×

”စိုင္းစိုင္းက စိုင္းစိုင္း” ဆုိတဲ့ အယ္ဘမ္သစ္ ထြက္တဲ့ အမွတ္တရ အေနနဲ႔ (၂၈)ရက္ေန႔က ပရိသတ္ေတြကို လက္ေဆာင္ ေပးခဲ့ပါတယ္။ စိုင္းစိုင္းေပးတဲ့ လက္ေဆာင္ကေတာ့ “သိဂါၤရသီခ်င္းတစ္ပုဒ္ ” MTV ပါ။ အဲ့ဒီMV ကေတာ့ တင္ၿပီး ခဏေလး အတြင္းမွာ ၀င္ေရာက္ၾကည့္ရႈသူ အရမ္းကို မ်ားျပားခဲ့ပါတယ္။ အခ်စ္သီခ်င္းခ်ိဳခ်ိဳေလးပါ။ MV ထဲမွာေတာ့ စိုင္းစိုင္းနဲ႔ အတူ ေဆးေက်ာင္းသူေလး ပိုးမမွီသာ တို႔ အတူ ပါ၀င္သရုပ္ေဆာင္ထားပါတယ္။

အဲ့ဒီ MV ကို ရန္ကုန္တကၠသိုလ္မွာ ရိုက္ကူးခဲ့ၿပီး MV တစ္ခုလံုးလုိလိုမွာ မင္းသမီးက ျမန္မာဆန္ဆန္ေလး ၀တ္ဆင္ ခဲ့ပါ တယ္။အဲ့ဒီအထဲမွာ မင္းသမီး ၀တ္ဆင္ခဲ့တ့ဲ လံုခ်ည္နဲ႔ပတ္သက္ၿပီး ေနာက္ဆက္တြဲ ဂယက္ထြက္ေပၚ ခဲ့ပါတယ္။Fb အသံုး ျပဳသူ(Eno Tawqrängz Vazrängz)အေကာင့္ပိုင္ရွင္က ပိုးမမွီသာ ၀တ္ဆင္ခဲ့တဲ့ လံုခ်ည္ဟာ တကယ္ေတာ့ အမ်ိဳးသမီး ထမိန္မဟုတ္ပဲ နာဂ မ်ိဳးႏြယ္ ေတြ ၀တ္ဆင္တဲ့ အမ်ိဳးသား၀တ္ပုဆိုးပါဆိုၿပီး ေထာက္ျပခဲ့ပါတယ္။ေထာက္ျပလာ တဲ့ အေပၚ စိုင္းစိုင္းက အခုလို ျပန္လည္တံု႔ျပန္ခဲ့ပါတယ္။

“မိတ္ေဆြအားလံုးခင္ဗ်ာ..စိတ္အေႏွာင့္အယွက္ျဖစ္ရတာကို ေတာင္းပန္ပါတယ္..သရုပ္ေဆာင္ကလည္း မသိလုိ႔ ၀တ္ဆင္ ခဲ့တာျဖစ္ပါတယ္..က်ေနာ္က တာ၀န္ယူၿပီး..အဲ့ဒီအခန္းကို ျပန္လည္ျပင္ဆင္ၿပီး..အမွန္တကယ္ အေခြထြက္တဲ့ အခါ ျပင္ဆင္ ၿပီးသားကိုသာ အသံုးျပဳပါမယ္ခင္ဗ်ား..” ဆိုၿပီး အေလးအနက္ထား ျပန္လည္ ေတာင္းပန္ခဲ့ပါတယ္။

ပိုးမမီွသာကလည္း “လက္ေဆာင္ရလို႔ အဆင္ေလးႏွစ္သက္ၿပီး ခ်ဳပ္၀တ္မိျခင္းျဖစ္ပါတယ္..နာဂတိုင္းရင္းသား ပုဆိုး မွန္း မသိလိုက္ျခင္းကို နားလည္ခြင့္လႊတ္ေပးပါရွင့္..နာဂတုိင္းရင္းသားအားလံုးကို ေတာင္းပန္ပါတယ္..ေနာက္ေနာင္ အထူး သတိထားဆင္ျခင္ပါ့မယ္ရွင့္..” ဆိုၿပီး ျပန္ေတာင္းပန္ထားပါတယ္။အမွားကို ေထာက္ျပတဲ့ အေကာင့္ပိုင္ရွင္ကလည္း အႏုပညာ ရွင္ႏွစ္ေယာက္ ေတာင္းပန္ထားတဲ့ Post ကို သူ႔ရဲ႕ fb မွာ တင္ၿပီး ပထမဆံုးသူတင္ခဲ့တဲ့ Post ကို ျပန္ဖ်က္ ေပးခဲ့တာကိုေတြ႔ရပါတယ္။

from အႏုပညာရွင္မ်ားရဲ႕ fb

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yawthama
# Unicode Version ျဖင့္ ဖတ္ပါ #
”စိုင်းစိုင်းက စိုင်းစိုင်း” ဆိုတဲ့ အယ်ဘမ်သစ် ထွက်တဲ့ အမှတ်တရ အနေနဲ့ (၂၈)ရက်နေ့က ပရိသတ်တွေကို လက်ဆောင် ပေးခဲ့ပါတယ်။ စိုင်းစိုင်းပေးတဲ့ လက်ဆောင်ကတော့ “သိဂါၤရသီချင်းတစ်ပုဒ် ” MTV ပါ။ အဲ့ဒီMV ကတော့ တင်ပြီး ခဏလေး အတွင်းမှာ ဝင်ရောက်ကြည့်ရှုသူ အရမ်းကို များပြားခဲ့ပါတယ်။ အချစ်သီချင်းချိုချိုလေးပါ။ MV ထဲမှာတော့ စိုင်းစိုင်းနဲ့ အတူ ဆေးကျောင်းသူလေး ပိုးမမှီသာ တို့ အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။

အဲ့ဒီ MV ကို ရန်ကုန်တက္ကသိုလ်မှာ ရိုက်ကူးခဲ့ပြီး MV တစ်ခုလုံးလိုလိုမှာ မင်းသမီးက မြန်မာဆန်ဆန်လေး ဝတ်ဆင် ခဲ့ပါ တယ်။အဲ့ဒီအထဲမှာ မင်းသမီး ဝတ်ဆင်ခဲ့တဲ့ လုံချည်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဂယက်ထွက်ပေါ် ခဲ့ပါတယ်။Fb အသုံး ပြုသူ(Eno Tawqrängz Vazrängz)အကောင့်ပိုင်ရှင်က ပိုးမမှီသာ ဝတ်ဆင်ခဲ့တဲ့ လုံချည်ဟာ တကယ်တော့ အမျိုးသမီး ထမိန်မဟုတ်ပဲ နာဂ မျိုးနွယ် တွေ ဝတ်ဆင်တဲ့ အမျိုးသားဝတ်ပုဆိုးပါဆိုပြီး ထောက်ပြခဲ့ပါတယ်။ထောက်ပြလာ တဲ့ အပေါ် စိုင်းစိုင်းက အခုလို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

“မိတ်ဆွေအားလုံးခင်ဗျာ..စိတ်အနှောင့်အယှက်ဖြစ်ရတာကို တောင်းပန်ပါတယ်..သရုပ်ဆောင်ကလည်း မသိလို့ ဝတ်ဆင် ခဲ့တာဖြစ်ပါတယ်..ကျနော်က တာဝန်ယူပြီး..အဲ့ဒီအခန်းကို ပြန်လည်ပြင်ဆင်ပြီး..အမှန်တကယ် အခွေထွက်တဲ့ အခါ ပြင်ဆင် ပြီးသားကိုသာ အသုံးပြုပါမယ်ခင်ဗျား..” ဆိုပြီး အလေးအနက်ထား ပြန်လည် တောင်းပန်ခဲ့ပါတယ်။

ပိုးမမှီသာကလည်း “လက်ဆောင်ရလို့ အဆင်လေးနှစ်သက်ပြီး ချုပ်ဝတ်မိခြင်းဖြစ်ပါတယ်..နာဂတိုင်းရင်းသား ပုဆိုး မှန်း မသိလိုက်ခြင်းကို နားလည်ခွင့်လွှတ်ပေးပါရှင့်..နာဂတိုင်းရင်းသားအားလုံးကို တောင်းပန်ပါတယ်..နောက်နောင် အထူး သတိထားဆင်ခြင်ပါ့မယ်ရှင့်..” ဆိုပြီး ပြန်တောင်းပန်ထားပါတယ်။အမှားကို ထောက်ပြတဲ့ အကောင့်ပိုင်ရှင်ကလည်း အနုပညာ ရှင်နှစ်ယောက် တောင်းပန်ထားတဲ့ Post ကို သူ့ရဲ့ fb မှာ တင်ပြီး ပထမဆုံးသူတင်ခဲ့တဲ့ Post ကို ပြန်ဖျက် ပေးခဲ့တာကိုတွေ့ရပါတယ်။

from အနုပညာရှင်များရဲ့ fb

ဖိုးသူတော် (www.phothutaw.com)
Credit: yawthama
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top