ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

လတ္တေလာမွာ 120/B ဆိုတဲ႔ ေတးအယ္လ္ဘမ္ ထြက္ရွိထားၿပီး ပရိသတ္အားေပးမႈ မ်ားေနတာက အဆိုေတာ္ G Fatt ပါ။ G Fatt ဟာ ဒီသီခ်င္းေခြ မထြက္ခင္ကလည္း သူငယ္စဥ္က အိမ္မွာသြားတိုက္ေနတဲ႔ပံုတစ္ပံု အြန္လိုင္းေပၚ ျပန္႔ခဲ႔ၿပီး Internet Troller ေတြအၾကား ဟာသလုပ္စရာတစ္ခုလိုျဖစ္ခဲ႔ကာ သူ႔ရဲ႕ပိန္သြယ္သြယ္ ခႏၶာကိုယ္အေပၚကိုလည္း ေလွာင္ေျပာင္ခဲ႔ၾကသူေတြ မ်ားစြာရွိခဲ႔ပါတယ္။

ဂ်ီဖတ္ဟာ ယခုထြက္ရွိလာတဲ႔ 120/B သီခ်င္းေခြထဲမွာေတာ႔ သူ႔ဘ၀အေၾကာင္းအမ်ားစုကို သီခ်င္းစပ္ဆိုထားၿပီး စိတ္၀င္စားစရာေကာင္းတ႔ဲ သီခ်င္း ၂ ပုဒ္ကေတာ႔ “ဖက္တီးျဖစ္ခ်င္တယ္” ဆိုတဲ႔ သီခ်င္းနဲ႔ “ဖြ” ဆိုတဲ႔ သီခ်င္းေတြပါ။ “ဖက္တီးျဖစ္ခ်င္တယ္” ဆိုတဲ႔ သီခ်င္းဟာလည္း သူ႔ကိုပိန္တယ္ဆိုၿပီး သေရာ္ၾကတဲ႔သူေတြ၊ ေျခသလံုးပေလြရိုးဆိုၿပီး ေျပာၾကတာေတြကို တံု႔ျပန္တဲ႔ပံုစံ ဆိုထားတာျဖစ္ၿပီး “ဂ်ီဖတ္က ေျခသလံုးပုေလြရိုး၊ လက္ေမာင္းက စမုတ္တံေလာက္နဲ႔ ဗလေတာ႔ မေတာင္႔ေပမယ္႔ မင္းထက္ေစာ္ၾကည္ၿပီး ရုပ္ခံေျဖာင္႔တယ္” ဆိုၿပီး စပ္ထားတ႔ဲ စာသားေလးကလည္း သေဘာက်စရာပါ။

ေနာက္တစ္ပုဒ္ကေတာ႔ “ဖြ” ဆိုတဲ႔ သီခ်င္းပါ။ ဟုတ္တာေတြလည္းဖြ၊ မဟုတ္တာေတြလည္းဖြတတ္တဲ႔ ယေန႔ေခတ္ အြန္လိုင္းေပၚက Page ေတြ၊ မီဒီယာဆိုသူေတြကို ျပန္လွန္သေရာ္တဲ႔ပံုစံနဲ႔ စပ္ဆိုထားတာျဖစ္ၿပီး လတ္ရွိျဖစ္ရပ္ေတြကိုလည္း ေရာင္ျပန္ဟပ္ႏိုင္တာကို ေတြ႔ရပါတယ္။ “ကြ်န္ေတာ္ကဖြ မဂၢဇင္းက ဂ်ာနယ္လစ္ပါ၊ ကြ်န္မက ဘုတ္မီဒီယာက စာနယ္ဇင္းသမား၊ ကိုယ္႔ေၾကာင္႔ ေဖ႔ဘုတ္ကလာတဲ႔ သတင္းမ်ား၊ ဟုတ္လား မဟုတ္လား မညာနဲ႔ရွင္းျပ၊ ကဲ သိခ်င္တဲ႔လူေတြအကုန္ ကြန္မန္႔မွာလာ ဖ်ာ၀ယ္ခင္းထား” ဆိုတဲ႔ ကာရန္ေတြနဲ႔ အြန္လိုင္း Page ေတြကို ျပန္ၿဖဲထားတာ ျဖစ္ပါတယ္။

ပရိသတ္ႀကီးေရာ ဂ်ီဖတ္ရဲ႕ 120/B သီခ်င္းေခြသစ္ကို နားေထာင္ၿပီးၿပီလား? ဒါဆိုရင္ေတာ႔ နီးစပ္ရာအေခြဆိုင္ေတြသြားၿပီး Original အေခြတစ္ေခြေလာက္၀ယ္ၿပီး အားေပးလိုက္ပါဦး။ ဒီအေခြထဲမွာေတာ႔ သီခ်င္း ၁၄ ပုဒ္ပါ၀င္ပါတယ္လို႔ သတင္းေကာင္းပါးရင္း ႏႈတ္ဆက္လိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hlataw

#Unicode Version#
လတ်တလောမှာ 120/B ဆိုတဲ့ တေးအယ်လ်ဘမ် ထွက်ရှိထားပြီး ပရိသတ်အားပေးမှု များနေတာက အဆိုတော် G Fatt ပါ။ G Fatt ဟာ ဒီသီချင်းခွေ မထွက်ခင်ကလည်း သူငယ်စဉ်က အိမ်မှာသွားတိုက်နေတဲ့ပုံတစ်ပုံ အွန်လိုင်းပေါ် ပြန့်ခဲ့ပြီး Internet Troller တွေအကြား ဟာသလုပ်စရာတစ်ခုလိုဖြစ်ခဲ့ကာ သူ့ရဲ့ပိန်သွယ်သွယ် ခန္ဓာကိုယ်အပေါ်ကိုလည်း လှောင်ပြောင်ခဲ့ကြသူတွေ များစွာရှိခဲ့ပါတယ်။

ဂျီဖတ်ဟာ ယခုထွက်ရှိလာတဲ့ 120/B သီချင်းခွေထဲမှာတော့ သူ့ဘဝအကြောင်းအများစုကို သီချင်းစပ်ဆိုထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ သီချင်း ၂ ပုဒ်ကတော့ “ဖက်တီးဖြစ်ချင်တယ်” ဆိုတဲ့ သီချင်းနဲ့ “ဖွ” ဆိုတဲ့ သီချင်းတွေပါ။ “ဖက်တီးဖြစ်ချင်တယ်” ဆိုတဲ့ သီချင်းဟာလည်း သူ့ကိုပိန်တယ်ဆိုပြီး သရော်ကြတဲ့သူတွေ၊ ခြေသလုံးပလွေရိုးဆိုပြီး ပြောကြတာတွေကို တုံ့ပြန်တဲ့ပုံစံ ဆိုထားတာဖြစ်ပြီး “ဂျီဖတ်က ခြေသလုံးပုလွေရိုး၊ လက်မောင်းက စမုတ်တံလောက်နဲ့ ဗလတော့ မတောင့်ပေမယ့် မင်းထက်စော်ကြည်ပြီး ရုပ်ခံဖြောင့်တယ်” ဆိုပြီး စပ်ထားတဲ့ စာသားလေးကလည်း သဘောကျစရာပါ။

နောက်တစ်ပုဒ်ကတော့ “ဖွ” ဆိုတဲ့ သီချင်းပါ။ ဟုတ်တာတွေလည်းဖွ၊ မဟုတ်တာတွေလည်းဖွတတ်တဲ့ ယနေ့ခေတ် အွန်လိုင်းပေါ်က Page တွေ၊ မီဒီယာဆိုသူတွေကို ပြန်လှန်သရော်တဲ့ပုံစံနဲ့ စပ်ဆိုထားတာဖြစ်ပြီး လတ်ရှိဖြစ်ရပ်တွေကိုလည်း ရောင်ပြန်ဟပ်နိုင်တာကို တွေ့ရပါတယ်။ “ကျွန်တော်ကဖွ မဂ္ဂဇင်းက ဂျာနယ်လစ်ပါ၊ ကျွန်မက ဘုတ်မီဒီယာက စာနယ်ဇင်းသမား၊ ကိုယ့်ကြောင့် ဖေ့ဘုတ်ကလာတဲ့ သတင်းများ၊ ဟုတ်လား မဟုတ်လား မညာနဲ့ရှင်းပြ၊ ကဲ သိချင်တဲ့လူတွေအကုန် ကွန်မန့်မှာလာ ဖျာဝယ်ခင်းထား” ဆိုတဲ့ ကာရန်တွေနဲ့ အွန်လိုင်း Page တွေကို ပြန်ဖြဲထားတာ ဖြစ်ပါတယ်။

ပရိသတ်ကြီးရော ဂျီဖတ်ရဲ့ 120/B သီချင်းခွေသစ်ကို နားထောင်ပြီးပြီလား? ဒါဆိုရင်တော့ နီးစပ်ရာအခွေဆိုင်တွေသွားပြီး Original အခွေတစ်ခွေလောက်ဝယ်ပြီး အားပေးလိုက်ပါဦး။ ဒီအခွေထဲမှာတော့ သီချင်း ၁၄ ပုဒ်ပါဝင်ပါတယ်လို့ သတင်းကောင်းပါးရင်း နှုတ်ဆက်လိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top