ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ပရိသတ္ေတြထဲမွာ လွလွပပေလးေနရတာႀကိဳက္တဲ့ မိန္းကေလးေတြရွိလားရွင့္။ အိုေခ အလွျပင္ရတာႀကိဳက္တယ္ဆိုတဲ့ မမေတြေရာ၊ ညီမေလးေတြေရာ ဒီနားလာ…အဲ ဒီအခ်က္ေလးေတြ ဖတ္ၾကည့္ပါလို႔။ မိတ္ကပ္ျပင္တဲ့အခါ ကိုယ့္ရဲ႕မ်က္ႏွာေလးကို ျပစ္မ်ိဳးမွဲ႕မထင္တဲ့ Flawless Faceေလးရေအာင္ ဘယ္လိုျပင္ရမလဲဆိုတာ ေမတို႔ သိခ်င္ၾကမယ္ လို႔ထင္ပါတယ္။ သိပ္ၿပီးမ်ားမ်ားစားစားလိုက္နာစရာမလိုဘဲ အေရးႀကီးဆံုးအခ်က္ေလးခ်က္နဲ႔ ျပင္နည္းေလးေျပာျပမလို႔ပါကြယ္။ ကဲအခုပဲ ေဖာ္ျပေပးထားတဲ့ အဆင့္ေလး ေတြအတိုင္း အစက္အေျပာက္ကင္းၿပီး ေခ်ာမြတ္လွပတဲ့ မ်က္ႏွာေလးရေအာင္မိတ္ကပ္ျပင္ၾကည့္ရေအာင္။

အဆင့္(၁)
1524458628552.jpg
အရင္ဆံုး မ်က္ႏွာကိုသန္႔စင္သြားေအာင္ သစ္ပါ။ မ်က္ႏွာေပၚမွာရွိတဲ့ အညစ္အေၾကးနဲ႔၊ အဆီေတြ၊ ဆဲလ္ေသေတြ၊ ဖုန္မႈန္႔ေတြကိုသန္႔စင္သြားဖို႔လိုပါတယ္။ ၿပီးရင္ေတာ့ ေရေႏြးေႏြးေလးစိမ္ထားတဲ့ မ်က္ႏွာသုတ္ပုဝါေလးနဲ႔ မ်က္ႏွာကို ညင္ညင္သာသာပြတ္တိုက္ေပးပါ။ ဒီလိုလုပ္ျခင္းအားျဖင့္ မ်က္ႏွာေပၚကေခၽြးေပါက္ေတြကိုႏိႈးဆြေပးသလိုျဖစ္ေစ ၿပီးေတာ့ မ်က္ႏွာသစ္လို႔မေျပာင္တဲ့ ဆဲလ္ေသေတြရွိေနရင္လည္း ထပ္မံသန္႔စင္သြားေစပါတယ္။ အဲဒီေနာက္ တိုနာ ဒါမွမဟုတ္ မ်က္ႏွာအသားအေရရဲ႕အစိုဓာတ္ကိုထိန္းေပးတဲ့ ခရင္မ္တစ္ခုခုလိမ္းပါ။

အဆင့္(၂)
1524458638758.jpg
မိတ္ကပ္လိမ္းေတာ့မယ္ဆိုရင္ Primer ဒါမွမဟုတ္ မိတ္ကပ္ေအာက္ခံ ကိုမျဖစ္မေနသံုးေပးဖို႔လိုပါတယ္။ တခ်ိဳ႕ Primerမသံုးတဲ့သူေတြရွိေပမဲ့ ဒီလို အစက္အေျပာက္ကင္းၿပီး ေခ်ာမြတ္တဲ့မ်က္ႏွာေလးရဖို႔ဆိုရင္ Primerအဆင့္ ကိုေက်ာ္သြားလို႔မရပါဘူး။ သူက မ်က္ႏွာအသားအေရ အေရာင္မညီတာေတြကို ဖံုးေပးၿပီးေတာ့ မိတ္ကပ္နဲ႔ မ်က္ႏွာ အသားအေရကို တိုက္ရိုက္မထိေတြ႕ေအာင္ၾကားခံအေနနဲ႔ ကာဗာလုပ္ေပး ထားတဲ့အတြက္ မ်က္ႏွာအေရျပားရဲ႕ အဆီဂလင္းေတြကထြက္တဲ့ အဆီနဲ႔ ဆဲလ္ေသေတြေၾကာင့္ မိတ္ကပ္ကြက္တာ၊ မိတ္ကပ္တာရွည္မခံတာေတြ မျဖစ္ေအာင္ကာကြယ္ေပးပါတယ္။

အဆင့္(၃)
1524458682349.jpg
ဒီအဆင့္မွာ မိတ္ကပ္စလိမ္းပါေတာ့မယ္။ ေဖာင္ေဒးရွင္းကို အရည္၊ ခရင္မ္ ကိုယ္ႀကိဳက္ႏွစ္သက္ရာသံုးႏိုင္ၿပီး ကိုယ့္ရဲ႕မ်က္ႏွာအသားအေရနဲ႔ ထပ္တူနီးပါးက်တဲ့ ေဖာင္ေဒးရွင္းအေရာင္ကိုေရြးခ်ယ္ရမွာျဖစ္ပါတယ္။ ထပ္တူနီးပါး လို႔ေျပာ တဲ့အတြက္ မ်က္ႏွာအသားအေရနဲ႔ထပ္တူက်တဲ့အေရာင္ေရြးလို႔မရပါဘူး။ အျဖဴေပၚအျဖဴထပ္ရင္ ပိုၿပီးျဖဴသြားသလို အညိဳေပၚအညိဳထပ္ရင္လည္း မ်က္ႏွာကပိုၿပီးညိဳ၊ မဲတာေတြျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕မ်က္ႏွာအသားအေရအလိုက္ တစ္ဆင့္ျဖဴတာ၊ တစ္ဆင့္ညိဳတာစသျဖင့္ေရြးခ်ယ္လိမ္းႏိုင္ပါတယ္။

အဆင့္(၄)
1524458691167.jpg
မ်က္ႏွာအသားေရာင္မညီတာကို Primerလိမ္းၿပီး အေရာင္ညိႇထားတဲ့အတြက္ ေဖာင္ေဒးရွင္းလိမ္းတဲ့အခါ မ်က္ႏွာ တစ္ျပင္လံုးပံုမွန္အေနအထားပဲလိမ္း သင့္ပါတယ္။ ညိဳမယ္ထင္တဲ့ေနရာေတြမွာ ေဖာင္ေဒးရွင္းေတြပိုၿပီးပံုလိမ္း တာေတြမလုပ္သင့္ပါဘူး။ မ်က္ႏွာေပၚမွာ ေဖာင္ေဒးရွင္းတင္ၿပီးသြားၿပီဆိုရင္ေတာ့ ဘရွက္ရွ္ ဒါမွမဟုတ္ စပြန္႔ရွ္နဲ႔ ပုတ္ပုတ္ၿပီး ဘလန္းလုပ္ေပးရပါမယ္။ ဒါမွေဖာင္ေဒးရွင္းက မ်က္ႏွာအသားအေရေပၚမွာ စြဲထင္ၿပီးေတာ့ သိပ္ သိပ္ေလးနဲ႔ညီညီညာညာေလးျဖစ္ေစမွာပါ။

အဆင့္ေတြအားလံုးၿပီးသြားၿပီဆိုရင္ေတာ့ က်န္တဲ့ မ်က္လံုး၊ မ်က္ခံုးကို အေရာင္ႏုေလးေတြသံုးၿပီး Natural Lookေလးရေအာင္ျခယ္လိုက္မယ္ဆိုရင္ အစက္အေျပာက္ကင္းၿပီး ေခ်ာမြတ္ဝင္းပတဲ့မ်က္ႏွာေလးရၿပီေပါ့ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်တွေထဲမှာ လှလှပပလေးနေရတာကြိုက်တဲ့မိန်းကလေးတွေရှိလားရှင့်။ အိုခေ အလှပြင်ရတာကြိုက်တယ်ဆိုတဲ့ မမတွေရော၊ ညီမလေးတွေရော ဒီနားလာ…အဲ ဒီအချက်လေးတွေ ဖတ်ကြည့်ပါလို့။ မိတ်ကပ်ပြင်တဲ့အခါ ကိုယ့်ရဲ့မျက်နှာလေးကို ပြစ်မျိုးမှဲ့မထင်တဲ့ Flawless Faceလေးရအောင် ဘယ်လိုပြင်ရမလဲဆိုတာ မေတို့ သိချင်ကြမယ် လို့ထင်ပါတယ်။ သိပ်ပြီးများများစားစားလိုက်နာစရာမလိုဘဲ အရေးကြီးဆုံးအချက်လေးချက်နဲ့ပြင်နည်းလေးပြောပြမလို့ပါကွယ်။ ကဲအခုပဲ ဖော်ပြပေးထားတဲ့ အဆင့်လေး တွေအတိုင်း အစက်အပြောက်ကင်းပြီး ချောမွတ်လှပတဲ့ မျက်နှာလေးရအောင်မိတ်ကပ်ပြင်ကြည့်ရအောင်။

အဆင့်(၁)

အရင်ဆုံး မျက်နှာကိုသန့်စင်သွားအောင် သစ်ပါ။ မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးနဲ့၊ အဆီတွေ၊ ဆဲလ်သေတွေ၊ ဖုန်မှုန့်တွေကိုသန့်စင်သွားဖို့လိုပါတယ်။ ပြီးရင်တော့ ရေနွေးနွေးလေးစိမ်ထားတဲ့ မျက်နှာသုတ်ပုဝါလေးနဲ့ မျက်နှာကို ညင်ညင်သာသာပွတ်တိုက်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် မျက်နှာပေါ်ကချွေးပေါက်တွေကိုနှိုးဆွပေးသလိုဖြစ်စေ ပြီးတော့ မျက်နှာသစ်လို့မပြောင်တဲ့ ဆဲလ်သေတွေရှိနေရင်လည်း ထပ်မံသန့်စင်သွားစေပါတယ်။ အဲဒီနောက် တိုနာ ဒါမှမဟုတ် မျက်နှာအသားအရေရဲ့အစိုဓာတ်ကိုထိန်းပေးတဲ့ ခရင်မ်တစ်ခုခုလိမ်းပါ။

အဆင့်(၂)

မိတ်ကပ်လိမ်းတော့မယ်ဆိုရင် Primer ဒါမှမဟုတ် မိတ်ကပ်အောက်ခံ ကိုမဖြစ်မနေသုံးပေးဖို့လိုပါတယ်။ တချို့ Primerမသုံးတဲ့သူတွေရှိပေမဲ့ ဒီလို အစက်အပြောက်ကင်းပြီး ချောမွတ်တဲ့မျက်နှာလေးရဖို့ဆိုရင် Primerအဆင့် ကိုကျော်သွားလို့မရပါဘူး။ သူက မျက်နှာအသားအရေအရောင်မညီတာတွေကိုဖုံးပေးပြီးတော့ မိတ်ကပ်နဲ့ မျက်နှာ အသားအရေကို တိုက်ရိုက်မထိတွေ့အောင်ကြားခံအနေနဲ့ ကာဗာလုပ်ပေး ထားတဲ့အတွက် မျက်နှာအရေပြားရဲ့ အဆီဂလင်းတွေကထွက်တဲ့ အဆီနဲ့ ဆဲလ်သေတွေကြောင့် မိတ်ကပ်ကွက်တာ၊ မိတ်ကပ်တာရှည်မခံတာတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

အဆင့်(၃)

ဒီအဆင့်မှာ မိတ်ကပ်စလိမ်းပါတော့မယ်။ ဖောင်ဒေးရှင်းကို အရည်၊ ခရင်မ် ကိုယ်ကြိုက်နှစ်သက်ရာသုံးနိုင်ပြီး ကိုယ့်ရဲ့မျက်နှာအသားအရေနဲ့ ထပ်တူနီးပါးကျတဲ့ ဖောင်ဒေးရှင်းအရောင်ကိုရွေးချယ်ရမှာဖြစ်ပါတယ်။ ထပ်တူနီးပါး လို့ပြော တဲ့အတွက် မျက်နှာအသားအရေနဲ့ထပ်တူကျတဲ့အရောင်ရွေးလို့မရပါဘူး။ အဖြူပေါ်အဖြူထပ်ရင် ပိုပြီးဖြူသွားသလို အညိုပေါ်အညိုထပ်ရင်လည်း မျက်နှာကပိုပြီးညို၊ မဲတာတွေဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့မျက်နှာအသားအရေအလိုက် တစ်ဆင့်ဖြူတာ၊ တစ်ဆင့်ညိုတာစသဖြင့်ရွေးချယ်လိမ်းနိုင်ပါတယ်။

အဆင့်(၄)

မျက်နှာအသားရောင်မညီတာကို Primerလိမ်းပြီး အရောင်ညှိထားတဲ့အတွက် ဖောင်ဒေးရှင်းလိမ်းတဲ့အခါ မျက်နှာ တစ်ပြင်လုံးပုံမှန်အနေအထားပဲလိမ်း သင့်ပါတယ်။ ညိုမယ်ထင်တဲ့နေရာတွေမှာ ဖောင်ဒေးရှင်းတွေပိုပြီးပုံလိမ်း တာတွေမလုပ်သင့်ပါဘူး။ မျက်နှာပေါ်မှာ ဖောင်ဒေးရှင်းတင်ပြီးသွားပြီဆိုရင်တော့ ဘရှက်ရှ် ဒါမှမဟုတ် စပွန့်ရှ်နဲ့ ပုတ်ပုတ်ပြီး ဘလန်းလုပ်ပေးရပါမယ်။ ဒါမှဖောင်ဒေးရှင်းက မျက်နှာအသားအရေပေါ်မှာ စွဲထင်ပြီးတော့ သိပ် သိပ်လေးနဲ့ညီညီညာညာလေးဖြစ်စေမှာပါ။

အဆင့်တွေအားလုံးပြီးသွားပြီဆိုရင်တော့ ကျန်တဲ့ မျက်လုံး၊ မျက်ခုံးကို အရောင်နုလေးတွေသုံးပြီး Natural Lookလေးရအောင်ခြယ်လိုက်မယ်ဆိုရင် အစက်အပြောက်ကင်းပြီး ချောမွတ်ဝင်းပတဲ့မျက်နှာလေးရပြီပေါ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top