AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ရုပ္ရွင္ဇာတ္ကားႀကီးထဲက ကာရုိက္တာေလးပါ။

အိေခ်ာပုိကေတာ့ မ်က္ႏွာဖုံးမ်ားရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္သရုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။ Beauty Sloon မွာ အလုပ္လုပ္ေနတဲ့ မိန္းကေလးေတြရဲ႕ ဘဝအမ်ဳိးမ်ဳိးကုိ ရုိက္ကူးထားတဲ့ရုပ္ရွင္ဇာတ္ကားႀကီးျဖစ္လုိ႔ သူ႔ရဲ႕ ကာရုိက္တာကေန ပရိသတ္ကုိေပးမယ့္ ရသအမ်ဳိးအစား ကုိလည္း Media ကေနေျပာျပခဲ့ပါတယ္။

” အိေခ်ာကေတာ့ ရြာကတက္လာကတည္းက ကုိယ္အရမ္း Crazy ျဖစ္တဲ့မင္းသားတစ္လက္ရွိတယ္။ ကုိယ္အလုပ္လုပ္ေနတဲ့ဆုိင္မွာ ရုပ္ရွင္လာ ရုိက္ေတာ့ အရမ္းဝမ္းသာသြားတယ္။ ဒီဇာတ္ကားထဲမွာေတာ့ အသြက္ပုံစံေလး သရုပ္ေဆာင္ရူးလည္းျဖစ္တယ္၊ မ်က္ႏွာေပးပုံစံ အမ်ဳိးမ်ဳိးေပါ့ ငါသာမင္းသမီးဆုိရင္ ဘယ္ေနရာေလးကုိ ဘယ္လုိလုပ္လုိက္မွာဆုိတဲ့ အသြက္ကာရုိက္တာေလးေပါ့” လုိ႔ သူကဆုိပါတယ္။

မင္းသမီးေတြအမ်ားႀကီးပါဝင္ရတဲ့အတြက္ ကုိယ့္ရဲ႕ ဇာတ္ကြက္အေနနဲ႕ ဘယ္လိုပုံစံမ်ဳိးရွိမယ္ ဆုိတာအခုလုိေျပာျပခဲ့ပါတယ္။

” ပထမတုန္းက ခ်ဳဆီရုပ္ရွင္ဇာတ္ကားႀကီးတုန္းကလည္း မင္းသမီး ၅ လက္ဆုိေတာ့ အကုန္လုံးကလည္း သူ႔အခန္းက႑နဲ႔သူ၊ သူ႔ဘဝ အေၾကာင္းနဲ႔သူ ၊ ဒီဇာတ္ကားမွာလည္း အဲ့ဒီလုိပဲ အိေခ်ာကလည္း ပုံစံတစ္မ်ဳိး၊ တျခားပါဝင္တဲ့ မင္းသမီးေတြကလည္း ကာရုိက္တာ တစ္ေယာက္တစ္မ်ဳိးစီ မွ်တေအာင္ သရုပ္ေဆာင္ၾကတာပါပဲ” လုိ႔ ဆုိပါတယ္။

မ်က္ႏွာဖုံးမ်ား ရုပ္ရွင္ဇာတ္ကားႀကီးကုိေတာ့ ဒါရုိက္တာမင္းဦးက ပုံေဖာ္ရုိက္ကူးေနတာျဖစ္ပါတယ္။ အဓိကသရုပ္ေဆာင္မ်ားအေနနဲ႔ အကယ္ဒမီမင္းဦး၊ ေက်ာ္ထက္ေအာင္၊ ေအာင္ရဲထုိက္၊ Rusell ၊ အိေခ်ာပို၊ အကယ္ဒမီ စိုးျပည့္သဇင္၊ ေအးဝတ္ရည္ေသာင္း၊ ျမႏွင္းရည္လြင္၊ ေမ ၊ အကယ္ဒမီမ်ဳိးသႏၱာထြန္း၊ ေကာင္းျမတ္ တုိ႔က ပါဝင္သရုပ္ေဆာင္ေနတယ္လုိ႔ သိရပါမယ္။

Photo: အိေခ်ာပုိေဖ့စ္ဘုတ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DUWUN
# Unicode Version ျဖင့္ ဖတ္ပါ #
 ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာလေးပါ။

အိချောပိုကတော့ မျက်နှာဖုံးများရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ Beauty Sloon မှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေရဲ့ ဘဝအမျိုးမျိုးကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ သူ့ရဲ့ ကာရိုက်တာကနေ ပရိသတ်ကိုပေးမယ့် ရသအမျိုးအစား ကိုလည်း Media ကနေပြောပြခဲ့ပါတယ်။

” အိချောကတော့ ရွာကတက်လာကတည်းက ကိုယ်အရမ်း Crazy ဖြစ်တဲ့မင်းသားတစ်လက်ရှိတယ်။ ကိုယ်အလုပ်လုပ်နေတဲ့ဆိုင်မှာ ရုပ်ရှင်လာ ရိုက်တော့ အရမ်းဝမ်းသာသွားတယ်။ ဒီဇာတ်ကားထဲမှာတော့ အသွက်ပုံစံလေး သရုပ်ဆောင်ရူးလည်းဖြစ်တယ်၊ မျက်နှာပေးပုံစံ အမျိုးမျိုးပေါ့ ငါသာမင်းသမီးဆိုရင် ဘယ်နေရာလေးကို ဘယ်လိုလုပ်လိုက်မှာဆိုတဲ့ အသွက်ကာရိုက်တာလေးပေါ့” လို့ သူကဆိုပါတယ်။

မင်းသမီးတွေအများကြီးပါဝင်ရတဲ့အတွက် ကိုယ့်ရဲ့ ဇာတ်ကွက်အနေနဲ့ ဘယ်လိုပုံစံမျိုးရှိမယ် ဆိုတာအခုလိုပြောပြခဲ့ပါတယ်။

” ပထမတုန်းက ချုဆီရုပ်ရှင်ဇာတ်ကားကြီးတုန်းကလည်း မင်းသမီး ၅ လက်ဆိုတော့ အကုန်လုံးကလည်း သူ့အခန်းကဏ္ဍနဲ့သူ၊ သူ့ဘဝ အကြောင်းနဲ့သူ ၊ ဒီဇာတ်ကားမှာလည်း အဲ့ဒီလိုပဲ အိချောကလည်း ပုံစံတစ်မျိုး၊ တခြားပါဝင်တဲ့ မင်းသမီးတွေကလည်း ကာရိုက်တာ တစ်ယောက်တစ်မျိုးစီ မျှတအောင် သရုပ်ဆောင်ကြတာပါပဲ” လို့ ဆိုပါတယ်။

မျက်နှာဖုံးများ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာမင်းဦးက ပုံဖော်ရိုက်ကူးနေတာဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်များအနေနဲ့ အကယ်ဒမီမင်းဦး၊ ကျော်ထက်အောင်၊ အောင်ရဲထိုက်၊ Rusell ၊ အိချောပို၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အေးဝတ်ရည်သောင်း၊ မြနှင်းရည်လွင်၊ မေ ၊ အကယ်ဒမီမျိုးသန္တာထွန်း၊ ကောင်းမြတ် တို့က ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါမယ်။

Photo: အိချောပိုဖေ့စ်ဘုတ်

ဖိုးသူတော် (www.phothutaw.com)
Credit: DUWUN
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top