×

ရုပ္သံလႊင့္အမ်ိဳးသမီးတစ္ဦးဟာ လိုက္ဖ္လႊင့္ေနရင္း ၾကည့္ေနတဲ့ပရိသတ္ေတြေရွ႕မွာပဲ သူမေခြးကိုေခၚကာ ျပဴတင္းေပါက္ကေန ခုန္ခ်သတ္ေသသြားခဲ့ေၾကာင္း သိရပါတယ္။ သူမကို “BJ Dark” လို႔ အသိမ်ားၾကၿပီး သူမရဲ႕ခ်န္နယ္မွာ လိုက္ဖ္လႊင့္ေနရင္းနဲ႔ ကိုယ့္ကိုကိုယ္ ေသေၾကာင္းၾကံစည္သြားခဲ့တာ ျဖစ္ပါတယ္။ ရုပ္သံလႊင့္အစီအစဥ္တစ္ခုမွာေတာ့ သူမဘ၀ကိုအဆံုးစီရင္လိုေၾကာင္း ေျပာသြားခဲ့ပါတယ္။

ရုပ္သံလႊင့္ေနတုန္း သူမရဲ႕ေခြးကိုေကာက္ခ်ီၿပီး သူမေနထိုင္ရာ ဘူဆန္ၿမိဳ႕ အထပ္အျမင့္(၈)လႊာ ျပဴတင္းေပါက္ကေနခုန္ခ်သြားခဲ့တာျဖစ္ပါတယ္။ ကယ္ဆယ္ေရးအဖြဲ႕ေတြက အားခ်င္းေရာက္လာၿပီး ေဆးရံုကိုပို႔ေဆာင္ေပးခဲ့ေပမယ့္ BJ Dark ဟာတစ္နာရီအတြင္းမွာပဲ ကြယ္လြန္သြားခဲ့ပါတယ္။

သတင္းမွတ္တမ္းေတြအရ သူမဟာမၾကာေသးခင္က ခင္ပြန္းျဖစ္သူနဲ႔ ကြာရွင္းျပတ္ဆဲခဲ့ၿပီး စိတ္က်ေရာဂါ အျပင္းအထန္ရေနေၾကာင္း သိရပါတယ္။ သူမရဲ႕ ေသေၾကာင္းၾကံစည္တဲ့ဗီဒီယို လိုက္ဖ္္မလႊင့္ခင္ (၂)ရက္အလိုတုန္းကလည္း သူမဘ၀ကို အဆံုးစီရင္ေတာ့မယ့္အေၾကာင္း ဗီဒီိယိုတစ္ခုမွာ ေျပာခဲ့ၿပီး သူမရဲ႕ေခြးကိုေစာင့္ေရွာက္ဖို႔ လူရွာေနတယ္လို႔ ဆုိခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yawthama
# Unicode Version ျဖင့္ ဖတ္ပါ #
ရုပ်သံလွှင့်အမျိုးသမီးတစ်ဦးဟာ လိုက်ဖ်လွှင့်နေရင်း ကြည့်နေတဲ့ပရိသတ်တွေရှေ့မှာပဲ သူမခွေးကိုခေါ်ကာ ပြူတင်းပေါက်ကနေ ခုန်ချသတ်သေသွားခဲ့ကြောင်း သိရပါတယ်။ သူမကို “BJ Dark” လို့ အသိများကြပြီး သူမရဲ့ချန်နယ်မှာ လိုက်ဖ်လွှင့်နေရင်းနဲ့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်သွားခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံလွှင့်အစီအစဉ်တစ်ခုမှာတော့ သူမဘဝကိုအဆုံးစီရင်လိုကြောင်း ပြောသွားခဲ့ပါတယ်။

ရုပ်သံလွှင့်နေတုန်း သူမရဲ့ခွေးကိုကောက်ချီပြီး သူမနေထိုင်ရာ ဘူဆန်မြို့ အထပ်အမြင့်(၈)လွှာ ပြူတင်းပေါက်ကနေခုန်ချသွားခဲ့တာဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက အားချင်းရောက်လာပြီး ဆေးရုံကိုပို့ဆောင်ပေးခဲ့ပေမယ့် BJ Dark ဟာတစ်နာရီအတွင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

သတင်းမှတ်တမ်းတွေအရ သူမဟာမကြာသေးခင်က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်ဆဲခဲ့ပြီး စိတ်ကျရောဂါ အပြင်းအထန်ရနေကြောင်း သိရပါတယ်။ သူမရဲ့ သေကြောင်းကြံစည်တဲ့ဗီဒီယို လိုက်ဖ်မလွှင့်ခင် (၂)ရက်အလိုတုန်းကလည်း သူမဘဝကို အဆုံးစီရင်တော့မယ့်အကြောင်း ဗီဒီယိုတစ်ခုမှာ ပြောခဲ့ပြီး သူမရဲ့ခွေးကိုစောင့်ရှောက်ဖို့ လူရှာနေတယ်လို့ ဆိုခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: yawthama
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top