×

“ပုရစ္ ေရာင္းတယ္….. ပုရစ္´´လို႔ သံရွည္ဆြဲေအာ္လိုက္တဲ့ အသံစူးစူးေလးတစ္ခု ကြန္ပ်ဴတာ စာစီစာ႐ိုက္လုပ္ေနတဲ့ ကြၽန္ေတာ့္ ဆိုင္ခန္းထဲကို တိုးဝင္လာပါတယ္။ မနက္ (၈) နာရီေက်ာ္ရင္ပဲ ဝယ္သူေရာ၊ ေရာင္းသူပါ မက်န္တဲ့ ေဈးေသးေသးေလးသာရွိတဲ့ ႐ြာေလးမွာ ေနာက္က်ပီးမွ ရလာတဲ့ သား၊ ငါး၊ အသီးအ႐ြက္ေတြကို ခုလိုပဲ ႐ြာထဲ ေအာ္ေရာင္းၾကတာ ဓေလ့တစ္ခုလို ျဖစ္ေနတာပါ။

ပုရစ္ တစ္ရာ ဘယ္ေဈးလဲလို႔ ေမးသံရဲ႕ အဆုံးမွာ တစ္ရာကို ေလးေထာင္ဆိုတဲ့ ေျဖသံေလးကို ထပ္ၾကားရပါတယ္။ ေလးေထာင္ေဈးနဲ႔ေတာ့ မစားေသးဘူး၊ သုံးေထာင္ေဈးနဲ႔ ရမွ စားမယ္တဲ့ ေမးသူက ေဈးဆစ္သလိုလို၊ တကိုယ္တည္း ၿငီးတြားသလိုလိုေျပာသံကို ဆက္တိုက္ၾကားရတယ္။

က်န္ေဒသေတြမွာ ပုရစ္တစ္ရာကို တစ္ေသာင္းသုံးေထာင္၊ တစ္ေသာင္းခြဲေလာက္ ေဈးရွိေနတာကို သိေနတဲ့ ကိုယ့္အဖို႔ ပုရစ္တစ္ရာကို ေလးေထာင္ဆိုတာ မမ်ားတဲ့ ေဈးမွန္း သိပါ တယ္။ ၿပီးေတာ့ ပုရစ္ရွာလို႔ ရတဲ့ နည္းေတြထဲမွာ ဒီကေလးလာေရာင္းတဲ့ အခ်ိန္ကိုတြက္ၾကည့္ေတာ့ အခက္ဆုံးနည္းနဲ႔ ရလာတယ္လို႔ ခန႔္မွန္းမိတယ္။

ကြၽန္ေတာ္တို႔ဆီမွာ ပုရစ္ရွာတဲ့ နည္းအမ်ိဳးမ်ိဳးရွိတယ္။ မိုးဦးက် ေရႀကီးတဲ့အခ်ိန္မွာ ပုရစ္တြင္းထဲကို ေရဝင္လို႔ အျပင္ ထြက္လာတဲ့ပုရစ္ကေလးေတြကို ေခ်ာင္းတဖက္ကမ္း ကိုင္းခုံ ေတြမွာ ေလွေလွာ္ၿပီး လိုက္ေကာက္တဲ့ နည္းက အလြယ္ဆုံးပါ။ အေကာင္အေရအတြက္ အမ်ားႀကီး ရတတ္ပါတယ္။ ေနာက္ၿပီး မိုးတြင္းရာသီထဲမွာပဲ ညဖက္ မီးေရာင္ ျပၿပီး ဖမ္းရတာလဲ လြယ္ပါတယ္။ မိုးအကုန္ ေဆာင္းအကူးမွာ ညဖက္ ပုရစ္တြင္းထဲ ေရေလာင္းထည့္ၿပီး ဖမ္းတဲ့နည္းလဲ လြယ္ပါတယ္။ ညဖက္အိပ္ေရးပ်က္ေတာ့ ခံရပါတယ္။ ဒီနည္းနဲ႔ ရလာတဲ့ ပုရစ္ေလးေတြက မနက္ေစာေစာ ေဈးအမီ ေရာင္းႏိုင္ၾကပါတယ္။

အခုဒီကေလး လာေရာင္းတဲ့ပုရစ္ေလးေတြက အခက္ခဲဆုံးျဖစ္တဲ့ ပုရစ္က်ိတ္ကို ေပါက္တူးနဲ႔ တူးပီး ေျမႀကီးထဲက ေဖာ္ရတဲ့နည္းပါ။ မနက္ေစာေစာ ခ်မ္းခ်မ္းစီးစီး အခ်ိန္ကတည္းက ထၿပီး ေပါက္တူးတစ္လက္ထမ္း၊ ဓါးမတိုေလး ခါးထိုးၿပီး ကိုင္းခုံေတြမွာ ပုရစ္က်ိတ္ကို ရွာတူးရပါတယ္။ လူတစ္ေယာက္ရွာရင္ တစ္မနက္စာအတြက္ အေကာင္တစ္ရာ ရတာ အမ်ားဆုံးပါပဲ။

စာနာစိတ္နဲ႔ သေရယိုတာပါ ေရာၿပီး သူ႔ပုရစ္ကို ကြၽန္ေတာ္ ဝယ္ပါတယ္။ ပိုက္ဆံေပးၿပီးလို႔ သူထြက္သြားေတာ့၊ ကြၽန္ေတာ့္ဆီမွာ စာစီလာအပ္တဲ့ အကိုက ပုရစ္ေတြကို ၾကည့္ၿပီး ေျပာပါတယ္။ အဲဒီပုရစ္ေတြက ေဆးခ်ထားတဲ့ ပုရစ္ေတြတဲ့။ မင္းၾကည့္စမ္း တစ္ေကာင္မွ အရွင္မပါဘူးတဲ့ေလ။ ဟုတ္ပါတယ္။ သူေျပာမွ ကြၽန္ေတာ္ သတိထားမိတယ္။ ပုံမွန္ဆို ဒါဏ္ရာမရွိတဲ့ ပုရစ္ေလးေတြက ယြစိယြစိနဲ႔ သြားေနၾကတာ။ တခ်ိဳ႕ဆို ခုန္ႏိုင္ၾကေသးတယ္။ ခုအားလုံး အေသပါ။ ဒီေတာ့မွ အဲ့အကိုဆက္ရွင္းျပတယ္။ အဲဒါ သန္းဒါးေဆး 10cc တစ္ထုပ္ကို ေရသန႔္ဗူးတစ္ဗူးထဲ ေဖ်ာ္ထည့္ၿပီး တုတ္စမွာ အဝတ္ပတ္၊ ေဆးရည္ကို အဝတ္စမွာ ဆြတ္ၿပီး ပုရစ္တြင္းဝမွာ ေတ့ထားတာ။ ပုရစ္က ေဆးနံ႔ မခံႏိုင္ေတာ့ဘဲ အျပင္ ထြက္လာမွ ေကာက္ဖမ္း လိုက္တာတဲ့။ ဒီနည္းနဲ႔ ရတဲ့ ပုရစ္ေတြက ေဆးဒဏ္ေၾကာင့္ ၾကာၾကာမခံဘဲ ေသေနတာ ဆိုပဲ။

ေတာ္ေတာ့ကို ၾကက္သီးထစရာ ေကာင္းပါတယ္။ သန္းဒါးဆိုတာ ကုမၸဏီအမည္ပါ။ မူရင္းေဆးအမည္က ဆိုက္ပါမီသရင္း။ စိုက္ပ်ိဳးေရးသုံး အင္းဆက္ပိုး သတ္ေဆးတစ္မ်ိဳးပါ။ တကယ္ဆို ကြၽန္ေတာ္တို႔ ဆီမွာ အသီးအႏွံေတြက ေ႐ြးၿပီးစားတတ္ရင္ ၾသဂဲနစ္ေတြ မ်ားပါတယ္။ ရာသီေပၚ မႈိ၊ မွ်စ္၊ သေဘၤာၫြန႔္ (ကတတ္႐ိုး) ၊ ေကာက္ေကာက္႐ိုး၊ သခြပ္ပြင့္…အစ၊ မန္က်ည္းႏု ..အဆုံး…ခ်ေရးျပလို႔ မကုန္ပါဘူး။ စိုက္ပ်ိဳးၿပီးမွ ရတဲ့ သီးႏွံေတြမွာေတာင္ ကန္စြန္း၊ ခ်ဥ္ေပါင္နဲ႔ မုန္လာေတြမွာ ပိုးသတ္ေဆး မသုံးၾကပါဘူး။

ပိုးသတ္ေဆးေတြရဲ႕ အႏၲရာယ္က ကြၽန္ေတာ္တို႔ေဒသမွာ ေတာ္ေတာ္ဆိုးဝါးတဲ့ အေျခအေနတစ္ခုကို ေရာက္ေနပါၿပီ။ ေဆာင္းတြင္းနဲ႔ ေႏြမွာ ဒီေရ အတက္အက်က ကြၽန္ေတာ္တို႔ ႐ြာထိေရာက္လာၿပီးဆိုရင္..။ ဒီေရနဲ႔အတူ ပုဇြန္တုပ္ ႀကီးေတြနဲ႔ ငါးႀကီးေတြက ေခ်ာင္းဖ်ားပိုင္း ေရခ်ိဳအရပ္ကို ဥခ်ဖို႔ တက္လာၾကပါတယ္။ ငါး၊ပုဇြန္ တက္ဖို႔ ဒီေရသင့္တဲ့ ရက္ဆိုရင္ (ေဒသအေခၚ ဖ်ားသင့္တယ္လို႔ ေခၚပါတယ္) ေခ်ာင္းဖ်ားဖက္က သန္းဒါးေဆး 100cc တစ္ပုလင္းကို ေဖာက္ခ်လိုက္ရင္ ဥခ်ဖို႔ တက္လာတဲ့ ေရထဲက ေက်ာ႐ိုးမဲ့ အကုန္ေသပါတယ္။ ေရထဲက ဥငယ္ေလးေတြက အစ သားေပါက္ေလးေတြအဆုံး အကုန္ေသၾကပါတယ္။ တစ္ေကာင္ကို တစ္ဆယ္သား၊ တစ္ဆယ့္ငါးက်ပ္သား ေလာက္ ပုဇြန္တုပ္ႀကီးေတြက ေဆး ဒါဏ္ေၾကာင့္ ကမ္းစပ္ကို အတင္းတိုးၾကပါတယ္။ လက္နဲ႔ အလြယ္တကူ ဖမ္းယုံပါပဲ။ ဒီေဆး ခ်ထားတဲ့ ဒီေရတစ္ပတ္ဆို ေခ်ာင္းထဲမွာ ဘာေကာင္မွ မရွိပါဘူး။ သူတို႔ လိုခ်င္တဲ့ အေကာင္ႀကီးတင္မက သားေပါက္နဲ႔ ဥေတြပါ ေသကုန္တာက အလြန္ပဲ ဝမ္းနည္းစရာေကာင္းပါတယ္။ ေနာက္ထပ္ သယံဇာတ ဆုံးရႈံးရသလို ေဂဟစနစ္ကိုလဲ ဖ်က္ဆီး လိုက္ တာပါ။

ကြၽန္ေတာ္တို႔ ေဒသမွာ ေဒသအေခၚ ငါးရိ၊ ငါးေျပာင္း၊ ငါးဝင္း ဆိုတဲ ေရခ်ိဳငါး အလြန္ေပါပါတယ္။ လြန္ခဲ့တဲ့ ႏွစ္..ႏွစ္ဆယ္ေလာက္က ဆိုရင္ ဖ်ံေတြေတာင္ရွိပါေသးတယ္။ သန္းဒါး (ဆိုက္ပါမီသရင္း) ေၾကာင့္ ပုဇြန္ေတြ ေသရတဲ့အျပင္၊ အလြန္ဉာဏ္ႀကီးတဲ့ ကိုယ့္လူမ်ိဳးေတြက ငါးအတြက္ သီးသန႔္ ေဆးတစ္မ်ိဳးကို သုံးပါတယ္။ ဟိုးအရင္ အစိုးရဆီက အင္ဒရင္း ေဆးလြယ္လြယ္ရတုန္း အခ်ိန္မွာ အင္ဒရင္းဟာ ငါးသတ္ေဆးပါ။ ခု အလြယ္မရၾကေတာ့ သိုင္အိုလစ္ ဆိုတဲ့ အမည္နဲ႔ ေဆးကိုသုံးပါတယ္။ ငါးမ်ားမ်ားရွိတဲ့ ေရအိုင္မွာ ပိုက္တန္း၊ ၿပီးတာနဲ႔ ေဆးကို ေရထဲ ခ်လိုက္ယုံပါပဲ။ ေက်ာက္ေခါင္းနဲ႔ ေရထဲက ခ်ဳံေတြထဲ ခိုေအာင္းေနတဲ့ ငါးတစ္ေကာင္မွ မေနႏိုင္ေတာ့ပါဘူး။ ႐ုန္းရင္းဆန္ခတ္ ေရေပၚ ေပၚတက္လာၿပီး ေထာင္ထားတဲ့ ပိုက္ထဲ အကုန္မိပါတယ္။ ကံေကာင္းလို႔ ပိုက္ထဲမမိတဲ့ ငါးလဲ မၾကာပါဘူး။ ေသတာပါပဲ။

ဒီနည္းနဲ႔ ငါးဖမ္း၊ပုဇြန္ရွာၾကတာက ဒီေဒသမွာ ဆယ္စုႏွစ္ တစ္ခုေလာက္ ၾကာခဲ့ပါၿပီ။ ဒီႏွစ္အတြက္လဲ အရင္ႏွစ္ေတြကလို ေခ်ာင္းထဲ ေဆးခ်ၿပီးငါး၊ ပုဇြန္ရွာၾကအုံးမွာပါ။ ခုဆို လမူး ေခ်ာင္းထဲမွာ မ်ိဳးတုန္းသြားတဲ့ ငါးေတြလဲ ရွိပါတယ္။ ငါးဝက္လို႔ေခၚတဲ့ ငါးတစ္မ်ိဳးဆို မျမင္ဘူးေတာ့တာ အေတာ္ၾကာပါၿပီ။

ဒီျပႆနာမ်ိဳးေတြဟာ ကြၽန္ေတာ္တို႔ ေဒသတစ္ခုတည္းမွာ ျဖစ္ေနတာေတာ့ မဟုတ္ဘူးလို႔ ထင္ပါတယ္။ ျမန္မာႏိုင္ငံ တစ္နံတစ္လ်ားမွာ အမ်ားအျပား ျဖစ္ေနၾကမွာပါ။ ဒီျပႆနာ ဟာ တကယ္တမ္းေျဖရွင္းမယ္ဆို ေျဖရွင္းလို႔ သိပ္မခက္တဲ့ ျပႆနာပါ။ ဒီအေျခအေန ဒီအတိုင္းဆက္သြားေနရင္ေတာ့ သဘာဝပတ္ဝန္းက်င္အတြက္တင္မကဘဲ အမ်ိဳးသား က်န္းမာေရးအတြက္ပါ ရင္ေလးမိပါတယ္ခင္ဗ်ား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Leobon Kyaw
# Unicode Version ျဖင့္ ဖတ္ပါ #
“ပုရစ် ရောင်းတယ်….. ပုရစ်´´လို့ သံရှည်ဆွဲအော်လိုက်တဲ့ အသံစူးစူးလေးတစ်ခု ကွန်ပျူတာ စာစီစာရိုက်လုပ်နေတဲ့ ကျွန်တော့် ဆိုင်ခန်းထဲကို တိုးဝင်လာပါတယ်။ မနက် (၈) နာရီကျော်ရင်ပဲ ဝယ်သူရော၊ ရောင်းသူပါ မကျန်တဲ့ ဈေးသေးသေးလေးသာရှိတဲ့ ရွာလေးမှာ နောက်ကျပီးမှ ရလာတဲ့ သား၊ ငါး၊ အသီးအရွက်တွေကို ခုလိုပဲ ရွာထဲ အော်ရောင်းကြတာ ဓလေ့တစ်ခုလို ဖြစ်နေတာပါ။

ပုရစ် တစ်ရာ ဘယ်ဈေးလဲလို့ မေးသံရဲ့ အဆုံးမှာ တစ်ရာကို လေးထောင်ဆိုတဲ့ ဖြေသံလေးကို ထပ်ကြားရပါတယ်။ လေးထောင်ဈေးနဲ့တော့ မစားသေးဘူး၊ သုံးထောင်ဈေးနဲ့ ရမှ စားမယ်တဲ့ မေးသူက ဈေးဆစ်သလိုလို၊ တကိုယ်တည်း ငြီးတွားသလိုလိုပြောသံကို ဆက်တိုက်ကြားရတယ်။

ကျန်ဒေသတွေမှာ ပုရစ်တစ်ရာကို တစ်သောင်းသုံးထောင်၊ တစ်သောင်းခွဲလောက် ဈေးရှိနေတာကို သိနေတဲ့ ကိုယ့်အဖို့ ပုရစ်တစ်ရာကို လေးထောင်ဆိုတာ မများတဲ့ ဈေးမှန်း သိပါ တယ်။ ပြီးတော့ ပုရစ်ရှာလို့ ရတဲ့ နည်းတွေထဲမှာ ဒီကလေးလာရောင်းတဲ့ အချိန်ကိုတွက်ကြည့်တော့ အခက်ဆုံးနည်းနဲ့ ရလာတယ်လို့ ခန့်မှန်းမိတယ်။

ကျွန်တော်တို့ဆီမှာ ပုရစ်ရှာတဲ့ နည်းအမျိုးမျိုးရှိတယ်။ မိုးဦးကျ ရေကြီးတဲ့အချိန်မှာ ပုရစ်တွင်းထဲကို ရေဝင်လို့ အပြင် ထွက်လာတဲ့ပုရစ်ကလေးတွေကို ချောင်းတဖက်ကမ်း ကိုင်းခုံ တွေမှာ လှေလှော်ပြီး လိုက်ကောက်တဲ့ နည်းက အလွယ်ဆုံးပါ။ အကောင်အရေအတွက် အများကြီး ရတတ်ပါတယ်။ နောက်ပြီး မိုးတွင်းရာသီထဲမှာပဲ ညဖက် မီးရောင် ပြပြီး ဖမ်းရတာလဲ လွယ်ပါတယ်။ မိုးအကုန် ဆောင်းအကူးမှာ ညဖက် ပုရစ်တွင်းထဲ ရေလောင်းထည့်ပြီး ဖမ်းတဲ့နည်းလဲ လွယ်ပါတယ်။ ညဖက်အိပ်ရေးပျက်တော့ ခံရပါတယ်။ ဒီနည်းနဲ့ ရလာတဲ့ ပုရစ်လေးတွေက မနက်စောစော ဈေးအမီ ရောင်းနိုင်ကြပါတယ်။

အခုဒီကလေး လာရောင်းတဲ့ပုရစ်လေးတွေက အခက်ခဲဆုံးဖြစ်တဲ့ ပုရစ်ကျိတ်ကို ပေါက်တူးနဲ့ တူးပီး မြေကြီးထဲက ဖော်ရတဲ့နည်းပါ။ မနက်စောစော ချမ်းချမ်းစီးစီး အချိန်ကတည်းက ထပြီး ပေါက်တူးတစ်လက်ထမ်း၊ ဓါးမတိုလေး ခါးထိုးပြီး ကိုင်းခုံတွေမှာ ပုရစ်ကျိတ်ကို ရှာတူးရပါတယ်။ လူတစ်ယောက်ရှာရင် တစ်မနက်စာအတွက် အကောင်တစ်ရာ ရတာ အများဆုံးပါပဲ။

စာနာစိတ်နဲ့ သရေယိုတာပါ ရောပြီး သူ့ပုရစ်ကို ကျွန်တော် ဝယ်ပါတယ်။ ပိုက်ဆံပေးပြီးလို့ သူထွက်သွားတော့၊ ကျွန်တော့်ဆီမှာ စာစီလာအပ်တဲ့ အကိုက ပုရစ်တွေကို ကြည့်ပြီး ပြောပါတယ်။ အဲဒီပုရစ်တွေက ဆေးချထားတဲ့ ပုရစ်တွေတဲ့။ မင်းကြည့်စမ်း တစ်ကောင်မှ အရှင်မပါဘူးတဲ့လေ။ ဟုတ်ပါတယ်။ သူပြောမှ ကျွန်တော် သတိထားမိတယ်။ ပုံမှန်ဆို ဒါဏ်ရာမရှိတဲ့ ပုရစ်လေးတွေက ယွစိယွစိနဲ့ သွားနေကြတာ။ တချို့ဆို ခုန်နိုင်ကြသေးတယ်။ ခုအားလုံး အသေပါ။ ဒီတော့မှ အဲ့အကိုဆက်ရှင်းပြတယ်။ အဲဒါ သန်းဒါးဆေး 10cc တစ်ထုပ်ကို ရေသန့်ဗူးတစ်ဗူးထဲ ဖျော်ထည့်ပြီး တုတ်စမှာ အဝတ်ပတ်၊ ဆေးရည်ကို အဝတ်စမှာ ဆွတ်ပြီး ပုရစ်တွင်းဝမှာ တေ့ထားတာ။ ပုရစ်က ဆေးနံ့ မခံနိုင်တော့ဘဲ အပြင် ထွက်လာမှ ကောက်ဖမ်း လိုက်တာတဲ့။ ဒီနည်းနဲ့ ရတဲ့ ပုရစ်တွေက ဆေးဒဏ်ကြောင့် ကြာကြာမခံဘဲ သေနေတာ ဆိုပဲ။

တော်တော့ကို ကြက်သီးထစရာ ကောင်းပါတယ်။ သန်းဒါးဆိုတာ ကုမ္ပဏီအမည်ပါ။ မူရင်းဆေးအမည်က ဆိုက်ပါမီသရင်း။ စိုက်ပျိုးရေးသုံး အင်းဆက်ပိုး သတ်ဆေးတစ်မျိုးပါ။ တကယ်ဆို ကျွန်တော်တို့ ဆီမှာ အသီးအနှံတွေက ရွေးပြီးစားတတ်ရင် သြဂဲနစ်တွေ များပါတယ်။ ရာသီပေါ် မှို၊ မျှစ်၊ သင်္ဘောညွန့် (ကတတ်ရိုး) ၊ ကောက်ကောက်ရိုး၊ သခွပ်ပွင့်…အစ၊ မန်ကျည်းနု ..အဆုံး…ချရေးပြလို့ မကုန်ပါဘူး။ စိုက်ပျိုးပြီးမှ ရတဲ့ သီးနှံတွေမှာတောင် ကန်စွန်း၊ ချဉ်ပေါင်နဲ့ မုန်လာတွေမှာ ပိုးသတ်ဆေး မသုံးကြပါဘူး။

ပိုးသတ်ဆေးတွေရဲ့ အန္တရာယ်က ကျွန်တော်တို့ဒေသမှာ တော်တော်ဆိုးဝါးတဲ့ အခြေအနေတစ်ခုကို ရောက်နေပါပြီ။ ဆောင်းတွင်းနဲ့ နွေမှာ ဒီရေ အတက်အကျက ကျွန်တော်တို့ ရွာထိရောက်လာပြီးဆိုရင်..။ ဒီရေနဲ့အတူ ပုဇွန်တုပ် ကြီးတွေနဲ့ ငါးကြီးတွေက ချောင်းဖျားပိုင်း ရေချိုအရပ်ကို ဥချဖို့ တက်လာကြပါတယ်။ ငါး၊ပုဇွန် တက်ဖို့ ဒီရေသင့်တဲ့ ရက်ဆိုရင် (ဒေသအခေါ် ဖျားသင့်တယ်လို့ ခေါ်ပါတယ်) ချောင်းဖျားဖက်က သန်းဒါးဆေး 100cc တစ်ပုလင်းကို ဖောက်ချလိုက်ရင် ဥချဖို့ တက်လာတဲ့ ရေထဲက ကျောရိုးမဲ့ အကုန်သေပါတယ်။ ရေထဲက ဥငယ်လေးတွေက အစ သားပေါက်လေးတွေအဆုံး အကုန်သေကြပါတယ်။ တစ်ကောင်ကို တစ်ဆယ်သား၊ တစ်ဆယ့်ငါးကျပ်သား လောက် ပုဇွန်တုပ်ကြီးတွေက ဆေး ဒါဏ်ကြောင့် ကမ်းစပ်ကို အတင်းတိုးကြပါတယ်။ လက်နဲ့ အလွယ်တကူ ဖမ်းယုံပါပဲ။ ဒီဆေး ချထားတဲ့ ဒီရေတစ်ပတ်ဆို ချောင်းထဲမှာ ဘာကောင်မှ မရှိပါဘူး။ သူတို့ လိုချင်တဲ့ အကောင်ကြီးတင်မက သားပေါက်နဲ့ ဥတွေပါ သေကုန်တာက အလွန်ပဲ ဝမ်းနည်းစရာကောင်းပါတယ်။ နောက်ထပ် သယံဇာတ ဆုံးရှုံးရသလို ဂေဟစနစ်ကိုလဲ ဖျက်ဆီး လိုက် တာပါ။

ကျွန်တော်တို့ ဒေသမှာ ဒေသအခေါ် ငါးရိ၊ ငါးပြောင်း၊ ငါးဝင်း ဆိုတဲ ရေချိုငါး အလွန်ပေါပါတယ်။ လွန်ခဲ့တဲ့ နှစ်..နှစ်ဆယ်လောက်က ဆိုရင် ဖျံတွေတောင်ရှိပါသေးတယ်။ သန်းဒါး (ဆိုက်ပါမီသရင်း) ကြောင့် ပုဇွန်တွေ သေရတဲ့အပြင်၊ အလွန်ဉာဏ်ကြီးတဲ့ ကိုယ့်လူမျိုးတွေက ငါးအတွက် သီးသန့် ဆေးတစ်မျိုးကို သုံးပါတယ်။ ဟိုးအရင် အစိုးရဆီက အင်ဒရင်း ဆေးလွယ်လွယ်ရတုန်း အချိန်မှာ အင်ဒရင်းဟာ ငါးသတ်ဆေးပါ။ ခု အလွယ်မရကြတော့ သိုင်အိုလစ် ဆိုတဲ့ အမည်နဲ့ ဆေးကိုသုံးပါတယ်။ ငါးများများရှိတဲ့ ရေအိုင်မှာ ပိုက်တန်း၊ ပြီးတာနဲ့ ဆေးကို ရေထဲ ချလိုက်ယုံပါပဲ။ ကျောက်ခေါင်းနဲ့ ရေထဲက ချုံတွေထဲ ခိုအောင်းနေတဲ့ ငါးတစ်ကောင်မှ မနေနိုင်တော့ပါဘူး။ ရုန်းရင်းဆန်ခတ် ရေပေါ် ပေါ်တက်လာပြီး ထောင်ထားတဲ့ ပိုက်ထဲ အကုန်မိပါတယ်။ ကံကောင်းလို့ ပိုက်ထဲမမိတဲ့ ငါးလဲ မကြာပါဘူး။ သေတာပါပဲ။

ဒီနည်းနဲ့ ငါးဖမ်း၊ပုဇွန်ရှာကြတာက ဒီဒေသမှာ ဆယ်စုနှစ် တစ်ခုလောက် ကြာခဲ့ပါပြီ။ ဒီနှစ်အတွက်လဲ အရင်နှစ်တွေကလို ချောင်းထဲ ဆေးချပြီးငါး၊ ပုဇွန်ရှာကြအုံးမှာပါ။ ခုဆို လမူး ချောင်းထဲမှာ မျိုးတုန်းသွားတဲ့ ငါးတွေလဲ ရှိပါတယ်။ ငါးဝက်လို့ခေါ်တဲ့ ငါးတစ်မျိုးဆို မမြင်ဘူးတော့တာ အတော်ကြာပါပြီ။

ဒီပြဿနာမျိုးတွေဟာ ကျွန်တော်တို့ ဒေသတစ်ခုတည်းမှာ ဖြစ်နေတာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ အများအပြား ဖြစ်နေကြမှာပါ။ ဒီပြဿနာ ဟာ တကယ်တမ်းဖြေရှင်းမယ်ဆို ဖြေရှင်းလို့ သိပ်မခက်တဲ့ ပြဿနာပါ။ ဒီအခြေအနေ ဒီအတိုင်းဆက်သွားနေရင်တော့ သဘာဝပတ်ဝန်းကျင်အတွက်တင်မကဘဲ အမျိုးသား ကျန်းမာရေးအတွက်ပါ ရင်လေးမိပါတယ်ခင်ဗျား။

ဖိုးသူတော် (www.phothutaw.com)
Credit: Leobon Kyaw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top