သၾကၤန္တြင္း ေရပက္ခံလည္းမထြက္ဘူး။ ဘယ္မွာလည္း သြားဖုိ႔ အစီအစဥ္မရွိဘူး။ အိမ္မွာပဲ ေန မယ္ဆုိတဲ့သူေတြ အတြက္ သတင္းေကာင္းတစ္ခု ေျပာျပေပးခ်င္တယ္ေနာ္။ အိမ္မွာပဲ နားေနရင္းနဲ႔ ရက္တုိတုိအတြင္း အမုိက္စားေဘာ္ဒီေလး ပုိင္ဆုိင္ဖုိ႔ နည္းလမ္းေကာင္းပါ။ တျခားသူေတြ ေနပူပူမွာ အျပင္ထြက္ ေရပက္ခံထြက္၊ ေလွ်ာက္လည္ေနမယ့္အစား.. ကုိယ္ေတြက အိမ္မွာပဲနားေနရင္း ခႏၶာ ကုိယ္ေလးလွလာေအာင္လုပ္ရင္း ေဟာ ႏွစ္သစ္လည္းေရာက္ေကာ အမ်ားသူငါေငးရမယ့္ ေဘာ္ဒီလွ လွေလးနဲ႔ အမုိက္စားျဖစ္ေနမွာပါေနာ္။ ရက္တုိတုိ ဆုိေပမယ့္ အထင္မေသးသင့္ပဲ တကယ့္ကုိ ထိ ေရာက္မယ့္ နည္းလမ္းေတြပါ။

ခႏၶာကုိယ္ေကာက္ေၾကာင္းလွဖုိ႔က ကုိယ့္ရဲ႕ခႏၶာကုိယ္ မလုိအပ္တဲ့ေနရာေတြက အဆီပုိေတြ ဖယ္ရွားပစ္ဖုိ႔ပါပဲ။ ဒါဆုိရင္ ဝိတ္လည္း ခ်ရမယ္။ လွေအာင္လည္း ေလ့က်င့္ခန္းလုပ္ေပးဖုိ႔လုိတာေပါ့။ ရက္တုိ တုိ အခ်ိန္တုိတုိျဖစ္လုိ႔ ဒီအခ်ိန္အတြင္း ခႏၶာကုိယ္ ဝိတ္ခ်ဖုိ႔ အစားအေသာက္ဆင္ျခင္စားသံုးတဲ့ နည္း လမ္းနဲ႔ အားကစားကုိလည္း ပံုမွန္နဲ႔ထိထိေရာက္ေရာက္ေဆာ့ေပးဖုိ႔နည္းလမ္း ႏွစ္မ်ိဳးရွိပါတယ္။

ပိတ္ရက္ရက္တုိတုိအတြင္းဝိတ္ေလွ်ာ့ခ်ဖုိ႔အတြက္ဆုိရင္ေတာ့ အစားအေသာက္ ပံုမွန္စားသံုးျခင္းကုိ ခါတုိင္းထက္ ေလွ်ာ့ၿပီးစားသံုးသင့္ပါတယ္။ မနက္ခင္းစာကုိျပည့္ျပည့္ဝဝ စားသံုးေပးၿပီးရင္ေတာ့ က်န္ တဲ့ ၂ နပ္ကုိေတာ့ တတ္ႏုိင္သမွ်ေလွ်ာ့စားပါ။ ထမင္း၊ ကယ္လုိရီတက္မယ့့္ အစား အေသာက္ေတြ၊ အခ်ိဳရည္၊ အဆီမ်ားတဲ့အစားေတြကုိေရွာင္ၿပီး အသီးအရြက္၊ အရည္ေသာက္၊ ဥ၊ ပဲ စသျဖင့္ အစာေတြ ကုိသာစားသံုးေပးၿပီး ဆာတတ္မယ္ဆုိရင္ အသီးအႏွံေတြကုိပဲ စားသံုးေပးပါ။

တတ္ႏုိင္သမွ်ေတာ့ အစားအေသာက္ဆင္ျခင္ၿပီး ဝိတ္ခ်ဖုိ႔ႀကိဳးစားပါ။ ညဘက္ ထမင္းစားျခင္းကုိေရွာင္ ပါ။ ထမင္း အစားအသီးအႏွံ၊ ေဖ်ာ္ရည္၊ ဝိတ္က်ေစဖုိ႔ အထူးျပဳလုပ္ထားတဲ့ ေဖ်ာ္ရည္၊ သံပုရာ၊ စသျဖင့္ အရည္ ေတြကုိသာ ေသာက္သံုးၿပီး အစာခံေနသင့္တယ္လုိ႔ တုိက္တြန္းခ်င္ပါတယ္။ အထူးသျဖင့္ေတာ့ မနက္ခင္း အိပ္ယာထခ်ိန္ ဘာမွမစားရေသးခင္မွာ သံပုရာကုိ ေရေႏြးပူပူႏွပ္ေဖ်ာ္ ၿပီး သံပုရာရည္ပူပူ တစ္ခြက္ကုိ ေသာက္သံုးပါ။ ဒါက သိပ္ကုိထိေရာက္ၿပီး အဆီေတြကုိေလာင္ကၽြမ္းဖယ္ရွားေပးမယ့္ သ ဘာဝေဖ်ာ္ရည္ျဖစ္ပါတယ္။

ေလ့က်င့္ခန္းလုပ္ဖုိ႔ဆုိရင္ အရင္ဆံုး ဝမ္းဗုိက္နဲ႔ ခါးေနရာမွာရွိေနတဲ့ အဆီပုိေတြ၊ အေခါက္ေတြက် သြားဖုိ႔ဆုိတာ အားကစားေရာ၊ အစားအေသာက္ေရာပါ နည္းလမ္းႏွစ္မ်ိဳးနဲ႔ ထိန္းၿပီး အဆီခ်ရပါမယ္။ စားသမွ် အဆီပုိေတြက ဗုိက္ေခါက္မွာအမ်ားဆံုး စုေနတတ္လုိ႔ပါ။ ဒါ့ေၾကာင့္မုိ႔လုိ႔ အဆီပုိေတြကုိ လည္း ျပန္လည္ေခ်ဖ်က္ဖုိ႔အတြက္ အားကစားလုပ္သင့္ပါတယ္။

ရက္တုိျဖစ္လုိ႔လည္း နည္းနည္းေတာ့ အားစုိက္ၿပီး ေလ့က်င့္ခန္းလုပ္ပါ။ ဝမ္းဗုိက္ကုိ အဓိကထိေစမယ့္ နည္းလမ္းေတြကုိလုပ္ပါ။ တင္ပါးက်စ္လစ္ၿပီး လွလွပပေလး ရဖုိ႔လည္း ေဆာ့လုိ႔ရပါတယ္။ ခါးေလ့ က်င့္ခန္း၊ အိပ္ထမတင္၊ ထုိင္ထ၊ ေျခေထာက္လႊဲနဲ႔ အျခားေသာ အားကစားေလ့က်င့္ခန္းလုပ္တဲ့ နည္းလမ္း မ်ိဳးစံုကုိ အခ်ိန္အပုိင္းအျခားအလုိက္ ေဆာ့ကစားေပးသင့္ပါတယ္။ ျပင္းျပင္းထန္ထန္ႀကိဳး စားေပးမွလုိရာ ပန္းတုိင္ေရာက္မွာ မဟုတ္ပါလားေနာ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ အားကစားလုပ္ဖုိ႔ မပ်င္းပါနဲ႔။

သၾကၤန္တြင္းပိတ္ရက္ေတြမွာ ဒီလုိ အစားအေသာက္ဆင္ျခင္းစားသံုးရင္းနဲ႔ အားကစားကုိလည္း ပံုမွန္ ထိထိေရာက္လုပ္ရင္း ခႏၶာကုိယ္ႀကိဳးစားဝိတ္ခ်မယ္ဆုိရင္ ရက္အနည္းငယ္အတြင္းမွာ မလုိအပ္တဲ့ အဆီပုိေတြကုိ ဖယ္ရွားႏုိင္ၿပီးေတာ့ က်စ္လစ္လွပတဲ့ ခႏၶာကုိယ္အခ်ိဳးအစားေလးကို လက္ေတြ႔ပုိင္ဆုိင္ ႏုိင္မွာပါေနာ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
သင်္ကြန်တွင်း ရေပက်ခံလည်းမထွက်ဘူး။ ဘယ်မှာလည်း သွားဖို့ အစီအစဉ်မရှိဘူး။ အိမ်မှာပဲ နေ မယ်ဆိုတဲ့သူတွေ အတွက် သတင်းကောင်းတစ်ခု ပြောပြပေးချင်တယ်နော်။ အိမ်မှာပဲ နားနေရင်းနဲ့ ရက်တိုတိုအတွင်း အမိုက်စားဘော်ဒီလေး ပိုင်ဆိုင်ဖို့ နည်းလမ်းကောင်းပါ။ တခြားသူတွေ နေပူပူမှာ အပြင်ထွက် ရေပက်ခံထွက်၊ လျှောက်လည်နေမယ့်အစား.. ကိုယ်တွေက အိမ်မှာပဲနားနေရင်း ခန္ဓာ ကိုယ်လေးလှလာအောင်လုပ်ရင်း ဟော နှစ်သစ်လည်းရောက်ကော အများသူငါငေးရမယ့် ဘော်ဒီလှ လှလေးနဲ့ အမိုက်စားဖြစ်နေမှာပါနော်။ ရက်တိုတို ဆိုပေမယ့် အထင်မသေးသင့်ပဲ တကယ့်ကို ထိ ရောက်မယ့် နည်းလမ်းတွေပါ။

ခန္ဓာကိုယ်ကောက်ကြောင်းလှဖို့က ကိုယ့်ရဲ့ခန္ဓာကိုယ် မလိုအပ်တဲ့နေရာတွေက အဆီပိုတွေ ဖယ်ရှားပစ်ဖို့ပါပဲ။ ဒါဆိုရင် ဝိတ်လည်း ချရမယ်။ လှအောင်လည်း လေ့ကျင့်ခန်းလုပ်ပေးဖို့လိုတာပေါ့။ ရက်တို တို အချိန်တိုတိုဖြစ်လို့ ဒီအချိန်အတွင်း ခန္ဓာကိုယ် ဝိတ်ချဖို့ အစားအသောက်ဆင်ခြင်စားသုံးတဲ့ နည်း လမ်းနဲ့ အားကစားကိုလည်း ပုံမှန်နဲ့ထိထိရောက်ရောက်ဆော့ပေးဖို့နည်းလမ်း နှစ်မျိုးရှိပါတယ်။

ပိတ်ရက်ရက်တိုတိုအတွင်းဝိတ်လျှော့ချဖို့အတွက်ဆိုရင်တော့ အစားအသောက် ပုံမှန်စားသုံးခြင်းကို ခါတိုင်းထက် လျှော့ပြီးစားသုံးသင့်ပါတယ်။ မနက်ခင်းစာကိုပြည့်ပြည့်ဝဝ စားသုံးပေးပြီးရင်တော့ ကျန် တဲ့ ၂ နပ်ကိုတော့ တတ်နိုင်သမျှလျှော့စားပါ။ ထမင်း၊ ကယ်လိုရီတက်မယ့့် အစား အသောက်တွေ၊ အချိုရည်၊ အဆီများတဲ့အစားတွေကိုရှောင်ပြီး အသီးအရွက်၊ အရည်သောက်၊ ဥ၊ ပဲ စသဖြင့် အစာတွေ ကိုသာစားသုံးပေးပြီး ဆာတတ်မယ်ဆိုရင် အသီးအနှံတွေကိုပဲ စားသုံးပေးပါ။

တတ်နိုင်သမျှတော့ အစားအသောက်ဆင်ခြင်ပြီး ဝိတ်ချဖို့ကြိုးစားပါ။ ညဘက် ထမင်းစားခြင်းကိုရှောင် ပါ။ ထမင်း အစားအသီးအနှံ၊ ဖျော်ရည်၊ ဝိတ်ကျစေဖို့ အထူးပြုလုပ်ထားတဲ့ ဖျော်ရည်၊ သံပုရာ၊ စသဖြင့် အရည် တွေကိုသာ သောက်သုံးပြီး အစာခံနေသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ အထူးသဖြင့်တော့ မနက်ခင်း အိပ်ယာထချိန် ဘာမှမစားရသေးခင်မှာ သံပုရာကို ရေနွေးပူပူနှပ်ဖျော် ပြီး သံပုရာရည်ပူပူ တစ်ခွက်ကို သောက်သုံးပါ။ ဒါက သိပ်ကိုထိရောက်ပြီး အဆီတွေကိုလောင်ကျွမ်းဖယ်ရှားပေးမယ့် သ ဘာဝဖျော်ရည်ဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင် အရင်ဆုံး ဝမ်းဗိုက်နဲ့ ခါးနေရာမှာရှိနေတဲ့ အဆီပိုတွေ၊ အခေါက်တွေကျ သွားဖို့ဆိုတာ အားကစားရော၊ အစားအသောက်ရောပါ နည်းလမ်းနှစ်မျိုးနဲ့ ထိန်းပြီး အဆီချရပါမယ်။ စားသမျှ အဆီပိုတွေက ဗိုက်ခေါက်မှာအများဆုံး စုနေတတ်လို့ပါ။ ဒါ့ကြောင့်မို့လို့ အဆီပိုတွေကို လည်း ပြန်လည်ချေဖျက်ဖို့အတွက် အားကစားလုပ်သင့်ပါတယ်။

ရက်တိုဖြစ်လို့လည်း နည်းနည်းတော့ အားစိုက်ပြီး လေ့ကျင့်ခန်းလုပ်ပါ။ ဝမ်းဗိုက်ကို အဓိကထိစေမယ့် နည်းလမ်းတွေကိုလုပ်ပါ။ တင်ပါးကျစ်လစ်ပြီး လှလှပပလေး ရဖို့လည်း ဆော့လို့ရပါတယ်။ ခါးလေ့ ကျင့်ခန်း၊ အိပ်ထမတင်၊ ထိုင်ထ၊ ခြေထောက်လွှဲနဲ့ အခြားသော အားကစားလေ့ကျင့်ခန်းလုပ်တဲ့ နည်းလမ်း မျိုးစုံကို အချိန်အပိုင်းအခြားအလိုက် ဆော့ကစားပေးသင့်ပါတယ်။ ပြင်းပြင်းထန်ထန်ကြိုး စားပေးမှလိုရာ ပန်းတိုင်ရောက်မှာ မဟုတ်ပါလားနော်။ ဒါ့ကြောင့်မို့လို့ အားကစားလုပ်ဖို့ မပျင်းပါနဲ့။

သင်္ကြန်တွင်းပိတ်ရက်တွေမှာ ဒီလို အစားအသောက်ဆင်ခြင်းစားသုံးရင်းနဲ့ အားကစားကိုလည်း ပုံမှန် ထိထိရောက်လုပ်ရင်း ခန္ဓာကိုယ်ကြိုးစားဝိတ်ချမယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာ မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားနိုင်ပြီးတော့ ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကို လက်တွေ့ပိုင်ဆိုင် နိုင်မှာပါနော်…

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top