ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မရမ္းကုန္းၿမိဳ႕နယ္ ကိုးမိုင္အနီးရွိ KTV ဆိုင္တစ္ဆိုင္တြင္ သီခ်င္းအတူဆိုခဲ့သည့္ ယင္းဆိုင္မွ အမ်ိဳးသမီး၏ ေခၚရာေနာက္သို႔ လိုက္သြားေသာ အသက္ ၄၅ ႏွစ္အ႐ြယ္ ကိုရီးယားႏိုင္ငံသား အမ်ိဳးသားတစ္ဦး အေမရိကန္ေဒၚလာ ၆၅၀၀ ႏွင့္ က်ပ္ ၁၀ သိန္းတန္ဖိုးရွိ လက္ကိုင္ဖုန္းတစ္လံုး ခိုးယူခံရေၾကာင္း အမႈဖြင့္တိုင္ခ်က္အရ ရဲတပ္ဖြဲ႔ထံမွသိရသည္။

အေမရိကန္ေဒၚလာမ်ား အခိုးခံရသည့္ ကိုရီးယားႏိုင္ငံသား Mr. Kim Wonchul မွာ ေဖေဖာ္ဝါရီလ ၁၃ ရက္ ည ၁၀ နာရီက ဩစေၾတးလ်ႏိုင္ငံသားတစ္ဦးႏွင့္ အတူ ကိုးမိုင္အနီးရွိ KTV ဆိုင္သို႔ သြားခဲ့ၿပီး ယင္းဆိုင္မွ အဆိုရွင္ မျမင့္မိုရ္ (စံုစမ္းဆဲ) ႏွင့္အတူ သီခ်င္းသီဆို၍ ေသာက္စားခဲ့ၿပီး ည ၁၂ နာရီတြင္ မျမင့္မိုရ္ က ၎ေနထို္င္သည့္ အင္းစိန္ၿမိဳ႕နယ္၊ မုဒိတာအိမ္ရာ (၂) မွ အခန္းသို႔ လိုက္ခဲ့ရန္ ေခၚေသာေၾကာင့္ ကိုရီးယားႏိုင္ငံသားက လိုက္သြားခဲ့ေၾကာင္း ရဲအရာရွိက ေျပာသည္။

“ႏိုင္ငံျခားသားရဲ႕ တိုင္ခ်က္အရဆို သူက အမ်ိဳးသမီးေနတဲ့ အခန္းကိုလိုက္သြားတယ္။ ဟိုေရာက္ေတာ့ အမ်ိဳးသမီးက ငွဲ႔ေပးတဲ့ အရက္တစ္ခြက္ကို ယူေသာက္ၿပီး အိပ္ေပ်ာ္သြားရာက မနက္ ၇ နာရီ အိပ္ရာႏိုးလာတယ္။ သူ႔ကိုေခၚလာတဲ့ အမ်ိဳးသမီးက တိုက္ခန္းထဲမွာ မရွိေတာ့ဘူး။ သူ႔ပိုက္ဆံေတြနဲ႔ ဖုန္းပါ ေပ်ာက္ေနတာ သိလိုက္လို႔ KTV ဆိုင္ျပန္သြားၿပီး အမ်ိဳးသမီးကို ရွာေပးဖို႔နဲ႔ သူ႔ေငြေတြျပန္ေပးဖို႔ အခ်ိန္ခုနစ္ရက္ေပးခဲ့တယ္ ေျပာတယ္။ အမႈက လတ္တေလာ စံုစမ္းစစ္ေဆးေနဆဲပါ” ဟု ရဲအရာရွိက ရွင္းျပသည္။
အခ်ိန္ ခုနစ္ရက္ေပးခဲ့ေသာ္လည္း ေပ်ာက္ဆံုးခဲ့သည့္ အေမရိကန္ေဒၚလာမ်ားႏွင့္ လက္ကိုင္ဖုန္းကို ျပန္မေပးသျဖင့္ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔တြင္ ယင္းအမႈအား စစ္ေဆးေဖာ္ထုတ္ အေရးယူေပးရန္ အင္းစိန္ၿမိဳ႕မရဲစခန္းထံ တိုင္ၾကားလာသျဖင့္ ရာဇသတ္ႀကီး ပုဒ္မ ၃၈၀ ျဖင့္ အမႈဖြင့္ကာ စံုစမ္းေဆာင္႐ြက္ေနေၾကာင္း ရဲတပ္ဖြဲ႔ထံမွသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: H.H
# Unicode Version ျဖင့္ ဖတ္ပါ #
မရမ်းကုန်းမြို့နယ် ကိုးမိုင်အနီးရှိ KTV ဆိုင်တစ်ဆိုင်တွင် သီချင်းအတူဆိုခဲ့သည့် ယင်းဆိုင်မှ အမျိုးသမီး၏ ခေါ်ရာနောက်သို့ လိုက်သွားသော အသက် ၄၅ နှစ်အရွယ် ကိုရီးယားနိုင်ငံသား အမျိုးသားတစ်ဦး အမေရိကန်ဒေါ်လာ ၆၅၀၀ နှင့် ကျပ် ၁၀ သိန်းတန်ဖိုးရှိ လက်ကိုင်ဖုန်းတစ်လုံး ခိုးယူခံရကြောင်း အမှုဖွင့်တိုင်ချက်အရ ရဲတပ်ဖွဲ့ထံမှသိရသည်။

အမေရိကန်ဒေါ်လာများ အခိုးခံရသည့် ကိုရီးယားနိုင်ငံသား Mr. Kim Wonchul မှာ ဖေဖော်ဝါရီလ ၁၃ ရက် ည ၁၀ နာရီက ဩစတြေးလျနိုင်ငံသားတစ်ဦးနှင့် အတူ ကိုးမိုင်အနီးရှိ KTV ဆိုင်သို့ သွားခဲ့ပြီး ယင်းဆိုင်မှ အဆိုရှင် မမြင့်မိုရ် (စုံစမ်းဆဲ) နှင့်အတူ သီချင်းသီဆို၍ သောက်စားခဲ့ပြီး ည ၁၂ နာရီတွင် မမြင့်မိုရ် က ၎င်းနေထိုင်သည့် အင်းစိန်မြို့နယ်၊ မုဒိတာအိမ်ရာ (၂) မှ အခန်းသို့ လိုက်ခဲ့ရန် ခေါ်သောကြောင့် ကိုရီးယားနိုင်ငံသားက လိုက်သွားခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

“နိုင်ငံခြားသားရဲ့ တိုင်ချက်အရဆို သူက အမျိုးသမီးနေတဲ့ အခန်းကိုလိုက်သွားတယ်။ ဟိုရောက်တော့ အမျိုးသမီးက ငှဲ့ပေးတဲ့ အရက်တစ်ခွက်ကို ယူသောက်ပြီး အိပ်ပျော်သွားရာက မနက် ၇ နာရီ အိပ်ရာနိုးလာတယ်။ သူ့ကိုခေါ်လာတဲ့ အမျိုးသမီးက တိုက်ခန်းထဲမှာ မရှိတော့ဘူး။ သူ့ပိုက်ဆံတွေနဲ့ ဖုန်းပါ ပျောက်နေတာ သိလိုက်လို့ KTV ဆိုင်ပြန်သွားပြီး အမျိုးသမီးကို ရှာပေးဖို့နဲ့ သူ့ငွေတွေပြန်ပေးဖို့ အချိန်ခုနစ်ရက်ပေးခဲ့တယ် ပြောတယ်။ အမှုက လတ်တလော စုံစမ်းစစ်ဆေးနေဆဲပါ” ဟု ရဲအရာရှိက ရှင်းပြသည်။
အချိန် ခုနစ်ရက်ပေးခဲ့သော်လည်း ပျောက်ဆုံးခဲ့သည့် အမေရိကန်ဒေါ်လာများနှင့် လက်ကိုင်ဖုန်းကို ပြန်မပေးသဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ယင်းအမှုအား စစ်ဆေးဖော်ထုတ် အရေးယူပေးရန် အင်းစိန်မြို့မရဲစခန်းထံ တိုင်ကြားလာသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: H.H
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top