×

ေပါင္းသင္း ဆက္ဆံေရး ေကာင္းတဲ့သူက သူငယ္ခ်င္း အေပါင္းအသင္း မ်ားၿပီး ခင္သူ၊ ခ်စ္သူေတြကလည္း ဝိုင္းဝုိင္းလည္ေန တတ္ပါတယ္။ ကိုယ္ကလည္း သူမ်ားအေပၚ ခင္တတ္၊ ခ်စ္တတ္ေပမယ့္ ဘာလို႔ လူေတြက ကိုယ့္ကိုမခင္ၾကတာလဲ ဆိုတာကေတာ့ အခုေဖာ္ျပေပးမယ့္ အခ်က္ေတြနဲ႔ ၿငိစြန္းေနလို႔ပါ။ ဒီအခ်က္ေတြအတိုင္း သင္ျပဳမူေနမိတယ္ဆိုရင္ေတာ့ အခ်ိန္မီျပင္ဆင္သင့္ေနပါၿပီေနာ္။

(၁) ပတ္ဝန္းက်င္ကန္႔သတ္မႈေတြေၾကာင့္

လူဆိုးေတြ၊ အေပအေတေတြနဲ႔ အေပါင္းအသင္းမလုပ္ရဘူး၊ ဘယ္သူဘယ္ဝါနဲ႔ အေပါင္းအသင္း မလုပ္ရဘူး ဆိုတဲ့ မိဘတခ်ိဳ႕ရဲ႕ တားျမစ္ခ်က္ေတြက သင့္ဆီမွာ အေပါင္းအသင္း နည္းေနရျခင္းရဲ႕ အခ်က္တစ္ခ်က္ပါပဲ။ တခါတရံမွာ ဒီတားျမစ္ခ်က္ေတြေၾကာင့္ လူေၾကာက္စိတ္ဝင္သြားၿပီး ေတာ္ရံုလူဆို မခင္ရဲတာမ်ိဳး ျဖစ္ေနတတ္ပါတယ္။

(၂) အျငင္းသန္သူလား

သင္က လူၾကားသူၾကားထဲမွာဆို အျငင္းသန္တဲ့ လူစားမ်ိဳး ဆိုရင္ေတာ့ သင့္ကိုအေပါင္းအသင္း မလုပ္ခ်င္ၾကေတာ့ပါဘူး။ ကိစၥရပ္တိုင္းမွာ complain တက္ၿပီး ၿပိဳင္ျငင္းတာက လူၾကားသူၾကားမွာ သင္က စိတ္ရႈ႔ပ္္စရာလူ ျဖစ္ေနတတ္ပါတယ္။ ဒီအခ်က္ကိုလည္း ဆင္ျခင္ရပါမယ္။

(၃) တစ္ကိုယ္ေကာင္းဆန္တတ္သလား

တစ္ကုိယ္ေကာင္းဆန္ၿပီး ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္သူဆိုရင္လည္း လူအမ်ားက မခင္ခ်င္ၾကပါဘူး။ တကယ္လို႔ သင့္မသိစိတ္ကပဲ ျဖစ္ျဖစ္၊ တစ္ကိုယ္ေကာင္းဆန္တဲ့စိတ္ နည္းနည္းေလး ရွိေနရင္ေတာင္ ခ်က္ခ်င္း ျပင္ဆင္လိုက္ပါ။

(၄) ဂရုမစိုက္တတ္သူလား

ကုိုယ္ခင္ရတဲ့သူအေပၚမွာလည္း ဂရုစိုက္မႈေတြ ေပးသင့္ပါတယ္။ သူတုိ႔ဘာျဖစ္ေနလဲ၊ ေနမေကာင္း တာလား၊ စသျဖင့္ ဂရုစိုက္မႈေတြ ျပဳလုပ္ေပးသင့္ပါတယ္။ လူတုိင္းကေတာ့ ဂရုစိုက္ခံခ်င္ၾကတာေတြ ခ်ည္းပါပဲ။ ဂရုမစိုက္တတ္တဲ့သူေတြနဲ႔ဆို ဘယ္သူမွ အေပါင္းအသင္း မလုပ္ခ်င္ၾကပါဘူး။

(၅) သင္ကအၿမဲၿငီးတြားတတ္သူလား

ၿငီးတြားလြန္းတဲ့ သူအနားမွာလည္း ဘယ္သူမွ ၾကာၾကာမေနခ်င္ၾကပါဘူး။ လူတိုင္းမွာ ကိုယ့္ျပႆနာနဲ႔ ကိုယ္စီရွိၾကတာ ဆိုေတာ့ သင့္ရဲ႕ ျပႆနာေတြ၊ အခက္အခဲေတြကို ေန႔စဥ္နဲ႔အမွ် ၿငီးျငဴေျပာဆို ေနမယ္ဆိုရင္ ဘယ္သူမွ အေပါင္းအသင္း မလုပ္ခ်င္ၾကေတာ့ဘဲ ေဝးေဝးေရွာင္သြားၾကမွာပါ။ ဒီအခ်က္ကိုလည္း အခ်ိန္မီျပင္ဆင္လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ပေါင်းသင်း ဆက်ဆံရေး ကောင်းတဲ့သူက သူငယ်ချင်း အပေါင်းအသင်း များပြီး ခင်သူ၊ ချစ်သူတွေကလည်း ဝိုင်းဝိုင်းလည်နေ တတ်ပါတယ်။ ကိုယ်ကလည်း သူများအပေါ် ခင်တတ်၊ ချစ်တတ်ပေမယ့် ဘာလို့ လူတွေက ကိုယ့်ကိုမခင်ကြတာလဲ ဆိုတာကတော့ အခုဖော်ပြပေးမယ့် အချက်တွေနဲ့ ငြိစွန်းနေလို့ပါ။ ဒီအချက်တွေအတိုင်း သင်ပြုမူနေမိတယ်ဆိုရင်တော့ အချိန်မီပြင်ဆင်သင့်နေပါပြီနော်။

(၁) ပတ်ဝန်းကျင်ကန့်သတ်မှုတွေကြောင့်

လူဆိုးတွေ၊ အပေအတေတွေနဲ့ အပေါင်းအသင်းမလုပ်ရဘူး၊ ဘယ်သူဘယ်ဝါနဲ့ အပေါင်းအသင်း မလုပ်ရဘူး ဆိုတဲ့ မိဘတချို့ရဲ့ တားမြစ်ချက်တွေက သင့်ဆီမှာ အပေါင်းအသင်း နည်းနေရခြင်းရဲ့ အချက်တစ်ချက်ပါပဲ။ တခါတရံမှာ ဒီတားမြစ်ချက်တွေကြောင့် လူကြောက်စိတ်ဝင်သွားပြီး တော်ရုံလူဆို မခင်ရဲတာမျိုး ဖြစ်နေတတ်ပါတယ်။

(၂) အငြင်းသန်သူလား

သင်က လူကြားသူကြားထဲမှာဆို အငြင်းသန်တဲ့ လူစားမျိုး ဆိုရင်တော့ သင့်ကိုအပေါင်းအသင်း မလုပ်ချင်ကြတော့ပါဘူး။ ကိစ္စရပ်တိုင်းမှာ complain တက်ပြီး ပြိုင်ငြင်းတာက လူကြားသူကြားမှာ သင်က စိတ်ရှု့ပ်စရာလူ ဖြစ်နေတတ်ပါတယ်။ ဒီအချက်ကိုလည်း ဆင်ခြင်ရပါမယ်။

(၃) တစ်ကိုယ်ကောင်းဆန်တတ်သလား

တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်သူဆိုရင်လည်း လူအများက မခင်ချင်ကြပါဘူး။ တကယ်လို့ သင့်မသိစိတ်ကပဲ ဖြစ်ဖြစ်၊ တစ်ကိုယ်ကောင်းဆန်တဲ့စိတ် နည်းနည်းလေး ရှိနေရင်တောင် ချက်ချင်း ပြင်ဆင်လိုက်ပါ။

(၄) ဂရုမစိုက်တတ်သူလား

ကိုယ်ခင်ရတဲ့သူအပေါ်မှာလည်း ဂရုစိုက်မှုတွေ ပေးသင့်ပါတယ်။ သူတို့ဘာဖြစ်နေလဲ၊ နေမကောင်း တာလား၊ စသဖြင့် ဂရုစိုက်မှုတွေ ပြုလုပ်ပေးသင့်ပါတယ်။ လူတိုင်းကတော့ ဂရုစိုက်ခံချင်ကြတာတွေ ချည်းပါပဲ။ ဂရုမစိုက်တတ်တဲ့သူတွေနဲ့ဆို ဘယ်သူမှ အပေါင်းအသင်း မလုပ်ချင်ကြပါဘူး။

(၅) သင်ကအမြဲငြီးတွားတတ်သူလား

ငြီးတွားလွန်းတဲ့ သူအနားမှာလည်း ဘယ်သူမှ ကြာကြာမနေချင်ကြပါဘူး။ လူတိုင်းမှာ ကိုယ့်ပြဿနာနဲ့ ကိုယ်စီရှိကြတာ ဆိုတော့ သင့်ရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို နေ့စဉ်နဲ့အမျှ ငြီးငြူပြောဆို နေမယ်ဆိုရင် ဘယ်သူမှ အပေါင်းအသင်း မလုပ်ချင်ကြတော့ဘဲ ဝေးဝေးရှောင်သွားကြမှာပါ။ ဒီအချက်ကိုလည်း အချိန်မီပြင်ဆင်လိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top