ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

မိန္းမေကာင္းတို႔၏ အဂၤါ ၈ ပါး

(၁) ထမင္းစားေသာ အခါ မိခင္ကဲ႔သို ့လုပ္ေက်ြးေသာ မိန္းမ ။

(၂) လင္သားကို အဝတ္စား ျပဳျပင္ေပးတတ္ေသာ မိန္းမ ။

(၃) ေဘးအႏၲရာယ္ ၾကဳံေသာအခါ တိုင္ပင္၍ ရေသာ မိန္းမ ။

(၄) ” က်ြန္ ” မကဲ႔သို ့လုပ္ေက်ြးတက္ေသာ မိန္းမ ။

(၅) လင္သားကို ေမာင္ကဲ႔သို ့ရွက္ေၾကာက္ ရုိေသ ေလးစားတက္ေသာ မိန္းမ ။

(၆) လင္သား၏ အလိုကို လိုက္၍ သည္းခံႏိုင္ေသာ မိန္းမ ။

(၇) ေမြ႔ေလ်ာ္ ေပ်ာ္ဘြယ္မ်ားကို ျပဳတက္ေသာ မိန္းမ ။

(၈) အေရာင္အဆင္း ရွိရွိ လွလွပပ ျပဳျပင္ ေနထိုင္ တက္ေသာ မိန္းမ

———————

အိမ္ေထာင္ေရး ေရွာင္ရွားႏိုင္ရန္
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

၁။ လူေရွ႕ သူေရွ႕ မေရွာင္ အိမ္ေထာက္ဘက္ကို အျပစ္တင္ျခင္း
**********************
လင္နဲ႔မယား လွ်ာနဲ႔ သြား ပါ။ အိမ္ေထာင္သက္ ရလာတာနဲ႔ အမ်ွ အထစ္ အေငွာ့ေလးေတာ့ ရိွတတ္ၾက ပါတယ္ ။ လူေရွ႕ သူေရွ႕ မေရွာင္ တဘက္သားကို အျပစ္တင္ ရန္ေထာင္ရင္ေတာ့ ရန္ပြဲ ျဖစ္လာမွာပါ။ အဲလိုရန္ျဖစ္တာ ျပႆနာကို ေျပလည္ေအာင္ မေျဖရွင္း ႏို္င္တဲ့ အျပင္ မီးလွ်ံထဲကို ဓါတ္ဆီ ေလာင္းလိုက္သလို ျဖစ္သြားတတ္ ပါတယ္ ။

ေနာက္ဆံုးက်ရင္ ဘယ္သူမွ အေလွ်ာ့ ေပးလို႔ မရတဲ့ အေနအထား ေရာက္သြား တတ္ၿပီး ပြဲသိမ္းဖို႔ ခက္ခဲသြားပါတယ္ ။ ဒါေၾကာင္မို႔လို႔ လင္မယား မွတ္ထားရ မွာက မည္သူရဲ႕ ေရွ႕မွာ မဆို အိမ္ေထာက္ဘက္ ကို အျပစ္တင္မိတာမ်ဳိး လံုး၀ ေရွာင္ၾကင္ပါ ။ လက္၀ါးတဘက္ ထဲ ဘယ္ေတာ့မွ လက္ခုတ္တီးလို႔ မရပါဘူး ။

၂။ သားသမီး ေရွ႕မွာ ရန္ျဖစ္ျခင္း
*******************
မိဘဆိုတာ သားသမီး ရဲ႕ အားကိုးရာ ျဖစ္သလို ခုိလံုရာ လည္းျဖစ္ပါတယ္။ လင္မယားႏွစ္ေယာက္ ျပႆနာ တစ္ခုခု ရိွခဲ့ရင္ သားသမီးကို ေရွာင္ပါ။ လင္မယား ရန္ျဖစ္တယ္ဆိုတာ လူႀကီး ႏွစ္ဦးရဲ႕ ကိစၥပါ။ မိဘရန္ျဖစ္တာကို ကေလးေတြ ေတြ႕သြားရင္ ကေလးရဲ႕ အတြင္းစိတ္ကို ထိခုိက္သြားႏိုင္သလို သူတို႔ရဲ႕ အနာဂတ္ အိမ္ေထာင္ေရး အေပၚထားရိွတဲ့ စိတ္ထား ကိုပါ ထိခုိက္ႏိုင္ပါတယ္။ တကယ္လို႔ သားသမီးမ်ားဟာ အိမ္မွာ သာယာတဲ့ အရသာကို မခံစားရဘူးဆိုရင္ ေနာင္မ်ိဳးဆက္ တစ္ခုလံုးကို ထိခိုက္သြားေစႏိုင္ ပါတယ္။

၃။ အိမ္ေထာင္ဘက္ ေနမေကာင္းတဲ့အခါ ရန္ျဖစ္ျခင္း
***************************
အိမ္ေထာင္ဘက္ တစ္ဦးဦးက နာမက်န္းျဖစ္ေနရင္ စိတ္ဓါတ္ က်ၿပီး စိတ္္ဆိုး လြယ္တတ္ေလ့ ရိွပါတယ္။ အဲဒီအခ်ိန္မွာ ရန္ျဖစ္မိရင္ အိမ္ေထာင္ေရးကို လံုး၀ ထိခုိက္သြားႏိုင္ ပါတယ္။

၄။ အနာေဟာင္း ျပန္ေဖာ္ျခင္း
*********************
ရန္ျဖစ္တိုင္း အနာေဟာင္းကို ျပန္ေဖာ္တာမ်ဳိး လံုး၀ ေရွာင္ၾကင္သင့္ ပါတယ္။ မမွားတဲ့ေရွ႕ေန မေသတဲ့ေဆးသမား ဆိုသလို လူတိုင္းကိုယ္စီ တစ္ခုခု မွား ဖူးတတ္ၾက စၿမဲပါ။ အနာေဟာင္းကို လက္ကိုင္တုတ္ အျဖစ္ ခဏခဏ ထုတ္သံုး ရင္ေတာ့ အဲဒီ အိမ္ေထာင္ေရး ျပန္အဆင္ေျပဖို႔ ခက္ခဲသြားတတ္ ပါတယ္ ။

၅။ အိမ္ေထာင္ဘက္ ၏ မိဘနဲ႔ အိမ္သားမ်ားကို ထိခိုက္ေစေသာ စကားမ်ား
*********************
ရန္ျဖစ္တယ္ ဆိုတာ တစ္ခုခုအေပၚ မေက်နပ္လို႔ သေဘာ မတူႏုိင္လို႔ ျဖစ္ပါတယ္ ။ အဲဒီကိစၥ အေပၚသာ အေခ်အတင္ ျငင္းခုန္သင့္ ပါတယ္။ အိမ္ေထာင္ဘက္ရဲ႕ မိဘနဲ႔ မိသားစု ကို ေစာင္းေျပာတာမ်ဳိး၊ ထိခိုက္ေစတဲ့ စကားမ်ဳိး လံုး၀ ေရွာင္ၾကင္ရ မွာပါ ။

၆။ ပစၥည္း လြင့္ပစ္တတ္တဲ့ အက်င့္
************************
ရန္ျဖစ္ၿပီဆိုမွ နဂိုကတည္းက အသံက က်ယ္ေလွာင္ၿပီးသား၊ ပစၥည္း လြင့္ပစ္တဲ့ အသံ၊ ခုန္ထု တဲ့ အသံ၊ ပစၥည္း က်ကြဲသြားတဲ့ အသံ ေတြနဲ႔ ေရာသြား ရင္ ပြဲအမ်ားႀကီး ပိုၾကမ္းသြားတတ္ ပါတယ္။ ခ်စ္လို႔ ယူထားၾကတာပဲ၊ ပစၥည္း လြင့္ပစ္လို႔ က်ကြဲတယ္ ဆိုတာ ႏွလံုးသားက် ကြဲတာနဲ႕ တူတတ္ပါတယ္ ။

၇။ စိတ္နာေစတဲ့ စကားအသံုးအႏူန္းမ်ား
***************************
စိတ္ဆိုးေအာင္ လုပ္လို႔ ရတယ္။ စိတ္နာေအာင္ မလုပ္ၾကပါနဲ႕၊ စိတ္နာေစတဲ့ စကားမ်ဳိး လံုး၀ ေရွာင္ၾကင္သင့္ပါတယ္။ “ ရွင္ကို အားကိုး လို႔ေတာ့ သူေတာင္းစားပဲ ျဖစ္သြားမွာ၊ သူမ်ား ေယာက်ၤားေတြ ၾကည့္ ပိုက္ဆံရွာ ဘယ္ေလာက္ ေတာ္လဲ၊ ရွင္နဲ႕တစ္ စက္ကေလးမွ မတူဘူး ” စတဲ့ စကားမ်ဳိး ကို မေျပာဆိုရပါ ။

၈။ ေသတာနဲ႕ ခ်ိန္းေျခာက္ျခင္း
********************
ငါအသက္ရွင္ေနတာ ဘာထူးေသးလဲ၊ ငါအသက္ မရွင္ခ်င္ေ တာ့ဘူး ၊ ငါမင္းကို ေသျပမယ္ စသည္ျဖင့္ ေသတာနဲ႔ ခ်ိန္းေျခာက္ တာမ်ဳိး လံုး၀ ေရွာင္ၾကင္သင့္ ပါတယ္ ။

၉။ လက္ပါ ျခင္း
**************
ဘယ္ေလာက္ပဲ စိတ္ဆိုး စိတ္ဆိုး ကိုယ့္လက္ ကို လံုး၀ ထိန္းထားရ ပါမယ္။ တစ္ခ်က္ ရိုက္မိ သြားရင္ ခ်စ္ခဲ့သမ်ွ အတိုးေရာ အရင္းပါ ဆံုးရံူးသြားႏိုင္ ပါတယ္။ ျပင္ပ ဒဏ္ရာ ကုစားရ လြယ္သေလာက္ စိတ္တြင္းက ဒဏ္ရာကို ေဖ်ာက္ပစ္ဖို႔ မလြယ္လွပါ ။

၁၀။ ကြဲမယ္ ဆိုတဲ့စကား အလြယ္တကူ သံုးျခင္း
******************
ဘယ္သူပဲ ျဖစ္ျဖစ္ စိတ္ဆိုးတဲ့ အခါ ျဖစ္ခ်င္ရာျဖစ္ ဆိုတဲ့စိတ္ မ်ဳိး ၀င္တတ္ပါတယ္။ ကြဲမယ္ ဆိုတဲ့ စကားဟာ အင္မတန္မွ ေၾကာက္စရာ ေကာင္းတဲ့ နိမိတ္ ျဖစ္တတ္ပါတယ္ ။

ေနာက္ဆံုး ေျပာခ်င္တာကေတာ့ ရန္မျဖစ္တာ အေကာင္းဆံုးပါ။ အခ်စ္ ဆိုတာဟာ အိမ္ေထာင္သက္ ၾကာလာတာနဲ႔ အမ်ွရင္ခုန္တာေတြ ဓါတ္လိုက္တာေတြ တျဖည္းျဖည္း ေပ်ာက္ကြယ္သြား ေပမဲ့ တစ္ဦးအေပၚ တစ္ဦး ဆက္ၿပီး တန္ဖိုးထားေန ေသးျခင္းကို ဆိုလို ပါေၾကာင္း တင္ျပလိုက္ရ ပါတယ္ ။

★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

အိမ္ေထာင္ေရး သက္တမ္း ခိုင္ၿမဲေအာင္
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

၁။ အျပန္အလွန္ ေလးစားပါ

ခင္ပြန္းကလည္း ဇနီးျဖစ္သူကို ေလးစားပါ။ ဇနီးကလည္း ခင္ပြန္းကို ေလးစားပါ။ ထိုသို႔ အျပန္အလွန္ ေလးစားျခင္းဟာ အိမ္ေထာင္းေရး အတြက္ အေျခခံ အုတ္ျမစ္တစ္ခု ဆိုလည္း မွားမယ္ မထင္ပါ။

၂။ ယံုၾကည္မူ

ဘာမွ မဟုတ္တဲ့ ကိစၥေလာက္ကိုပင္ မယံုမၾကည္ မေတြးသင့္ပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ ယံုၾကည္မူ ထားရိွျခင္း အားျဖင့္ အေတာ္အတန္ ျပႆနာမ်ားကို ေျဖရွင္းနိုင္ပါ လိမ့္မယ္။

၃။ အနစ္နာခံျခင္း

ခင္ပြန္း အတြက္ ဇနီးသည္က အနစ္နာခံ သလို ဇနီးအတြက္လည္း ခင္ပြန္းက အနစ္နာ ခံေပးပါ။ ထိုသို႔ မဟုတ္ ဘယ္သူ သာတယ္ ဘယ္သူ နာတယ္လို႔ ေတြးေတာ ေနရင္ေတာ့ မေကာင္းပါ။

၄။ မိမိတာဝန္ မိမိေက်ပြန္ပါေစ

ခင္ပြန္းမွာလည္း ခင္ပြန္း တာဝန္ယူထားတဲ့ တာဝန္ ရိွသလို ဇနီးမွာလည္း ဇနီးသည္ တာဝန္ယူတဲ့ ကိစၥ တာဝန္ေတြ ရိွၾကပါတယ္။ ထိုတာဝန္ေတြကို နွစ္ေယာက္လံုး ေက်ပြန္ၾကပါေစ။

၅။ ေမတၱာစစ္နဲ႔ ခ်စ္ပါ

ခ်စ္ျခင္း ေမတၱာကေတာ့ က်ယ္ျပန္႔ပါတယ္ ။ မိမိ၏ အိမ္ေထာင္ဖက္ အေပၚ ခ်စ္မွသာ အိမ္ေထာင္ေရးက ေရရွည္ခိုင္ျမဲမွာ ျဖစ္ပါတယ္။ ထိသို႔ မဟုတ္ဘဲ ခ်စ္ျခင္း ေမတၱာ မရိွတဲ့ အိမ္ေထာင္ေရး ဆိုတာ ေရရွည္ခိုင္ျမဲဖို႔ဆိုတာ ခက္ခဲပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writers
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းမကောင်းတို့၏ အင်္ဂါ ၈ ပါး

(၁) ထမင်းစားသော အခါ မိခင်ကဲ့သို့လုပ်ကျွေးသော မိန်းမ ။

(၂) လင်သားကို အဝတ်စား ပြုပြင်ပေးတတ်သော မိန်းမ ။

(၃) ဘေးအန္တရာယ် ကြုံသောအခါ တိုင်ပင်၍ ရသော မိန်းမ ။

(၄) ” ကျွန် ” မကဲ့သို့လုပ်ကျွေးတက်သော မိန်းမ ။

(၅) လင်သားကို မောင်ကဲ့သို့ရှက်ကြောက် ရိုသေ လေးစားတက်သော မိန်းမ ။

(၆) လင်သား၏ အလိုကို လိုက်၍ သည်းခံနိုင်သော မိန်းမ ။

(၇) မွေ့လျော် ပျော်ဘွယ်များကို ပြုတက်သော မိန်းမ ။

(၈) အရောင်အဆင်း ရှိရှိ လှလှပပ ပြုပြင် နေထိုင် တက်သော မိန်းမ

———————

အိမ်ထောင်ရေး ရှောင်ရှားနိုင်ရန်
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

၁။ လူရှေ့ သူရှေ့ မရှောင် အိမ်ထောက်ဘက်ကို အပြစ်တင်ခြင်း
**********************
လင်နဲ့မယား လျှာနဲ့ သွား ပါ။ အိမ်ထောင်သက် ရလာတာနဲ့ အမျှ အထစ် အငှော့လေးတော့ ရှိတတ်ကြ ပါတယ် ။ လူရှေ့ သူရှေ့ မရှောင် တဘက်သားကို အပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ။ အဲလိုရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်တဲ့ အပြင် မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက်သလို ဖြစ်သွားတတ် ပါတယ် ။

နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထား ရောက်သွား တတ်ပြီး ပွဲသိမ်းဖို့ ခက်ခဲသွားပါတယ် ။ ဒါကြောင်မို့လို့ လင်မယား မှတ်ထားရ မှာက မည်သူရဲ့ ရှေ့မှာ မဆို အိမ်ထောက်ဘက် ကို အပြစ်တင်မိတာမျိုး လုံး၀ ရှောင်ကြင်ပါ ။ လက်ဝါးတဘက် ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး ။

၂။ သားသမီး ရှေ့မှာ ရန်ဖြစ်ခြင်း
*******************
မိဘဆိုတာ သားသမီး ရဲ့ အားကိုးရာ ဖြစ်သလို ခိုလုံရာ လည်းဖြစ်ပါတယ်။ လင်မယားနှစ်ယောက် ပြဿနာ တစ်ခုခု ရှိခဲ့ရင် သားသမီးကို ရှောင်ပါ။ လင်မယား ရန်ဖြစ်တယ်ဆိုတာ လူကြီး နှစ်ဦးရဲ့ ကိစ္စပါ။ မိဘရန်ဖြစ်တာကို ကလေးတွေ တွေ့သွားရင် ကလေးရဲ့ အတွင်းစိတ်ကို ထိခိုက်သွားနိုင်သလို သူတို့ရဲ့ အနာဂတ် အိမ်ထောင်ရေး အပေါ်ထားရှိတဲ့ စိတ်ထား ကိုပါ ထိခိုက်နိုင်ပါတယ်။ တကယ်လို့ သားသမီးများဟာ အိမ်မှာ သာယာတဲ့ အရသာကို မခံစားရဘူးဆိုရင် နောင်မျိုးဆက် တစ်ခုလုံးကို ထိခိုက်သွားစေနိုင် ပါတယ်။

၃။ အိမ်ထောင်ဘက် နေမကောင်းတဲ့အခါ ရန်ဖြစ်ခြင်း
***************************
အိမ်ထောင်ဘက် တစ်ဦးဦးက နာမကျန်းဖြစ်နေရင် စိတ်ဓါတ် ကျပြီး စိတ်ဆိုး လွယ်တတ်လေ့ ရှိပါတယ်။ အဲဒီအချိန်မှာ ရန်ဖြစ်မိရင် အိမ်ထောင်ရေးကို လုံး၀ ထိခိုက်သွားနိုင် ပါတယ်။

၄။ အနာဟောင်း ပြန်ဖော်ခြင်း
*********************
ရန်ဖြစ်တိုင်း အနာဟောင်းကို ပြန်ဖော်တာမျိုး လုံး၀ ရှောင်ကြင်သင့် ပါတယ်။ မမှားတဲ့ရှေ့နေ မသေတဲ့ဆေးသမား ဆိုသလို လူတိုင်းကိုယ်စီ တစ်ခုခု မှား ဖူးတတ်ကြ စမြဲပါ။ အနာဟောင်းကို လက်ကိုင်တုတ် အဖြစ် ခဏခဏ ထုတ်သုံး ရင်တော့ အဲဒီ အိမ်ထောင်ရေး ပြန်အဆင်ပြေဖို့ ခက်ခဲသွားတတ် ပါတယ် ။

၅။ အိမ်ထောင်ဘက် ၏ မိဘနဲ့ အိမ်သားများကို ထိခိုက်စေသော စကားများ
*********************
ရန်ဖြစ်တယ် ဆိုတာ တစ်ခုခုအပေါ် မကျေနပ်လို့ သဘော မတူနိုင်လို့ ဖြစ်ပါတယ် ။ အဲဒီကိစ္စ အပေါ်သာ အချေအတင် ငြင်းခုန်သင့် ပါတယ်။ အိမ်ထောင်ဘက်ရဲ့ မိဘနဲ့ မိသားစု ကို စောင်းပြောတာမျိုး၊ ထိခိုက်စေတဲ့ စကားမျိုး လုံး၀ ရှောင်ကြင်ရ မှာပါ ။

၆။ ပစ္စည်း လွင့်ပစ်တတ်တဲ့ အကျင့်
************************
ရန်ဖြစ်ပြီဆိုမှ နဂိုကတည်းက အသံက ကျယ်လှောင်ပြီးသား၊ ပစ္စည်း လွင့်ပစ်တဲ့ အသံ၊ ခုန်ထု တဲ့ အသံ၊ ပစ္စည်း ကျကွဲသွားတဲ့ အသံ တွေနဲ့ ရောသွား ရင် ပွဲအများကြီး ပိုကြမ်းသွားတတ် ပါတယ်။ ချစ်လို့ ယူထားကြတာပဲ၊ ပစ္စည်း လွင့်ပစ်လို့ ကျကွဲတယ် ဆိုတာ နှလုံးသားကျ ကွဲတာနဲ့ တူတတ်ပါတယ် ။

၇။ စိတ်နာစေတဲ့ စကားအသုံးအနူန်းများ
***************************
စိတ်ဆိုးအောင် လုပ်လို့ ရတယ်။ စိတ်နာအောင် မလုပ်ကြပါနဲ့၊ စိတ်နာစေတဲ့ စကားမျိုး လုံး၀ ရှောင်ကြင်သင့်ပါတယ်။ “ ရှင်ကို အားကိုး လို့တော့ သူတောင်းစားပဲ ဖြစ်သွားမှာ၊ သူများ ယောင်္ကျားတွေ ကြည့် ပိုက်ဆံရှာ ဘယ်လောက် တော်လဲ၊ ရှင်နဲ့တစ် စက်ကလေးမှ မတူဘူး ” စတဲ့ စကားမျိုး ကို မပြောဆိုရပါ ။

၈။ သေတာနဲ့ ချိန်းခြောက်ခြင်း
********************
ငါအသက်ရှင်နေတာ ဘာထူးသေးလဲ၊ ငါအသက် မရှင်ချင်ေ တာ့ဘူး ၊ ငါမင်းကို သေပြမယ် စသည်ဖြင့် သေတာနဲ့ ချိန်းခြောက် တာမျိုး လုံး၀ ရှောင်ကြင်သင့် ပါတယ် ။

၉။ လက်ပါ ခြင်း
**************
ဘယ်လောက်ပဲ စိတ်ဆိုး စိတ်ဆိုး ကိုယ့်လက် ကို လုံး၀ ထိန်းထားရ ပါမယ်။ တစ်ချက် ရိုက်မိ သွားရင် ချစ်ခဲ့သမျှ အတိုးရော အရင်းပါ ဆုံးရူံးသွားနိုင် ပါတယ်။ ပြင်ပ ဒဏ်ရာ ကုစားရ လွယ်သလောက် စိတ်တွင်းက ဒဏ်ရာကို ဖျောက်ပစ်ဖို့ မလွယ်လှပါ ။

၁၀။ ကွဲမယ် ဆိုတဲ့စကား အလွယ်တကူ သုံးခြင်း
******************
ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ဆိုးတဲ့ အခါ ဖြစ်ချင်ရာဖြစ် ဆိုတဲ့စိတ် မျိုး ဝင်တတ်ပါတယ်။ ကွဲမယ် ဆိုတဲ့ စကားဟာ အင်မတန်မှ ကြောက်စရာ ကောင်းတဲ့ နိမိတ် ဖြစ်တတ်ပါတယ် ။

နောက်ဆုံး ပြောချင်တာကတော့ ရန်မဖြစ်တာ အကောင်းဆုံးပါ။ အချစ် ဆိုတာဟာ အိမ်ထောင်သက် ကြာလာတာနဲ့ အမျှရင်ခုန်တာတွေ ဓါတ်လိုက်တာတွေ တဖြည်းဖြည်း ပျောက်ကွယ်သွား ပေမဲ့ တစ်ဦးအပေါ် တစ်ဦး ဆက်ပြီး တန်ဖိုးထားနေ သေးခြင်းကို ဆိုလို ပါကြောင်း တင်ပြလိုက်ရ ပါတယ် ။

★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

အိမ်ထောင်ရေး သက်တမ်း ခိုင်မြဲအောင်
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

၁။ အပြန်အလှန် လေးစားပါ

ခင်ပွန်းကလည်း ဇနီးဖြစ်သူကို လေးစားပါ။ ဇနီးကလည်း ခင်ပွန်းကို လေးစားပါ။ ထိုသို့ အပြန်အလှန် လေးစားခြင်းဟာ အိမ်ထောင်းရေး အတွက် အခြေခံ အုတ်မြစ်တစ်ခု ဆိုလည်း မှားမယ် မထင်ပါ။

၂။ ယုံကြည်မူ

ဘာမှ မဟုတ်တဲ့ ကိစ္စလောက်ကိုပင် မယုံမကြည် မတွေးသင့်ပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်မူ ထားရှိခြင်း အားဖြင့် အတော်အတန် ပြဿနာများကို ဖြေရှင်းနိုင်ပါ လိမ့်မယ်။

၃။ အနစ်နာခံခြင်း

ခင်ပွန်း အတွက် ဇနီးသည်က အနစ်နာခံ သလို ဇနီးအတွက်လည်း ခင်ပွန်းက အနစ်နာ ခံပေးပါ။ ထိုသို့ မဟုတ် ဘယ်သူ သာတယ် ဘယ်သူ နာတယ်လို့ တွေးတော နေရင်တော့ မကောင်းပါ။

၄။ မိမိတာဝန် မိမိကျေပွန်ပါစေ

ခင်ပွန်းမှာလည်း ခင်ပွန်း တာဝန်ယူထားတဲ့ တာဝန် ရှိသလို ဇနီးမှာလည်း ဇနီးသည် တာဝန်ယူတဲ့ ကိစ္စ တာဝန်တွေ ရှိကြပါတယ်။ ထိုတာဝန်တွေကို နှစ်ယောက်လုံး ကျေပွန်ကြပါစေ။

၅။ မေတ္တာစစ်နဲ့ ချစ်ပါ

ချစ်ခြင်း မေတ္တာကတော့ ကျယ်ပြန့်ပါတယ် ။ မိမိ၏ အိမ်ထောင်ဖက် အပေါ် ချစ်မှသာ အိမ်ထောင်ရေးက ရေရှည်ခိုင်မြဲမှာ ဖြစ်ပါတယ်။ ထိသို့ မဟုတ်ဘဲ ချစ်ခြင်း မေတ္တာ မရှိတဲ့ အိမ်ထောင်ရေး ဆိုတာ ရေရှည်ခိုင်မြဲဖို့ဆိုတာ ခက်ခဲပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writers
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top