×

လည္ပင္းမွာရွိတဲ့ ျပန္ရည္ႀကိတ္ေတြက အစုလိုက္ရွိၿပီးေတာ့ အႀကိတ္ႀကီးတာဟာ ထိုေနရာမွာ ျပႆနာတစ္ခုခု ရွိေနၿပီဆိုတာကို ျပပါတယ္။ ဥပမာ - ခႏၶာကိုယ္အႏွံ႔က အႀကိတ္ေတြ ႀကီးလာတယ္ဆိုတာက ေရာဂါပိုး ဝင္ျခင္း၊ ကိုယ္ရဲ႕ ခုခံအားစနစ္က ကိုယ့္ကိုယ္ကို္ ျပန္တိုက္တဲ့ေရာဂါ၊ ေဆးေတြရဲ႕ တံု႔ျပန္သက္ေရာက္မႈ၊ ေသြးျဖဴဥကင္ဆာစတဲ့ ခႏၶာကိုယ္တစ္ခုလံုးနဲ႔ ဆိုင္တဲ့ ျပႆနာတစ္ခုခု ရွိေနၿပီဆိုတာကို ဆိုလိုပါတယ္။ လည္ပင္း အႀကိတ္ႀကီးျခင္းက လည္ပင္း၊ ေခါင္း (သို႔) ပါးစပ္ စတဲ့ တစ္ေနရာရာမွာ အေအးမိျခင္း အပါအဝင္ ေရာဂါပိုး ဝင္ေရာက္ေနလို႔ ျဖစ္ႏိုင္ပါတယ္။ Toxoplasmosis ၊ TB စတာေတြေၾကာင့္လည္း လည္ပင္းအႀကိတ္ ႀကီးႏိုင္ပါတယ္။

လည္ပင္း အႀကိတ္ေရာင္ရင္ ဆရာဝန္နဲ႔ ျပမွာလား?

လည္ပင္း အႀကိတ္ႀကီးတာက ကင္ဆာနဲ႔ အျခားျပင္းထန္တဲ့ေရာဂါေတြေၾကာင့္ အၿမဲမျဖစ္ႏိုင္ဘဲ ႐ိုး႐ိုးေရာဂါပိုး ဝင္တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ နားကိုက္တာ၊ လည္ေခ်ာင္းနာတာေတြ ရွိတယ္ဆိုရင္လည္း အနားမွာရွိတဲ့ လည္ပင္းအႀကိတ္ေတြ ေရာင္ႏိုင္ပါတယ္။ ဒါက ခႏၶာကိုယ္ကေနၿပီး ေရာဂါပိုးေတြကို တိုက္ထုတ္ေနတဲ့ လကၡဏာပါ။ ေနမေကာင္းတာကို ဆရာဝန္ သြားျပႏိုင္ပါတယ္။ ဒါေပမဲ့ လည္ပင္းအႀကိတ္ႀကီးတာ အတြက္ေတာ့ စိုးရိမ္စရာ မလိုပါဘူး။ ဒါေပမဲ့ အဖ်ားမရွိဘဲနဲ႔ အႀကိတ္ႀကီးတာ ဆိုရင္ေတာ့ ဆရာဝန္သြားျပသင့္ပါတယ္။

တစ္ခါတေလမွာ အႀကိတ္ေတြက အရမ္းျမန္ျမန္ႀကီးလာၿပီး နာက်င္လာတတ္ပါတယ္။ ဒါက 2 ရက္ကေနၿပီး 2 ပတ္ေလာက္အထိ ၾကာတတ္ကာ စိတ္ပူရမယ့္ အေၾကာင္းအရင္း အစစ္အမွန္လည္းမရွိ ျဖစ္ေနတတ္ပါတယ္။ ဒီေတာ့ ေသခ်ာမွတ္ထားရမွာက အေအး အနည္းငယ္မိတာနဲ႔ အတူတြဲၿပီး လည္ပင္းအႀကိတ္ႀကီးတယ္ ဆိုရင္ေတာ့ ဆရာဝန္ သြားမျပေသးခင္ 3-4 ရက္ေလာက္ ေစာင့္ၾကည့္လုိက္ပါဦး။

ရွားပါးျဖစ္စဥ္အေနနဲ႔ ေသြးကင္ဆာတစ္မ်ိဳးျဖစ္တဲ့ Lymphoma ေၾကာင့္ အႀကိတ္ေတြ ႀကီးႏိုင္ပါတယ္။ အႀကိတ္ႀကီးတာက 3 ပတ္ထက္ ပိုရင္ (သို႔) ေအာက္ပါလကၡဏာေတြနဲ႔အတူ တြဲၿပီးျဖစ္တယ္ဆိုရင္ ဆရာဝန္ ခ်က္ခ်င္းသြားျပပါ။

•        အားနည္းျခင္း (သို႔) အားအင္ကုန္ခမ္းျခင္း

•        အေၾကာင္းအရင္းမရွိ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ျခင္း

•        ဖ်ားျခင္း

•        ခ်မ္းတုန္ျခင္း

•        ညဘက္တြင္ ေခၽြးမ်ား ထြက္ျခင္း

ကုထံုးမ်ား

အႀကိတ္ေတြ ေရာင္တာအတြက္ အေျခခံအက်ဆံုး ကုထံုးကေတာ့ အကိုက္အခဲေပ်ာက္ေဆးေတြျဖစ္တဲ့ Acetaminophen, Ibuprofen စတဲ့ ေဆးေတြပါ။ ခုခံအားစနစ္ ျပႆနာရွိတယ္ ဆိုရင္ေတာ့ ဆရာဝန္ ၫႊန္ၾကားတဲ့ေဆးကိုပဲ ေသာက္ရပါမယ္။ အႀကိတ္မွာ ျပည္တည္တာက ျဖစ္ခဲေပမယ့္ ဒီလိုျဖစ္လာရင္ အေသးစားခြဲစိတ္မႈ ျပဳလုပ္ၿပီး ေရာဂါပိုးဝင္တဲ့အရာေတြကို ဖယ္ထုတ္ပစ္ရပါမယ္။

အႀကိတ္ႀကီးတဲ့ေနရာက နာက်င္တယ္ဆိုရင္ ေရးေအးဝတ္၊ ေရပူဝတ္ကို တစ္ၿပိဳင္နက္တည္း ကပ္ေပးႏိုင္ပါတယ္။ ေရေအးနဲ႔ ေရေႏြးကို ဇလံုတစ္ခုစီထဲမွာ ထည့္ထားပါ။ သန္႔ရွင္းတဲ့ အဝတ္စ 2 ခုကိုလည္း ျပင္ဆင္ထားပါ။ ေရညႇစ္ထားတဲ့ ေရေႏြးဝတ္ကို အႀကိတ္ေပၚမွာ 10 မိနစ္ေလာက္ ကပ္ေပးၿပီးေနာက္ ေရေအးဝတ္ ဆက္ကပ္ေပးပါ။

ေရွးႏွစ္ေထာင္ေပါင္းမ်ားစြာ ကတည္းက ပ်ားရည္ကိုလည္း သံုးစြဲခဲ့ၾကပါတယ္။ အႀကိတ္ႀကီးတာနဲ႔ နာက်င္တာကို သက္သာေစဖို႔အတြက္ ပ်ားရည္ကို သံုးစြဲႏိုင္ပါတယ္။ ပ်ားရည္လက္ဖက္ရည္ဇြန္း 1 ဇြန္းကို ေရေႏြး (သို႔) လက္ဖက္ရည္ၾကမ္းထဲမွာ ေပ်ာက္ဝင္ေစၿပီး တိုက္ေပးျခင္းအားျဖင့္ ရက္အနည္းငယ္ ၾကာတဲ့အခါ သက္သာလာတာကို ေတြ႕ႏိုင္ပါတယ္။

တစ္ခါတေလေတာ့လည္း အႀကိတ္ႀကီးတာ မဟုတ္ဘဲနဲ႔ နားအတြင္းဘက္ကေနၿပီး ဦးေခါင္းဆီကိုသြားတဲ့ ၾကြက္သားေတြ တင္းတာ ျဖစ္ႏိုင္ပါတယ္။ အိပ္စက္တဲ့ပံုစံ မမွန္ျခင္း စတဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၾကြက္သားေတြ တင္းႏိုင္ပါတယ္။ ဒီၾကြက္သားေတြ တင္းတဲ့အခါမွာ အာ႐ံုေၾကာကို ဖိမိၿပီး မသက္မသာျဖစ္ျခင္း၊ နာက်င္ျခင္းနဲ႔ အၾကားအာ႐ံု ဆံုး႐ႈံးျခင္းေတြေတာင္ ျဖစ္ႏိုင္ပါတယ္။ ရလဒ္အေနနဲ႔ နားေအာက္နားမွာ အနည္းငယ္ ႀကီးေနၿပီး ထိရင္နာက်င္ေစႏိုင္ပါတယ္။ ဘာျဖစ္ေနတယ္ဆိုတာကို ေသခ်ာသိဖို႔အတြက္ ဆရာဝန္သြားျပပါ။ တင္းၿပီး ေရာင္ေနတဲ့ ၾကြက္သားေတြကို ေျပေလ်ာ့ေစဖို႔အတြက္ ကၽြမ္းက်င္တဲ့သူက ေသခ်ာႏွိပ္နယ္ေပးဖို႔ လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
လည်ပင်းမှာရှိတဲ့ ပြန်ရည်ကြိတ်တွေက အစုလိုက်ရှိပြီးတော့ အကြိတ်ကြီးတာဟာ ထိုနေရာမှာ ပြဿနာတစ်ခုခု ရှိနေပြီဆိုတာကို ပြပါတယ်။ ဥပမာ - ခန္ဓာကိုယ်အနှံ့က အကြိတ်တွေ ကြီးလာတယ်ဆိုတာက ရောဂါပိုး ဝင်ခြင်း၊ ကိုယ်ရဲ့ ခုခံအားစနစ်က ကိုယ့်ကိုယ်ကို ပြန်တိုက်တဲ့ရောဂါ၊ ဆေးတွေရဲ့ တုံ့ပြန်သက်ရောက်မှု၊ သွေးဖြူဥကင်ဆာစတဲ့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ဆိုင်တဲ့ ပြဿနာတစ်ခုခု ရှိနေပြီဆိုတာကို ဆိုလိုပါတယ်။ လည်ပင်း အကြိတ်ကြီးခြင်းက လည်ပင်း၊ ခေါင်း (သို့) ပါးစပ် စတဲ့ တစ်နေရာရာမှာ အအေးမိခြင်း အပါအဝင် ရောဂါပိုး ဝင်ရောက်နေလို့ ဖြစ်နိုင်ပါတယ်။ Toxoplasmosis ၊ TB စတာတွေကြောင့်လည်း လည်ပင်းအကြိတ် ကြီးနိုင်ပါတယ်။

လည်ပင်း အကြိတ်ရောင်ရင် ဆရာဝန်နဲ့ ပြမှာလား?

လည်ပင်း အကြိတ်ကြီးတာက ကင်ဆာနဲ့ အခြားပြင်းထန်တဲ့ရောဂါတွေကြောင့် အမြဲမဖြစ်နိုင်ဘဲ ရိုးရိုးရောဂါပိုး ဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နားကိုက်တာ၊ လည်ချောင်းနာတာတွေ ရှိတယ်ဆိုရင်လည်း အနားမှာရှိတဲ့ လည်ပင်းအကြိတ်တွေ ရောင်နိုင်ပါတယ်။ ဒါက ခန္ဓာကိုယ်ကနေပြီး ရောဂါပိုးတွေကို တိုက်ထုတ်နေတဲ့ လက္ခဏာပါ။ နေမကောင်းတာကို ဆရာဝန် သွားပြနိုင်ပါတယ်။ ဒါပေမဲ့ လည်ပင်းအကြိတ်ကြီးတာ အတွက်တော့ စိုးရိမ်စရာ မလိုပါဘူး။ ဒါပေမဲ့ အဖျားမရှိဘဲနဲ့ အကြိတ်ကြီးတာ ဆိုရင်တော့ ဆရာဝန်သွားပြသင့်ပါတယ်။

တစ်ခါတလေမှာ အကြိတ်တွေက အရမ်းမြန်မြန်ကြီးလာပြီး နာကျင်လာတတ်ပါတယ်။ ဒါက 2 ရက်ကနေပြီး 2 ပတ်လောက်အထိ ကြာတတ်ကာ စိတ်ပူရမယ့် အကြောင်းအရင်း အစစ်အမှန်လည်းမရှိ ဖြစ်နေတတ်ပါတယ်။ ဒီတော့ သေချာမှတ်ထားရမှာက အအေး အနည်းငယ်မိတာနဲ့ အတူတွဲပြီး လည်ပင်းအကြိတ်ကြီးတယ် ဆိုရင်တော့ ဆရာဝန် သွားမပြသေးခင် 3-4 ရက်လောက် စောင့်ကြည့်လိုက်ပါဦး။

ရှားပါးဖြစ်စဉ်အနေနဲ့ သွေးကင်ဆာတစ်မျိုးဖြစ်တဲ့ Lymphoma ကြောင့် အကြိတ်တွေ ကြီးနိုင်ပါတယ်။ အကြိတ်ကြီးတာက 3 ပတ်ထက် ပိုရင် (သို့) အောက်ပါလက္ခဏာတွေနဲ့အတူ တွဲပြီးဖြစ်တယ်ဆိုရင် ဆရာဝန် ချက်ချင်းသွားပြပါ။

•        အားနည်းခြင်း (သို့) အားအင်ကုန်ခမ်းခြင်း

•        အကြောင်းအရင်းမရှိ ကိုယ်အလေးချိန် လျော့ကျခြင်း

•        ဖျားခြင်း

•        ချမ်းတုန်ခြင်း

•        ညဘက်တွင် ချွေးများ ထွက်ခြင်း

ကုထုံးများ

အကြိတ်တွေ ရောင်တာအတွက် အခြေခံအကျဆုံး ကုထုံးကတော့ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Acetaminophen, Ibuprofen စတဲ့ ဆေးတွေပါ။ ခုခံအားစနစ် ပြဿနာရှိတယ် ဆိုရင်တော့ ဆရာဝန် ညွှန်ကြားတဲ့ဆေးကိုပဲ သောက်ရပါမယ်။ အကြိတ်မှာ ပြည်တည်တာက ဖြစ်ခဲပေမယ့် ဒီလိုဖြစ်လာရင် အသေးစားခွဲစိတ်မှု ပြုလုပ်ပြီး ရောဂါပိုးဝင်တဲ့အရာတွေကို ဖယ်ထုတ်ပစ်ရပါမယ်။

အကြိတ်ကြီးတဲ့နေရာက နာကျင်တယ်ဆိုရင် ရေးအေးဝတ်၊ ရေပူဝတ်ကို တစ်ပြိုင်နက်တည်း ကပ်ပေးနိုင်ပါတယ်။ ရေအေးနဲ့ ရေနွေးကို ဇလုံတစ်ခုစီထဲမှာ ထည့်ထားပါ။ သန့်ရှင်းတဲ့ အဝတ်စ 2 ခုကိုလည်း ပြင်ဆင်ထားပါ။ ရေညှစ်ထားတဲ့ ရေနွေးဝတ်ကို အကြိတ်ပေါ်မှာ 10 မိနစ်လောက် ကပ်ပေးပြီးနောက် ရေအေးဝတ် ဆက်ကပ်ပေးပါ။

ရှေးနှစ်ထောင်ပေါင်းများစွာ ကတည်းက ပျားရည်ကိုလည်း သုံးစွဲခဲ့ကြပါတယ်။ အကြိတ်ကြီးတာနဲ့ နာကျင်တာကို သက်သာစေဖို့အတွက် ပျားရည်ကို သုံးစွဲနိုင်ပါတယ်။ ပျားရည်လက်ဖက်ရည်ဇွန်း 1 ဇွန်းကို ရေနွေး (သို့) လက်ဖက်ရည်ကြမ်းထဲမှာ ပျောက်ဝင်စေပြီး တိုက်ပေးခြင်းအားဖြင့် ရက်အနည်းငယ် ကြာတဲ့အခါ သက်သာလာတာကို တွေ့နိုင်ပါတယ်။

တစ်ခါတလေတော့လည်း အကြိတ်ကြီးတာ မဟုတ်ဘဲနဲ့ နားအတွင်းဘက်ကနေပြီး ဦးခေါင်းဆီကိုသွားတဲ့ ကြွက်သားတွေ တင်းတာ ဖြစ်နိုင်ပါတယ်။ အိပ်စက်တဲ့ပုံစံ မမှန်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကြွက်သားတွေ တင်းနိုင်ပါတယ်။ ဒီကြွက်သားတွေ တင်းတဲ့အခါမှာ အာရုံကြောကို ဖိမိပြီး မသက်မသာဖြစ်ခြင်း၊ နာကျင်ခြင်းနဲ့ အကြားအာရုံ ဆုံးရှုံးခြင်းတွေတောင် ဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ နားအောက်နားမှာ အနည်းငယ် ကြီးနေပြီး ထိရင်နာကျင်စေနိုင်ပါတယ်။ ဘာဖြစ်နေတယ်ဆိုတာကို သေချာသိဖို့အတွက် ဆရာဝန်သွားပြပါ။ တင်းပြီး ရောင်နေတဲ့ ကြွက်သားတွေကို ပြေလျော့စေဖို့အတွက် ကျွမ်းကျင်တဲ့သူက သေချာနှိပ်နယ်ပေးဖို့ လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top