ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

UEHRD အစီအစဥ္ ျဖင့္ ေက်ာက္ျဖဴၿမိဳ႕ရွိ ေရာဂါေ၀ဒ ရွင္မ်ားကုိ အထူးကုဆရာ၀န္ႀကီး မ်ားက အခမဲ့ေဆး၀ါးကုသမႈ သုံးရက္ၾကာ ေဆာင္ရြက္ေပးမည္ဟု ေက်ာက္ျဖဴခ႐ုိင္ ျပည္သူ႔ေဆး႐ုံ အုပ္ႀကီး ေဒါက္တာေနလင္းက ေျပာသည္။

ေဆးကုသမည့္ အစီအစဥ္ ကို ဧၿပီ ၂၇ မွ ၂၉ ရက္အထိ ေက်ာက္ျဖဴခ႐ုိင္  ျပည္သူ႔ေဆး႐ုံတြင္ ေဆာင္ရြက္မည္ျဖစ္ၿပီး ေဆးကု သမႈခံယူရန္ လာေရာက္သူမ်ား အတြက္ စားေသာက္ေရးပါ အ လွဴရွင္မ်ားက စီစဥ္ထားေၾကာင္း ၎ကဆုိသည္။

‘‘ေက်ာက္ျဖဴ ေဆး႐ုံက ခု တင္ ၂၀၀ ဆံ့ ေဆး႐ုံႀကီးျဖစ္တဲ့ အတြက္ အထူးကုဆရာ၀န္ေတြ စုံပါတယ္။ ဒါေပမဲ့ အခုလာမယ့္ ဆရာ၀န္ႀကီးေတြက ပညာေရာ၊ သမၻာေရာရင့္တာရယ္။ ပါေမာကၡဆရာ၀န္ႀကီးေတြ ျဖစ္တာေၾကာင့္ ကြၽမ္းကြၽမ္းက်င္က်င္ ကုသႏုိင္မယ္’’ ဟု ေဒါက္တာ ေနလင္းက ေျပာသည္။

ယခုကဲ့သို႔ အထူးကုဆရာ ၀န္ႀကီးမ်ား ေက်ာက္ျဖဴၿမိဳ႕သို႔ လာေရာက္ကုသျခင္းျဖင့္ ေငြေၾကး မတတ္ႏုိင္သူမ်ားႏွင့္ ရန္ကုန္ၿမိဳ႕သို႔ သြားေရာက္ျပသရမည့္ လူနာမ်ားအတြက္ ခရီးစရိတ္ အကုန္အက် သက္သာမည္ဟု ေဒါက္တာ ေနလင္းက ဆက္လက္ေျပာၾကားသည္။

 ‘‘ဆင္းရဲပင္ပန္းတဲ့ ရခိုင္ ျပည္သူေတြအတြက္ အခုလို အခ မဲ့ေဆးကုသမႈေတြက အမွန္တ ကယ္လုိအပ္ေနတာ ျဖစ္ပါတယ္။ ဒီလိုမ်ဳိး အခမဲ့ေဆးကုသမႈေတြ တျခား ၿမိဳ႕နယ္ေတြမွာလည္း ေဆာင္ရြက္ေပးသင့္ပါတယ္’’ဟု ေက်ာက္ျဖဴၿမိဳ႕ခံကိုေနာင္ေနာင္ က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
UEHRD အစီအစဉ် ဖြင့် ကျောက်ဖြူမြို့ရှိ ရောဂါဝေဒ ရှင်များကို အထူးကုဆရာဝန်ကြီး များက အခမဲ့ဆေးဝါးကုသမှု သုံးရက်ကြာ ဆောင်ရွက်ပေးမည်ဟု ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာနေလင်းက ပြောသည်။

ဆေးကုသမည့် အစီအစဉ် ကို ဧပြီ ၂၇ မှ ၂၉ ရက်အထိ ကျောက်ဖြူခရိုင်  ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်မည်ဖြစ်ပြီး ဆေးကု သမှုခံယူရန် လာရောက်သူများ အတွက် စားသောက်ရေးပါ အ လှူရှင်များက စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

‘‘ကျောက်ဖြူ ဆေးရုံက ခု တင် ၂၀၀ ဆံ့ ဆေးရုံကြီးဖြစ်တဲ့ အတွက် အထူးကုဆရာဝန်တွေ စုံပါတယ်။ ဒါပေမဲ့ အခုလာမယ့် ဆရာဝန်ကြီးတွေက ပညာရော၊ သမ္ဘာရောရင့်တာရယ်။ ပါမောက္ခဆရာဝန်ကြီးတွေ ဖြစ်တာကြောင့် ကျွမ်းကျွမ်းကျင်ကျင် ကုသနိုင်မယ်’’ ဟု ဒေါက်တာ နေလင်းက ပြောသည်။

ယခုကဲ့သို့ အထူးကုဆရာ ဝန်ကြီးများ ကျောက်ဖြူမြို့သို့ လာရောက်ကုသခြင်းဖြင့် ငွေကြေး မတတ်နိုင်သူများနှင့် ရန်ကုန်မြို့သို့ သွားရောက်ပြသရမည့် လူနာများအတွက် ခရီးစရိတ် အကုန်အကျ သက်သာမည်ဟု ဒေါက်တာ နေလင်းက ဆက်လက်ပြောကြားသည်။

 ‘‘ဆင်းရဲပင်ပန်းတဲ့ ရခိုင် ပြည်သူတွေအတွက် အခုလို အခ မဲ့ဆေးကုသမှုတွေက အမှန်တ ကယ်လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး အခမဲ့ဆေးကုသမှုတွေ တခြား မြို့နယ်တွေမှာလည်း ဆောင်ရွက်ပေးသင့်ပါတယ်’’ဟု ကျောက်ဖြူမြို့ခံကိုနောင်နောင် က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top