ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အျဖစ္ကေတာ့ က်ေနာ္ရန္ကုန္ျပန္တဲ့ ၁၀ရက္ေန႕က ခ်န္ဂီေလဆိပ္မွာ MAI (8m232) ေလယာဥ္ထြက္ကာနီး၁၂ မိနစ္ေလာက္အလိုမွာ ျဖစ္ပြားခဲ့တာပါ။

ခရီးသည္အားလံုး Gate D42 ရဲ႕ မွန္လံုခန္းထဲေရာက္ေနၾကျပီ။ အဲဒီအခ်ိန္ မိန္းကေလး တေယာက္ရဲ႕ငိုသံၾကားရပါတယ္။ ၾကည့္လိုက္ေတာ့ ပိန္ပိန္ေသးေသး ညိွဳးႏြမ္းတဲ့အသြင္ရွိတဲ့ ျမန္မာ ေကာင္မေလးတဦးကတရွဳံ႕ရွံဳံ႕ ငိုေနျပီး သူမနံေဘးက မတ္တပ္ရပ္ေနတဲ့ ခရီးသည္ သားသားနားနား လူငယ္မိန္းကေလးႏွစ္ဦးက သူမကို ေမးျမန္းေျဖာင္းဖ်ေနတာ ေတြ႕ရပါတယ္။

ေမးၾကည့္ေတာ့ ကေလးမ ( မညိဳပဲ အလြယ္ေခၚပါစို႕) က အျပင္ဘက္က
public phone booth နားမွာ ေဒၚလာ ႏွစ္ေထာင္ေက်ာ္ပါတဲ့ ပိုက္ဆံအိတ္ေမ့က်န္ခဲ့လို႕
အျခား ေကာင္မေလး ေတြက ၀န္ထမ္းေတြကိုခြင့္ေတာင္းျပီး အျပင္ထြက္ရွာ
ေပမဲ့ ျပန္မေတြ႕ေတာ့တဲ့အျဖစ္ပါ။

မညိဳက ငိုရင္းေျပာတာက မေတြ႕လည္းေနပါေစ။ စင္ကာပူမွာ ရခဲ့တဲ့ ပိုက္ဆံေတြ မလိုခ်င္ေတာ့ဘူးလို႕ ထူးဆန္းစြာဆိုပါတယ္။ မညိဳဟာ ျမန္မာ အိမ္ေဖာ္ မိန္းကေလးျဖစ္ျပီး သည္ေန႕ ၃ႏွစ္ျပည့္အျပီး အျပီးျပန္တာလို႕ဆိုပါတယ္။ သူမဟာ စိတ္အလြန္ဆင္းရဲ
၀မ္းနည္းေနျပီး စိတ္လည္းမူမမွန္တာသတိထားမိပါတယ္။

က်ေနာ္အပါအ၀င္ေဘးက ခရီးသည္ေတြက (နင့္ႏွယ္ ကိုယ္ပင္ပင္ပမ္းပမ္း လုပ္ထားတဲ့ ပိုက္ဆံဒီလိုပဲ ထားပစ္ခဲ့ရလား) လို႕ ကရုဏာေဒါေသာ ၀ိုင္း၀န္းျပစ္တင္ေျပာဆိုေနၾကခ်ိန္မွာ Co-Pilot ျဖစ္ဟန္တူတဲ့ ကိုယ့္ခႏၶာေတာင့္တင္း ျပီးရုပ္ရည္
သန္႕ျပန္႔တဲ့ အသက္ ၃၀ေက်ာ္ အျဖဴေရာင္ယူနီေဖာင္း၀တ္လူငယ္ ေရာက္လာပါတယ္။ စကားမေျပာရင္ ျမန္မာမွန္းမသိႏိုင္ပါဘူး။

နာမည္ကို ကိုမိုးပဲဆိုပါစို႕ ။ သူကဘာျဖစ္တာလဲ ေမးေတာ့ ၀ိုင္းေျပာျပၾကေတာ့ အျဖစ္စံု သိတာနဲ႕ သူကခ်က္ျခင္းအျပင္ကို ထြက္ေျပးပါတယ္။ တကယ့္ကိုေျပးေနတာပါ။
ဟုတ္တယ္ေလ။ သူ႕တာ၀န္ထမ္းေဆာင္ဖို႕ ၁၀ မိနစ္ေလာက္ပဲ
လိုေတာ့တာပါ။

သူက Public phones ေတြတပ္ထားတဲ့နံရံနားမွာ ပိုက္ဆံအိတ္ကို
အေသးစိတ္ေလွ်ာက္ရွာပါတယ္။ သူ႕လွဳပ္ရွားမွဳကို မွန္လံုခန္း ထဲက ခရီးသည္
အားလံုးျမင္ေနရပါတယ္။ ခနေနေတာ့ သူဖုန္းဆက္ေနပါတယ္။
ဒီဘက္မွာလာျမည္တဲ့အခါ ဖိလစ္ပိုင္လူမ်ိဳး Security ၀န္ထမ္းက ဖုန္းကိုင္ျပီး
က်ေနာ့္ဆီလာျပီးသူ႕ဟင္းန္းဖုန္းကိုေပးပါတယ္။

ကိုမိုးက က်ေနာ့္ကို အန္ကယ္. ေကာင္မေလးကိုေမးေပးပါ။ ဘယ္ေနရာ(တိတိက်က်)မွာ ပိုက္ဆံအိတ္ တင္ခဲ့တာလဲလို႕။ က်ေနာ္က မညိဳကိုေမးျပီးဖုန္း ေတြနားက အုတ္ေဘာင္ေလးေပၚမွာ လို႕ျပန္ေျပာရပါတယ္။ ကိုမိုးက ထပ္ရွာေနပါတယ္။ က်ေနာ့္နဲ႕ဖုန္းခ်ေပမဲ့ အျခားေနရာေတြကို ဆက္ေနတာေတြ႕ရပါတယ္။

က်ေနာ့္စိတ္ထဲ မညိဳဟာ စိတ္ေတြ ဂေယာက္ဂယက္ျဖစ္ျပီး မဟုတ္တာေတြေလွ်ာက္ေျပာေနတာဆိုရင္ ခက္ရခ်ည္ရဲ႕လို႕ေတြးေနမိပါတယ္။ ဒီလိုနဲ႕ ေလယာဥ္ထြက္ခ်ိန္ ၁း၁၅ မိနစ္ေရာက္လာပါျပီ။ ဒါေပမဲ့ ခရီးသည္အားလံုးဟာ မညိဳကို သနားလို႕ မျငိဳျငင္ဘဲ ေစာင့္ၾကပါတယ္။

မၾကာခင္မွာ ေလဆိပ္သန္႕ရွင္းေရး ယူနီေဖာင္း
၀တ္ထားတဲ့ တရုတ္လူမ်ိဳး အမ်ိဳးသမီးၾကီးတဦး
ကိုမိုးနား ေရာက္လာ .. စကားနည္းနည္းေျပာျပီး မိန္းမအိမ္သာထဲ၀င္
သြားပါတယ္။ သူမ ျပန္ထြက္လာေတာ့ လက္ထဲမွာ ပါလာတဲ့ ပိုက္ဆံအိတ္ေလးကို
ကိုမိုးကိုေပးပါတယ္။

အဲဒီအခါ ကိုမိုးက ပိုက္ဆံေတြ ေရတြက္ရင္း က်ေနာ္တို႕ ဘက္ကို
လက္မေထာင္ျပပါတယ္။ ျပီးေတာ့ သန္႔ရွင္းေရး၀န္ထမ္းတရုတ္မၾကီးရဲ႕
ရင္ဘတ္က နာမည္ ရင္ထိုးကို သူ႕ဖုန္းနဲ႕ ဓါတ္ပုံရိုက္ေနတာေတြ႕ရပါတယ္။
တရုတ္မၾကီးကလညး္ ျပံဳးျပီးက်န္ခဲ့တာ ေတြ႕ရပါတယ္။ ကိုမိုးျပန္ေျပးလာ ၊
က်ေနာ္တို႕နားေရာက္ေတာ့ မညိဳကိုေမးပါတယ္။

ေငြအတိအက် ဘယ္ေလာက္လဲေပါ့။ မညိဳက ၂၁၀၀ လို႕ေျဖပါတယ္။ ေငြေတြကိုေရေစေတာ့
အတိအက် ၂၁၀၀ေဒၚလာပါပဲ။ ပိုက္ဆံအိတ္ေပၚမွာ Donate to Brighthill
Monastery လို႕ေရးထားတာေတြ႕ရပါတယ္မညိဳဟာ သူ႕အေတြးနဲ႕သူေတာ့
ဟုတ္လို႕ပါပဲ။ ေကာက္ရသူက ဘုန္းၾကီးေက်ာင္းကိုသြားလွဴလိမ့္မယ္လို႕
ယူဆပါသတဲ့။

မညိဳကေတာ့ လူေတြကိုအားနား ၀မ္းနညး္၀မ္းသာနဲ႕
ငိုေနပါျပီ။ က်ေနာ္တို႕က ေက်းဇူးၾကီးလွတဲ့ ကိုမိုးကို ကန္ေတာ့လိုက္
လို႕ေျပာေတာ့ ကိုမိုးက မကန္ေတာ့ပါနဲ႕၊ ေက်းဇူးရွင္္က က်ေနာ္မဟုတ္ပါ။
Cleaner aunty လို႕ေျပာပါတယ္။ ၾကားရသူတိုင္းကိုမိုးကိုေလးစားလြန္းလို႕
မ်က္ရည္လည္ရပါတယ္။

ျပီးေတာ့ သူရိုက္ခဲ့တဲ့ ဓါတ္ပံုထဲက cleaner staff
တရုတ္မၾကီးရဲ႕နာမည္နဲ႕ ရာထူးကို စာရြက္တရြက္ေပၚ
ခ်က္ျခင္းေကာက္ေရး၊ ပိုက္ဆံေတြကိုေဘးမွာခ်ျပီး က်ေနာ့္ ဟင္းန္ဖုန္းနဲ႕
ဓါတ္ပံုရိုက္ေစပါတယ္။

ျပီးေတာ့ က်ေနာ့္ကို (အန္ကယ္ ဒီျဖစ္ရပ္ကို
စင္ကာပူ သတင္းစာထဲေရးထည့္ျပီး cleaner staff ကိုဂုဏ္ျပဳေရးသားေပးပါ..
အန္ကယ္ေရးတဲ့.. စာ က်ေနာ့္ကို email copy ပဲပို႕ေပးပါ) လို႕ေျပာပါတယ္။
သူ႕ရဲ႕name card ေလးက်ေနာ့္ကိုေပးျပီး ေလယာဥ္ေပၚေျပးတက္
သြားပါေတာ့တယ္။ သူ႕မ်က္ႏွာက ေပ်ာ့မေန မာမေနပဲ ပံုမွန္ပါ။

သူဟာ လုပ္သင့္တာေတြကို management ေကာင္းေကာင္းနဲ႕
အခ်ိန္တိုအတြင္း ဆက္တိုက္လုပ္ခဲ့တာပါပဲ ။
တကယ္ဆိုရင္ သူ႔တာ၀န္ခ်ိန္ အရမ္းနိးေနၿပီ..လ်စ္လ်ဴ႐ႈလို႔ရပါသည္
အကိုစိတ္မေကာင္းပါဘူး။ ဒါေပမဲ့ ေလယာဥ္ခ်ိန္နီးလွျပီ ။ မတတ္ႏိုင္ဘူး
ညီမေလးဆိုရင္ မညိဳေလး ဘာတတ္နိုင္ပါမည္လဲ ။

သံုးႏွစ္သံုးမိုး ပင္ပမ္းဆင္းရဲစြာ အိမ္ေဖာ္လုပ္စုခဲ့ရေသာ ေဒၚလာႏွစ္ေထာင္ ဆံုးျပီေပါ့ ။. သို႔ေသာ္ သူ႕
ႏွလံုးသားကျမင္ျမတ္လြန္း၏ ။သူေလယာဥ္ေပၚေရာက္မွ ခရီးသည္ေတြ၀င္ရေတာ့ ၁၀မိနစ္ေလာက္ေနာက္
က်ေနပါျပီ။ ။ အျဖစ္ကေတာ့ တကယ့္ကို သည္းထိပ္ရင္ဖို ၀မ္းသား၀မ္းနည္း
မခ်ိတင္ကဲ ဂုဏ္ယူေလးစားခ်ီးက်ဴး..စံုလို႕ပါပဲ ။

ေလယာဥ္ေပၚေရာက္ေတာ့မေတြ႕ၾကေတာ့ပဲ ဆင္းကာနီး က်ေနာ္ အိမ္သာဘက္သြားေတာ့မွ တည္ျငိမ္ျပီး က်ေနာ့္ကို ျပံဳးျပနိုင္ျပီျဖစ္တဲ့ မညိဳနဲ႕ သူ႕အနားမွာ အျခားအမ်ိဳးသမီးနဲ႕ေျပာဆိုေနတာေတြ႕ရပါတယ္။ အိမ္သာေစာင့္ရင္း ေမးၾကည့္ေတာ့မွ မညိဳဟာ တရုတ္အိမ္မွာ အိမ္ေဖာ္လုပ္ခဲ့ျပီး သေဘာေကာင္းတဲ့ အိမ္ရွင္မေၾကာင့္ သက္တမ္းရွည္ခဲ့ေပမဲ့ အိမ္ရွင္ထီးက နင္ဘာမွလညာ္း ပင္ပင္ပမ္းပမ္း မလုပ္ရပဲ
ငါတို႕ပိုက္ဆံေတြ အလကားယူေနတာလို႕ ၾကိမ္ဖန္မ်ားစြာ (ေလယာဥ္ကြင္းလိုက္ပို႕တဲ့အထိ) ေျပာေနခဲ့လို႕ မညိဳခင္ဗ်ာ သည္ပိုက္ဆံေတြ
မလိုခ်င္ေတာ့ေလာက္ေအာင္ စိတ္ဆင္းရဲခဲ့ရပါတယ္တဲ့။

ၾကားရသူတိုင္း အံ့ၾသမဆံုးပါပဲ။ မညိဳနဲ႕ ပိုက္ဆံမ်ား ျမင္းျခံနားက သူတို႕ရြာက မိဘမ်ားထံ
ေခ်ာေခ်ာေမာေမာေရာက္သြားပါေစလို႕ ဆုေတာင္းရပါတယ္။ ေဘးက အမ်ိဳးသမီးက မညိဳကို ရန္ကုန္က သူ႕အိမ္မွာေခတၱေနေစျပီး မညိဳရဲ႕ မိဘ
အကိုမ်ားနဲ႕ ဆက္သြယ္ေပးမယ္လို႕ေျပာပါတယ္။ က်ေနာ္ ဒီအေၾကာင္းကို အာေဘာ္တမ်ိဳးနဲ႕ စင္ကာပူသတင္းစာကိုမေရးခင္ ျမန္မာပရိသတ္
အတြက္ေရးတင္လိုက္ပါတယ္။

ကိုမိုးက သူဟာေက်းဇူးရွင္မဟုတ္ပါလို႕ေျပာေနေပမယ့္ တရုတ္မၾကီးဟာ ကိုမိုး ကသာ လာမေမးရင္ ယူလိုက္မွာပါပဲ ။ လာေမးမွေတာ့ အနီးအနားမွာ CCTV camera ေတြအျပည့္မို႕ ျျပန္ေပးရေတာ့မွာေလ ။။ ဒါေၾကာင့္ ပိုျပီး ခ်ီးက်ဴးသင့္သူဟာ
ကိုမိုးပါပဲ ။ ေက်းဇူးတင္မခံလိုတဲ့ သူ႕ရဲ႕စိတ္ထားကိုက ထပ္ျပီး ေလးစား
စရာေကာငး္ေနပါတယ္။

ဒီပို႕စ္ကို ဂ်ာနယ္တခုခုက ေဖာ္ျပမယ္ဆိုရင္ ေက်းဇဴးတင္လွပါတယ္။ ကိုမိုးရဲ႕နာမည္အျပည့္အစံုက ကိုလႊမ္းမိုးႏိုင္ ျဖစ္ပါတယ္။
(တနာရီအတြင္း လိုက္သူ ၂၅၀၀။ ရွယ္သူ ၁၂၀၀ ခန္႕ေတြ႕ရသည္။ ထိုလူငယ္အားခ်ီးက်ဴးလိုျခင္း ၊ ထိုစိတ္ဓါတ္မ်ိဳး ျမန္မာလူမ်ိဳးမ်ားၾကားပ်ံ႕ႏွံ႕ေစလိုျခင္း
ဟူေသာ ေစတနာျဖင့္ က်ေနာ္ေရးသားရက်ိဳးနပ္သျဖင့္လည္း ၀မ္းသာလွပါသည္။စင္ကာပူသတင္းစာသိူ႕လည္း သူတို႕ ႏိုင္ငံသားတရုတ္မၾကီး၏ ရိုးသားမွဳႏွင့္
အတူ ျမန္မာ၀န္ထမ္း၏ အားထုတ္မွဳကိုပါ ေပၚလြင္ေအာင္ေရးသားေပးပို႕ရဦးမည္..

က်ေနာ္ငယ္စဥ္က စာေစာင္တခုမွာ ပီမိုးနင္းေရးခဲ့ေသာ ဤသူငယ္မ်ိဳးအလိုရွိသည္
အမည္ရွိေဆာင္းပါးတပုဒ္ ဖတ္ခဲ့ဘူးသည္။ ဆရာၾကီးေရးထားသည္က ရိုးရိုးေလးပါ။
လက္သည္းေျခသည္းမွန္မွန္လွီးသင္ေသာ.. မိဘဆရာကိုရိုေသေသာ.. လံု႕လ
၀ီရီယရွိေသာ ..စာၾကိဳးစားေသာ…စသည့္ရိုးရွင္းသည့္အခ်က္ေလးမ်ားကို ေရးသား
ထားပါသည္။

ယခုျဖစ္ရပ္ကေတာ့ျဖင့္ ေျပာင္းလဲခ်ိန္တန္ျပီျဖစ္ေသာ… ျပည္သူခ်စ္
ပါတီက အႏိုင္ရျပီးျဖစ္ေသာ ျမန္မာနိုင္ငံ၀ယ္ သမတလည္းမဟုတ္ ၀န္ၾကီးလညး္
မဟုတ္ ကာခ်ဳပ္လည္းမဟုတ္ေသာ သာမန္ျပည္သူတိုင္းက စံနမူနာထား
က်င့္ၾကံသင့္ေသာ လူငယ္တေယာက္၏ ျမင့္ျမတ္ စိတ္ဓါတ္ပါပဲ)

ဒါက ၂၀၁၅ ခုႏွစ္က အျဖစ္အပ်က္ပါ။ အရမ္းေလးစားဖို႔ေကာင္းလို႔ျပန္တင္ေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Airways International
# Unicode Version ျဖင့္ ဖတ္ပါ #
 အဖြစ်ကတော့ ကျနော်ရန်ကုန်ပြန်တဲ့ ၁၀ရက်နေ့က ချန်ဂီလေဆိပ်မှာ MAI (8m232) လေယာဉ်ထွက်ကာနီး၁၂ မိနစ်လောက်အလိုမှာ ဖြစ်ပွားခဲ့တာပါ။

ခရီးသည်အားလုံး Gate D42 ရဲ့ မှန်လုံခန်းထဲရောက်နေကြပြီ။ အဲဒီအချိန် မိန်းကလေး တယောက်ရဲ့ငိုသံကြားရပါတယ်။ ကြည့်လိုက်တော့ ပိန်ပိန်သေးသေး ညှိုးနွမ်းတဲ့အသွင်ရှိတဲ့ မြန်မာ ကောင်မလေးတဦးကတရှုံ့ရှုံံ့ ငိုနေပြီး သူမနံဘေးက မတ်တပ်ရပ်နေတဲ့ ခရီးသည် သားသားနားနား လူငယ်မိန်းကလေးနှစ်ဦးက သူမကို မေးမြန်းဖြောင်းဖျနေတာ တွေ့ရပါတယ်။

မေးကြည့်တော့ ကလေးမ ( မညိုပဲ အလွယ်ခေါ်ပါစို့) က အပြင်ဘက်က
public phone booth နားမှာ ဒေါ်လာ နှစ်ထောင်ကျော်ပါတဲ့ ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့
အခြား ကောင်မလေး တွေက ဝန်ထမ်းတွေကိုခွင့်တောင်းပြီး အပြင်ထွက်ရှာ
ပေမဲ့ ပြန်မတွေ့တော့တဲ့အဖြစ်ပါ။

မညိုက ငိုရင်းပြောတာက မတွေ့လည်းနေပါစေ။ စင်ကာပူမှာ ရခဲ့တဲ့ ပိုက်ဆံတွေ မလိုချင်တော့ဘူးလို့ ထူးဆန်းစွာဆိုပါတယ်။ မညိုဟာ မြန်မာ အိမ်ဖော် မိန်းကလေးဖြစ်ပြီး သည်နေ့ ၃နှစ်ပြည့်အပြီး အပြီးပြန်တာလို့ဆိုပါတယ်။ သူမဟာ စိတ်အလွန်ဆင်းရဲ
ဝမ်းနည်းနေပြီး စိတ်လည်းမူမမှန်တာသတိထားမိပါတယ်။

ကျနော်အပါအဝင်ဘေးက ခရီးသည်တွေက (နင့်နှယ် ကိုယ်ပင်ပင်ပမ်းပမ်း လုပ်ထားတဲ့ ပိုက်ဆံဒီလိုပဲ ထားပစ်ခဲ့ရလား) လို့ ကရုဏာဒေါသော ဝိုင်းဝန်းပြစ်တင်ပြောဆိုနေကြချိန်မှာ Co-Pilot ဖြစ်ဟန်တူတဲ့ ကိုယ့်ခန္ဓာတောင့်တင်း ပြီးရုပ်ရည်
သန့်ပြန့်တဲ့ အသက် ၃၀ကျော် အဖြူရောင်ယူနီဖောင်းဝတ်လူငယ် ရောက်လာပါတယ်။ စကားမပြောရင် မြန်မာမှန်းမသိနိုင်ပါဘူး။

နာမည်ကို ကိုမိုးပဲဆိုပါစို့ ။ သူကဘာဖြစ်တာလဲ မေးတော့ ဝိုင်းပြောပြကြတော့ အဖြစ်စုံ သိတာနဲ့ သူကချက်ခြင်းအပြင်ကို ထွက်ပြေးပါတယ်။ တကယ့်ကိုပြေးနေတာပါ။
ဟုတ်တယ်လေ။ သူ့တာဝန်ထမ်းဆောင်ဖို့ ၁၀ မိနစ်လောက်ပဲ
လိုတော့တာပါ။

သူက Public phones တွေတပ်ထားတဲ့နံရံနားမှာ ပိုက်ဆံအိတ်ကို
အသေးစိတ်လျှောက်ရှာပါတယ်။ သူ့လှုပ်ရှားမှုကို မှန်လုံခန်း ထဲက ခရီးသည်
အားလုံးမြင်နေရပါတယ်။ ခနနေတော့ သူဖုန်းဆက်နေပါတယ်။
ဒီဘက်မှာလာမြည်တဲ့အခါ ဖိလစ်ပိုင်လူမျိုး Security ဝန်ထမ်းက ဖုန်းကိုင်ပြီး
ကျနော့်ဆီလာပြီးသူ့ဟင်းန်းဖုန်းကိုပေးပါတယ်။

ကိုမိုးက ကျနော့်ကို အန်ကယ်. ကောင်မလေးကိုမေးပေးပါ။ ဘယ်နေရာ(တိတိကျကျ)မှာ ပိုက်ဆံအိတ် တင်ခဲ့တာလဲလို့။ ကျနော်က မညိုကိုမေးပြီးဖုန်း တွေနားက အုတ်ဘောင်လေးပေါ်မှာ လို့ပြန်ပြောရပါတယ်။ ကိုမိုးက ထပ်ရှာနေပါတယ်။ ကျနော့်နဲ့ဖုန်းချပေမဲ့ အခြားနေရာတွေကို ဆက်နေတာတွေ့ရပါတယ်။

ကျနော့်စိတ်ထဲ မညိုဟာ စိတ်တွေ ဂယောက်ဂယက်ဖြစ်ပြီး မဟုတ်တာတွေလျှောက်ပြောနေတာဆိုရင် ခက်ရချည်ရဲ့လို့တွေးနေမိပါတယ်။ ဒီလိုနဲ့ လေယာဉ်ထွက်ချိန် ၁း၁၅ မိနစ်ရောက်လာပါပြီ။ ဒါပေမဲ့ ခရီးသည်အားလုံးဟာ မညိုကို သနားလို့ မငြိုငြင်ဘဲ စောင့်ကြပါတယ်။

မကြာခင်မှာ လေဆိပ်သန့်ရှင်းရေး ယူနီဖောင်း
ဝတ်ထားတဲ့ တရုတ်လူမျိုး အမျိုးသမီးကြီးတဦး
ကိုမိုးနား ရောက်လာ .. စကားနည်းနည်းပြောပြီး မိန်းမအိမ်သာထဲဝင်
သွားပါတယ်။ သူမ ပြန်ထွက်လာတော့ လက်ထဲမှာ ပါလာတဲ့ ပိုက်ဆံအိတ်လေးကို
ကိုမိုးကိုပေးပါတယ်။

အဲဒီအခါ ကိုမိုးက ပိုက်ဆံတွေ ရေတွက်ရင်း ကျနော်တို့ ဘက်ကို
လက်မထောင်ပြပါတယ်။ ပြီးတော့ သန့်ရှင်းရေးဝန်ထမ်းတရုတ်မကြီးရဲ့
ရင်ဘတ်က နာမည် ရင်ထိုးကို သူ့ဖုန်းနဲ့ ဓါတ်ပုံရိုက်နေတာတွေ့ရပါတယ်။
တရုတ်မကြီးကလည်း ပြုံးပြီးကျန်ခဲ့တာ တွေ့ရပါတယ်။ ကိုမိုးပြန်ပြေးလာ ၊
ကျနော်တို့နားရောက်တော့ မညိုကိုမေးပါတယ်။

ငွေအတိအကျ ဘယ်လောက်လဲပေါ့။ မညိုက ၂၁၀၀ လို့ဖြေပါတယ်။ ငွေတွေကိုရေစေတော့
အတိအကျ ၂၁၀၀ဒေါ်လာပါပဲ။ ပိုက်ဆံအိတ်ပေါ်မှာ Donate to Brighthill
Monastery လို့ရေးထားတာတွေ့ရပါတယ်မညိုဟာ သူ့အတွေးနဲ့သူတော့
ဟုတ်လို့ပါပဲ။ ကောက်ရသူက ဘုန်းကြီးကျောင်းကိုသွားလှူလိမ့်မယ်လို့
ယူဆပါသတဲ့။

မညိုကတော့ လူတွေကိုအားနား ဝမ်းနည်းဝမ်းသာနဲ့
ငိုနေပါပြီ။ ကျနော်တို့က ကျေးဇူးကြီးလှတဲ့ ကိုမိုးကို ကန်တော့လိုက်
လို့ပြောတော့ ကိုမိုးက မကန်တော့ပါနဲ့၊ ကျေးဇူးရှင်က ကျနော်မဟုတ်ပါ။
Cleaner aunty လို့ပြောပါတယ်။ ကြားရသူတိုင်းကိုမိုးကိုလေးစားလွန်းလို့
မျက်ရည်လည်ရပါတယ်။

ပြီးတော့ သူရိုက်ခဲ့တဲ့ ဓါတ်ပုံထဲက cleaner staff
တရုတ်မကြီးရဲ့နာမည်နဲ့ ရာထူးကို စာရွက်တရွက်ပေါ်
ချက်ခြင်းကောက်ရေး၊ ပိုက်ဆံတွေကိုဘေးမှာချပြီး ကျနော့် ဟင်းန်ဖုန်းနဲ့
ဓါတ်ပုံရိုက်စေပါတယ်။

ပြီးတော့ ကျနော့်ကို (အန်ကယ် ဒီဖြစ်ရပ်ကို
စင်ကာပူ သတင်းစာထဲရေးထည့်ပြီး cleaner staff ကိုဂုဏ်ပြုရေးသားပေးပါ..
အန်ကယ်ရေးတဲ့.. စာ ကျနော့်ကို email copy ပဲပို့ပေးပါ) လို့ပြောပါတယ်။
သူ့ရဲ့name card လေးကျနော့်ကိုပေးပြီး လေယာဉ်ပေါ်ပြေးတက်
သွားပါတော့တယ်။ သူ့မျက်နှာက ပျော့မနေ မာမနေပဲ ပုံမှန်ပါ။

သူဟာ လုပ်သင့်တာတွေကို management ကောင်းကောင်းနဲ့
အချိန်တိုအတွင်း ဆက်တိုက်လုပ်ခဲ့တာပါပဲ ။
တကယ်ဆိုရင် သူ့တာဝန်ချိန် အရမ်းနိးနေပြီ..လျစ်လျူရှုလို့ရပါသည်
အကိုစိတ်မကောင်းပါဘူး။ ဒါပေမဲ့ လေယာဉ်ချိန်နီးလှပြီ ။ မတတ်နိုင်ဘူး
ညီမလေးဆိုရင် မညိုလေး ဘာတတ်နိုင်ပါမည်လဲ ။

သုံးနှစ်သုံးမိုး ပင်ပမ်းဆင်းရဲစွာ အိမ်ဖော်လုပ်စုခဲ့ရသော ဒေါ်လာနှစ်ထောင် ဆုံးပြီပေါ့ ။. သို့သော် သူ့
နှလုံးသားကမြင်မြတ်လွန်း၏ ။သူလေယာဉ်ပေါ်ရောက်မှ ခရီးသည်တွေဝင်ရတော့ ၁၀မိနစ်လောက်နောက်
ကျနေပါပြီ။ ။ အဖြစ်ကတော့ တကယ့်ကို သည်းထိပ်ရင်ဖို ဝမ်းသားဝမ်းနည်း
မချိတင်ကဲ ဂုဏ်ယူလေးစားချီးကျူး..စုံလို့ပါပဲ ။

လေယာဉ်ပေါ်ရောက်တော့မတွေ့ကြတော့ပဲ ဆင်းကာနီး ကျနော် အိမ်သာဘက်သွားတော့မှ တည်ငြိမ်ပြီး ကျနော့်ကို ပြုံးပြနိုင်ပြီဖြစ်တဲ့ မညိုနဲ့ သူ့အနားမှာ အခြားအမျိုးသမီးနဲ့ပြောဆိုနေတာတွေ့ရပါတယ်။ အိမ်သာစောင့်ရင်း မေးကြည့်တော့မှ မညိုဟာ တရုတ်အိမ်မှာ အိမ်ဖော်လုပ်ခဲ့ပြီး သဘောကောင်းတဲ့ အိမ်ရှင်မကြောင့် သက်တမ်းရှည်ခဲ့ပေမဲ့ အိမ်ရှင်ထီးက နင်ဘာမှလညာ်း ပင်ပင်ပမ်းပမ်း မလုပ်ရပဲ
ငါတို့ပိုက်ဆံတွေ အလကားယူနေတာလို့ ကြိမ်ဖန်များစွာ (လေယာဉ်ကွင်းလိုက်ပို့တဲ့အထိ) ပြောနေခဲ့လို့ မညိုခင်ဗျာ သည်ပိုက်ဆံတွေ
မလိုချင်တော့လောက်အောင် စိတ်ဆင်းရဲခဲ့ရပါတယ်တဲ့။

ကြားရသူတိုင်း အံ့သြမဆုံးပါပဲ။ မညိုနဲ့ ပိုက်ဆံများ မြင်းခြံနားက သူတို့ရွာက မိဘများထံ
ချောချောမောမောရောက်သွားပါစေလို့ ဆုတောင်းရပါတယ်။ ဘေးက အမျိုးသမီးက မညိုကို ရန်ကုန်က သူ့အိမ်မှာခေတ္တနေစေပြီး မညိုရဲ့ မိဘ
အကိုများနဲ့ ဆက်သွယ်ပေးမယ်လို့ပြောပါတယ်။ ကျနော် ဒီအကြောင်းကို အာဘော်တမျိုးနဲ့ စင်ကာပူသတင်းစာကိုမရေးခင် မြန်မာပရိသတ်
အတွက်ရေးတင်လိုက်ပါတယ်။

ကိုမိုးက သူဟာကျေးဇူးရှင်မဟုတ်ပါလို့ပြောနေပေမယ့် တရုတ်မကြီးဟာ ကိုမိုး ကသာ လာမမေးရင် ယူလိုက်မှာပါပဲ ။ လာမေးမှတော့ အနီးအနားမှာ CCTV camera တွေအပြည့်မို့ ြပြန်ပေးရတော့မှာလေ ။။ ဒါကြောင့် ပိုပြီး ချီးကျူးသင့်သူဟာ
ကိုမိုးပါပဲ ။ ကျေးဇူးတင်မခံလိုတဲ့ သူ့ရဲ့စိတ်ထားကိုက ထပ်ပြီး လေးစား
စရာကောင်းနေပါတယ်။

ဒီပို့စ်ကို ဂျာနယ်တခုခုက ဖော်ပြမယ်ဆိုရင် ကျေးဇူးတင်လှပါတယ်။ ကိုမိုးရဲ့နာမည်အပြည့်အစုံက ကိုလွှမ်းမိုးနိုင် ဖြစ်ပါတယ်။
(တနာရီအတွင်း လိုက်သူ ၂၅၀၀။ ရှယ်သူ ၁၂၀၀ ခန့်တွေ့ရသည်။ ထိုလူငယ်အားချီးကျူးလိုခြင်း ၊ ထိုစိတ်ဓါတ်မျိုး မြန်မာလူမျိုးများကြားပျံ့နှံ့စေလိုခြင်း
ဟူသော စေတနာဖြင့် ကျနော်ရေးသားရကျိုးနပ်သဖြင့်လည်း ဝမ်းသာလှပါသည်။စင်ကာပူသတင်းစာသိူ့လည်း သူတို့ နိုင်ငံသားတရုတ်မကြီး၏ ရိုးသားမှုနှင့်
အတူ မြန်မာဝန်ထမ်း၏ အားထုတ်မှုကိုပါ ပေါ်လွင်အောင်ရေးသားပေးပို့ရဦးမည်..

ကျနော်ငယ်စဉ်က စာစောင်တခုမှာ ပီမိုးနင်းရေးခဲ့သော ဤသူငယ်မျိုးအလိုရှိသည်
အမည်ရှိဆောင်းပါးတပုဒ် ဖတ်ခဲ့ဘူးသည်။ ဆရာကြီးရေးထားသည်က ရိုးရိုးလေးပါ။
လက်သည်းခြေသည်းမှန်မှန်လှီးသင်သော.. မိဘဆရာကိုရိုသေသော.. လုံ့လ
ဝီရီယရှိသော ..စာကြိုးစားသော…စသည့်ရိုးရှင်းသည့်အချက်လေးများကို ရေးသား
ထားပါသည်။

ယခုဖြစ်ရပ်ကတော့ဖြင့် ပြောင်းလဲချိန်တန်ပြီဖြစ်သော… ပြည်သူချစ်
ပါတီက အနိုင်ရပြီးဖြစ်သော မြန်မာနိုင်ငံဝယ် သမတလည်းမဟုတ် ဝန်ကြီးလည်း
မဟုတ် ကာချုပ်လည်းမဟုတ်သော သာမန်ပြည်သူတိုင်းက စံနမူနာထား
ကျင့်ကြံသင့်သော လူငယ်တယောက်၏ မြင့်မြတ် စိတ်ဓါတ်ပါပဲ)

ဒါက ၂၀၁၅ ခုနှစ်က အဖြစ်အပျက်ပါ။ အရမ်းလေးစားဖို့ကောင်းလို့ပြန်တင်ပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Airways International
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top