×
# ZawGyi Version ဖြင့်ဖတ်ရန် #
တနင်္ဂနွေ
အကျိုးပေးဂဏန်း -၃၊ ၉၊ ၆
အထူးဟော ကံညံ့နေမည်
တနင်္လာ
အကျိုးပေးဂဏန်း – ၇၊ ၆၊ ၃၊
အထူးဟော- ကံသင့်ပါတယ်။
အင်္ဂါ
အကျိုးပေးဂဏန်း ၅/၄/၃
ဗုဒ္ဓဟူး
အကျိုးပေးဂဏန်း ၈/၇/ဝ
ကြာသပတေး
အကျိုးပေးဂဏန်း ၅/၃/၆
သောကြာ
အကျိုးပေးဂဏန်း ၆/၈/၁
စနေ
အကျိုးပေးဂဏန်း ၇/၀/၂
# Unicode Version ဖြင့်ဖတ်ရန် #
တနင်္ဂနွေ
ဒီကာလအတွင်း အလုပ်စီးပွားနဲ့သက်သော အခက်အခဲလေတွေ အနည်းငယ်ရှိ့ပါတယ်။ဝန်ထမ်းဆို လူကြီးနဲ့ပက်သက်ပြီး စကားအတိုက်အခံပြောရတတ်ပါတယ်။ အလုပ်သစ်ရှာနေသူများအလုပ်ရဖို့ကြန့်ကြာနေတက်ပါတယ်။ လူငယ်များဆရာမိဘတွေရဲ့ စကား ကိုနားမထောင်မိဖြစ်ရတတ်ပါတယ်။ အပေါင်းအသင်းမက်နေမဲ့ကာလပါ။ မိတ်ဆွေကောင်းရှားတယ်ဆိုတာကို သတိချပ်သင့်ပါတယ်။ ကျမ်းမာရေအတွက် သတိထားရမဲ့ရောဂါဗေဒတွေကတော့ အရေပြားနဲ့ပက်သက်ဆက်နွယ်သောရောဂါများ ဂရုစိုက်အပ်ပါတယ်။ ငွေကြေးလာဘ်လာဘလဲ ဝင်မလိုနဲ့မဝင်ဖြစ်ရတက်ပါတယ်။ အချစ်ရေးကံကတော့အဆိုးထဲက အကောင်းပါ ။ချစ်သူနဲ့ အဆင်ပြေပြီး ပျော်စရာကာလပါပဲ။ ပညာရေး အတွက်ကြိုးစားနိုင်းမှ တော်ကာကျပါလိမ့်မယ်။
အကျိုးပေးဂဏန်း -၃၊ ၉၊ ၆
အထူးဟော ကံညံ့နေမည်
ယတြာ -လက်ဖက်ရည်ဖျော်ပြီး ဘုရားရှင်ကပ်လှူပါ။
တနင်္လာ
ရှေတိုးရခက်၊ နောက်ဆုတ်ရခက်တဲ့အခြေအနေပါပဲ။ အိမ်ထောင်ရေး၊ အိမ်တွင်းရေးနှင့်လောကီကိစ္စရပ်တွေကိုစိက်ကုန်နေမိတတ်ပါတယ်။ စပ်တူလုပ်ငန်း၊ ရှယ်ယာဝင်များတစ်ဦးနူတ်ထွက်သွားတာမျိုုးကြုံရတက်ပါတယ်။ ငွေစုမဲစုခြင်းမျိုးမလုပ်ပါနဲ့။ ငွေကြေးနဲ့ပက်သက်သော အကျိုးစီးပွားလုပ်ငန်းများ သတိထားလုပ်ကိုင်စေချင်ပါတယ်။ လောကီအလုပ်ထက် လောကုတ္တရာအကျိူးပိုမိုဖြစ်ထွန်း ဖြစ်နေပါလိမ့်မယ်။ ကျန်းမာရေးသတိထားသင့်တဲ့ကာလပါပဲ ။
အဘက်ဘက်ကကျန်းမာရေးအားနည်းပါတယ်။ သွားနှင့်ခံတွင်းပက်သက်သောရောဂါများ သတိရှိ့ပါ။ လူငယ်များအိမ်မှာနေချင်စိတ်ကုန်ခမ်းနေပါလိမ့်မယ်။အချစ်ရေးကံမှာတော့ အချစ်ဟောင်းကိုစိတ်ကုန်ပြီး အချစ်သစ်ရှာနေမိတာပါပဲ။ ပညာရေးအတွက် စတင်သင်ကြားခြင်း သင်တန်းတက်ခြင်းမျိုး အထူးကောင်းပါတယ်။
အကျိုးပေးဂဏန်း – ၇၊ ၆၊ ၃၊
အထူးဟော- ကံသင့်ပါတယ်။
ယတြာ – နီးစပ်ရာစေတီမှာ ရွှေသင်္ကန်းကပ်ပါ။
အင်္ဂါ
ဒီကာလအတွင်း လုပ်ငန်းစီးပွားအထူးတိုးတတ်ပါလိမ့်မယ်။ ပင်မအလုပ်ထက် ချဲ့ထွင်ထားသော အလုပ်ပိုတွေကနေ ပိုမိုအကျိုးဖြစ်ထွန်းပါလိမ့်မယ်။ မိတ်ကောင်းဆွေကောင်းတွေရှိခြင်းကလဲ မိမိအတွက်တိုးတတ်အောင်မြင်မှုတွေကို အထောက်အပံံ့ဖြစ်စေပါတယ်ဗျာ။ ခရီးတို ခရီးရှည်တွေသွားရတတ်ပါတယ်။ ကောင်းသောခရီးုဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးအတွက်စိတ်ပူပန်စရာမလိုသေးပါဘူး။ ခရီးပမ်းတာမျိုး အလုပ်ပင်ပန်းတာမျိုးလဲဖြစ်ရတတ်ပါတယ်။ငွေကံကောင်းပါတယ်။ ငွေအစုလိုက်ဝင်မဲ့ကံလဲရှိနေချိန်ပါ။ ဈေးဆိုင်များ ရောင်းပန်းဝယ်ပန်းတွေပွင့်ပါလိမ့်မယ်။အချစ်ရေးကံကြမ္မာကတော့ အလုပ်ကြောင့်ဖြစ်ဖြစ် အခြားကိစ္စကြောင့်ဖြစ်ဖြစ်ချစ်သူနဲ့ခွဲခွာရတတ်ပါတယ်။ ပညာရေးကံအထူးပဲကောင်းပါတယ်။ ကြိုးစားသမျှအရာထင်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၅/၄/၃
အထူးဟော အောင်မြင်မဲ့ကာလပါပဲ။
ယတြာ သစ္စာပန်းဘုရားကပ်လှူပါ။
ဗုဒ္ဓဟူး
ငွေကြေးရလိုမှုတစ်ခုထဲကြည့်ပြီး မလုပ်မိပါစေနဲ့။ စေတနာထားပြီးလုပ်ကိုင်ပေးရမဲ့ ကာလပါပဲ။ လူအများအသိအမှတ်ပြုအောင်နေနိုင်မှ အဆင်ပြေမဲ့ကာလပါပဲ။ ပေါ့ပေါ့နေ ပေါ့ပေါ့စားသူများဒုက္ခရောက်မဲ့ကာလပါပဲ။ အိမ်မှာမပျော် အလုပ်မှာမပျော်ဖြစ်ရတတ်ပါတယ်။ ရည်ရွယ်ချက်ကြီးကြီး ထားပေမဲ့ လက်တွေ့လုပ်ဆောင်ဖို့ လေးဖင့်နေရတတ်ပါတယ်။ လူငယ်များအိမ်ပြေးဖြစ်ရတတ်ပါတယ်။ ကံကမညံ့ပါဘူး။ စေတနာကောင်းရင်ကံကောင်းမဲ့ကာလမို့ပါပဲ။ ကျန်းမာရေးကဏ္ဍမှာတော့ လေထိုးလေအောင့်ဖြစ်တတ်ပါတယ်။ သွေးအားနည်းတာမျိုးလဲ ကြုံရတွေ့ရတတ်ပါတယ်။ အချစ်ရေးကံကတော့ နီးရင်တကျက်ကျက်ဖြစ်ပြီး ဝေးနေရင်တော့ တသသလွမ်းတာမျိုး ဖြစ်ရတတ်ပါတယ်။ ပညာရေးအပေါ်စိတ်နှစ်ထားလို့မရဖြစ်တတ်ပါတယ်ဗျာ၊
အကျိုးပေးဂဏန်း ၈/၇/ဝ
အထူးဟော ဗာဟီရကိစ္စတွေများနေရတတ်ပါတယ်။
ယတြာ ဗုဒ္ဓဟူးထောင့်မှာ သန့်ရှင်းရေးလုပ်ပါ
ကြာသပတေး
အလုပ်တွေပုံနေရတတ်ပါတယ်။အလုပ်တာဝန်တွေနဲ့မအားလပ်နိုင် ဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲစိတ်ပင်ပန်းလူပင်ပန်း ဖြစ်ရမဲ့ကာလလို့ မှတ်ချက်ပြုရပါလိမ့်မယ်။ အောက်လက်ငယ်သားများစွာနဲ့လုပ်နေရသူများ ပိုမိုပင်ပန်းတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးသမားများကတော့ အလုပ်ကများ အလုပ်သမားကအလုပ်မဆင်းဆိုတာမျိုးဖြစ်တတ်ပါတယ်။ငွေကြေးကဏ္ဍကတော့ ကိုယ်ပိုင်ငွေကြေးတွေအထွက်များနေရပါလိမ့်မယ်။
စုထားဆောင်းထားတာလေးတွေ ထုတ်သုံးရတတ်ပါတယ်။ ကျန်းမာရေးကဏ္ဍမှာတော့ သတိပြုဆင်ခြင်စရာတွေများလှပါတယ်။တတ်စာတွေလုံးဝမစားမိပါစေနဲ့။ သွေးတိုးသမားများနှင့် ဆီးချို သွေးချိုသမားများဂရုစိုက်စေချင်ပါတယ်။ အချစ်ရေးကံကတော့ကောင်းနေပါပြီ။ ပညာရေးကတော့ ကြိုးစားထားနိုင်မှရလဒ်ကောင်းမှာပါ။
အကျိုးပေးဂဏန်း ၅/၃/၆
အထူးဟော စိတ်ပင်ပန်းရမည်။
ယတြာ လမုန့်ကိုလမ်းဘေးခွေးတစ်ကောင်အား ချကျွေးလိုက်ပါ။
သောကြာ
စိတ်ကူးထားတာလေးတွေ လက်တွေ့ပြည့်မြောက်ပါလိမ့်မယ်။ ငွေကြေးနဲ့ ပက်သက်ပြီ်းပေးစရာရှိရင် ဒီကာလအတွင်းပေးနိုင်ပါလိမ့်မယ်။ ခရီးရှည်ထွက်လိုက်ခြင်းက မိမိအတွက်ကံမြင့်စေမဲ့အကြောင်းတရားပါပဲ။ သက်သောင့်သက်သာနဲ့ ဇိမ်ကျကျနေရမဲ့ကာလပါပဲ။ အိမ်အတွက်လိုအပ်သော အသုံးအဆောင်ပစ္စည်းများ အိမ်ထောင်ပရိဘောဂများ ဝယ်ယူလို့အကောင်းဆုံးအချိန်ပါပဲ။စကားဖြင့်ရင်းနှီးလုပ်ကိုင်ရသောလုပ်ငန်းများအထူးပဲ အကျိုးဖြစ်ထွန်းပါလိမ့်မယ်။ကျန်းမာရေးအထူးကောင်းနေမှာပါ။သွေးလည်ပတ်မှုအားကောင်းပြီး အဖျားအနာကင်းပါလိမ့်မယ်။
အချစ်ရေးကံကောင်းပါတယ်။ ဆိတ်ကွယ်ရာအရပ်သွားမိရင်တော့ချစ်သူနဲ့ အချစ်နယ်ကျွံမိဖို့ များပါတယ်။ ပညာရေးကတော့ မိမိကြိုးစားမှုကောင်းသလို ကံကလဲကောင်းနေမှာပါ။
အကျိုးပေးဂဏန်း ၆/၈/၁
အထူးဟော ကံမြင့်မားနေမည်။
ယတြာ သစ်သီးဆွမ်း ဘုရားရှင်အား ကပ်လှူပါ။
စနေ
စိတ်ပျော်ရွှင်စရာ အားရကျေနပ် ပီတိဖြစ်စရာတွေ ကြုံရမှာပါ။ မိမိကျေးဇူးပြုဖူးသူက ပြန်လည်ကူညီပေးတတ်ပါတယ်။ ရင်းနှီးမြုပ်နှံထားသော လှောင်ကုန်များ ဈေးကောင်းရတတ်ပါတယ်။ လူမျိုးခြား ဘာသာခြားအကျိုးပေးပါတယ်။ နိုင်ငံခြားနဲ့ပက်သက်ဆက်နွယ်သောလုပ်ငန်းများ အထူးပဲ အကျိုးဖြစ်ထွန်းပါလိမ့်မယ်။ နိုင်ငံခြားသွားဖို့စီစဉ်ထားရင် ဒီကာလသတင်းကောင်းကြားရတတ်ပါတယ်။ ကျန်းမာရေးကောင်းပါတယ်။ တရားအားထုတ်ခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူပြုပါလိမ့်မယ်။ သတိထားရမှာတော့ အိမ်ထောင်ရေးပါ။
အိမ်ထောင်ဘက်က မိမိနဲ့စကားများပြီး အိမ်ကထွက်သွားသည်ထိဖြစ်တတ်လို့ပါ။ အချစ်ရေးကတော့ ဆွတ်ပျံ့ကြည်နူးစရာအကောင်းဆုံးအချိန်ပါပဲ။ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပါလိမ့်မယ်။ ပညာရေးကတော့ သင်တန်းကိစ္စ အင်တာဗျူ းကိစ္စများအထူးပဲကောင်းနေပါလိမ့်မယ်။
အကိျိုးပေးဂဏန်း ၇/ဝ/၂
အထူးဟော ပျော်စရာအချိန်တွေပါပဲ။
ယတြာ ထိုးမုန့်တစ်ထုပ် ရဟန်းတစ်ပါးကို ကပ်လှူလိုက်ပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ဖိုးသူတော် (www.phothutaw.com)
Credit: ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top