ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဒီေန႔ မနက္ကေလးမွာေတာ့ မဂၤလာသတင္းေလးက ေစာင့္ႀကိဳေနပါတယ္ ။ မင္းသမီး Park Shin Hye နဲ႔ မင္းသား Choi Tae Joon တုိ႔က ခ်စ္သူေတြျဖစ္ေၾကာင္း၀န္ခံလုိက္ၿပီမုိ႔ တရား၀င္အတြဲသစ္ေလးတစ္တြဲတုိၿပီေပါ့ေနာ္ ။

ကုိရီးယားရဲ့ နာမည္ေက်ာ္ မင္းသမီးေခ်ာေလး Park Shin Hye က မင္းသား Choi Tae Joon နဲ႔ တြဲေနတယ္ဆုိတဲ့ သတင္းက အခုမွ ပထမဆုံးထြက္တာေတာ့မဟုတ္ပါဘူး ။ လြန္ခဲ့တဲ့ႏွစ္ကတည္းက သူတုိ႔ႏွစ္ေယာက္ အတူတူရွိေနတဲ့ပုံေတြထြက္လာတာေၾကာင့္ ခ်စ္သူေတြျဖစ္ေနၾကၿပီ ဆုိတဲ့ ထင္ေၾကးေတြ ထြက္ေပၚခဲ့ဖူးပါတယ္ ။

သူတုိ႔ႏွစ္ေယာက္ရဲ့ ေအဂ်င္စီက တြဲေနတဲ့သတင္းေတြက မမွန္ပါဘူးလုိ႔ ျငင္းဆုိခဲ့ေပမဲ့ ဒီေကာလဟာလေတြက ရပ္မသြားခဲ့ပါဘူး ။ သူတုိ႔ႏွစ္ေယာက္စလုံးက Chung Ang University မွာတတ္ခဲ့ၾကတဲ့သူေတြျဖစ္ၿပီး ပြဲဦးထြက္ၿပီးတဲ့ေနာက္ပုိင္းမွာ အႏုပညာအလုပ္ေတြ လုပ္ကုိင္ရင္း ပုိမုိရင္းႏွီးလာခဲ့ၾကတဲ့အတြက္ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိေနတာပါလုိ႔ ေအဂ်င္စီေတြက ဆုိခဲ့ပါတယ္ ။ ခင္မင္တဲ့ သူငယ္ခ်င္းေတြပါလုိ႔ သတင္းထုတ္ျပန္ခဲ့ေပမယ့္ သူတုိ႔ႏွစ္ေယာက္ခ်ိန္းေတြ႔ေနတဲ့ ပုံေတြကုိ ကုိရီးယားရဲ့ Dispatch သတင္းဠာနကေန ဆက္တုိက္ဖြင့္ခ်လုိ႔ေနခဲ့တာပါ ။ 2017 August လမွာ သူတုိ႔ႏွစ္ေယာက္ကုိ လူျမင္ကြင္းမွာ ခ်ိန္းေတြ႔ေနတာ ထပ္ျမင္ၾကရျပန္ပါတယ္ ။ Park Shin Hye ရဲ့ မိဘေတြပုိင္တဲ့ Restaurant မွာအတူတူရွိေနခဲ့တာမုိ႔ သူတုိ႔ရဲ့ Relationship ကုိ မိဘေတြကပါလက္ခံထားတယ္လုိ႔ ယူဆရပါတယ္ ။

2018 ေဖေဖာ္၀ါရီလမွာလည္း Park Shin Hye ရဲ့ တုိက္ခန္းေရွ ႔ကုိ လာႀကိဳတဲ့ Choi Tae Joon ရဲ့ ဓါတ္ပုံေတြထပ္မံထြက္ေပၚလာခဲ့တာမုိ႔ ေကာလဟာလေတြ ကပုိမုိ ဆူညံလာခဲ့တာပါ ။

အတြင္းသတင္းေတြအရလည္း သူတုိ႔က တရား၀င္ခ်စ္သူေတြ ျဖစ္ေနၾကတာျဖစ္ျပီး မိဘ ေဆြမ်ိဳး ရင္းႏွီးတဲ့ အသုိင္းအ၀ုိင္းေတြ အကုန္သိပါတယ္လုိ႔ ဆိုလာခဲ့ၾကပါတယ္ ။ ဒီသတင္းေတြေၾကာင့္ သက္ဆုိင္ရာ ေအဂ်င္စီေတြက မင္းသားကိုေရာ လက္ရွိမွာ ပဲရစ္ကုိေရာက္ေနတဲ့ မင္းသမီးကုိပါ ေမးျမန္းျပီး သူတုိ႔ႏွစ္ေယာက္က လြန္ခဲ့တဲ့ႏွစ္ထဲက အရင္းႏွီးဆုံးသူငယ္ခ်င္းေတြအျဖစ္ကေန အဆင့္တတ္ျပီး ခ်စ္သူေတြအျဖစ္လက္တြဲခဲ့ၾကတယ္လုိ႔ Confirm လုပ္ေပးခဲ့တာပါ ။ အခုေတာ့ ပရိတ္သတ္ေတြကုိပါ သူတုိ႔ရဲ့ အခ်စ္ေရးကုိ အသိေပးလုိက္ပါျပီ ။ သူတုိ႔ကုိခ်စ္တဲ့ ပရိတ္သတ္ေတြအတြက္ေတာ့ သတင္းေကာင္းတစ္ခုျဖစ္မွာအမွန္ပါပဲ ။ Congratulation လုပ္ေပးၾကရေအာင္ေယာင္းတုိ႔ေရ …
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  For Her Myanmar
#Unicode Version#
ဒီနေ့ မနက်ကလေးမှာတော့ မင်္ဂလာသတင်းလေးက စောင့်ကြိုနေပါတယ် ။ မင်းသမီး Park Shin Hye နဲ့ မင်းသား Choi Tae Joon တို့က ချစ်သူတွေဖြစ်ကြောင်းဝန်ခံလိုက်ပြီမို့ တရားဝင်အတွဲသစ်လေးတစ်တွဲတိုပြီပေါ့နော် ။

ကိုရီးယားရဲ့ နာမည်ကျော် မင်းသမီးချောလေး Park Shin Hye က မင်းသား Choi Tae Joon နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းက အခုမှ ပထမဆုံးထွက်တာတော့မဟုတ်ပါဘူး ။ လွန်ခဲ့တဲ့နှစ်ကတည်းက သူတို့နှစ်ယောက် အတူတူရှိနေတဲ့ပုံတွေထွက်လာတာကြောင့် ချစ်သူတွေဖြစ်နေကြပြီ ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်ခဲ့ဖူးပါတယ် ။

သူတို့နှစ်ယောက်ရဲ့ အေဂျင်စီက တွဲနေတဲ့သတင်းတွေက မမှန်ပါဘူးလို့ ငြင်းဆိုခဲ့ပေမဲ့ ဒီကောလဟာလတွေက ရပ်မသွားခဲ့ပါဘူး ။ သူတို့နှစ်ယောက်စလုံးက Chung Ang University မှာတတ်ခဲ့ကြတဲ့သူတွေဖြစ်ပြီး ပွဲဦးထွက်ပြီးတဲ့နောက်ပိုင်းမှာ အနုပညာအလုပ်တွေ လုပ်ကိုင်ရင်း ပိုမိုရင်းနှီးလာခဲ့ကြတဲ့အတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေတာပါလို့ အေဂျင်စီတွေက ဆိုခဲ့ပါတယ် ။ ခင်မင်တဲ့ သူငယ်ချင်းတွေပါလို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် သူတို့နှစ်ယောက်ချိန်းတွေ့နေတဲ့ ပုံတွေကို ကိုရီးယားရဲ့ Dispatch သတင်းဠာနကနေ ဆက်တိုက်ဖွင့်ချလို့နေခဲ့တာပါ ။ 2017 August လမှာ သူတို့နှစ်ယောက်ကို လူမြင်ကွင်းမှာ ချိန်းတွေ့နေတာ ထပ်မြင်ကြရပြန်ပါတယ် ။ Park Shin Hye ရဲ့ မိဘတွေပိုင်တဲ့ Restaurant မှာအတူတူရှိနေခဲ့တာမို့ သူတို့ရဲ့ Relationship ကို မိဘတွေကပါလက်ခံထားတယ်လို့ ယူဆရပါတယ် ။

2018 ဖေဖော်ဝါရီလမှာလည်း Park Shin Hye ရဲ့ တိုက်ခန်းရှေ့ကို လာကြိုတဲ့ Choi Tae Joon ရဲ့ ဓါတ်ပုံတွေထပ်မံထွက်ပေါ်လာခဲ့တာမို့ ကောလဟာလတွေ ကပိုမို ဆူညံလာခဲ့တာပါ ။

အတွင်းသတင်းတွေအရလည်း သူတို့က တရားဝင်ချစ်သူတွေ ဖြစ်နေကြတာဖြစ်ပြီး မိဘ ဆွေမျိုး ရင်းနှီးတဲ့ အသိုင်းအဝိုင်းတွေ အကုန်သိပါတယ်လို့ ဆိုလာခဲ့ကြပါတယ် ။ ဒီသတင်းတွေကြောင့် သက်ဆိုင်ရာ အေဂျင်စီတွေက မင်းသားကိုရော လက်ရှိမှာ ပဲရစ်ကိုရောက်နေတဲ့ မင်းသမီးကိုပါ မေးမြန်းပြီး သူတို့နှစ်ယောက်က လွန်ခဲ့တဲ့နှစ်ထဲက အရင်းနှီးဆုံးသူငယ်ချင်းတွေအဖြစ်ကနေ အဆင့်တတ်ပြီး ချစ်သူတွေအဖြစ်လက်တွဲခဲ့ကြတယ်လို့ Confirm လုပ်ပေးခဲ့တာပါ ။ အခုတော့ ပရိတ်သတ်တွေကိုပါ သူတို့ရဲ့ အချစ်ရေးကို အသိပေးလိုက်ပါပြီ ။ သူတို့ကိုချစ်တဲ့ ပရိတ်သတ်တွေအတွက်တော့ သတင်းကောင်းတစ်ခုဖြစ်မှာအမှန်ပါပဲ ။ Congratulation လုပ်ပေးကြရအောင်ယောင်းတို့ရေ …
ဖိုးသူတော် (www.phothutaw.com)
Credit:  For Her Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top