ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ခ်စ္သူအေပၚ အခ်စ္ႀကီးေလ သဝန္ပိုတိုေလပါပဲ ေယာင္းတို႔ေရ။ ဒါေပမဲ့ ခက္တာက သဝန္တိုျပတာ တစ္ခါတေလ ခ်စ္ဖို႔ေကာင္းေပမယ့္ အၿမဲသဝန္တိုျပေနတဲ့အခါက်ေတာ့ တစ္ဘက္လူက မြန္းၾကပ္တတ္ပါတယ္တဲ့ေလ။ ဒီေတာ့ တစ္ဘက္လူလည္း မမြန္းၾကပ္ေအာင္ ေယာင္းတို႔လည္း အထာက်က် သဝန္တိုႏိုင္မယ့္ နည္းလမ္းေလးေတြကို အက္မင့္အေတြ႔အၾကံဳေလးေတြနဲ႔ ေပါင္းၿပီး ေဖာ္ျပေပးလိုက္ပါတယ္။

(၁) တိတ္ဆိတ္မႈနဲ႔ ဆႏၵျပပါ

ဒီနည္းလမ္းက ဘယ္သူေတြအတြက္ေကာင္းလဲဆိုေတာ့ ပံုမွန္ဆို အၿမဲနားတပူပူ ပက်စ္ပက်စ္ေျပာတတ္တဲ့ ေယာင္းေလးေတြ၊ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ေယာင္းေလးေတြအတြက္ သင့္ေလ်ာ္ပါတယ္။ ဆိုၾကပါစို႔ ေယာင္းေကာင္ေလးက သူ႔ရံုးက ေကာင္မေလးတစ္ေယာက္နဲ႔ပဲျဖစ္ျဖစ္ သူငယ္ခ်င္းမိတ္ေဆြ ေကာင္မေလးနဲ႔ပဲျဖစ္ျဖစ္ မုန္႔တူတူသြားစားတဲ့အခါမ်ိဳးမွာ ေယာင္း သဝန္တိုမိမွာ အေသခ်ာပါပဲ။ ဒါေပမဲ့ အဲ့လိုသြားလို႔ဆိုၿပီး တစ္ဘက္လူကို ဆံပင္သြားေဆာင့္ဆြဲလို႔လည္းမရ။ သြားေျပာလို႔လည္းမရဘူးေလ။ ေျပာေတာ့မွ အရြဲ႕တိုက္ၿပီး ျပန္လုပ္ခ်လိုက္ရင္ မေကာင္းဘူးရယ္။ ဒါေၾကာင့္ အဲ့လို ဝုန္းဝုန္းဒိုင္းဒိုင္းေတြမလုပ္ဘဲနဲ႔ ေယာင္းခ်စ္သူ ဖုန္းဆက္လာတဲ့အခါပဲျဖစ္ျဖစ္၊ အျပင္မွာေတြ႔တဲ့အခါပဲျဖစ္ျဖစ္ စကားမေျပာဘဲ မ်က္ႏွာညိွဳးညွိဳးနဲ႔ေနေနလိုက္ပါ။ ပံုမွန္တက္တက္ၾကြၾကြေနတတ္တဲ့ ေယာင္းက တိတ္ဆိတ္သြားတဲ့အခါ ေယာင္းခ်စ္သူကေမးမွာ အေသခ်ာပါပဲ။ ခ်စ္ ဘာျဖစ္ေနတာလဲ၊
ေနမေကာင္းဘူးလား ဘာညာသရကာ။ အဲ့က် ခ်က္ခ်င္းမေျပာနဲ႔ဦး။ ဟင့္အင္းမျဖစ္ပါဘူးဆိုၿပီး ဝမ္းနည္းေနတဲ့အသံေလးနဲ႔ ျပန္ေျပာ။ ခ်စ္သူက မဟုတ္ပါဘူးကြာ ခ်စ္တစ္ခုခုျဖစ္ေနပါတယ္လို႔ ျပန္ေျပာလိမ့္မယ္ အဲ့က်မွ ဘာလို႔ ဝမ္းနည္းရတယ္ဆိုတာေလးကို ေလခ်ိဳေလးနဲ႔ ရွင္းျပပါ။ ဒီနည္းလမ္းကို ခဏခဏေတာ့ မသံုးပါနဲ႔။ သူ႐ိုးသြားပါလိမ့္မယ္။

(၂) မုန္းတဲ့သူကို မုန္႔တစ္ခ်ပ္ပိုေကၽြးပါ။

မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းဆိုတဲ့ စကားပံုေတာင္ ရွိေသးတယ္ေနာ္။ ေယာင္း သဝန္တိုေနတဲ့ ေကာင္မေလးကို အမုန္းစကားေတြ၊ စြပ္စြဲစကားေတြ ေျပာေနမယ့္အစား သူနဲ႔ ခင္ေအာင္ ေပါင္းပါ။ သူနဲ႔ခင္ေအာင္ ေပါင္းေလ သူ႔အေၾကာင္းေတြကို ပိုနားလည္လာၿပီး သူ႔ကို သဝန္တိုမိတဲ့အေၾကာင္းရင္းေတြ႔လာပါလိမ့္မယ္။ ဒါမွမဟုတ္လည္း သူ႔မွာ မရွိတဲ့အရာေတြ သင့္ဆီမွာရွိေနတာကို ေတြ႔မိပါလိမ့္မယ္။ ရန္သူကို ေဝးေဝးမွာထားတာထက္ အနီးမွာထားၿပီး ေျခလွမ္းေတြကို ေစာင့္ၾကည့္တာက ေယာင္းအတြက္ အခ်ိန္ကုန္သက္သာေစပါတယ္။ ေျပာလို႔ေတာ့မရဘူးေလေနာ္ ေယာင္း သဝန္တိုေနတဲ့သူကလည္း ေနာက္ဆံုးမွာ ေယာင္း သူငယ္ခ်င္းျဖစ္သြားႏိုင္တာပဲမဟုတ္လား။

(၃) ကိုယ့္ကိုယ္ကိုယ္ အလွဆံုးျဖစ္ေအာင္ေနပါ။

တစ္ပါးသူကို အခ်ိန္တိုင္း လိုက္သဝန္လိုက္တိုေနလို႔ အလွျပင္ခ်ိန္စိတ္၊ အလွျပင္ခ်ိန္ မရွိတာမ်ိဳးမျဖစ္ပါေစနဲ႔။ ေယာင္းဘာသာ အၿမဲေၾကာ့ေကာ့ေနေအာင္ေနပါ။ ရန္သူအတြက္ အခ်ိန္ကုန္ေနမယ့္အစား ေယာင္းအတြက္ အခ်ိန္သံုးလိုက္ပါ။ ပံုမွန္ထက္ အလွေတြျပင္ပါ။ အဝတ္အစားလွလွေလးေတြဝတ္ပါ။ အလွဆံုးျပင္ပါဆိုတာမွာ ရုပ္ရည္တစ္ခုတည္းသာမက အရည္အခ်င္းလည္းပါပါတယ္ေနာ္။ သဝန္တိုေနရလို႔ စိတ္တို၊ ေဒါသထြက္ေနရ၊ ငိုေနရတာထက္စာရင္ ေယာင္းမွာရွိတဲ့ အရည္အခ်င္းထက္ ပိုေတာ္ ပိုထက္ျမက္ေအာင္ ႀကိဳးစားပါ။ ေယာင္းက တကၠသိုလ္ေက်ာင္းသူဆိုရင္ စာ ပိုေတာ္ေအာင္၊ လုပ္ငန္းခြင္ဝင္ေနတာဆိုရင္ လုပ္ငန္းခြင္မွာ ပိုေတာ္လာေအာင္ အင္တိုက္အားတိုက္ ႀကိဳးစားပါ။ ဒါမွ ကိုယ့္အတြက္လည္း အက်ိဳးရွိေတာ့ တစ္ခ်က္ခုတ္၊ ႏွစ္ခ်က္ျပတ္ ျဖစ္မယ္မဟုတ္လား။ ေယာင္းခ်စ္သူက စိတ္ယိုင္ေနမယ္ဆိုရင္ေတာင္ ေယာင္းဘက္ကို ျပန္ယိုင္နိုင္လာပါတယ္။

(၄) မ်ားမ်ားၿပံဳးပါ။

အၿပံဳးတစ္ပြင့္ဟာ အဓိပၸာယ္မ်ားစြာရွိတယ္လို႔ဆိုၾကပါတယ္။ သဝန္တိုတယ္ဆိုၿပီး ပါးစပ္က တစီစီေျပာေနတာထက္ သဝန္တိုတဲ့အခါ အလွဆံုးအျပံဳးတစ္ပြင့္သာ ဖန္ဆင္းလိုက္ပါ။ အၿပံဳးက ေယာင္းရဲ႕ခံစားခ်က္ေတြကို ဖံုးကြယ္ေပးထားႏိုင္ပါတယ္။ ၿပံဳးတာက ဘာေကာင္းလဲဆိုေတာ့ တစ္ဘက္လူကို ငါ့မွာ သဝန္တိုဖို႔ မအားေသးဘူး၊ ငါ့စိတ္ငါ ခ်ဳပ္ထိန္းႏိုင္တယ္ ဆိုတဲ့ အထင္ႀကီးမႈျဖစ္ေစပါတယ္။ ဒါေပမယ့္ ပံုမွန္ထက္ ၿပံဳးေနတဲ့အခါမွာ ေဘးပတ္ဝန္းက်င္က လူေတြကို သူ ဘာလို႔ အဲ့ေလာက္ၿပံဳးေနလဲဆိုတဲ့ သို႔ေလာသို႔ေလာ အေတြးေတြလည္း ဝင္ေစႏိုင္ပါတယ္။ ၿပံဳးတာက ဘာေကာင္းေသးလဲဆိုေတာ့ အေရးအေၾကာင္းျဖစ္တာကိုလည္း သက္သာေစပါတယ္တဲ့..

(၅) သဝန္တိုခ်ိန္မွာ သဝန္တုိတဲ့အေၾကာင္းမေျပာပါနဲ႔။

သဝန္တိုေနတဲ့အခ်ိန္မွာ ေယာင္းစိတ္က ဘယ္လိုမွ ပံုမွန္ျဖစ္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ေယာင္းရင္ထဲ အပူမီးေတြကို အရင္ၿငိမ္းပါ။ ၿငိမ္းေလာက္ၿပီဆုိတဲ့ေန႔ေလာက္မွ ေယာင္းခ်စ္သူကို ခ်ိန္းပါ။ ကိုေရ ခ်စ္ ဟိုေန႔ကနဲ႔ ပတ္သက္ၿပီး ေျပာစရာရွိတယ္၊ ဒီေန႔ ဒီရက္ေတြ႔ၿပီး ပြင့္ပြင့္လင္းလင္း ေဆြးေႏြးလို႔ရမလားလို႔ေမးပါ။ ခ်ိန္းတဲ့အခါမွာလည္း ေယာင္းခ်စ္သူ အားမအား၊ စိတ္ရႈပ္ေနလား၊ အလုပ္ရႈပ္ေနလားစတဲ့အခ်က္ေတြပါ ထည့္သြင္းစဥ္းစားပါ။ မဟုတ္ရင္ သူက စိတ္ရႈပ္စရာလို႔ထင္သြားပါလိမ့္မယ္။ ေျပာတဲ့အခါမွာလည္း ေသေသခ်ာခ်ာ ေျပာျပပါ။ ကိုေရ ခ်စ္ကေတာ့ ဒီလိုသဝန္တိုမိတယ္ဆိုၿပီး ကိုယ္ သဝန္တိုရတဲ့အေၾကာင္းရင္းကို ေသခ်ာ ေလးေလးနက္နက္ရွင္းျပပါ။ အေပးအယူလုပ္သင့္တန္လုပ္ပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ ႀကိဳးေလ်ွာ့ေပးစရာရွိ ေလ်ာ့ေပးပါ။
ေအးေဆး ေဆြးေႏြးတဲ့အခါ သူလည္း ေယာင္းဆံုးျဖတ္ခ်က္ကို ေလးစားပါလိမ့္မယ္။

ကဲကဲ ဒီေလာက္ဆိုရင္ေတာ့ အထာက်က် သဝန္တိုတတ္ၿပီထင္ပါရဲ႕။ ကေလးတုန္းကလို ေပါက္ကြဲၿပီး သဝန္မတိုၾကနဲ႔ေတာ့ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myat ( For Her Myanmar )
# Unicode Version ျဖင့္ ဖတ္ပါ #
ချစ်သူအပေါ် အချစ်ကြီးလေ သဝန်ပိုတိုလေပါပဲ ယောင်းတို့ရေ။ ဒါပေမဲ့ ခက်တာက သဝန်တိုပြတာ တစ်ခါတလေ ချစ်ဖို့ကောင်းပေမယ့် အမြဲသဝန်တိုပြနေတဲ့အခါကျတော့ တစ်ဘက်လူက မွန်းကြပ်တတ်ပါတယ်တဲ့လေ။ ဒီတော့ တစ်ဘက်လူလည်း မမွန်းကြပ်အောင် ယောင်းတို့လည်း အထာကျကျ သဝန်တိုနိုင်မယ့် နည်းလမ်းလေးတွေကို အက်မင့်အတွေ့အကြုံလေးတွေနဲ့ ပေါင်းပြီး ဖော်ပြပေးလိုက်ပါတယ်။

(၁) တိတ်ဆိတ်မှုနဲ့ ဆန္ဒပြပါ

ဒီနည်းလမ်းက ဘယ်သူတွေအတွက်ကောင်းလဲဆိုတော့ ပုံမှန်ဆို အမြဲနားတပူပူ ပကျစ်ပကျစ်ပြောတတ်တဲ့ ယောင်းလေးတွေ၊ ပျော်ပျော်နေတတ်တဲ့ ယောင်းလေးတွေအတွက် သင့်လျော်ပါတယ်။ ဆိုကြပါစို့ ယောင်းကောင်လေးက သူ့ရုံးက ကောင်မလေးတစ်ယောက်နဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေ ကောင်မလေးနဲ့ပဲဖြစ်ဖြစ် မုန့်တူတူသွားစားတဲ့အခါမျိုးမှာ ယောင်း သဝန်တိုမိမှာ အသေချာပါပဲ။ ဒါပေမဲ့ အဲ့လိုသွားလို့ဆိုပြီး တစ်ဘက်လူကို ဆံပင်သွားဆောင့်ဆွဲလို့လည်းမရ။ သွားပြောလို့လည်းမရဘူးလေ။ ပြောတော့မှ အရွဲ့တိုက်ပြီး ပြန်လုပ်ချလိုက်ရင် မကောင်းဘူးရယ်။ ဒါကြောင့် အဲ့လို ဝုန်းဝုန်းဒိုင်းဒိုင်းတွေမလုပ်ဘဲနဲ့ ယောင်းချစ်သူ ဖုန်းဆက်လာတဲ့အခါပဲဖြစ်ဖြစ်၊ အပြင်မှာတွေ့တဲ့အခါပဲဖြစ်ဖြစ် စကားမပြောဘဲ မျက်နှာညှိုးညှိုးနဲ့နေနေလိုက်ပါ။ ပုံမှန်တက်တက်ကြွကြွနေတတ်တဲ့ ယောင်းက တိတ်ဆိတ်သွားတဲ့အခါ ယောင်းချစ်သူကမေးမှာ အသေချာပါပဲ။ ချစ် ဘာဖြစ်နေတာလဲ၊
နေမကောင်းဘူးလား ဘာညာသရကာ။ အဲ့ကျ ချက်ချင်းမပြောနဲ့ဦး။ ဟင့်အင်းမဖြစ်ပါဘူးဆိုပြီး ဝမ်းနည်းနေတဲ့အသံလေးနဲ့ ပြန်ပြော။ ချစ်သူက မဟုတ်ပါဘူးကွာ ချစ်တစ်ခုခုဖြစ်နေပါတယ်လို့ ပြန်ပြောလိမ့်မယ် အဲ့ကျမှ ဘာလို့ ဝမ်းနည်းရတယ်ဆိုတာလေးကို လေချိုလေးနဲ့ ရှင်းပြပါ။ ဒီနည်းလမ်းကို ခဏခဏတော့ မသုံးပါနဲ့။ သူရိုးသွားပါလိမ့်မယ်။

(၂) မုန်းတဲ့သူကို မုန့်တစ်ချပ်ပိုကျွေးပါ။

မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ စကားပုံတောင် ရှိသေးတယ်နော်။ ယောင်း သဝန်တိုနေတဲ့ ကောင်မလေးကို အမုန်းစကားတွေ၊ စွပ်စွဲစကားတွေ ပြောနေမယ့်အစား သူနဲ့ ခင်အောင် ပေါင်းပါ။ သူနဲ့ခင်အောင် ပေါင်းလေ သူ့အကြောင်းတွေကို ပိုနားလည်လာပြီး သူ့ကို သဝန်တိုမိတဲ့အကြောင်းရင်းတွေ့လာပါလိမ့်မယ်။ ဒါမှမဟုတ်လည်း သူ့မှာ မရှိတဲ့အရာတွေ သင့်ဆီမှာရှိနေတာကို တွေ့မိပါလိမ့်မယ်။ ရန်သူကို ဝေးဝေးမှာထားတာထက် အနီးမှာထားပြီး ခြေလှမ်းတွေကို စောင့်ကြည့်တာက ယောင်းအတွက် အချိန်ကုန်သက်သာစေပါတယ်။ ပြောလို့တော့မရဘူးလေနော် ယောင်း သဝန်တိုနေတဲ့သူကလည်း နောက်ဆုံးမှာ ယောင်း သူငယ်ချင်းဖြစ်သွားနိုင်တာပဲမဟုတ်လား။

(၃) ကိုယ့်ကိုယ်ကိုယ် အလှဆုံးဖြစ်အောင်နေပါ။

တစ်ပါးသူကို အချိန်တိုင်း လိုက်သဝန်လိုက်တိုနေလို့ အလှပြင်ချိန်စိတ်၊ အလှပြင်ချိန် မရှိတာမျိုးမဖြစ်ပါစေနဲ့။ ယောင်းဘာသာ အမြဲကြော့ကော့နေအောင်နေပါ။ ရန်သူအတွက် အချိန်ကုန်နေမယ့်အစား ယောင်းအတွက် အချိန်သုံးလိုက်ပါ။ ပုံမှန်ထက် အလှတွေပြင်ပါ။ အဝတ်အစားလှလှလေးတွေဝတ်ပါ။ အလှဆုံးပြင်ပါဆိုတာမှာ ရုပ်ရည်တစ်ခုတည်းသာမက အရည်အချင်းလည်းပါပါတယ်နော်။ သဝန်တိုနေရလို့ စိတ်တို၊ ဒေါသထွက်နေရ၊ ငိုနေရတာထက်စာရင် ယောင်းမှာရှိတဲ့ အရည်အချင်းထက် ပိုတော် ပိုထက်မြက်အောင် ကြိုးစားပါ။ ယောင်းက တက္ကသိုလ်ကျောင်းသူဆိုရင် စာ ပိုတော်အောင်၊ လုပ်ငန်းခွင်ဝင်နေတာဆိုရင် လုပ်ငန်းခွင်မှာ ပိုတော်လာအောင် အင်တိုက်အားတိုက် ကြိုးစားပါ။ ဒါမှ ကိုယ့်အတွက်လည်း အကျိုးရှိတော့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် ဖြစ်မယ်မဟုတ်လား။ ယောင်းချစ်သူက စိတ်ယိုင်နေမယ်ဆိုရင်တောင် ယောင်းဘက်ကို ပြန်ယိုင်နိုင်လာပါတယ်။

(၄) များများပြုံးပါ။

အပြုံးတစ်ပွင့်ဟာ အဓိပ္ပာယ်များစွာရှိတယ်လို့ဆိုကြပါတယ်။ သဝန်တိုတယ်ဆိုပြီး ပါးစပ်က တစီစီပြောနေတာထက် သဝန်တိုတဲ့အခါ အလှဆုံးအပြုံးတစ်ပွင့်သာ ဖန်ဆင်းလိုက်ပါ။ အပြုံးက ယောင်းရဲ့ခံစားချက်တွေကို ဖုံးကွယ်ပေးထားနိုင်ပါတယ်။ ပြုံးတာက ဘာကောင်းလဲဆိုတော့ တစ်ဘက်လူကို ငါ့မှာ သဝန်တိုဖို့ မအားသေးဘူး၊ ငါ့စိတ်ငါ ချုပ်ထိန်းနိုင်တယ် ဆိုတဲ့ အထင်ကြီးမှုဖြစ်စေပါတယ်။ ဒါပေမယ့် ပုံမှန်ထက် ပြုံးနေတဲ့အခါမှာ ဘေးပတ်ဝန်းကျင်က လူတွေကို သူ ဘာလို့ အဲ့လောက်ပြုံးနေလဲဆိုတဲ့ သို့လောသို့လော အတွေးတွေလည်း ဝင်စေနိုင်ပါတယ်။ ပြုံးတာက ဘာကောင်းသေးလဲဆိုတော့ အရေးအကြောင်းဖြစ်တာကိုလည်း သက်သာစေပါတယ်တဲ့..

(၅) သဝန်တိုချိန်မှာ သဝန်တိုတဲ့အကြောင်းမပြောပါနဲ့။

သဝန်တိုနေတဲ့အချိန်မှာ ယောင်းစိတ်က ဘယ်လိုမှ ပုံမှန်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ယောင်းရင်ထဲ အပူမီးတွေကို အရင်ငြိမ်းပါ။ ငြိမ်းလောက်ပြီဆိုတဲ့နေ့လောက်မှ ယောင်းချစ်သူကို ချိန်းပါ။ ကိုရေ ချစ် ဟိုနေ့ကနဲ့ ပတ်သက်ပြီး ပြောစရာရှိတယ်၊ ဒီနေ့ ဒီရက်တွေ့ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရမလားလို့မေးပါ။ ချိန်းတဲ့အခါမှာလည်း ယောင်းချစ်သူ အားမအား၊ စိတ်ရှုပ်နေလား၊ အလုပ်ရှုပ်နေလားစတဲ့အချက်တွေပါ ထည့်သွင်းစဉ်းစားပါ။ မဟုတ်ရင် သူက စိတ်ရှုပ်စရာလို့ထင်သွားပါလိမ့်မယ်။ ပြောတဲ့အခါမှာလည်း သေသေချာချာ ပြောပြပါ။ ကိုရေ ချစ်ကတော့ ဒီလိုသဝန်တိုမိတယ်ဆိုပြီး ကိုယ် သဝန်တိုရတဲ့အကြောင်းရင်းကို သေချာ လေးလေးနက်နက်ရှင်းပြပါ။ အပေးအယူလုပ်သင့်တန်လုပ်ပါ။ တစ်ယောက်နဲ့တစ်ယောက် ကြိုးလျှော့ပေးစရာရှိ လျော့ပေးပါ။
အေးဆေး ဆွေးနွေးတဲ့အခါ သူလည်း ယောင်းဆုံးဖြတ်ချက်ကို လေးစားပါလိမ့်မယ်။

ကဲကဲ ဒီလောက်ဆိုရင်တော့ အထာကျကျ သဝန်တိုတတ်ပြီထင်ပါရဲ့။ ကလေးတုန်းကလို ပေါက်ကွဲပြီး သဝန်မတိုကြနဲ့တော့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myat ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top