ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×






Credit: 7 Day Daily

#Unicode Version#
တက္ကသိုလ်များနှင့် အ ခြေခံပညာကျောင်းများကို ကန် ဒေါ်လာသန်း ၈၀ ပမာဏအထိ ထောက်ပံ့ပေးမည်ဟု ကတိပြု ထားသည့် Mytel သည် အထက (၁) ဒဂုံ၌  ဖိုက်ဘာအင်တာနက် လိုင်းစတင်ချိတ်ဆက်ပေးခဲ့သည်။

ပညာရေးဝန်ကြီးဌာနလက် အောက်ရှိ တက္ကသိုလ်နှင့် အခြေခံ ပညာကျောင်း ၅၀၀ ကို ဖိုက်ဘာအင်တာနက်လိုင်းတပ်ဆင်ပေးမည်ဟု Mytel က ကတိပြုထားသည်။‘‘ပညာရေးဝန်ကြီးဌာနနဲ့ ညှိ နေတာရှိတယ်။ သူတို့ကလည်း သူတို့လိုချင်တဲ့ကျောင်းစာရင်း တွေချပြတယ်။ ကျွန်တော်တို့ ဘက်ကလည်း ဖိုက်ဘာပြေးလမ်း ကြောင်းနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကျောင်းတွေကို ပြန်ပြောပြထား တယ်’’ဟု Mytel မှ ပြင်ပဆက် ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦး က ပြောသည်။

တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများအား 2Mbps ပမာဏ ရှိသည့် ဖိုက်ဘာအင်တာနက်လိုင်း၁၅ နှစ်အကြာ အခမဲ့အသုံးပြုခွင့် ပေးခြင်း ဖြစ်သည်။

‘‘CSR လုပ်တဲ့နေရာမှာ ပညာရေးကဏ္ဍအတွက် ၈၀ ရာခိုင်နှုန်း အသုံးပြုသွားမှာပါ။ အဲဒီအတွက် ပညာရေးဝန်ကြီးဌာနနဲ့ အလဲအ ထပ်လုပ်တာတွေ၊ ကျောင်းတွေကနေ ပြန်ပြီးရယူတာတွေ ဘာမှမရှိပါဘူး’’ဟု ဦးဇော်မင်းဦးက ပြောသည်။အခြေခံပညာကျောင်းများ အား ဖိုက်ဘာအင်တာနက်လိုင်း ထောက်ပံ့ပြီး ကျောင်းပိုင်မြေ၌ မို ဘိုင်းတာဝါများ ပြန်လည်ဆောက်လုပ်ရန် MMytel က စီစဉ်နေသည် ဟူသော သတင်းများထွက်ပေါ် လာသည့် နောက်ပိုင်း ၎င်းက ယခုကဲ့သို့ တုံ့ပြန်ပြောကြားသည်။

‘‘တာဝါဆောက်တာ ကျန်တဲ့တယ်လီကွန်းကုမ္ပဏီတွေ ဆောက်သလိုပဲ ခွင့်ပြုချက်တောင်းရမှာ ပေါ့။ နေရာတိုင်း ကျောင်းတိုင်းမှာ တော့ ဘယ်လိုဆောက်မလဲ။ တာ ဝါဆောက်မယ်ဆိုရင် ခွင့်ပြုချက် တောင်းရမယ်’’ဟု ပညာရေးဝန် ကြီးဌာနမှ   ပြောရေးဆိုခွင့်ရှိသူ ဦးကိုလေးဝင်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day Daily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top