(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ေန႔သစ္တိုင္းကို ဘယ္လိုအစျပဳလဲ ဆိုတာက ကြ်န္မတို႔ေတြ သတိထားမိသည္ ျဖစ္ေစ၊ မထားမိသည္ ျဖစ္ေစ တစ္ေန႔လံုး ျဖတ္သန္းတဲ့ လုပ္ေဆာင္မႈေတြမွာထိ အက်ိဳး သက္ေရာက္ ေစတတ္ပါတယ္။ မိုးလင္းလာရင္ နာရီအခ်က္ေပးစက္ျမည္တယ္၊ အိပ္ရာထတယ္၊ ျပီးေတာ့ လူအမ်ားစုကေတာ့ မိုးလင္းကေန မိုးခ်ဳပ္ အိပ္ယာဝင္တဲ့ အထိ ေျခကုန္လက္ပန္း က်ေအာင္ကို အလုပ္ေတြ လုပ္ၾကရတယ္။ အဓိကကေတာ့ ေကာင္းမြန္တဲ့ ဘဝမွာ ေနထုိင္ခ်င္ရင္ ကိုယ္တိုင္ အျပင္းအထန္ ၾကိဳးစား ပံုေဖာ္ရမွာပါ။ ဒါေပမယ့္ ခက္ခဲစြာ ၾကိဳးစားေနရံုနဲ႔ ဘဝရဲ႕ အခ်ိန္အားလံုး ကုန္ဆံုးေစလို႔ေတာ့ မျဖစ္ပါဘူး။ ဘဝရဲ႕ ၾကည္ႏူးစရာ အခ်ိန္ခဏတိုင္းကိုလည္း ခံစားသက္ဝင္သြားႏိုင္ၾကဖို႔ေတာ့ လိုပါတယ္။

ကြ်န္မတို႔ လုပ္ေဆာင္သင့္တာက ေန႔သစ္တစ္ေန႔ စျပီ ဆိုတာနဲ႔ ရည္မွန္းခ်က္ ေတြထားရိွျပီး အဲ့ဒီေန႔သစ္ကို အဓိပၸါယ္ရိွစြာ ပံုေဖာ္ႏိုင္ဖို႔ပါ။ ျပီးေတာ့ ကုိယ့္ကိုယ္ကို သတိေပးေနရမွာက စိတ္ေရာကိုယ္ပါ လက္ရွိအခ်ိန္ေတြမွာပဲ အာရံုစိုက္ေနေစဖို႔ပါ။ ဘဝမွာ ေပ်ာ္ရႊင္ေနၾကတဲ့ လူတိုင္းဟာ ဒီေန႔ဟာ သူတို႔အတြက္ အေကာင္းဆံုးေန႔ ဆိုတဲ့ စိတ္နဲ႔ပဲ ေန႔သစ္တိုင္းကို စခဲ့ၾကတာပါ။

ေအာက္ဖက္မွာေတာ့ ပရိတ္သတ္ေတြ ေန႔သစ္တိုင္းကို အေကာင္းဆံုး စတင္ႏိုင္ဖို႔ အသံုးဝင္မယ့္ ကိုယ့္ကိုယ္ကို သတိေပးသင့္တဲ့ စကားေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္။
၁။ ဒီေန႔က အေကာင္းဆံုး ေန႔ရက္ပါ။

ဘဝဆိုတာၾကီးက သင့္ကို စိန္ေခၚမႈေတြနဲ႔ပဲ ၾကံဳေစရင္ေတာင္ အဲ့ဒါေတြကို ျဖတ္ေက်ာ္လိုက္ပါ။ အဲ့ဒီ အခက္အခဲေတြကေန အေတြ႔အၾကံဳေတြ ယူလိုက္ပါ။ သင့္အတြက္ ေကာင္းျခင္းေတြ မ်ားစြာ ယူလာေပးႏိုင္တဲ့ ေန႔သစ္ေလးကို အေလးနက္ထား ျဖတ္သန္းလိုက္ပါ။
၂။ ဘဝရဲ႕ အခ်ိန္ခဏတိုင္းမွာ ေပ်ာ္ေမြ႔ပါ။

အရမ္းေကာင္းတဲ့ အခ်ိန္မ်ိဳး ျဖစ္မွသာ ေပ်ာ္ရတာမွ မဟုတ္ဘူးေလ။ နည္းနည္းေတာ့

အားထုတ္မႈ လိုတာေပါ့။ တစ္ေနကုန္ ကိုယ့္ရဲ႕ လႈပ္ရွားမႈေတြ၊ ေန႔တစ္ေန႔ကို

ကိုယ္ဘယ္လို ကိုင္တြယ္ေျဖရွင္းလဲဆိုတဲ့ အရာေတြကေနပဲ ေပ်ာ္ရႊင္မႈေတြ

ရွာေဖြယူရမွာပါ။
၃။ မေန႔ကဆိုတာကို ေျပာင္းလဲခ်င္လို႔မွ မရေတာ့တာ၊ ဒါေပမယ့္ ဒီေန႔နဲ႔ မနက္ျဖန္ ဆိုတာကေတာ့ မိမိလက္ခုပ္ထဲက ေရပါ။

မေန႔က သင္ လုပ္ခဲ့တဲ့ အမွားေတြအတြက္ သင့္ကိုယ္သင္ ခြင့္လႊတ္ေပးပါ။ ျပီိးေတာ့ ဒီေန႔ကို အေကာင္းဆံုး ျဖတ္သန္းလိုက္ပါ။ သတိခ်ပ္ရမွာကေတာ့ ဒီေန႔ နဲ႔ မနက္ျဖန္ဆိုတာ အတြက္ေတာ့ ကြ်န္မတို႔က စင္ေပၚက လူေတြ ဆိုတာပါပဲ။
၄။ ေျဖရွင္းလို႔မရတဲ့ ျပႆနာ ဆိုတာမရိွပါ။

သင့္ရဲ႕ ဘဝလမ္းမွာ ေတြ႔လာႏိုင္တဲ့ အေနွာင့္အယွက္ အတားအဆီးမွန္သမ်ွ သင္ေျဖရွင္းနုိင္တယ္ ဆိုတာ ကိုယ့္ကိုယ္ကို သတိေပးျပီး ဘဝကို ျဖတ္သန္းပါ။
၅။ သင့္အနားမွာ လူေျဖာင့္၊ လူမွန္ေတြပဲ ဝန္းရံေနေအာင္ ေရြးခ်ယ္ေပါင္းသင္းပါ။

သင့္ဘဝေျပာင္းလဲႏိုင္ဖို႔ ေျဖာင့္မွန္တဲ့ လူေတြ သင့္ အနားမွာ ရိွေနဖို႔ လိုပါတယ္။ သင့္အနားက လူေတြကလည္း သင့္တစ္ေန႔တာရဲ႕ ေကာင္းျခင္း၊ ဆိုးျခင္းေတြမွာ တစ္စိတ္တစ္ေဒသကေန အေရးပါေနပါတယ္။ ဤေဆာင္းပါးကို ဂႏၲဝင္ မဂၢဇင္းမွ ေရးသားတင္ဆက္ျခင္း ျဖစ္သည္။
၆။ အရာရာတိုင္းဟာ သူ႔အခ်ိန္နဲ႔သူ ျဖစ္လာမွာပါ။

ကိုယ္ကိုယ္တိုင္ရဲ႕ စိတ္မရွည္မႈေတြေၾကာင့္ပဲ ကြ်န္မတို႔ေတြဟာ ျပီးစလြယ္ ဘဝအေျခအေနမ်ိဳးကို ရတတ္ၾကတယ္။ ဒီေတာ့ အရမ္းၾကီး ေလာဘတက္မေနဘဲ သူ႔အခ်ိန္နဲ႔သူ ေရာက္လာတာကို ခဏေတာ့ ေစာင့္ၾကတာေပါ့။ ေကာင္းျခင္းတိုင္းဟာ စိတ္ရွည္သည္းခံ လမ္းေၾကာင္းမွန္ ဆိုတဲ့ သူေတြအဖို႔ အခ်ိန္မွီေတာ့ ေရာက္လာမွာပါ။
၇။ သင့္အတြက္ အေရးပါတဲ့ သူေတြကို တန္ဖိုးထားတတ္ပါ။

သင့္အတြက္ အေရးပါတဲ့သူေတြကို ဂရုတစုိက္နဲ႔ တန္ဖိုးထားေပးပါ။ ေတြ႔ဆံုျဖစ္၊ စကားေျပာျဖစ္တယ္ ဆိုလည္း အဆံုးသတ္မွာ ေမတၱာေတြနဲ႔ပဲ လမ္းခြဲႏိုင္ပါေစ။ ဘာလို႔လဲ ဆိုေတာ့ အဲ့ဒီစကားေျပာတာ၊ ေတြ႔ဆံုတာက ေနာက္ဆံုးအၾကိမ္လား ဆိုတာ ဘယ္သူမွ ၾကိဳမသိႏိုင္ဘူးေလ။
၈။ အသစ္ အသစ္ေတြကို ရွာေဖြ သင္ယူပါ။

ကြ်န္မတို႔တေတြ ဘဝတစ္ေလ်ွာက္ သင္ယူမႈေတြ နဲ႔႔ဲပဲ ရွင္သန္လာတဲ့ အခါမွာ အသက္အရြယ္ ၾကိီးရင့္လာတာနဲ႔ အမ်ွ ကိုယ့္ကိုယ္ကို ျမင္တဲ့ အျမင္ေတြ၊ သူမ်ားေတြကို ျမင္တဲ့ အျမင္ေတြ ပိုျပီး ေကာင္းမြန္လာသလို ဆက္ျပီးလည္း တိုးတက္လာဖို႔ပဲ ရိွပါတယ္။ ကြ်န္မတို႔မွာ ေရြးခ်ယ္စရာရိွတာက အခုလက္ရိွ အေျခအေနနဲ႔ပဲ ေရာင့္ရဲ တင္းတိမ္ေနမလား၊ ဘဝကို စိန္ေခၚျပီး ေအာင္ျမင္တဲ့ ဘဝကို ယူမလား ဆိုတာပါပဲ။ ေပ်ာ္ရႊင္ျခင္းအတိ ဘဝဆိုတာ ဘဝရဲ႕ စိန္ေခၚမႈေတြကို ျဖတ္ေက်ာ္ျပီးမွ ရဖို႔ ပိုျပီး ေသခ်ာတာပါ။
၉။ ေအာင္ျမင္မႈဆိုတာ ထိုင္ရာက မထဘဲ ေရာက္မလာတတ္ပါ။

ေအာင္ျမင္မႈရဲ႕ ဝိေသသကေတာ့ လူတိုင္းအတြက္ မတူညီႏိုင္ပါဘူး။ ဒါေပမယ့္ အားလံုးအတြက္ ေယ်ဘုယက်ေနတာကေတာ့ လုပ္ေဆာင္မႈပါ။ သင္သာ သင့္တစ္ေန႔တာကို ရင္ဆိုင္ျဖတ္သန္းဖို႔ အဆင္သင့္ပဲ ဆိုရင္ အရင္ပံုစံကို ေျပာင္းလဲျပီး အားၾကိဳးမာန္တက္ လုပ္ေဆာင္မယ္ ဆိုတဲ့ ဆံုးျဖတ္ခ်က္ကို ရဲရဲၾကီးသာ ခ်လိုက္ပါ။
၁ဝ။ တစ္ျခားသူေတြ သင့္ကို ဘာထင္လဲ ဆိုတာက အေရးမၾကီးပါ။

ကြ်န္မတို႔သာ ကုိယ့္တစ္ေန႔တာမွာ ေကာင္းတာေတြပဲ လုပ္ဖို႔ ရည္စူးထားမယ္၊ ဘဝကို အေကာင္းဆံုး ဖန္တီးျပီး ေနထိုင္သြားမယ္ ဆိုရင္ တစ္ျခားသူေတြ ကုိယ့္ကို ဘာထင္လဲ ဆိုတာက ဖြဲနဲ႔ဆန္ကြဲ ျဖစ္သြားမွာပါ။ လူတိုင္း စိတ္ေက်နပ္ေအာင္ေတာ့ လုိက္ေနေပးဖို႔ မျဖစ္ႏိုင္ဘူး မလား။ ျပီးေတာ့ ကိုယ့္ဘဝရဲ႕ ရည္မွန္းခ်က္ေတြလည္း အမွန္ျဖစ္လာေအာင္ လုပ္ရဦးမယ္ ဆိုေတာ့ သူမ်ား အထင္အျမင္ေတြကို ဂရုစိုက္ေနတတ္တာေတြ ရပ္ျပီး ကုိယ့္အတြက္ အက်ိဳးရိွမယ့္ ဆံုးျဖတ္ခ်က္ေတြ ခ်ႏိုင္ဖို႔ကိုပဲ အာရံုစိုက္ၾကစို႔ေလ။
၁၁။ သင္ဒါေတြ လုပ္ကို လုပ္ႏိုင္မွာပါ။

ကြ်န္မတို႔ အျမဲ ကိုယ့္ကိုယ္ကို သတိေပးေနသင့္တာကေတာ့ ဘယ္လို အခက္အခဲမ်ိဳးပဲ ၾကံဳပါေစ ကိုယ္လုပ္ႏိုင္တယ္ ဆိုတာပါပဲ။ ကြ်န္မတို႔ဟာ ထက္ျမက္ၾကတယ္၊ အေတြးအေခၚေကာင္းတယ္၊ ၾကင္နာၾကတယ္ေလ။ ျပီးေတာ့ ကြ်န္မတို႔အားလံုး ဒီေန႔ေလးကို ဘဝရဲ႕ အေကာင္းဆံုး ေန႔ေလးအျဖစ္ ဖန္တီးႏိုင္ဖို႔ ျပင္ဆင္ထားၾကျပီးသား မလား။ ပရိတ္ေတြေရာ…

သေဘာက်ႏွစ္သက္တယ္ ဆိုရင္ သူငယ္ခ်င္းေတြလည္း သိႏိုင္ေအာင္ Share ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: gandawin

#Unicode Version#
နေ့သစ်တိုင်းကို ဘယ်လိုအစပြုလဲ ဆိုတာက ကျွန်မတို့တွေ သတိထားမိသည် ဖြစ်စေ၊ မထားမိသည် ဖြစ်စေ တစ်နေ့လုံး ဖြတ်သန်းတဲ့ လုပ်ဆောင်မှုတွေမှာထိ အကျိုး သက်ရောက် စေတတ်ပါတယ်။ မိုးလင်းလာရင် နာရီအချက်ပေးစက်မြည်တယ်၊ အိပ်ရာထတယ်၊ ပြီးတော့ လူအများစုကတော့ မိုးလင်းကနေ မိုးချုပ် အိပ်ယာဝင်တဲ့ အထိ ခြေကုန်လက်ပန်း ကျအောင်ကို အလုပ်တွေ လုပ်ကြရတယ်။ အဓိကကတော့ ကောင်းမွန်တဲ့ ဘဝမှာ နေထိုင်ချင်ရင် ကိုယ်တိုင် အပြင်းအထန် ကြိုးစား ပုံဖော်ရမှာပါ။ ဒါပေမယ့် ခက်ခဲစွာ ကြိုးစားနေရုံနဲ့ ဘဝရဲ့ အချိန်အားလုံး ကုန်ဆုံးစေလို့တော့ မဖြစ်ပါဘူး။ ဘဝရဲ့ ကြည်နူးစရာ အချိန်ခဏတိုင်းကိုလည်း ခံစားသက်ဝင်သွားနိုင်ကြဖို့တော့ လိုပါတယ်။

ကျွန်မတို့ လုပ်ဆောင်သင့်တာက နေ့သစ်တစ်နေ့ စပြီ ဆိုတာနဲ့ ရည်မှန်းချက် တွေထားရှိပြီး အဲ့ဒီနေ့သစ်ကို အဓိပ္ပါယ်ရှိစွာ ပုံဖော်နိုင်ဖို့ပါ။ ပြီးတော့ ကိုယ့်ကိုယ်ကို သတိပေးနေရမှာက စိတ်ရောကိုယ်ပါ လက်ရှိအချိန်တွေမှာပဲ အာရုံစိုက်နေစေဖို့ပါ။ ဘဝမှာ ပျော်ရွှင်နေကြတဲ့ လူတိုင်းဟာ ဒီနေ့ဟာ သူတို့အတွက် အကောင်းဆုံးနေ့ ဆိုတဲ့ စိတ်နဲ့ပဲ နေ့သစ်တိုင်းကို စခဲ့ကြတာပါ။

အောက်ဖက်မှာတော့ ပရိတ်သတ်တွေ နေ့သစ်တိုင်းကို အကောင်းဆုံး စတင်နိုင်ဖို့ အသုံးဝင်မယ့် ကိုယ့်ကိုယ်ကို သတိပေးသင့်တဲ့ စကားလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။
၁။ ဒီနေ့က အကောင်းဆုံး နေ့ရက်ပါ။

ဘဝဆိုတာကြီးက သင့်ကို စိန်ခေါ်မှုတွေနဲ့ပဲ ကြုံစေရင်တောင် အဲ့ဒါတွေကို ဖြတ်ကျော်လိုက်ပါ။ အဲ့ဒီ အခက်အခဲတွေကနေ အတွေ့အကြုံတွေ ယူလိုက်ပါ။ သင့်အတွက် ကောင်းခြင်းတွေ များစွာ ယူလာပေးနိုင်တဲ့ နေ့သစ်လေးကို အလေးနက်ထား ဖြတ်သန်းလိုက်ပါ။
၂။ ဘဝရဲ့ အချိန်ခဏတိုင်းမှာ ပျော်မွေ့ပါ။

အရမ်းကောင်းတဲ့ အချိန်မျိုး ဖြစ်မှသာ ပျော်ရတာမှ မဟုတ်ဘူးလေ။ နည်းနည်းတော့

အားထုတ်မှု လိုတာပေါ့။ တစ်နေကုန် ကိုယ့်ရဲ့ လှုပ်ရှားမှုတွေ၊ နေ့တစ်နေ့ကို

ကိုယ်ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲဆိုတဲ့ အရာတွေကနေပဲ ပျော်ရွှင်မှုတွေ

ရှာဖွေယူရမှာပါ။
၃။ မနေ့ကဆိုတာကို ပြောင်းလဲချင်လို့မှ မရတော့တာ၊ ဒါပေမယ့် ဒီနေ့နဲ့ မနက်ဖြန် ဆိုတာကတော့ မိမိလက်ခုပ်ထဲက ရေပါ။

မနေ့က သင် လုပ်ခဲ့တဲ့ အမှားတွေအတွက် သင့်ကိုယ်သင် ခွင့်လွှတ်ပေးပါ။ ပြီးတော့ ဒီနေ့ကို အကောင်းဆုံး ဖြတ်သန်းလိုက်ပါ။ သတိချပ်ရမှာကတော့ ဒီနေ့ နဲ့ မနက်ဖြန်ဆိုတာ အတွက်တော့ ကျွန်မတို့က စင်ပေါ်က လူတွေ ဆိုတာပါပဲ။
၄။ ဖြေရှင်းလို့မရတဲ့ ပြဿနာ ဆိုတာမရှိပါ။

သင့်ရဲ့ ဘဝလမ်းမှာ တွေ့လာနိုင်တဲ့ အနှောင့်အယှက် အတားအဆီးမှန်သမျှ သင်ဖြေရှင်းနိုင်တယ် ဆိုတာ ကိုယ့်ကိုယ်ကို သတိပေးပြီး ဘဝကို ဖြတ်သန်းပါ။
၅။ သင့်အနားမှာ လူဖြောင့်၊ လူမှန်တွေပဲ ဝန်းရံနေအောင် ရွေးချယ်ပေါင်းသင်းပါ။

သင့်ဘဝပြောင်းလဲနိုင်ဖို့ ဖြောင့်မှန်တဲ့ လူတွေ သင့် အနားမှာ ရှိနေဖို့ လိုပါတယ်။ သင့်အနားက လူတွေကလည်း သင့်တစ်နေ့တာရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေမှာ တစ်စိတ်တစ်ဒေသကနေ အရေးပါနေပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၆။ အရာရာတိုင်းဟာ သူ့အချိန်နဲ့သူ ဖြစ်လာမှာပါ။

ကိုယ်ကိုယ်တိုင်ရဲ့ စိတ်မရှည်မှုတွေကြောင့်ပဲ ကျွန်မတို့တွေဟာ ပြီးစလွယ် ဘဝအခြေအနေမျိုးကို ရတတ်ကြတယ်။ ဒီတော့ အရမ်းကြီး လောဘတက်မနေဘဲ သူ့အချိန်နဲ့သူ ရောက်လာတာကို ခဏတော့ စောင့်ကြတာပေါ့။ ကောင်းခြင်းတိုင်းဟာ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် ဆိုတဲ့ သူတွေအဖို့ အချိန်မှီတော့ ရောက်လာမှာပါ။
၇။ သင့်အတွက် အရေးပါတဲ့ သူတွေကို တန်ဖိုးထားတတ်ပါ။

သင့်အတွက် အရေးပါတဲ့သူတွေကို ဂရုတစိုက်နဲ့ တန်ဖိုးထားပေးပါ။ တွေ့ဆုံဖြစ်၊ စကားပြောဖြစ်တယ် ဆိုလည်း အဆုံးသတ်မှာ မေတ္တာတွေနဲ့ပဲ လမ်းခွဲနိုင်ပါစေ။ ဘာလို့လဲ ဆိုတော့ အဲ့ဒီစကားပြောတာ၊ တွေ့ဆုံတာက နောက်ဆုံးအကြိမ်လား ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။
၈။ အသစ် အသစ်တွေကို ရှာဖွေ သင်ယူပါ။

ကျွန်မတို့တတွေ ဘဝတစ်လျှောက် သင်ယူမှုတွေ နဲ့ဲပဲ ရှင်သန်လာတဲ့ အခါမှာ အသက်အရွယ် ကြီးရင့်လာတာနဲ့ အမျှ ကိုယ့်ကိုယ်ကို မြင်တဲ့ အမြင်တွေ၊ သူများတွေကို မြင်တဲ့ အမြင်တွေ ပိုပြီး ကောင်းမွန်လာသလို ဆက်ပြီးလည်း တိုးတက်လာဖို့ပဲ ရှိပါတယ်။ ကျွန်မတို့မှာ ရွေးချယ်စရာရှိတာက အခုလက်ရှိ အခြေအနေနဲ့ပဲ ရောင့်ရဲ တင်းတိမ်နေမလား၊ ဘဝကို စိန်ခေါ်ပြီး အောင်မြင်တဲ့ ဘဝကို ယူမလား ဆိုတာပါပဲ။ ပျော်ရွှင်ခြင်းအတိ ဘဝဆိုတာ ဘဝရဲ့ စိန်ခေါ်မှုတွေကို ဖြတ်ကျော်ပြီးမှ ရဖို့ ပိုပြီး သေချာတာပါ။
၉။ အောင်မြင်မှုဆိုတာ ထိုင်ရာက မထဘဲ ရောက်မလာတတ်ပါ။

အောင်မြင်မှုရဲ့ ဝိသေသကတော့ လူတိုင်းအတွက် မတူညီနိုင်ပါဘူး။ ဒါပေမယ့် အားလုံးအတွက် ယျေဘုယကျနေတာကတော့ လုပ်ဆောင်မှုပါ။ သင်သာ သင့်တစ်နေ့တာကို ရင်ဆိုင်ဖြတ်သန်းဖို့ အဆင်သင့်ပဲ ဆိုရင် အရင်ပုံစံကို ပြောင်းလဲပြီး အားကြိုးမာန်တက် လုပ်ဆောင်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ရဲရဲကြီးသာ ချလိုက်ပါ။
၁ဝ။ တစ်ခြားသူတွေ သင့်ကို ဘာထင်လဲ ဆိုတာက အရေးမကြီးပါ။

ကျွန်မတို့သာ ကိုယ့်တစ်နေ့တာမှာ ကောင်းတာတွေပဲ လုပ်ဖို့ ရည်စူးထားမယ်၊ ဘဝကို အကောင်းဆုံး ဖန်တီးပြီး နေထိုင်သွားမယ် ဆိုရင် တစ်ခြားသူတွေ ကိုယ့်ကို ဘာထင်လဲ ဆိုတာက ဖွဲနဲ့ဆန်ကွဲ ဖြစ်သွားမှာပါ။ လူတိုင်း စိတ်ကျေနပ်အောင်တော့ လိုက်နေပေးဖို့ မဖြစ်နိုင်ဘူး မလား။ ပြီးတော့ ကိုယ့်ဘဝရဲ့ ရည်မှန်းချက်တွေလည်း အမှန်ဖြစ်လာအောင် လုပ်ရဦးမယ် ဆိုတော့ သူများ အထင်အမြင်တွေကို ဂရုစိုက်နေတတ်တာတွေ ရပ်ပြီး ကိုယ့်အတွက် အကျိုးရှိမယ့် ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ကိုပဲ အာရုံစိုက်ကြစို့လေ။
၁၁။ သင်ဒါတွေ လုပ်ကို လုပ်နိုင်မှာပါ။

ကျွန်မတို့ အမြဲ ကိုယ့်ကိုယ်ကို သတိပေးနေသင့်တာကတော့ ဘယ်လို အခက်အခဲမျိုးပဲ ကြုံပါစေ ကိုယ်လုပ်နိုင်တယ် ဆိုတာပါပဲ။ ကျွန်မတို့ဟာ ထက်မြက်ကြတယ်၊ အတွေးအခေါ်ကောင်းတယ်၊ ကြင်နာကြတယ်လေ။ ပြီးတော့ ကျွန်မတို့အားလုံး ဒီနေ့လေးကို ဘဝရဲ့ အကောင်းဆုံး နေ့လေးအဖြစ် ဖန်တီးနိုင်ဖို့ ပြင်ဆင်ထားကြပြီးသား မလား။ ပရိတ်တွေရော…

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: gandawin


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top