ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

YBS ၁၄ ယာဥ္ေပၚတြင္ မတ္လ ၁၀ ရက္ နံနက္ ၈ နာရီခြဲခန္႔က အသက္ ၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၏ ထဘီစကတ္ကို အသက္ ၃၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးက ခၽြန္ထက္ေသာအရာတစ္ခုျဖင့္ ခြဲၿဖဲခဲ့ေၾကာင္း ရန္ကုန္ တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရသည္။ကမာ႐ြတ္ၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ ကြက္တြင္ေနထိုင္သူ အသက္ ၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ ယင္းေန႔က ကမာ႐ြတ္ၿမိဳ႕နယ္၊ အထက(၅)ေက်ာင္း ေရွ႕မွတ္တိုင္မွ အလံုၿမိဳ႕နယ္ သခင္ျမပန္းၿခံသို႔ YBS ၁၄ ယာဥ္ျဖင့္လိုက္ပါလာစဥ္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ကမ္းနားလမ္း၊ သဲကြင္းမွတ္တိုင္အနီးအေရာက္ ေနာက္ေက်ာဘက္မွ လိုက္ပါစီးနင္းလာသူ အသက္ ၃၀ အ႐ြယ္ အမ်ိဳးသားက ထဘီစကတ္အား ခၽြန္ထက္ေသာအရာျဖင့္ဆြဲၿဖဲရာ ထဘီစကတ္ႏွင့္ အတြင္းေဘာင္းဘီတို႔ ႏွစ္လက္မခန္႔ ကြဲၿပဲသြားေၾကာင္း အမႈဖြင့္တိုင္ၾကားခ်က္အရ ယင္းရဲတပ္ဖြဲ႔ထံမွ သိရသည္။

“ကားေပၚက CCTV မွတ္တမ္းကေတာ့ ရထားၿပီးပါၿပီ။ လိုက္လံစံုစမ္း ရွာေဖြေနပါတယ္။ ထဘီစကတ္နဲ႔ အတြင္းခံ ေဘာင္းဘီၿပဲသြားတာပါ။ ခႏၶာကိုယ္ေတာ့ ဒဏ္ရာမရပါဘူး။ ေကာင္မေလးရဲ႕ ေနာက္ေက်ာကေန လိုက္ပါလာၿပီး ဆြဲၿဖဲသြားတာလို႔ သိရပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက ရွင္းျပသည္။ထိုသို႔ ဆြဲၿဖဲခံရၿပီးေနာက္ အမ်ိဳးသမီးက ထိုင္ခံုေနရာရသျဖင့္ ထိုင္၍ ဆက္လက္ လိုက္ပါစီးနင္းလာစဥ္ ယင္းအမ်ိဳးသားမွာ အလံုၿမိဳ႕နယ္၊ ေဈးေဟာင္းမွတ္တိုင္ အနီးအေရာက္ ယာဥ္ေပၚမွ ဆင္းသြားေၾကာင္း၊ ယင္းအမ်ိဳးသားမွာ နက္/ျပာ စပ္ၾကားေရာင္ လြယ္အိတ္ကို လြယ္ထားၿပီး ဂ်င္းေဘာင္းဘီအရွည္ ဝတ္ဆင္ထားသူျဖစ္ေၾကာင္း CCTV မွတ္တမ္းအရ သိရသည္။YBS ၁၄ ယာဥ္ေပၚတြင္ အမ်ိဳးသမီး၏ ထမီစကတ္ကို ခၽြန္ထက္ေသာအရာျဖင့္ ဆြဲၿဖဲသြားသည့္ အမ်ိဳးသားကို ၾကည့္ျမင္တိုင္ၿမိဳ႕မရဲစခန္းက (ပ)၉၆/၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၅၄/ ၄၂၇ ျဖင့္ အမႈဖြင့္ ေဆာင္႐ြက္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: YBS
# Unicode Version ျဖင့္ ဖတ္ပါ #
YBS ၁၄ ယာဉ်ပေါ်တွင် မတ်လ ၁၀ ရက် နံနက် ၈ နာရီခွဲခန့်က အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ထဘီစကတ်ကို အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ချွန်ထက်သောအရာတစ်ခုဖြင့် ခွဲဖြဲခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ် ကွက်တွင်နေထိုင်သူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ယင်းနေ့က ကမာရွတ်မြို့နယ်၊ အထက(၅)ကျောင်း ရှေ့မှတ်တိုင်မှ အလုံမြို့နယ် သခင်မြပန်းခြံသို့ YBS ၁၄ ယာဉ်ဖြင့်လိုက်ပါလာစဉ် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ သဲကွင်းမှတ်တိုင်အနီးအရောက် နောက်ကျောဘက်မှ လိုက်ပါစီးနင်းလာသူ အသက် ၃၀ အရွယ် အမျိုးသားက ထဘီစကတ်အား ချွန်ထက်သောအရာဖြင့်ဆွဲဖြဲရာ ထဘီစကတ်နှင့် အတွင်းဘောင်းဘီတို့ နှစ်လက်မခန့် ကွဲပြဲသွားကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကားပေါ်က CCTV မှတ်တမ်းကတော့ ရထားပြီးပါပြီ။ လိုက်လံစုံစမ်း ရှာဖွေနေပါတယ်။ ထဘီစကတ်နဲ့ အတွင်းခံ ဘောင်းဘီပြဲသွားတာပါ။ ခန္ဓာကိုယ်တော့ ဒဏ်ရာမရပါဘူး။ ကောင်မလေးရဲ့ နောက်ကျောကနေ လိုက်ပါလာပြီး ဆွဲဖြဲသွားတာလို့ သိရပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ထိုသို့ ဆွဲဖြဲခံရပြီးနောက် အမျိုးသမီးက ထိုင်ခုံနေရာရသဖြင့် ထိုင်၍ ဆက်လက် လိုက်ပါစီးနင်းလာစဉ် ယင်းအမျိုးသားမှာ အလုံမြို့နယ်၊ ဈေးဟောင်းမှတ်တိုင် အနီးအရောက် ယာဉ်ပေါ်မှ ဆင်းသွားကြောင်း၊ ယင်းအမျိုးသားမှာ နက်/ပြာ စပ်ကြားရောင် လွယ်အိတ်ကို လွယ်ထားပြီး ဂျင်းဘောင်းဘီအရှည် ဝတ်ဆင်ထားသူဖြစ်ကြောင်း CCTV မှတ်တမ်းအရ သိရသည်။YBS ၁၄ ယာဉ်ပေါ်တွင် အမျိုးသမီး၏ ထမီစကတ်ကို ချွန်ထက်သောအရာဖြင့် ဆွဲဖြဲသွားသည့် အမျိုးသားကို ကြည့်မြင်တိုင်မြို့မရဲစခန်းက (ပ)၉၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄/ ၄၂၇ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: YBS
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top