×

# Zawgyi Version ျဖင့္ဖတ္ရန္ #

ဂ်ပန္ႏိုင္ငံ တြင္ YouTube ဗီဒီယို မ်ား ႐ိုက္ကူးတင္ဆက္တဲ့ အဖြဲ႕တစ္ဖြဲ႕က လူစည္ကားရာေနရာတြင္ “ရင္သားကို အခမဲ့ကိုင္ခြင့္ျပဳသည္” ဟူေသာ ဆိုင္းဘုတ္ ကိုင္ကာ ရင္းသားအကိုင္ခံခဲ့သျဖင့္ တိုက်ိဳရဲမ်ားက ႐ုတ္႐ုပ္သဲသဲ မျဖစ္ပြားေစရန္ ထိုအဖြဲ႕ကို ဖမ္းဆီးထိန္းသိမ္းခဲ့သည္။

ယေန႔ေခတ္တြင္ စီးပြားေရးလုပ္ငန္း အေတာ္မ်ားမ်ား အြန္လိုင္းေပၚေရာက္လာခဲ့ၿပီးေနာက္ အြန္းလိုင္းရဲ႕ ေနရာအေတာ္မ်ားမ်ားမွာ ေၾကာ္ျငာလာခဲ့ၾကရာ YouTube ဗီဒီယို ခ်န္နယ္ သည္လည္း ေၾကာ္ျငာရာေနရာတစ္ခုျဖစ္လာခဲ့သည္။

YouTube က လူၾကည့္မ်ားေသာ ဗီဒီယို မ်ားတြင္ ေၾကာ္ျငာ အလိုေလွ်ာက္ထည့္သြင္းေလ့ရွိၿပီး ေၾကာ္ျငာခကိုလည္း ဗီဒီယိုပိုင္ရွင္အား ျပန္ေပးသျဖင့္ YouTube ေပၚတြင္ ဗီဒီယိုတင္ကာ စီပြားရွာလာၾကသည့္ YouTuber မ်ား ေပၚေပါက္လာခဲ့ၾကသည္။

ထိုအထဲတြင္ ဂ်ပန္ႏိုင္ငံမွ “ဆာမူ႐ိုင္းေဘဘီ” ဆိုတဲ့ YouTube ခ်န္နယ္လည္း တစ္ခုအပါအဝင္ျဖစ္သည္။ ျဖစ္စဥ္မွာ “ဆာမူ႐ိုင္းေဘဘီ” မွ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးတို႔က ဆိုင္းဘုတ္ကိုယ္စီကိုင္ကာ တိုက်ိဳၿမိဳ႕ေပၚက လမ္းေတြမွာ သူတို႔ရဲ႕ လႈပ္ရွားမႈကို YouTube ေပၚတင္ရန္ ဗီဒီယို႐ိုက္ကူးခဲ့ျခင္းျဖစ္သည္။

အမ်ိဳးသားျဖစ္သူ ကိုင္ထားေသာ ဆိုင္းဘုတ္တြင္ “ငယ္ပါကို အခမဲ့ကိုင္ၾကည့္ႏိုင္သည္”၊ အမ်ိဳးသမီး၏ ဆိုင္းဘုတ္တြင္ “ရင္သားကို အခမဲ့ ကိုင္ၾကည့္ႏိုင္သည္” ဟု ေရးသားခဲ့ရာ လာေရာက္ကိုင္တြယ္စမ္းသပ္သူမ်ားရွိခဲ့သည္။ အမ်ားစုက အမ်ိဳးသမီး၏ ရင္သားကိုသာ လာေရာက္ကိုင္ၾကတာကို ဗီဒီယိုတြင္ ေတြ႕ျမင္ရသည္။

ရဲကဖမ္းဆီရာတြင္ သူတို႔၏ ဗီဒီယို YouTube မွာ လာၾကည့္မ်ားၿပီး ေၾကာ္ညာခ မ်ားမ်ားရေအာင္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ထြက္ဆိုခဲ့ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

# Unicode Version ဖြင့်ဖတ်ရန် #
ဂျပန်နိုင်ငံ တွင် YouTube ဗီဒီယို များ ရိုက်ကူးတင်ဆက်တဲ့ အဖွဲ့တစ်ဖွဲ့က လူစည်ကားရာနေရာတွင် “ရင်သားကို အခမဲ့ကိုင်ခွင့်ပြုသည်” ဟူသော ဆိုင်းဘုတ် ကိုင်ကာ ရင်းသားအကိုင်ခံခဲ့သဖြင့် တိုကျိုရဲများက ရုတ်ရုပ်သဲသဲ မဖြစ်ပွားစေရန် ထိုအဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ယနေ့ခေတ်တွင် စီးပွားရေးလုပ်ငန်း အတော်များများ အွန်လိုင်းပေါ်ရောက်လာခဲ့ပြီးနောက် အွန်းလိုင်းရဲ့ နေရာအတော်များများမှာ ကြော်ငြာလာခဲ့ကြရာ YouTube ဗီဒီယို ချန်နယ် သည်လည်း ကြော်ငြာရာနေရာတစ်ခုဖြစ်လာခဲ့သည်။

YouTube က လူကြည့်များသော ဗီဒီယို များတွင် ကြော်ငြာ အလိုလျှောက်ထည့်သွင်းလေ့ရှိပြီး ကြော်ငြာခကိုလည်း ဗီဒီယိုပိုင်ရှင်အား ပြန်ပေးသဖြင့် YouTube ပေါ်တွင် ဗီဒီယိုတင်ကာ စီပွားရှာလာကြသည့် YouTuber များ ပေါ်ပေါက်လာခဲ့ကြသည်။

ထိုအထဲတွင် ဂျပန်နိုင်ငံမှ “ဆာမူရိုင်းဘေဘီ” ဆိုတဲ့ YouTube ချန်နယ်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဖြစ်စဉ်မှာ “ဆာမူရိုင်းဘေဘီ” မှ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့က ဆိုင်းဘုတ်ကိုယ်စီကိုင်ကာ တိုကျိုမြို့ပေါ်က လမ်းတွေမှာ သူတို့ရဲ့ လှုပ်ရှားမှုကို YouTube ပေါ်တင်ရန် ဗီဒီယိုရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အမျိုးသားဖြစ်သူ ကိုင်ထားသော ဆိုင်းဘုတ်တွင် “ငယ်ပါကို အခမဲ့ကိုင်ကြည့်နိုင်သည်”၊ အမျိုးသမီး၏ ဆိုင်းဘုတ်တွင် “ရင်သားကို အခမဲ့ ကိုင်ကြည့်နိုင်သည်” ဟု ရေးသားခဲ့ရာ လာရောက်ကိုင်တွယ်စမ်းသပ်သူများရှိခဲ့သည်။ အများစုက အမျိုးသမီး၏ ရင်သားကိုသာ လာရောက်ကိုင်ကြတာကို ဗီဒီယိုတွင် တွေ့မြင်ရသည်။

ရဲကဖမ်းဆီရာတွင် သူတို့၏ ဗီဒီယို YouTube မှာ လာကြည့်များပြီး ကြော်ညာခ များများရအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top