ်စားလိုက်တာကလည်း ဝိတ်ပိုတက်စေပါတယ်။
ဝကစ်ကစ် မိန်းကလေး တွေဟာ တော်တော်များများ အလှောင်ပြောင်ခံ၊ စနောက်တာတွေခံကြရပါတယ်။ ဒီတိုင်းကိုယ့်ဘာသာနေရင်း တစ်ခုခုဖြစ်ရင်တောင် ဝတာကိုပဲ ထိခိုက်ပြီးပြောနေကြပါတယ်။ နာမည်အမျိုးမျိုးနဲ့လည်း စနောက်ခံနေရတာ စိတ်ကြည်နေချိန်ဆိုကိစ္စမရှိပေမယ့် တစ်ခါတစ်လေ စိတ်ဓာတ်ကျဝမ်းနည်းနေချိန် ဒီလိုတွေလာပြောရင် ထိုမိန်းကလေးတွေ အရမ်းခံရခက်ပါတယ်။ ပိန်ပိန် သွယ်သွယ်လေးတွေ ဒီကနေ့ခေတ်မှာ ရေပန်းစားနေချိန် ဒီဝကစ်ကစ် မိန်းကလေးတွေလည်း မပိန်ချင်ဘဲ ဘယ်နေ့ပါ့မလဲ… တစ်ချို့ကတော့ ဆေးတွေသောက်၊ အဆီတွေသွားထုတ်ပြီး ကျန်းမာရေးနဲ့မညီညွှတ်တဲ့နည်းလမ်းတွေနဲ့ ဝိတ်ချကြတယ်။ ဒါပေမယ့် သူမကရော …
Donie Lin ဆိုတဲ့ မိန်းကလေး ဟာ အခြားဖက်တီးမလေးတွေလိုပဲ သူမရဲ့ဝိတ်က ၇ဝကီလိုဂရမ်ရှိပါတယ်။ ဝတော့ ဘယ်နေရာသွားသွား အဆင်မပြေဘူး။ ကြာလာတော့ စိတ်ညစ်လာပြီး တစ်ခုခုလုပ်မှဖြစ်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ပန်းသီးအရက် ရှာလကာရည်နဲ့ ရေနွေးကိုရောပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ဖြစ်ပါတယ်။ အဆီ များတဲ့အစားစာတွေကို လုံးဝဖြတ်ချလိုက်ပြီး လေ့ကျင့်ခန်းတွေလည်း ဦးစားပေးပိုလုပ်လာပါတယ်။အခုတော့ သူမပုံစံဘယ်လောက်ထိ ပြောင်းလဲသွားလဲဆိုတာ ကြည့်လိုက်ပါဦး…
ဖိုးသူတော် (www.phothutaw.com)
Credit: Buzzy
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top