ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

တိရစာၦန္ေတြနဲ႔ လက္ထပ္ခဲ႔ၾကတဲ႔ လူ၁၂ ေယာက္ ရွိတယ္ဆိုတာ သင္သိပါသလား

၁။ ျမင္းနဲ႔လက္ထပ္ခဲ႔တဲ႔အမိ်ဳးသား

၁၉၉၂ခုႏွစ္တုန္းက Mark Matthews ဟာ Pixel လို႔ေခၚတဲ႔ျမင္းပုေလးနဲ႔လက္ထပ္ခဲ႔တယ္လို႔သိရပါတယ္။အဲ႔ဒီအေၾကာင္းကုိ ၁၉၉၈ခုႏွစ္တုန္းက

အစီအစဥ္တင္ဆက္သူျဖစ္တဲ႔ Jerry Springer က ဒီလုိ ထူးဆန္းတဲ႔ဆက္ႏြယ္မႈအေၾကာင္းကို သူ႔ရဲ ႔ေတာ့ခ္ရွိဳးမွာ တင္ဆက္ဖို႔ၾကိဳးစားခဲ႔ပါတယ္။ ဒါေပမဲ႔ ျမင္းနဲ႔လူအၾကားဆက္ႏြယ္မႈကုိ ေျပာရမွာ အဆင္မေျပဘူးလို႔ ရုပ္ရွင္ဒါရိုက္တာအခ်ိဳ႔က ကန္႔ကြယ္ခဲ႔ၾကပါတယ္။ အဲ႔ဒါေၾကာင့္ ဒီကိစၥနဲ႔ပတ္သက္ျပီး ဘာအစီအစဥ္မွမလုပ္ခဲ႔တာျဖစ္ပါတယ္။

၂။ႏြားနဲ႔လက္ထပ္ခဲ႔တဲ႔ အမ်ိဳးသား

အသက္ ၁၈ႏွစ္အရြယ္ဆယ္ေက်ာ္သက္ေကာင္ေလး Ngurah Alit ဆုိသူဟာ ႏြားနဲ႔ရင္းႏွီးဆက္ဆံမႈရွိခဲ႔တယ္လို႔ပတ္၀န္းက်င္ကလူေတြကအခိုင္အမာေျပာတာ

ကုိခံခဲ႔ရပါတယ္။၂၀၁၀၊ဇြန္လမွာေတာ့ ေကာင္ေလးကုိ ႏြားနဲ႔လက္ထပ္ဖို႔အတင္းတိုက္တြန္းခဲ႔ျပီး

၃။လင္းပိုင္နဲ႔လက္ထပ္ခဲ႔တဲ႔အမ်ိဳးသမီး

၂၀၀၅ခုႏွစ္ ၊ဒီဇင္ဘာလတုန္းက အသက္ ၄၁နွစ္အရြယ္Sharon Tendler ဆိုတဲ႔အမ်ိဳးသမီးဟာ ျဗိတိန္မီလ်ွံနာတစ္ေယာက္ျဖစ္ျပီး စင္ဒီလို႔နာမည္ေပးထားတဲ႔

လင္းပုိင္တစ္ေကာင္နဲ႔လက္ထပ္ခဲ႔ပါတယ္။အစၥေရးအပန္းေျဖစခန္းတစ္ခုမွာ လက္ထပ္ခဲ႔တာျဖစ္ျပီး Sharon Tendler ဟာစင္ဒီကုိ လြန္ခဲ႔တဲ႔ ၁၅နွစ္၊အစၥေရး အပန္းေျဖစခန္းကုိ လာတုန္းကပထမဆံုးေတြ႔ခဲ႔တပါ။ Sharon Tendlerဟာ တစ္ႏွစ္ကုိ ၂ၾကိမ္၊၃ၾကိမ္ေလာက္အစၥေရးကုိခရီးထြက္ျပီးလင္းပုိင္ေလးနဲ႔ အတူေရေအာက္ အလွအပကိုခံစားေလ့ရွိပါတယ္။ တျဖည္းျဖည္းသံေယာဇဥ္ေတြတြယ္လာခဲ႔ျပီး Sharon Tendler ဟာ သူမခ်စ္တဲ႔လင္းပုိင္ေလးနဲ႔ လက္ထပ္ဖုိ႔ဆံုးျဖတ္ခဲ႔ပါတယ္။ ဒီဇင္ဘာ ၂၈ေန႔ရက္ေန႔၊ေန႔လည္ခင္းမွာ လာေရာက္လည္ပတ္သူရာေထာင္ခ်ီေရွ႔မွာအျဖဴေရာင္သတို႔သမီး၀တ္စံုကုိ ၀တ္ဆင္ခဲ႔ျပီး ေရထဲမွာလင္းပိုင္ေလးအလာကုိ ေစာင့္ေနခဲ႔ပါတယ္။လင္းပုိင္ေလးစင္ဒီဟာလည္း သူ႔ရဲ ႔လင္းပုိင္အေဖာ္အေပါင္းေတြနဲ႔ေရာက္လာခဲ႔ျပီး Sharon Tendler ကုိေပြ႔ဖက္ကာ လူအမ်ားေရွ႔မွာပဲ လင္းပုိင္ေလးနဲ႔လက္ထပ္ခဲ႔တာျဖစ္ပါတယ္။ စိတ္မေကာင္းစရာကေတာ့ စင္ဒီဟာ ၂၀၀၆ခုႏွစ္၊ဇြန္လ ၁၈ရက္ ေန႔လည္မွာပဲေသဆံုးသြားခဲ႔တယ္လို႔သိရပါတယ္။

၄။က်ိန္စာသင့္မႈကလြတ္ေျမာက္ဖုိ႔ေခြးနဲ႔လက္ထပ္ခဲ႔တဲ႔အိႏၵိယအမ်ိဳးသား

အသက္ ၁၈နွစ္အရြယ္သာရွိေသးတဲ႔ အိႏၵိယအမ်ိဳးသား Selva Kuma ဟာ ေခြးႏွစ္ေကာင္ကိုေသဆံုးတဲ႔အထိေက်ာက္တံုးနဲ႔ေပါက္ေသေအာင္

သတ္ခဲ့ျပီး သစ္ပင္မွာခ်ိတ္ဆြဲထားခဲ႔ပါတယ္။အဲ႔ဒီအခ်ိန္မွာပဲ သူ႔ရဲ႔လက္နဲ႔ေျခေထာက္ဟာ မသန္စြမ္းလိုျဖစ္လာခဲ႔ျပီး နားတစ္ဖက္မၾကားရေတာ့တဲ႔အထိ

ျဖစ္ခဲ႔ပါတယ္တဲ႔။ေနာက္ထပ္ ၁၅ႏွစ္နီးပါးၾကာသည့္တိုင္ေအာင္ ဒီလိုနာက်င္မႈကုိခံစားေနခဲ႔ရျပီးေခြးေတြကိုရက္ရက္စက္စက္သတ္ပစ္ခဲ႔လို႔ က်ိန္စာမိတယ္

လို႔ထင္ခဲ႔ျပီး အၾကားအျမင္ဆရာေတြဆီကအၾကံဥာဏ္ေတာင္းခဲ႔ပါတယ္။သူတို႔ေပးတဲ႔အၾကံကေတာ့ ေခြးတစ္ေကာင္နဲ႔လက္ထပ္လုိက္ဖို႔ပါတဲ႔။၂၀၀၇ခုႏွစ္၊

ႏုိ၀င္ဘာလမွာျဖစ္ပ်က္ခဲ႔တာျဖစ္ျပီး Selva Kuma ဟာ အသက္ ၁၀ႏွစ္အရြယ္ Selvi ဆုိတဲ႔ေခြးမေလးနဲ႔လက္ထပ္ခဲ႔ရတယ္လို႔သိရပါတယ္။

၅။ေၾကာင္နဲ႔လက္ထပ္ခဲ႔တဲ႔အမ်ိဳးသား

၂၀၁၀ခုနွစ္တုန္းက ဂ်ာမန္အမ်ိဳးသားတစ္ေယာက္ဟာ သူေမြးထားတဲ႔ေၾကာင္မေလးအသက္ရွည္ရွည္မေနရေတာ့ဘူးဆုိတာသိျပီး

ေၾကာင္မေလးနဲ႔လက္ထပ္ဖုိ႔ဆံုးျဖတ္ခဲ႔ပါတယ္။ဒါေပမဲ႔ တိရစာၦန္နဲ႔လက္ထပ္တာက ဂ်ာမနီႏုိင္ငံမွာတားျမစ္ထားတဲ႔ဥပေဒျဖစ္ျပီး အသက္ ၃၉ႏွစ္အရြယ္

ဂ်ာမန္အမ်ိဳးသား Mitzscherlich ဟာ မင္းသမီးတစ္ေယာက္ကုိ ယူအက္စ္ေဒၚလာ ၃၉၅ က်ပ္နဲ႔လက္ထပ္ပြဲက်င္းပေပးဖုိ႔အကူအညီေတာင္းခဲ့ပါတယ္။

မင္းသမီး Christin-Maria Lohri ဟာ ထုိဂ်ာမန္အမ်ိဳးသားကုိလက္ထပ္ကတိျပဳစကားေျပာခိုင္းခဲ႔ျပီးေၾကာင္မေလး Cecilia ကုိေညာင္လို႔ေအာ္ခိုင္းခဲ႔ပါတယ္။

၆။ေခြးနဲ႔လက္ထပ္ခဲ႔တဲ႔ ၉ႏွစ္အရြယ္အိႏၵိယအမ်ိဳးသမီးေလး

၂၀၀၃ခုႏွစ္၊ဇြန္လ ၁၁ရက္ေန႔တုန္းက အသက္ ၉ႏွစ္အရြယ္သာရွိေသးတဲ႔ Karnamoni Handsa ဆိုတဲ႔ကေလးမေလးဟာ သူမမွာကပ္တြယ္ေနတဲ႔ မေကာင္းဆိုး၀ါးေတြကုိဖယ္ရွားဖို႔ဆုိျပီး ေခြးေလးနဲ႔လက္ထပ္ခဲ႔ရပါတယ္။ သူမဟာေမြးစတုန္းကသြားအေပၚမွာ သြားတက္တစ္ေခ်ာင္းပါလာလို႔ သူမရဲ ႔၀ိညာဥ္မွာ မေကာင္းဆုိး၀ါးရွိေနတယ္လို႔ဆုိကာ လူၾကီးေတြကေ ခြးနဲ႔လက္ထပ္ခိုင္းခဲ႔တာျဖစ္ပါတယ္။ ဒါေပမဲ႔ ေခြးနဲ႔လက္ထပ္တာက မိန္းကေလးရဲ ႔ ဘ၀ကုိမထိခိုက္ေစပဲ လူသားတစ္ေယာက္နဲ ႔ေနာက္ထပ္လက္ထပ္လုိ႔ရပါတယ္တဲ႔။

၇။ဆိတ္တစ္ေကာင္နဲ႔လက္ထပ္ခဲ႔တဲ႔အမ်ိဳးသား

၂၀၀၆ခုႏွစ္၊ေဖေဖာ္၀ါရီလတုန္းက Charles Tombe ဆိုတ႔ဲ ဆူဒန္လူမ်ိဳးအမ်ိဳးသားတစ္ေယာက္ဟာ ဆိတ္တစ္ေကာင္နဲ႔မဖြယ္မရာျပဳမူေနတုန္းဆိတ္ပုိင္ရွင္က မိသြားခဲ႔ျပီး ဆိတ္နဲ႔လက္ထပ္ဖုိ႔ အတင္းတိုက္တြန္းခဲ႔ပါတယ္။ ဒါ့အျပင္ဆိတ္ပုိင္ရွင္ကုိ ယူအက္စ္ေဒၚလာ ၇၅က်ပ္၊ဆူဒန္ေငြေၾကး ၁၅၀၀၀ ေပးခဲ႔ရတယ္လို႔သိရပါတယ္။

၈။ေခြးနဲ႔လက္ထပ္ခဲ႔တဲ႔ၾသစေတးလ်အမ်ိဳးသား

၂၀၁၀ခုႏွစ္၊ဒီဇင္ဘာလတုန္းက အသက္ ၂၀အရြယ္ Joseph Guiso ဆုိတဲ႔ ၾသစေတးလ်ေကာင္ေလးဟာ သူ႔ရဲ႔အခ်စ္ဆံုးသူငယ္ခ်င္း

ျဖစ္တဲ႔အသက္ ၅ႏွစ္အရြယ္ လက္ပရာေဒါေခြးေလးနဲ႔လက္ထပ္ခဲ႔ပါတယ္။ေခြးေလး ဟန္နီနဲ႔ေကာင္ေလး Joseph Guiso တို႔ဟာ

ၾသစေတးလ်ႏဳိင္ငံ၊ေလာ္ရယ္ ဘဏ္ပန္းျခံမွာလက္ထပ္ခဲ႔တာျဖစ္ျပီး သူငယ္ခ်င္း အေယာက္ ၃၀၊မိသားစု၀င္အနည္းငယ္နဲ႔ က်င္းပခဲ႔တာျဖစ္ပါတယ္။ ဒီလိုမ်ိဳးေခြးမေလးနဲ႔ လက္ထပ္တာဟာလည္း တျခားအရာေတြနဲ႔မဆုိင္ပဲ သန္႔စင္တဲ႔အခ်စ္စစ္သာျဖစ္တယ္လို႔လူအမ်ား ကုိေျပာခဲ႔ပါတယ္။

၉။ကံေကာင္းဖို႔အတြက္ ေခြးနဲ႔လက္ထပ္ခဲ႔တဲ႔နီေပါအမ်ိဳးသား

၂၀၀၄ခုႏွစ္တုန္းက အသက္ ၇၅ႏွစ္အရြယ္နီေပါအမ်ိဳးသားဟာ ေဒသဓေလ့ထံုးတမ္းအရ ကံေကာင္းေစဖို႔ ေခြးနဲ႔လက္ထပ္

ခဲ႔တယ္လို႔သိရပါတယ္။ဒါေပမဲ႔ထုိအမ်ိဳးသားဟာ လက္ထပ္ျပီးသံုးရက္အၾကာမွာပဲေသဆံုးသြားခဲ႔ပါတယ္။ထုိအမ်ိဳးသားဟာ

Tharu အဖြဲ႔အစည္းရဲ ႔ဓေလ့ထံုးစံအတိုင္းလုပ္ခဲ႔တာျဖစ္ျပီး သြားေတြမပ်က္စီးေအာင္ျပန္ေပါက္ေအာင္ဆိုျပီး ေခြးတစ္ေကာင္နဲ႔လက္ထပ္ ခဲ႔တာပဲျဖစ္ပါတယ္။

၁၀။ဖားႏွစ္ေကာင္နဲ႔လက္ထပ္ခဲ႔တဲ႔ အိႏၵိယမိန္းကေလး

၂၀၀၉ခုႏွစ္၊ဇန္န၀ါရီလတုန္းက အိႏၵိယႏုိင္ငံ၊ Pallipudupet ရြာမွာရွိေနတဲ႔ အသက္၇ႏွစ္အရြယ္မိန္းကေလးဟာ ဖားေလးႏွစ္ေကာင္ နဲ႔လက္ထပ္ခဲ႔တယ္လို႔သိရပါတယ္။ ရြာေလးမွာက်ေရာက္ေနတဲ႔ ထူးဆန္းတဲ႔ေရာဂါေတြကုိ ကာကြယ္ဖို႔အတြက္ ဒီလက္ထပ္ပြဲကုိ

က်င္းပခိုင္းခဲ႔တာပဲဲျဖစ္ပါတယ္။ မိန္းကေလးဟာ ရုိးရာသတုိ႔သမီး၀တ္စုံကုိ ၀တ္ဆင္ကာ ေရႊေတြ၊ လက္၀တ္တန္ဆာေတြ၀တ္ဆင္ကာ ဖားႏွစ္ေကာင္နဲ႔ လက္ထပ္ခဲ႔တာပဲျဖစ္ပါတယ္။ ဘုရားေက်ာင္းႏွစ္ခုမွာခြဲျပီး ရြာသားေတြေရွ႔မွာ လက္ထပ္ခဲ႔ရတာပဲျဖစ္ပါတယ္။

၁၁။ေမြးထားတဲ႔ေခြးေလးနဲ႔လက္ထပ္ခဲ႔တဲ႔အမ်ိဳးသမီး

၂၀၀၉ခုႏွစ္တုန္းက အသက္ ၂၉ႏွစ္အရြယ္ဂါနာႏုိင္ငံကအမ်ိဳးသမီးတစ္ေယာက္ျဖစ္တဲ႔Emily Mabou ဆိုတဲ႔အမ်ိဳးသမီးဟာ သူမရဲ႔ေခြးေလးကုိ လက္ထပ္ခဲ႔တယ္လို႔သိရပါတယ္။ သူမနဲ႔ေခြးေလးရဲ ႔လက္ထပ္ပြဲကုိ ရုိးရာဘုန္းၾကီးတစ္ပါးလည္း တက္ေရာက္ ခဲ႔ျပီး ေဒသခံရြာသားေတြလည္းတက္ေရာက္ခဲ႔ပါတယ္။သူမဟာ သူမရဲ ႔အေဖလိုအရည္အခ်င္းနဲ႔ျပည့္စံုတဲ႔ဘ၀လက္တြဲေဖာ္ကုိ ေတြ႔ဖုိ႔ဆုေတာင္းခဲ႔ပါတယ္။ သူမရဲ ႔အေဖက သစၥာရွိတယ္၊ၾကင္နာတတ္တယ္။ အေမအေပၚကိုလည္းသစၥာရွိတယ္။ အေဖဟာ အေမ့ကုိ ဘယ္ေတာ့မွစိတ္ပ်က္ေအာင္မလုပ္ခဲ႔ဘူး။ သူမဟာ ေယာက်္ားေလးအမ်ားၾကီးနဲ႔တြဲဖူးခဲ႔ေပမဲ႔ လူလိမ္လူညာေတြခ်ည္းပါပဲ။

သူမရဲ ႔ေခြးေလးကသာသူမအေပၚသစၥာရွိျပီး ေခြးေလးက သူမအေပၚေလးစားစြာနဲ႔ဆက္ဆံခဲ႔ပါတယ္။ အဲ႔ဒါေၾကာင့္ေခြးေလးနဲ႔ လက္ထပ္ဖုိ႔ဆံုးျဖတ္ခဲ႔တာပါတဲ႔။ သူမရဲ ႔မိသားစုကေတာ့ ဒါကသူမရဲ ႔အထီးက်န္တာကုိေျဖသိမ့္ဖို႔ရူးမုိက္တဲ႔ နည္းလမ္းတစ္ခုပဲလို႔ ခံစားခဲ့ရျပီး မဂၤလာပြဲကုိမတက္ခဲ႔ပါဘူး။ ဘုန္းၾကီးကေတာ့ မဂၤလာပြဲကုိပ်က္ရယ္မျပဳဖုိ႔ ရြာသားေတြကုိသတိေပးခဲ႔ျပီး သူမရဲ ႔ေပ်ာ္ရႊင္မႈအစစ္ကုိေနာက္ ဆံုးေတြ႔ခဲ႔လို႔ ၀မ္းသာေပးဖို႔ေျပာခဲ႔ပါတယ္။

၁၂။ေၾကာင္ေလးနဲ႔လက္ထပ္ခဲ႔တဲ႔ဖက္ရွင္ဒီဇုိင္နာ

၂၀၁၃ခုနွစ္၊ဇြန္လတုန္းက ဖက္ရွင္ဒီဇုိင္နာတစ္ေယာက္ျဖစ္တဲ႔ ဟာ သူ႔ရဲ ႔ေၾကာင္ေလး Choupette

နဲ႔လက္ထပ္ဖို႔ဆႏၵရွိခဲ႔တဲ႔ အေၾကာင္းေျပာခဲ႔ပါတယ္။ အသက္ ၇၇ႏွစ္အရြယ္ဖက္ရွင္ဒီဇုိင္နာဟာ

၂၂လသားအရြယ္ေၾကာင္ေလးကုိ ခ်စ္မိသြားလိမ့္မယ္လို႔ ဘယ္တုန္းကမွမထင္ခဲ႔ပါဘူးလို ႔ေျပာခဲ႔ပါတယ္ ။ေၾကာင္မေလးရဲ ႔မ်က္လံုးေတြက ဖက္ရွင္ခ်န္နယ္ အတြက္ ဆြဲေဆာင္မႈရွိျပီး လႊမ္းမုိးႏုိင္စြမ္းရွိတယ္လို ႔ေျပာခဲ႔ပါတယ္။ သူအိမ္မွာမရွိတဲ႔အခိ်န္ဆိုရင္ အိမ္မွာရွိတဲ႔၀န္ထမ္းအမ်ိဳးသမီးေတြက ေၾကာင္မေလးလုပ္သမ်ွကုိ စာေရးထားရတယ္လု႔ိသိရပါတယ္။ Karl Lagerfeld ဟာ ေၾကာင္မေလး
ကိုလြန္ခဲ႔တဲ႔ တစ္ႏွစ္ေက်ာ္က ေမြးစားခဲ႔တာျဖစ္ျပီး သူငယ္ခ်င္းတစ္ေယာက္အစားေစာင့္ေရွာက္ေပးရင္း ျပန္မေပးေတာ့တာပဲျဖစ္ပါတယ္။

အဲ႔ဒီကတည္းက တပူးပူးတတြဲတြဲျဖစ္ေနခဲ႔တာပဲဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yawthama
# Unicode Version ျဖင့္ ဖတ္ပါ #
တိရစ္ဆာန်တွေနဲ့ လက်ထပ်ခဲ့ကြတဲ့ လူ၁၂ ယောက် ရှိတယ်ဆိုတာ သင်သိပါသလား

၁။ မြင်းနဲ့လက်ထပ်ခဲ့တဲ့အမျိုးသား

၁၉၉၂ခုနှစ်တုန်းက Mark Matthews ဟာ Pixel လို့ခေါ်တဲ့မြင်းပုလေးနဲ့လက်ထပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြောင်းကို ၁၉၉၈ခုနှစ်တုန်းက

အစီအစဉ်တင်ဆက်သူဖြစ်တဲ့ Jerry Springer က ဒီလို ထူးဆန်းတဲ့ဆက်နွယ်မှုအကြောင်းကို သူ့ရဲ့တော့ခ်ရှိုးမှာ တင်ဆက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မြင်းနဲ့လူအကြားဆက်နွယ်မှုကို ပြောရမှာ အဆင်မပြေဘူးလို့ ရုပ်ရှင်ဒါရိုက်တာအချို့က ကန့်ကွယ်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာအစီအစဉ်မှမလုပ်ခဲ့တာဖြစ်ပါတယ်။

၂။နွားနဲ့လက်ထပ်ခဲ့တဲ့ အမျိုးသား

အသက် ၁၈နှစ်အရွယ်ဆယ်ကျော်သက်ကောင်လေး Ngurah Alit ဆိုသူဟာ နွားနဲ့ရင်းနှီးဆက်ဆံမှုရှိခဲ့တယ်လို့ပတ်ဝန်းကျင်ကလူတွေကအခိုင်အမာပြောတာ

ကိုခံခဲ့ရပါတယ်။၂၀၁၀၊ဇွန်လမှာတော့ ကောင်လေးကို နွားနဲ့လက်ထပ်ဖို့အတင်းတိုက်တွန်းခဲ့ပြီး

၃။လင်းပိုင်နဲ့လက်ထပ်ခဲ့တဲ့အမျိုးသမီး

၂၀၀၅ခုနှစ် ၊ဒီဇင်ဘာလတုန်းက အသက် ၄၁နှစ်အရွယ်Sharon Tendler ဆိုတဲ့အမျိုးသမီးဟာ ဗြိတိန်မီလျှံနာတစ်ယောက်ဖြစ်ပြီး စင်ဒီလို့နာမည်ပေးထားတဲ့

လင်းပိုင်တစ်ကောင်နဲ့လက်ထပ်ခဲ့ပါတယ်။အစ္စရေးအပန်းဖြေစခန်းတစ်ခုမှာ လက်ထပ်ခဲ့တာဖြစ်ပြီး Sharon Tendler ဟာစင်ဒီကို လွန်ခဲ့တဲ့ ၁၅နှစ်၊အစ္စရေး

အပန်းဖြေစခန်းကိုလာတုန်းကပထမဆုံးတွေ့ခဲ့တပါ။Sharon Tendlerဟာ တစ်နှစ်ကို ၂ကြိမ်၊၃ကြိမ်လောက်အစ္စရေးကိုခရီးထွက်ပြီးလင်းပိုင်လေးနဲ့

အတူရေအောက်အလှအပကိုခံစားလေ့ရှိပါတယ်။တဖြည်းဖြည်းသံယောဇဉ်တွေတွယ်လာခဲ့ပြီး Sharon Tendler ဟာ သူမချစ်တဲ့လင်းပိုင်လေးနဲ့

လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီဇင်ဘာ ၂၈နေ့ရက်နေ့၊နေ့လည်ခင်းမှာ လာရောက်လည်ပတ်သူရာထောင်ချီရှေ့မှာအဖြူရောင်သတို့သမီးဝတ်စုံကို

ဝတ်ဆင်ခဲ့ပြီး ရေထဲမှာလင်းပိုင်လေးအလာကိုစောင့်နေခဲ့ပါတယ်။လင်းပိုင်လေးစင်ဒီဟာလည်း သူ့ရဲ့လင်းပိုင်အဖော်အပေါင်းတွေနဲ့ရောက်လာခဲ့ပြီး

Sharon Tendler ကိုပွေ့ဖက်ကာ လူအများရှေ့မှာပဲလင်းပိုင်လေးနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။စိတ်မကောင်းစရာကတော့ စင်ဒီဟာ ၂၀၀၆ခုနှစ်၊ဇွန်လ ၁၈ရက်

နေ့လည်မှာပဲသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

၄။ကျိန်စာသင့်မှုကလွတ်မြောက်ဖို့ခွေးနဲ့လက်ထပ်ခဲ့တဲ့အိန္ဒိယအမျိုးသား

အသက် ၁၈နှစ်အရွယ်သာရှိသေးတဲ့ အိန္ဒိယအမျိုးသား Selva Kuma ဟာ ခွေးနှစ်ကောင်ကိုသေဆုံးတဲ့အထိကျောက်တုံးနဲ့ပေါက်သေအောင်

သတ်ခဲ့ပြီး သစ်ပင်မှာချိတ်ဆွဲထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ သူ့ရဲ့လက်နဲ့ခြေထောက်ဟာ မသန်စွမ်းလိုဖြစ်လာခဲ့ပြီး နားတစ်ဖက်မကြားရတော့တဲ့အထိ

ဖြစ်ခဲ့ပါတယ်တဲ့။နောက်ထပ် ၁၅နှစ်နီးပါးကြာသည့်တိုင်အောင် ဒီလိုနာကျင်မှုကိုခံစားနေခဲ့ရပြီးခွေးတွေကိုရက်ရက်စက်စက်သတ်ပစ်ခဲ့လို့ ကျိန်စာမိတယ်

လို့ထင်ခဲ့ပြီး အကြားအမြင်ဆရာတွေဆီကအကြံဉာဏ်တောင်းခဲ့ပါတယ်။သူတို့ပေးတဲ့အကြံကတော့ ခွေးတစ်ကောင်နဲ့လက်ထပ်လိုက်ဖို့ပါတဲ့။၂၀၀၇ခုနှစ်၊

နိုဝင်ဘာလမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး Selva Kuma ဟာ အသက် ၁၀နှစ်အရွယ် Selvi ဆိုတဲ့ခွေးမလေးနဲ့လက်ထပ်ခဲ့ရတယ်လို့သိရပါတယ်။

၅။ကြောင်နဲ့လက်ထပ်ခဲ့တဲ့အမျိုးသား

၂၀၁၀ခုနှစ်တုန်းက ဂျာမန်အမျိုးသားတစ်ယောက်ဟာ သူမွေးထားတဲ့ကြောင်မလေးအသက်ရှည်ရှည်မနေရတော့ဘူးဆိုတာသိပြီး

ကြောင်မလေးနဲ့လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ တိရစ္ဆာန်နဲ့လက်ထပ်တာက ဂျာမနီနိုင်ငံမှာတားမြစ်ထားတဲ့ဥပဒေဖြစ်ပြီး အသက် ၃၉နှစ်အရွယ်

ဂျာမန်အမျိုးသား Mitzscherlich ဟာ မင်းသမီးတစ်ယောက်ကို ယူအက်စ်ဒေါ်လာ ၃၉၅ ကျပ်နဲ့လက်ထပ်ပွဲကျင်းပပေးဖို့အကူအညီတောင်းခဲ့ပါတယ်။

မင်းသမီး Christin-Maria Lohri ဟာ ထိုဂျာမန်အမျိုးသားကိုလက်ထပ်ကတိပြုစကားပြောခိုင်းခဲ့ပြီးကြောင်မလေး Cecilia ကိုညောင်လို့အော်ခိုင်းခဲ့ပါတယ်။

၆။ခွေးနဲ့လက်ထပ်ခဲ့တဲ့ ၉နှစ်အရွယ်အိန္ဒိယအမျိုးသမီးလေး

၂၀၀၃ခုနှစ်၊ဇွန်လ ၁၁ရက်နေ့တုန်းက အသက် ၉နှစ်အရွယ်သာရှိသေးတဲ့ Karnamoni Handsa ဆိုတဲ့ကလေးမလေးဟာ သူမမှာကပ်တွယ်နေတဲ့

မကောင်းဆိုးဝါးတွေကိုဖယ်ရှားဖို့ဆိုပြီး ခွေးလေးနဲ့လက်ထပ်ခဲ့ရပါတယ်။သူမဟာမွေးစတုန်းကသွားအပေါ်မှာသွားတက်တစ်ချောင်းပါလာလို့

သူမရဲ့ဝိညာဉ်မှာမကောင်းဆိုးဝါးရှိနေတယ်လို့ဆိုကာလူကြီးတွေကခွေးနဲ့လက်ထပ်ခိုင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ခွေးနဲ့လက်ထပ်တာက မိန်းကလေးရဲ့

ဘဝကိုမထိခိုက်စေပဲ လူသားတစ်ယောက်နဲ့နောက်ထပ်လက်ထပ်လို့ရပါတယ်တဲ့။

၇။ဆိတ်တစ်ကောင်နဲ့လက်ထပ်ခဲ့တဲ့အမျိုးသား

၂၀၀၆ခုနှစ်၊ဖေဖော်ဝါရီလတုန်းက Charles Tombe ဆိုတဲ့ ဆူဒန်လူမျိုးအမျိုးသားတစ်ယောက်ဟာ ဆိတ်တစ်ကောင်နဲ့မဖွယ်မရာပြုမူနေတုန်းဆိတ်ပိုင်ရှင်က

မိသွားခဲ့ပြီး ဆိတ်နဲ့လက်ထပ်ဖို့အတင်းတိုက်တွန်းခဲ့ပါတယ်။ဒါ့အပြင်ဆိတ်ပိုင်ရှင်ကို ယူအက်စ်ဒေါ်လာ ၇၅ကျပ်၊ဆူဒန်ငွေကြေး

၁၅၀၀၀ ပေးခဲ့ရတယ်လို့သိရပါတယ်။

၈။ခွေးနဲ့လက်ထပ်ခဲ့တဲ့သြစတေးလျအမျိုးသား

၂၀၁၀ခုနှစ်၊ဒီဇင်ဘာလတုန်းက အသက် ၂၀အရွယ် Joseph Guiso ဆိုတဲ့ သြစတေးလျကောင်လေးဟာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း

ဖြစ်တဲ့အသက် ၅နှစ်အရွယ် လက်ပရာဒေါခွေးလေးနဲ့လက်ထပ်ခဲ့ပါတယ်။ခွေးလေး ဟန်နီနဲ့ကောင်လေး Joseph Guiso တို့ဟာ

သြစတေးလျနိုင်ငံ၊လော်ရယ်ဘဏ်ပန်းခြံမှာလက်ထပ်ခဲ့တာဖြစ်ပြီး သူငယ်ချင်း အယောက် ၃၀၊မိသားစုဝင်အနည်းငယ်နဲ့ကျင်းပခဲ့

တာဖြစ်ပါတယ်။ဒီလိုမျိုးခွေးမလေးနဲ့လက်ထပ်တာဟာလည်း တခြားအရာတွေနဲ့မဆိုင်ပဲ သန့်စင်တဲ့အချစ်စစ်သာဖြစ်တယ်လို့လူအများ

ကိုပြောခဲ့ပါတယ်။

၉။ကံကောင်းဖို့အတွက် ခွေးနဲ့လက်ထပ်ခဲ့တဲ့နီပေါအမျိုးသား

၂၀၀၄ခုနှစ်တုန်းက အသက် ၇၅နှစ်အရွယ်နီပေါအမျိုးသားဟာ ဒေသဓလေ့ထုံးတမ်းအရ ကံကောင်းစေဖို့ ခွေးနဲ့လက်ထပ်

ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ထိုအမျိုးသားဟာ လက်ထပ်ပြီးသုံးရက်အကြာမှာပဲသေဆုံးသွားခဲ့ပါတယ်။ထိုအမျိုးသားဟာ

Tharu အဖွဲ့အစည်းရဲ့ဓလေ့ထုံးစံအတိုင်းလုပ်ခဲ့တာဖြစ်ပြီး သွားတွေမပျက်စီးအောင်ပြန်ပေါက်အောင်ဆိုပြီး ခွေးတစ်ကောင်နဲ့လက်ထပ်

ခဲ့တာပဲဖြစ်ပါတယ်။

၁၀။ဖားနှစ်ကောင်နဲ့လက်ထပ်ခဲ့တဲ့ အိန္ဒိယမိန်းကလေး

၂၀၀၉ခုနှစ်၊ဇန်နဝါရီလတုန်းက အိန္ဒိယနိုင်ငံ၊ Pallipudupet ရွာမှာရှိနေတဲ့ အသက်၇နှစ်အရွယ်မိန်းကလေးဟာ ဖားလေးနှစ်ကောင်

နဲ့လက်ထပ်ခဲ့တယ်လို့သိရပါတယ်။ရွာလေးမှာကျရောက်နေတဲ့ထူးဆန်းတဲ့ရောဂါတွေကိုကာကွယ်ဖို့အတွက် ဒီလက်ထပ်ပွဲကို

ကျင်းပခိုင်းခဲ့တာပဲဖြစ်ပါတယ်။မိန်းကလေးဟာရိုးရာသတို့သမီးဝတ်စုံကိုဝတ်ဆင်ကာ ရွှေတွေ၊လက်ဝတ်တန်ဆာတွေဝတ်ဆင်ကာ

ဖားနှစ်ကောင်နဲ့လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ဘုရားကျောင်းနှစ်ခုမှာခွဲပြီး ရွာသားတွေရှေ့မှာလက်ထပ်ခဲ့ရတာပဲဖြစ်ပါတယ်။

၁၁။မွေးထားတဲ့ခွေးလေးနဲ့လက်ထပ်ခဲ့တဲ့အမျိုးသမီး

၂၀၀၉ခုနှစ်တုန်းက အသက် ၂၉နှစ်အရွယ်ဂါနာနိုင်ငံကအမျိုးသမီးတစ်ယောက်ဖြစ်တဲ့Emily Mabou ဆိုတဲ့အမျိုးသမီးဟာ

သူမရဲ့ခွေးလေးကိုလက်ထပ်ခဲ့တယ်လို့သိရပါတယ်။သူမနဲ့ခွေးလေးရဲ့လက်ထပ်ပွဲကို ရိုးရာဘုန်းကြီးတစ်ပါးလည်းတက်ရောက်

ခဲ့ပြီး ဒေသခံရွာသားတွေလည်းတက်ရောက်ခဲ့ပါတယ်။သူမဟာ သူမရဲ့အဖေလိုအရည်အချင်းနဲ့ပြည့်စုံတဲ့ဘဝလက်တွဲဖော်ကို

တွေ့ဖို့ဆုတောင်းခဲ့ပါတယ်။သူမရဲ့အဖေက သစ္စာရှိတယ်၊ကြင်နာတတ်တယ်။အမေအပေါ်ကိုလည်းသစ္စာရှိတယ်။အဖေဟာ

အမေ့ကိုဘယ်တော့မှစိတ်ပျက်အောင်မလုပ်ခဲ့ဘူး။သူမဟာ ယောကျ်ားလေးအများကြီးနဲ့တွဲဖူးခဲ့ပေမဲ့ လူလိမ်လူညာတွေချည်းပါပဲ။

သူမရဲ့ခွေးလေးကသာသူမအပေါ်သစ္စာရှိပြီး ခွေးလေးက သူမအပေါ်လေးစားစွာနဲ့ဆက်ဆံခဲ့ပါတယ်။အဲ့ဒါကြောင့်ခွေးလေးနဲ့

လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာပါတဲ့။သူမရဲ့မိသားစုကတော့ ဒါကသူမရဲ့အထီးကျန်တာကိုဖြေသိမ့်ဖို့ရူးမိုက်တဲ့နည်းလမ်းတစ်ခုပဲလို့ ခံစားခဲ့ရပြီး

မင်္ဂလာပွဲကိုမတက်ခဲ့ပါဘူး။ဘုန်းကြီးကတော့ မင်္ဂလာပွဲကိုပျက်ရယ်မပြုဖို့ရွာသားတွေကိုသတိပေးခဲ့ပြီး သူမရဲ့ပျော်ရွှင်မှုအစစ်ကိုနောက်

ဆုံးတွေ့ခဲ့လို့ ဝမ်းသာပေးဖို့ပြောခဲ့ပါတယ်။

၁၂။ကြောင်လေးနဲ့လက်ထပ်ခဲ့တဲ့ဖက်ရှင်ဒီဇိုင်နာ

၂၀၁၃ခုနှစ်၊ဇွန်လတုန်းက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ ဟာ သူ့ရဲ့ကြောင်လေး Choupette

နဲ့လက်ထပ်ဖို့ဆန္ဒရှိခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။အသက် ၇၇နှစ်အရွယ်ဖက်ရှင်ဒီဇိုင်နာဟာ

၂၂လသားအရွယ်ကြောင်လေးကိုချစ်မိသွားလိမ့်မယ်လို့ဘယ်တုန်းကမှမထင်ခဲ့ပါဘူးလို့ပြောခဲ့ပါတယ်။ကြောင်မလေးရဲ့မျက်လုံး

တွေက ဖက်ရှင်ချန်နယ် အတွက်ဆွဲဆောင်မှုရှိပြီးလွှမ်းမိုးနိုင်စွမ်းရှိတယ်လို့ပြောခဲ့ပါတယ်။သူအိမ်မှာမရှိတဲ့အချိန်ဆိုရင် အိမ်မှာရှိတဲ့

ဝန်ထမ်းအမျိုးသမီးတွေက ကြောင်မလေးလုပ်သမျှကိုစာရေးထားရတယ်လု့ိသိရပါတယ်။Karl Lagerfeld ဟာ ကြောင်မလေး

ကိုလွန်ခဲ့တဲ့တစ်နှစ်ကျော်ကမွေးစားခဲ့တာဖြစ်ပြီး သူငယ်ချင်းတစ်ယောက်အစားစောင့်ရှောက်ပေးရင်း ပြန်မပေးတော့တာပဲဖြစ်ပါတယ်။

အဲ့ဒီကတည်းက တပူးပူးတတွဲတွဲဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: yawthama
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top