ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

အိမ္ေထာင္ရွိရွိ မရွိရွိ ဒီစာေလးကို ဖတ္ၾကည့္သင့္ပါတယ္

ကၽြန္ေတာ့္ဇနီး ညစာျပင္ဆင္ေနတဲ့အခ်ိန္မွာ ကၽြန္ေတာ္အိမ္ျပန္ေရာက္ခဲ့ပါတယ္။ သူရဲ႕လက္ကုိ ကိုင္ျပီး ကၽြန္ေတာ္ေျပာလုိက္တယ္။

“မင္းကိုငါ ေျပာစရာရွိတယ္”
သူကေတာ့ တိတ္တိတ္ဆိတ္ဆိတ္ထုိင္ေနျပီး ညစာစားေနခဲ့ပါတယ္။ သူ႔ရဲ႕မ်က္လုံးေတြထဲမွာ နာက်င္မႈကို ေတြ႕ျမင္ေနရပါတယ္။

ကၽြန္ေတာ္ဘယ္ကစေျပာရမွန္းေတာင္မသိဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ဘာေတြ ေတြးေနတယ္ ဆုိတာကို သူ႕ကိုေျပာရမွာပါ။

ကၽြန္ေတာ္ သူ႕ကို ကြာရွင္းဖုိ႕ ကိစၥေပါ့။ တည္တည္ျငိမ္ျငိမ္ပဲ ကၽြန္ေတာ္စေျပာခဲ့တယ္။ သူ႕ကိုၾကည့္ရတာေတာ့ ကၽြန္ေတာ့္စကားလုံးေတြ ကို စိတ္ပ်က္ေနပုံမေတြ႕ရဘူး။ ကၽြန္ေတာ့္ကို ႏူးညံ့စြာပဲ ေမးခဲ့ပါတယ္။ “ဘာေၾကာင့္လဲ” တဲ့။

သူ႕ေမးခြန္းကို မေျဖဘဲ စကားလႊဲလုိက္ပါတယ္။ အဲဒါေၾကာင့္ပဲ သူေဒါသထြက္သြားတယ္။ လက္ထဲကိုင္ထားတဲ့ တူေတြကို လႊင့္ပစ္ျပီး ကၽြန္ေတာ့္ကိုေအာ္တယ္။

“နင္ေယာက္က်ားမဟုတ္ဘူးလား”
အဲဒီညက ကၽြန္ေတာ္တုိ႕ စကားမေျပာျဖစ္ၾကေတာ့ပါဘူး။

သူကေတာ့ ငိုပဲ ငိုေနခဲ့ပါေတာ့တယ္။ ကၽြန္ေတာ္တုိ႕ရဲ႕ အိမ္ ေထာင္သည္ဘဝမွာ ဘာမွားယြင္းေနလဲ သူေတြးေနမယ္ဆုိတာ ကၽြန္ေတာ္သိပါတယ္။

ဒါေပမယ့္ သူေက်နပ္မယ့္အေျဖမ်ဳိး ကၽြန္ေတာ္မေပးနိဳင္တာ ခက္တယ္။ ကၽြန္ေတာ္ ဂ်ိန္းကို ခ်စ္မိေနလုိ႕ သူ႕ကိုဆက္မခ်စ္နိဳင္ေတာ့တာပါ။

သူ႕ကို ကရုဏာသက္ရုံကလြဲလုိ႕ ကၽြန္ေတာ္ဘာမွ မတတ္နိဳင္ေတာ့ပါဘူး။

ကိုယ့္ကိုကိုယ္ အျပစ္ေတာ္ေတာ္ၾကီးတယ္လုိ႕ ခံစားေနရင္းပဲ ကြာရွင္းဖုိ႕ သေဘာတူညီခ်က္ေတြကို ကၽြန္ေတာ္ေရးခဲ့ပါတယ္။

သူဟာ လက္ရွိအိမ္ရယ္ ကားရယ္ ကၽြန္ေတာ့္ကုမၸဏီက ရွယ္ယာ ၃၀% ရယ္ကို ရမွာျဖစ္ပါတယ္။

သူကေတာ့ အဲဒီသေဘာတူညီခ်က္ကုိ ျဖတ္ကနဲ တစ္ခ်က္ၾကည့္ျပီး အပိုင္းပုိင္္းအစစ စုတ္ျဖဲပစ္လုိက္ပါတယ္။

ကၽြန္ေတာ္နဲ႕ ဆယ္ႏွစ္လုံးလုံးေပါင္းသင္းလာတဲ့ မိန္းမျဖစ္ေပမယ့္ ၾကည့္ရင္းၾကည့္ရင္း သူစိမ္းဆန္လာသလုိ ခံစားရပါတယ္။

ကၽြန္ေတာ္ သူ႕ရဲ႕ အခ်ိန္ေတြ၊ စြမ္းအင္ေတြကို ျဖဳန္းတီးသလုိ ျဖစ္ခဲ့တာကို ဝမ္းနည္းေပမယ့္ ဂ်ိန္းကို ႏူးညံ့ျငင္သာစြာ ေျပာခဲ့တဲ့ ခ်စ္တယ္ဆုိတဲ့ စကားကို ေတာ့ ျပန္မရုတ္သိမ္းနိဳင္ေတာ့ပါဘူး။

ေနာက္ဆုံးေတာ့ သူဟာ ကၽြန္ေတာ့္ေရွ႕မွာ ကၽြန္ေတာ္ေမွ်ာ္လင့္ ထားခဲ့သလုိ က်ယ္ေလာင္စြာ ငိုေၾကြးပါေတာ့တယ္။

သူဒီလုိ ငုိေနတာက ကၽြန္ေတာ့္ကို သက္သာရာ ရေစပါတယ္။ ကၽြန္ေတာ့္စိတ္ထဲမွာ ရက္သတၱပတ္ေပါင္းမ်ားစြာ တႏုံ႕ႏုံ႕ျဖစ္ေနခဲ့တဲ့ ကြာရွင္းျခင္းဟာ ခုေတာ့ ပုိမုိရွင္းလင္းခုိင္မာလာပါျပီ။

ေနာက္တစ္ေန႕မွာ ကၽြန္ေတာ္အိမ္ကို ေတာ္ေတာ္ေနာက္က်မွ ျပန္လာေတာ့ သူ႕မွာကို စားပြဲမွာ ထုိင္ျပီး စာေရးေနတာေတြ႕ရပါတယ္။

ကၽြန္ေတာ္ညစာ မစားခဲ့ရေသးေပမယ့္ တစ္ေန႕ကုန္ ဂ်ိန္းနဲ႕ စီစဥ္စရာရွိတာ ေတြ စီစဥ္ခဲ့ရေတာ့ ျမန္ျမန္အနားယူခ်င္တာပဲ သိပါတယ္။

ကၽြန္ေတာ္ တစ္ေရးနိဳးလာေတာ့ သူ႕ကို စားပြဲ မွာပဲ စာေရးေနတာ ေတြ႕တယ္။ သိပ္စိတ္မဝင္စားလုိ႕ ဟုိဖက္လွည့္ျပီး ဆက္အိပ္ခဲ့ပါတယ္။

မနက္ေရာက္ေတာ့ ကြာရွင္းျခင္းအတြက္ သူ႕ဖက္က ေတာင္းဆုိခ်က္ေတြကို ကၽြန္ေတာ့ကို ျပပါတယ္။

သူ ကၽြန္ေတာ့္ဆီက ဘာမွမလုိခ်င္ပါဘူး။ ဒါေပမယ့္ မကြာရွင္းခင္ တစ္လၾကိဳတင္ အေၾကာင္းၾကားဖုိ႕ ေတာင္းဆုိပါတယ္။

ျပီးေတာ့ အဲလုိ ေတာင္းဆုိျပီး တစ္လအတြင္းမွာ သာမန္ ဘာမွမျဖစ္သလုိ ေနထုိင္ဖုိ႕ လည္း သူကေတာင္းဆုိပါတယ္။ သူ႕ရဲ႕ အေၾကာင္းျပခ်က္ကေတာ့ ရွင္းပါတယ္။

ေရွ႕လမွာ ကၽြန္ေတာ္တုိ႕ သားရဲ႕ စာေမးပြဲရွိတယ္။ ကၽြန္ေတာ္တုိ႕ရဲ႕ ကြာရွင္းျပတ္စဲမႈေၾကာင့္ သားရဲ႕ပညာေရးကို မထိခုိက္ေစခ်င္ တာပါပဲ။

ဒါကို ကၽြန္ေတာ္လက္ခံနိဳင္ပါတယ္။ ဒါေပမယ့္ သူ႕ဖက္ကေတာင္းဆုိတာ ေနာက္ထပ္ရွိပါေသးတယ္။

သူ ေတာင္းဆုိတာက ကၽြန္ေတာ္တုိ႕ မဂၤလာေဆာင္တဲ့ေန႕က သတုိ႕သမီးဝတ္စုံလဲခန္းထဲကေန သူ႕ကို ေပြ႕ခ်ီျပီးေခၚထုတ္ခဲ့သလုိ ျပန္သရုပ္ေဆာင္ေပးဖုိ႕ပါပဲ။

အဲဒီတစ္လအတြင္းမွာ ေန႕တုိင္းေန႕တိုင္း ကၽြန္ေတာ္တုိ႕ အခန္းထဲကေန အိမ္ေရွ႕တံခါးထိ သူ႕ကိုေပြ႕ခ်ီျပီး ေခၚထုတ္ဖုိ႕ပါပဲ။

ကၽြန္ေတာ္ ထင္လုိက္တာကေတာ့ သူရူးေနျပီဆုိတာပါပဲ။ ကၽြန္ေတာ့္တုိ႕ရဲ႕ ေနာက္ဆုံး လတစ္လကို အတူတူသည္းခံမွာပဲေလ ဆုိျပီးေတာ့ ဒီေတာင္းဆုိခ်က္ကိုလည္း ကၽြန္ေတာ္ လက္ခံလုိက္ပါတယ္။

ဂ်ိန္းကို ကၽြန္ေတာ့္ဇနီးရဲ႕ ေတာင္းဆုိခ်က္ေတြကို ေျပာျပလုိက္တယ္။ ဂ်ိန္းက ေအာ္ရယ္ျပီး ေတာ္ေတာ္ ကို႕ရုိးကားယားနိဳင္တာပဲ လုိ႕ေျပာပါတယ္။

ကၽြန္ေတာ့္ဇနီး ဘာလွည့္ကြက္ေတြပဲ လုပ္ေနလုပ္ေန ဒီကြာရွင္း မႈကို ရင္ဆုိင္မွာပဲလုိ႕ အေရးမစိုက္သလုိေျပာပါတယ္။

ကၽြန္ေတာ္ေရာ ကၽြန္ေတာ့္ဇနီးေရာ ကြာရွင္းမႈမလုပ္ရေသးသ၍ ဘယ္သူ႕ကုိမွ အဆက္အသြယ္ သိပ္မလုပ္ေတာ့ပါဘူး။

ပထမဆုံး သူ႕ကို အခန္းထဲက ေပြ႕ခ်ီျပီးေခၚထုတ္ရမယ့္ေန႕မွာ ကၽြန္ေတာ္တုိ႕ ႏွစ္ေယာက္လုံး အခ်ိဳးမေျပတဲ့ပုံစံေပါက္ေနပါတယ္။

သားကေတာ့ ကၽြန္ေတာ့္တုိ႕ ေနာက္ကေန ေဖ့ေဖ့ကေမေမ့ကို ေပြ႕ထားတယ္ကြဆုိျပီး လက္ခုပ္ေတြတီးေနပါေတာ့တယ္။ သားရဲ႕ စကားလုံးေတြက ကၽြန္ေတာ့္ကို နာက်င္ေစပါတယ္။

အိပ္ခန္းထဲကေနထြက္တယ္၊ ဧည့္ခန္းကိုျဖတ္တယ္၊ ျပီးေတာ့ တံခါးဆီကိုသြားတယ္။ သူ႕ကို ေပြ႕ခ်ီျပီး ဆယ္မီတာေလာက္ ကၽြန္ေတာ္ လမ္းေလွ်ာက္ခဲ့ပါတယ္။

သူကေတာ့ မ်က္လုံးေတြမွိတ္ထားျပီး ကြာရွင္းမယ့္အေၾကာင္း သားေလးကို မေျပာဖုိ႕ တုိးတုိးေလး ကၽြန္ေတာ့္ကို ေျပာေနပါတယ္။

ကၽြန္ေတာ့္ေခါင္းငိုက္စုိက္က်သြားျပီး တစ္စုံတစ္ခုကို စိတ္ပ်က္သလုိ ခံစားရပါတယ္။ အိမ္ျပင္ေရာက္ေတာ့ သူ႕ကိုေအာက္ခ်ေပးလုိက္ပါတယ္။

သူက အလုပ္သြားဖုိ႕ ဘတ္စ္ကားမွတ္တုိင္ဆီ လမ္းေလွ်ာက္သြားပါတယ္။ ကၽြန္ေတာ္ကေတာ့ ရုံးကို ကားေမာင္းလာခဲ့ပါတယ္။

ဒုတိယေန႕မွာေတာ့ ကၽြန္ေတာ္တုိ႕ ႏွစ္ေယာက္စလုံး သရုပ္ေဆာင္ရတာ ပိုလြယ္လာပါျပီ။ သူက ကၽြန္ေတာ့ ရင္အုံေပၚမွာ မွီထားပါတယ္။

သူ႕ရဲ႕ ဘေလာက္စ္အက်ီၤက ရနံ႕ေလးေတြေတာင္ ကၽြန္ေတာ္ ရေနခဲ့ပါတယ္။ ကၽြန္ေတာ္ဒီမိန္းမကို ေသခ်ာမၾကည့္ျဖစ္တာ ေတာ္ေတာ္ေတာင္ ၾကာေနျပီ ဆုိတာလည္း သတိထားမိတယ္။

ထပ္ျပီးသတိထားမိေတာ့တာကေတာ့ သူ မငယ္ေတာ့ဘူး ဆုိတာပါပဲ။ သူ႕ရဲ႕မ်က္ႏွာ ေပၚမွာ အေရးအေၾကာင္းေတြ ေတြ႕ေနရပါျပီ။

သူ႕ဆံပင္ကလည္း ခပ္မြဲမြဲျဖစ္ေနပါျပီ။ ကၽြန္ေတာ္တုိ႕ရဲ႕ အိမ္ေထာင္သည္ဘဝက သူ႕ကို ဒါမ်ဳိးျဖစ္ေစတာလားဆုိတာ ကၽြန္ေတာ္စဥ္းစားေနမိပါေတာ့တယ္။

စတုတၳေျမာက္ေန႕မွာေတာ့ သူ႕ကိုစျပီး ေပြ႕ခ်ီလုိက္ခ်ိန္မွာပဲ ရင္းႏွီးတဲ့စိတ္ခံစားမႈတစ္ခု ျပန္ရလုိက္ပါတယ္။

ဒီမိန္းမဟာ သူ႕ဘဝရဲ႕ ဆယ္ႏွစ္တာကာလကို ကၽြန္ေတာ့္ကို ေပးခဲ့တာပဲ။ ပဥၥမေျမာက္ေန႕နဲ႕ ဆဌမေျမာက္ေန႕မွာလည္း ကၽြန္ေတာ္တုိ႕ ၾကားထဲက ရင္းႏွီးမႈဟာ ပိုမုိၾကီးမားလာခဲ့တာကို ခံစားရပါတယ္။

ဒီအေၾကာင္းေတြကိုေတာ့ ကၽြန္ေတာ္ ဂ်ိန္းကို မေျပာျဖစ္ပါဘူး။ သူ႕ကို ေပြ႕ခ်ီျပီးလမ္းေလွ်ာက္ရတာ တစ္ေန႕ထက္တစ္ေန႕ ပိုမုိ ေပါ့ပါးလာသလုိခံစားရပါတယ္။

ေန႕စဥ္လုပ္ေနရတာဆုိေတာ့ အက်င့္ျဖစ္သြားတယ္ ထင္ပါရဲ႕။

တစ္ေန႕မနက္ခင္းမွာေတာ့ သူဘာဝတ္ရမလဲ ေရြးေနပါတယ္။ ဝတ္စုံ ေလးငါးစုံ လဲၾကည့္ျပီးတာေတာင္ သူမေက်နပ္ေသးဘူး။ ျပီးေတာ့ သူသက္ျပင္းျပီးေျပာတယ္။

“ငါ့အက်ီေတြအားလုံးက ၾကီးကုန္ျပီဟယ္”
အဲဒီမွာ ကၽြန္ေတာ္သတိထားမိတာက သူေတာ္ေတာ္ပိန္သြားတယ္ဆုိတာပဲ။

ေအာ္… ဒါေၾကာင့္ သူ႕ကို ေပြ႕ခ်ီျပီးလမ္းေလွ်ာက္ရတာ တျဖည္းျဖည္းေပါ့လာတာကိုး။

ရုတ္တရက္ ျဖတ္အရိုက္ခံရသလုိ ခံစားလုိက္ရတယ္။ သူဟာ နာက်င္မႈေတြနဲ႕ ခါးသီးမႈေတြကို သူ႕ႏွလုံးသား ထဲမွာပဲ သိမ္းထားတာကိုး။

ဘာလုပ္မိမွန္းမသိလုိက္ခင္ပဲ ကၽြန္ေတာ္ သူ႕အနားေရာက္သြားျပီး သူ႕ေခါင္းကို အသာအယာထိလုိက္မိတယ္။

အဲဒီအခ်ိန္မွာပဲ သားက ဝင္လာျပီး ေျပာတယ္။
“ေဖေဖေရ… ေမ့ေမ့ကို ေပြ႕ေခၚရမယ့္ အခ်ိန္ေရာက္ျပီေလ”

သားအတြက္ကေတာ့ သူ႕ေဖေဖက သူ႕ေမေမကို ေပြ႕ျပီးေခၚထုတ္တာဟာ သူ႕ရဲ႕ ဘဝအစိတ္အပိုင္း တစ္ခုလုိ႕ လက္ခံထားပုံရပါတယ္။

ကၽြန္ေတာ့္ဇနီးက သားကို လက္ယပ္ေခၚျပီး ခပ္တင္းတင္းေပြ႕ဖက္ ထားပါေတာ့တယ္။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ္ကေတာ့ မ်က္ႏွာလႊဲထားခဲ့ပါတယ္။

ဘာလုိ႕လဲဆုိေတာ့ အဲဒီအခ်ိန္ေလးအတြင္းမွာ ကၽြန္ေတာ့္စိတ္ေျပာင္းလဲသြားမွာ စိုးလုိ႕ပါပဲ။ အဲဒါျပီးေတာ့ ကၽြန္ေတာ္ သူ႕ကို ေပြ႕ခ်ီလုိက္ပါတယ္၊ ျပီးေတာ့ အခန္းထဲက လမ္းေလွ်ာက္ထြက္ခဲ့တယ္၊ ဧည့္ခန္းကိုျဖတ္ျပီး အိမ္ေရွ႕တံခါးထိ ေပါ့။

သူ႕ရဲ႕လက္တစ္ဖက္က ကၽြန္ေတာ့္လည္္ပင္းကို ညင္ညင္သာသာနဲ႕ ဘာမွမျဖစ္သလုိ ေပြ႕ဖက္ထားပါတယ္။

ကၽြန္ေတာ္ သူ႕ရဲ႕ ခႏၶာကိုယ္ကို တင္းတင္းၾကပ္ၾကပ္ ေပြ႕ထားပါတယ္။ ဒါဟာ ကၽြန္ေတာ္တုိ႕ မဂၤလာေဆာင္တဲ့ ေန႕ကအတုိင္း အတိအက်ပါပဲ။

ဒါေပမယ့္ သူ႕ရဲ႕ ပိုမုိေပါ့ပါးလာတဲ့ ကိုယ္ခႏၶာက ကၽြန္ေတာ့္ကို ဝမ္းနည္းေစပါတယ္။ ေနာက္ဆုံးေန႕ေရာက္လုိ႕ သူ႕ကို ေပြ႕လုိက္တဲ့အခ်ိန္မွာေတာ့ ကၽြန္ေတာ္ဟာ ေျခလွမ္းတုိင္း ေျခလွမ္းတုိင္း ကို ခက္ခက္ခဲခဲ လွမ္းေနရပါေတာ့တယ္။

သားကေတာ့ ေက်ာင္းသြားပါျပီ။ ကၽြန္ေတာ္သူ႕ကို တင္းတင္းၾကပ္ၾကပ္ေပြ႕ျပီး ေျပာလုိက္တယ္။

“ငါတုိ႕ၾကားတဲ့က ရင္းႏွီးခ်စ္ခင္မႈေတြ ေပ်ာက္ပ်က္သြားမွာ ငါမလုိခ်င္ေတာ့ဘူး”

အဲလုိေျပာျပီးေတာ့ ရုံးကို ခ်က္ခ်င္းကားေမာင္းလာခဲ့တယ္။ ကားထဲက ခပ္ျမနျ္မန္ခုန္ထြက္တယ္။ ကားတံခါးေတာင္ ေလာ့မခ်မိဘူး။

ဒီအခ်ိန္မွာ ေႏွာင့္ေႏွးမႈတစ္ခုခုက ကၽြန္ေတာ့္စိတ္ကို ေျပာင္းလဲသြားမွာ ကၽြန္ေတာ္ ေၾကာက္လုိ႕ပါပဲ။ ကၽြန္ေတာ္ ရုံးအေပၚထပ္ကို တက္သြားတယ္။ ဂ်ိန္းရဲ႕အခန္းတံခါးကို ဖြင့္ျပီး ဂ်ိန္းကို ေျပာလုိက္တယ္။

“ေဆာရီပါ ဂ်ိန္းရယ္… ငါမကြာရွင္းေတာ့ဘူး”

ဂ်ိန္းက ကၽြန္ေတာ့္ကုိအံ့အားတသင့္နဲ႕ၾကည့္တယ္။ ျပီးေတာ့ ကၽြန္ေတာ့္နဖူးကို စမ္းျပီးေမးတယ္။

“ေနေကာင္းရဲ႕လား”

ကၽြန္ေတာ္္ နဖူးေပၚက ဂ်ိန္းရဲ႕လက္ကိုဆြဲဖယ္လုိက္ပါတယ္။

“ေဆာရီး ဂ်ိန္း… ငါမကြာရွင္းနိဳင္ေတာ့ဘူး” လုိ႕ ကၽြန္ေတာ္ေျပာလုိက္တယ္။

“ငါ့ရဲ႕ အိမ္ေထာင္သည္ဘဝဟာ ငါနဲ႕ ငါ့ဇနီး တစ္ေယာက္ကို တစ္ေယာက္ မခ်စ္ေတာ့လုိ႕ ပ်င္းစရာ ေကာင္းေနတာမဟုတ္ပါဘူးဟာ။

ငါတုိ႕ ဘဝရဲ႕ တန္ဖုိးကို ငါတုိ႕ နားမလည္ခဲ့လုိ႕ပါ။ အခုငါသေဘာေပါက္ သြားျပီ။ သူ႕ကို ငါတုိ႕ မဂၤေဆာင္တဲ့ေန႕ကလုိ အခန္းထဲကေန ေပြ႕ခ်ီျပီး ေန႕တုိင္း ေခၚထုတ္သြားေတာ့မယ္။

ငါတုိ႕ ေသခြဲခြဲရတဲ့ ေန႕အထိေပါ့ဟာ။” လုိ႕ ကၽြန္ေတာ္ဆက္ေျပာလုိက္တယ္။

ဂ်ိန္း က ရုတ္တရက္ အိပ္ရာကနိဳးထလာသူလုိျဖစ္သြားပါတယ္။ ကၽြန္ေတာ့္ကို ဖ်န္းခနဲရုိက္လုိက္တယ္။ ျပီးေတာ့ တံခါးကို ေဆာင့္ပိတ္သြားျပီး အၾကီးအက်ယ္ငိုေၾကြးေနပါေတာ့တယ္။

ကၽြန္ေတာ္ ကေတာ့ ေအာက္ထပ္ကို ျပန္ဆင္းလာျပီး ကားေလွ်ာက္ေမာင္းေနမိပါေတာ့တယ္။ လမ္းမွာေတြ႕တဲ့ ပန္းဆိုင္မွာ ဇနီးသည္အတြက္ ပန္းျခင္းတစ္ျခင္း ဝင္မွာခဲ့ပါေသးတယ္။

အေရာင္းစာေရးမေလးက ကဒ္ေပၚမွာ ဘယ္လုိေရးေပးရမလဲ လုိ႕ ေမးေတာ့ ကၽြန္ေတာ္ျပဳံးျပီးေျဖလုိက္တယ္။

“ငါတုိ႕ မေသမခ်င္း မင္းကိုေန႕စဥ္ အခန္းထဲကေန ေပြ႕ခ်ီျပီး ေခၚထုတ္သြားပါ့မယ္” လုိ႕ေပါ့ဗ်ာ။

အဲဒီညေန အိမ္ျပန္ေရာက္ေတာ့ ကၽြန္ေတာ့္လက္ထဲမွာက ပန္းေတြနဲ႕ ကၽြန္ေတာ့မ်က္ႏွာေပၚမွာက အျပဳံးေတြနဲ႕ေပါ့ဗ်ာ။

ေလွကားထစ္ေတြကို ကၽြန္ေတာ္ေျပးတက္လာတယ္။ ဒါေပမယ့္ အဲလုိ ေျပးတက္လာခဲ့တာဟာ အိပ္ခန္းထဲက ေသဆုံးသြားျပီျဖစ္တဲ့ ဇနီးရဲ႕ ခႏၶာကိုယ္ကို ၾကည့္ဖုိ႕သက္သက္ျဖစ္ လာပါေတာ့တယ္။ ဟုတ္ပါတယ္။

တကယ္ေတာ့ ဇနီးသည္ဟာ ကင္ဆာေရာဂါကို ခံစားေနခဲ့ရတာ လေပါင္းမ်ားစြာ ၾကာျမင့္ေနခဲ့ပါျပီ။ ကၽြန္ေတာ္ကသာ အလုပ္ေတြမ်ားလြန္းလို႕ သတိမထားမိခဲ့တာ။

သူကေတာ့ သူမေသခင္မွာ သားကကၽြန္ေတာ့္အေပၚ အဆုိးျမင္သြားမွာ လုံးဝမလုိလားခဲ့ဘူးေလ။

ကၽြန္ေတာ္တုိ႕ ကြာရွင္းျဖစ္ခဲ့သည့္တုိင္ေအာင္ သားရဲ႕ အျမင္မွာ ကၽြန္ေတာ္ဟာ ေယာက္က်ားေကာင္း တစ္ေယာက္ ျဖစ္ေနေစခ်င္ခဲ့တယ္။

ကဲ… သင့္ဘဝမွာ ဘာအေရးၾကီးလဲ သင္သိေလာက္ပါျပီ။ ဘဝမွာ ေပ်ာ္ရႊင္မႈေတြ သယ္ယူလာနိဳင္တာ ဘာေတြလဲ။

အိမ္ေကာင္းေကာင္းမဟုတ္ဘူး၊ ကားေကာင္းေကာင္းမဟုတ္ဘူး၊ ပစၥည္းဥစၥာေတြ ပိုက္ဆံေတြ လည္းမဟုတ္ပါဘူး။

အဲဒါေတြက ပတ္ဝန္းက်င္ကို ေပ်ာ္စရာျဖစ္ေအာင္ေတာ့ လုပ္ေပးပါတယ္။ ဒါေပမယ့္ သူတုိ႕ကိုယ္တုိင္ကေတာ့ ေပ်ာ္စရာေတြ မေပးစြမ္းနိဳင္ပါဘူးေလ။

ဒါေၾကာင့္ သင့္အိမ္ေထာင္ဖက္ရဲ႕ သူငယ္ခ်င္းတစ္ေယာက္လုိ ရင္းႏွီးခင္မင္မႈေလးေတြ တည္ေဆာက္လုိက္ပါ။ သင့္္ရဲ႕ အိမ္ေထာင္သည္ဘဝသာယာနိဳင္ပါေစ။

ဒီစာကို သင္ျပန္လည္ မမွ်ေဝလည္း ဘာမွ ျဖစ္သြားမွာ မဟုတ္ပါဘူး။

မွ်ေဝလုိက္ရင္ေတာ့ သင္ဟာ အိမ္ေထာင္သည္ဘဝတစ္ခုကို ကယ္တင္လုိက္နိဳင္တာပါပဲ။

ေပးဆပ္လုိက္ရင္ ဘာေတြေအာင္ျမင္နိဳင္မလဲဆုိတာ မသိတဲ့ လူေတြပဲ က်ရႈံးၾကတာပါ။

မူရင္းစာေရးဆရာ အမည္မသိပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေပါက္က်ဳိင္းဆန္း
#Unicode Version#
အိမ်ထောင်ရှိရှိ မရှိရှိ ဒီစာလေးကို ဖတ်ကြည့်သင့်ပါတယ်

ကျွန်တော့်ဇနီး ညစာပြင်ဆင်နေတဲ့အချိန်မှာ ကျွန်တော်အိမ်ပြန်ရောက်ခဲ့ပါတယ်။ သူရဲ့လက်ကို ကိုင်ပြီး ကျွန်တော်ပြောလိုက်တယ်။

“မင်းကိုငါ ပြောစရာရှိတယ်”
သူကတော့ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေပြီး ညစာစားနေခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးတွေထဲမှာ နာကျင်မှုကို တွေ့မြင်နေရပါတယ်။

ကျွန်တော်ဘယ်ကစပြောရမှန်းတောင်မသိဘူး။ ဒါပေမယ့် ကျွန်တော်ဘာတွေ တွေးနေတယ် ဆိုတာကို သူ့ကိုပြောရမှာပါ။

ကျွန်တော် သူ့ကို ကွာရှင်းဖို့ ကိစ္စပေါ့။ တည်တည်ငြိမ်ငြိမ်ပဲ ကျွန်တော်စပြောခဲ့တယ်။ သူ့ကိုကြည့်ရတာတော့ ကျွန်တော့်စကားလုံးတွေ ကို စိတ်ပျက်နေပုံမတွေ့ရဘူး။ ကျွန်တော့်ကို နူးညံ့စွာပဲ မေးခဲ့ပါတယ်။ “ဘာကြောင့်လဲ” တဲ့။

သူ့မေးခွန်းကို မဖြေဘဲ စကားလွှဲလိုက်ပါတယ်။ အဲဒါကြောင့်ပဲ သူဒေါသထွက်သွားတယ်။ လက်ထဲကိုင်ထားတဲ့ တူတွေကို လွှင့်ပစ်ပြီး ကျွန်တော့်ကိုအော်တယ်။

“နင်ယောက်ကျားမဟုတ်ဘူးလား”
အဲဒီညက ကျွန်တော်တို့ စကားမပြောဖြစ်ကြတော့ပါဘူး။

သူကတော့ ငိုပဲ ငိုနေခဲ့ပါတော့တယ်။ ကျွန်တော်တို့ရဲ့ အိမ်ထောင်သည်ဘဝမှာ ဘာမှားယွင်းနေလဲ သူတွေးနေမယ်ဆိုတာ ကျွန်တော်သိပါတယ်။

ဒါပေမယ့် သူကျေနပ်မယ့်အဖြေမျိုး ကျွန်တော်မပေးနိုင်တာ ခက်တယ်။ ကျွန်တော် ဂျိန်းကို ချစ်မိနေလို့ သူ့ကိုဆက်မချစ်နိုင်တော့တာပါ။

သူ့ကို ကရုဏာသက်ရုံကလွဲလို့ ကျွန်တော်ဘာမှ မတတ်နိုင်တော့ပါဘူး။

ကိုယ့်ကိုကိုယ် အပြစ်တော်တော်ကြီးတယ်လို့ ခံစားနေရင်းပဲ ကွာရှင်းဖို့ သဘောတူညီချက်တွေကို ကျွန်တော်ရေးခဲ့ပါတယ်။

သူဟာ လက်ရှိအိမ်ရယ် ကားရယ် ကျွန်တော့်ကုမ္ပဏီက ရှယ်ယာ ၃၀% ရယ်ကို ရမှာဖြစ်ပါတယ်။

သူကတော့ အဲဒီသဘောတူညီချက်ကို ဖြတ်ကနဲ တစ်ချက်ကြည့်ပြီး အပိုင်းပိုင်းအစစ စုတ်ဖြဲပစ်လိုက်ပါတယ်။

ကျွန်တော်နဲ့ ဆယ်နှစ်လုံးလုံးပေါင်းသင်းလာတဲ့ မိန်းမဖြစ်ပေမယ့် ကြည့်ရင်းကြည့်ရင်း သူစိမ်းဆန်လာသလို ခံစားရပါတယ်။

ကျွန်တော် သူ့ရဲ့ အချိန်တွေ၊ စွမ်းအင်တွေကို ဖြုန်းတီးသလို ဖြစ်ခဲ့တာကို ဝမ်းနည်းပေမယ့် ဂျိန်းကို နူးညံ့ငြင်သာစွာ ပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့ စကားကို တော့ ပြန်မရုတ်သိမ်းနိုင်တော့ပါဘူး။

နောက်ဆုံးတော့ သူဟာ ကျွန်တော့်ရှေ့မှာ ကျွန်တော်မျှော်လင့် ထားခဲ့သလို ကျယ်လောင်စွာ ငိုကြွေးပါတော့တယ်။

သူဒီလို ငိုနေတာက ကျွန်တော့်ကို သက်သာရာ ရစေပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ရက်သတ္တပတ်ပေါင်းများစွာ တနုံ့နုံ့ဖြစ်နေခဲ့တဲ့ ကွာရှင်းခြင်းဟာ ခုတော့ ပိုမိုရှင်းလင်းခိုင်မာလာပါပြီ။

နောက်တစ်နေ့မှာ ကျွန်တော်အိမ်ကို တော်တော်နောက်ကျမှ ပြန်လာတော့ သူ့မှာကို စားပွဲမှာ ထိုင်ပြီး စာရေးနေတာတွေ့ရပါတယ်။

ကျွန်တော်ညစာ မစားခဲ့ရသေးပေမယ့် တစ်နေ့ကုန် ဂျိန်းနဲ့ စီစဉ်စရာရှိတာ တွေ စီစဉ်ခဲ့ရတော့ မြန်မြန်အနားယူချင်တာပဲ သိပါတယ်။

ကျွန်တော် တစ်ရေးနိုးလာတော့ သူ့ကို စားပွဲ မှာပဲ စာရေးနေတာ တွေ့တယ်။ သိပ်စိတ်မဝင်စားလို့ ဟိုဖက်လှည့်ပြီး ဆက်အိပ်ခဲ့ပါတယ်။

မနက်ရောက်တော့ ကွာရှင်းခြင်းအတွက် သူ့ဖက်က တောင်းဆိုချက်တွေကို ကျွန်တော့ကို ပြပါတယ်။

သူ ကျွန်တော့်ဆီက ဘာမှမလိုချင်ပါဘူး။ ဒါပေမယ့် မကွာရှင်းခင် တစ်လကြိုတင် အကြောင်းကြားဖို့ တောင်းဆိုပါတယ်။

ပြီးတော့ အဲလို တောင်းဆိုပြီး တစ်လအတွင်းမှာ သာမန် ဘာမှမဖြစ်သလို နေထိုင်ဖို့ လည်း သူကတောင်းဆိုပါတယ်။ သူ့ရဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်။

ရှေ့လမှာ ကျွန်တော်တို့ သားရဲ့ စာမေးပွဲရှိတယ်။ ကျွန်တော်တို့ရဲ့ ကွာရှင်းပြတ်စဲမှုကြောင့် သားရဲ့ပညာရေးကို မထိခိုက်စေချင် တာပါပဲ။

ဒါကို ကျွန်တော်လက်ခံနိုင်ပါတယ်။ ဒါပေမယ့် သူ့ဖက်ကတောင်းဆိုတာ နောက်ထပ်ရှိပါသေးတယ်။

သူ တောင်းဆိုတာက ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့က သတို့သမီးဝတ်စုံလဲခန်းထဲကနေ သူ့ကို ပွေ့ချီပြီးခေါ်ထုတ်ခဲ့သလို ပြန်သရုပ်ဆောင်ပေးဖို့ပါပဲ။

အဲဒီတစ်လအတွင်းမှာ နေ့တိုင်းနေ့တိုင်း ကျွန်တော်တို့ အခန်းထဲကနေ အိမ်ရှေ့တံခါးထိ သူ့ကိုပွေ့ချီပြီး ခေါ်ထုတ်ဖို့ပါပဲ။

ကျွန်တော် ထင်လိုက်တာကတော့ သူရူးနေပြီဆိုတာပါပဲ။ ကျွန်တော့်တို့ရဲ့ နောက်ဆုံး လတစ်လကို အတူတူသည်းခံမှာပဲလေ ဆိုပြီးတော့ ဒီတောင်းဆိုချက်ကိုလည်း ကျွန်တော် လက်ခံလိုက်ပါတယ်။

ဂျိန်းကို ကျွန်တော့်ဇနီးရဲ့ တောင်းဆိုချက်တွေကို ပြောပြလိုက်တယ်။ ဂျိန်းက အော်ရယ်ပြီး တော်တော် ကို့ရိုးကားယားနိုင်တာပဲ လို့ပြောပါတယ်။

ကျွန်တော့်ဇနီး ဘာလှည့်ကွက်တွေပဲ လုပ်နေလုပ်နေ ဒီကွာရှင်း မှုကို ရင်ဆိုင်မှာပဲလို့ အရေးမစိုက်သလိုပြောပါတယ်။

ကျွန်တော်ရော ကျွန်တော့်ဇနီးရော ကွာရှင်းမှုမလုပ်ရသေးသ၍ ဘယ်သူ့ကိုမှ အဆက်အသွယ် သိပ်မလုပ်တော့ပါဘူး။

ပထမဆုံး သူ့ကို အခန်းထဲက ပွေ့ချီပြီးခေါ်ထုတ်ရမယ့်နေ့မှာ ကျွန်တော်တို့ နှစ်ယောက်လုံး အချိုးမပြေတဲ့ပုံစံပေါက်နေပါတယ်။

သားကတော့ ကျွန်တော့်တို့ နောက်ကနေ ဖေ့ဖေ့ကမေမေ့ကို ပွေ့ထားတယ်ကွဆိုပြီး လက်ခုပ်တွေတီးနေပါတော့တယ်။ သားရဲ့ စကားလုံးတွေက ကျွန်တော့်ကို နာကျင်စေပါတယ်။

အိပ်ခန်းထဲကနေထွက်တယ်၊ ဧည့်ခန်းကိုဖြတ်တယ်၊ ပြီးတော့ တံခါးဆီကိုသွားတယ်။ သူ့ကို ပွေ့ချီပြီး ဆယ်မီတာလောက် ကျွန်တော် လမ်းလျှောက်ခဲ့ပါတယ်။

သူကတော့ မျက်လုံးတွေမှိတ်ထားပြီး ကွာရှင်းမယ့်အကြောင်း သားလေးကို မပြောဖို့ တိုးတိုးလေး ကျွန်တော့်ကို ပြောနေပါတယ်။

ကျွန်တော့်ခေါင်းငိုက်စိုက်ကျသွားပြီး တစ်စုံတစ်ခုကို စိတ်ပျက်သလို ခံစားရပါတယ်။ အိမ်ပြင်ရောက်တော့ သူ့ကိုအောက်ချပေးလိုက်ပါတယ်။

သူက အလုပ်သွားဖို့ ဘတ်စ်ကားမှတ်တိုင်ဆီ လမ်းလျှောက်သွားပါတယ်။ ကျွန်တော်ကတော့ ရုံးကို ကားမောင်းလာခဲ့ပါတယ်။

ဒုတိယနေ့မှာတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး သရုပ်ဆောင်ရတာ ပိုလွယ်လာပါပြီ။ သူက ကျွန်တော့ ရင်အုံပေါ်မှာ မှီထားပါတယ်။

သူ့ရဲ့ ဘလောက်စ်အကျီၤက ရနံ့လေးတွေတောင် ကျွန်တော် ရနေခဲ့ပါတယ်။ ကျွန်တော်ဒီမိန်းမကို သေချာမကြည့်ဖြစ်တာ တော်တော်တောင် ကြာနေပြီ ဆိုတာလည်း သတိထားမိတယ်။

ထပ်ပြီးသတိထားမိတော့တာကတော့ သူ မငယ်တော့ဘူး ဆိုတာပါပဲ။ သူ့ရဲ့မျက်နှာ ပေါ်မှာ အရေးအကြောင်းတွေ တွေ့နေရပါပြီ။

သူ့ဆံပင်ကလည်း ခပ်မွဲမွဲဖြစ်နေပါပြီ။ ကျွန်တော်တို့ရဲ့ အိမ်ထောင်သည်ဘဝက သူ့ကို ဒါမျိုးဖြစ်စေတာလားဆိုတာ ကျွန်တော်စဉ်းစားနေမိပါတော့တယ်။

စတုတ္ထမြောက်နေ့မှာတော့ သူ့ကိုစပြီး ပွေ့ချီလိုက်ချိန်မှာပဲ ရင်းနှီးတဲ့စိတ်ခံစားမှုတစ်ခု ပြန်ရလိုက်ပါတယ်။

ဒီမိန်းမဟာ သူ့ဘဝရဲ့ ဆယ်နှစ်တာကာလကို ကျွန်တော့်ကို ပေးခဲ့တာပဲ။ ပဉ္စမမြောက်နေ့နဲ့ ဆဌမမြောက်နေ့မှာလည်း ကျွန်တော်တို့ ကြားထဲက ရင်းနှီးမှုဟာ ပိုမိုကြီးမားလာခဲ့တာကို ခံစားရပါတယ်။

ဒီအကြောင်းတွေကိုတော့ ကျွန်တော် ဂျိန်းကို မပြောဖြစ်ပါဘူး။ သူ့ကို ပွေ့ချီပြီးလမ်းလျှောက်ရတာ တစ်နေ့ထက်တစ်နေ့ ပိုမို ပေါ့ပါးလာသလိုခံစားရပါတယ်။

နေ့စဉ်လုပ်နေရတာဆိုတော့ အကျင့်ဖြစ်သွားတယ် ထင်ပါရဲ့။

တစ်နေ့မနက်ခင်းမှာတော့ သူဘာဝတ်ရမလဲ ရွေးနေပါတယ်။ ဝတ်စုံ လေးငါးစုံ လဲကြည့်ပြီးတာတောင် သူမကျေနပ်သေးဘူး။ ပြီးတော့ သူသက်ပြင်းပြီးပြောတယ်။

“ငါ့အကျီတွေအားလုံးက ကြီးကုန်ပြီဟယ်”
အဲဒီမှာ ကျွန်တော်သတိထားမိတာက သူတော်တော်ပိန်သွားတယ်ဆိုတာပဲ။

အော်… ဒါကြောင့် သူ့ကို ပွေ့ချီပြီးလမ်းလျှောက်ရတာ တဖြည်းဖြည်းပေါ့လာတာကိုး။

ရုတ်တရက် ဖြတ်အရိုက်ခံရသလို ခံစားလိုက်ရတယ်။ သူဟာ နာကျင်မှုတွေနဲ့ ခါးသီးမှုတွေကို သူ့နှလုံးသား ထဲမှာပဲ သိမ်းထားတာကိုး။

ဘာလုပ်မိမှန်းမသိလိုက်ခင်ပဲ ကျွန်တော် သူ့အနားရောက်သွားပြီး သူ့ခေါင်းကို အသာအယာထိလိုက်မိတယ်။

အဲဒီအချိန်မှာပဲ သားက ဝင်လာပြီး ပြောတယ်။
“ဖေဖေရေ… မေ့မေ့ကို ပွေ့ခေါ်ရမယ့် အချိန်ရောက်ပြီလေ”

သားအတွက်ကတော့ သူ့ဖေဖေက သူ့မေမေကို ပွေ့ပြီးခေါ်ထုတ်တာဟာ သူ့ရဲ့ ဘဝအစိတ်အပိုင်း တစ်ခုလို့ လက်ခံထားပုံရပါတယ်။

ကျွန်တော့်ဇနီးက သားကို လက်ယပ်ခေါ်ပြီး ခပ်တင်းတင်းပွေ့ဖက် ထားပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်တော်ကတော့ မျက်နှာလွှဲထားခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ အဲဒီအချိန်လေးအတွင်းမှာ ကျွန်တော့်စိတ်ပြောင်းလဲသွားမှာ စိုးလို့ပါပဲ။ အဲဒါပြီးတော့ ကျွန်တော် သူ့ကို ပွေ့ချီလိုက်ပါတယ်၊ ပြီးတော့ အခန်းထဲက လမ်းလျှောက်ထွက်ခဲ့တယ်၊ ဧည့်ခန်းကိုဖြတ်ပြီး အိမ်ရှေ့တံခါးထိ ပေါ့။

သူ့ရဲ့လက်တစ်ဖက်က ကျွန်တော့်လည်ပင်းကို ညင်ညင်သာသာနဲ့ ဘာမှမဖြစ်သလို ပွေ့ဖက်ထားပါတယ်။

ကျွန်တော် သူ့ရဲ့ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ပွေ့ထားပါတယ်။ ဒါဟာ ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့ နေ့ကအတိုင်း အတိအကျပါပဲ။

ဒါပေမယ့် သူ့ရဲ့ ပိုမိုပေါ့ပါးလာတဲ့ ကိုယ်ခန္ဓာက ကျွန်တော့်ကို ဝမ်းနည်းစေပါတယ်။ နောက်ဆုံးနေ့ရောက်လို့ သူ့ကို ပွေ့လိုက်တဲ့အချိန်မှာတော့ ကျွန်တော်ဟာ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ကို ခက်ခက်ခဲခဲ လှမ်းနေရပါတော့တယ်။

သားကတော့ ကျောင်းသွားပါပြီ။ ကျွန်တော်သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ပြီး ပြောလိုက်တယ်။

“ငါတို့ကြားတဲ့က ရင်းနှီးချစ်ခင်မှုတွေ ပျောက်ပျက်သွားမှာ ငါမလိုချင်တော့ဘူး”

အဲလိုပြောပြီးတော့ ရုံးကို ချက်ချင်းကားမောင်းလာခဲ့တယ်။ ကားထဲက ခပ်မြြန်မန်ခုန်ထွက်တယ်။ ကားတံခါးတောင် လော့မချမိဘူး။

ဒီအချိန်မှာ နှောင့်နှေးမှုတစ်ခုခုက ကျွန်တော့်စိတ်ကို ပြောင်းလဲသွားမှာ ကျွန်တော် ကြောက်လို့ပါပဲ။ ကျွန်တော် ရုံးအပေါ်ထပ်ကို တက်သွားတယ်။ ဂျိန်းရဲ့အခန်းတံခါးကို ဖွင့်ပြီး ဂျိန်းကို ပြောလိုက်တယ်။

“ဆောရီပါ ဂျိန်းရယ်… ငါမကွာရှင်းတော့ဘူး”

ဂျိန်းက ကျွန်တော့်ကိုအံ့အားတသင့်နဲ့ကြည့်တယ်။ ပြီးတော့ ကျွန်တော့်နဖူးကို စမ်းပြီးမေးတယ်။

“နေကောင်းရဲ့လား”

ကျွန်တော် နဖူးပေါ်က ဂျိန်းရဲ့လက်ကိုဆွဲဖယ်လိုက်ပါတယ်။

“ဆောရီး ဂျိန်း… ငါမကွာရှင်းနိုင်တော့ဘူး” လို့ ကျွန်တော်ပြောလိုက်တယ်။

“ငါ့ရဲ့ အိမ်ထောင်သည်ဘဝဟာ ငါနဲ့ ငါ့ဇနီး တစ်ယောက်ကို တစ်ယောက် မချစ်တော့လို့ ပျင်းစရာ ကောင်းနေတာမဟုတ်ပါဘူးဟာ။

ငါတို့ ဘဝရဲ့ တန်ဖိုးကို ငါတို့ နားမလည်ခဲ့လို့ပါ။ အခုငါသဘောပေါက် သွားပြီ။ သူ့ကို ငါတို့ မင်္ဂဆောင်တဲ့နေ့ကလို အခန်းထဲကနေ ပွေ့ချီပြီး နေ့တိုင်း ခေါ်ထုတ်သွားတော့မယ်။

ငါတို့ သေခွဲခွဲရတဲ့ နေ့အထိပေါ့ဟာ။” လို့ ကျွန်တော်ဆက်ပြောလိုက်တယ်။

ဂျိန်း က ရုတ်တရက် အိပ်ရာကနိုးထလာသူလိုဖြစ်သွားပါတယ်။ ကျွန်တော့်ကို ဖျန်းခနဲရိုက်လိုက်တယ်။ ပြီးတော့ တံခါးကို ဆောင့်ပိတ်သွားပြီး အကြီးအကျယ်ငိုကြွေးနေပါတော့တယ်။

ကျွန်တော် ကတော့ အောက်ထပ်ကို ပြန်ဆင်းလာပြီး ကားလျှောက်မောင်းနေမိပါတော့တယ်။ လမ်းမှာတွေ့တဲ့ ပန်းဆိုင်မှာ ဇနီးသည်အတွက် ပန်းခြင်းတစ်ခြင်း ဝင်မှာခဲ့ပါသေးတယ်။

အရောင်းစာရေးမလေးက ကဒ်ပေါ်မှာ ဘယ်လိုရေးပေးရမလဲ လို့ မေးတော့ ကျွန်တော်ပြုံးပြီးဖြေလိုက်တယ်။

“ငါတို့ မသေမချင်း မင်းကိုနေ့စဉ် အခန်းထဲကနေ ပွေ့ချီပြီး ခေါ်ထုတ်သွားပါ့မယ်” လို့ပေါ့ဗျာ။

အဲဒီညနေ အိမ်ပြန်ရောက်တော့ ကျွန်တော့်လက်ထဲမှာက ပန်းတွေနဲ့ ကျွန်တော့မျက်နှာပေါ်မှာက အပြုံးတွေနဲ့ပေါ့ဗျာ။

လှေကားထစ်တွေကို ကျွန်တော်ပြေးတက်လာတယ်။ ဒါပေမယ့် အဲလို ပြေးတက်လာခဲ့တာဟာ အိပ်ခန်းထဲက သေဆုံးသွားပြီဖြစ်တဲ့ ဇနီးရဲ့ ခန္ဓာကိုယ်ကို ကြည့်ဖို့သက်သက်ဖြစ် လာပါတော့တယ်။ ဟုတ်ပါတယ်။

တကယ်တော့ ဇနီးသည်ဟာ ကင်ဆာရောဂါကို ခံစားနေခဲ့ရတာ လပေါင်းများစွာ ကြာမြင့်နေခဲ့ပါပြီ။ ကျွန်တော်ကသာ အလုပ်တွေများလွန်းလို့ သတိမထားမိခဲ့တာ။

သူကတော့ သူမသေခင်မှာ သားကကျွန်တော့်အပေါ် အဆိုးမြင်သွားမှာ လုံးဝမလိုလားခဲ့ဘူးလေ။

ကျွန်တော်တို့ ကွာရှင်းဖြစ်ခဲ့သည့်တိုင်အောင် သားရဲ့ အမြင်မှာ ကျွန်တော်ဟာ ယောက်ကျားကောင်း တစ်ယောက် ဖြစ်နေစေချင်ခဲ့တယ်။

ကဲ… သင့်ဘဝမှာ ဘာအရေးကြီးလဲ သင်သိလောက်ပါပြီ။ ဘဝမှာ ပျော်ရွှင်မှုတွေ သယ်ယူလာနိုင်တာ ဘာတွေလဲ။

အိမ်ကောင်းကောင်းမဟုတ်ဘူး၊ ကားကောင်းကောင်းမဟုတ်ဘူး၊ ပစ္စည်းဥစ္စာတွေ ပိုက်ဆံတွေ လည်းမဟုတ်ပါဘူး။

အဲဒါတွေက ပတ်ဝန်းကျင်ကို ပျော်စရာဖြစ်အောင်တော့ လုပ်ပေးပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်ကတော့ ပျော်စရာတွေ မပေးစွမ်းနိုင်ပါဘူးလေ။

ဒါကြောင့် သင့်အိမ်ထောင်ဖက်ရဲ့ သူငယ်ချင်းတစ်ယောက်လို ရင်းနှီးခင်မင်မှုလေးတွေ တည်ဆောက်လိုက်ပါ။ သင့််ရဲ့ အိမ်ထောင်သည်ဘဝသာယာနိုင်ပါစေ။

ဒီစာကို သင်ပြန်လည် မမျှဝေလည်း ဘာမှ ဖြစ်သွားမှာ မဟုတ်ပါဘူး။

မျှဝေလိုက်ရင်တော့ သင်ဟာ အိမ်ထောင်သည်ဘဝတစ်ခုကို ကယ်တင်လိုက်နိုင်တာပါပဲ။

ပေးဆပ်လိုက်ရင် ဘာတွေအောင်မြင်နိုင်မလဲဆိုတာ မသိတဲ့ လူတွေပဲ ကျရှုံးကြတာပါ။

မူရင်းစာရေးဆရာ အမည်မသိပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ပေါက်ကျိုင်းဆန်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top