ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ရြဲလံုးေလးေတြလို ေတာက္ပတဲ့မ်က္လံုးေတြနဲ႔ မ်က္ေတာင္ေမြးထူထူေကာ့ေကာ့ႀကီးေတြရွိၿပီး ခါးေသး ရင္ခ်ီျဖစ္ေနတဲ့ စင္ဒရဲလားေလးလိုျဖစ္ဖို႔ ကေလးဘဝမွာအိမ္မက္မက္ခဲ့ဖူးၾကမွာပါ။
ဒစ္စနီကထြက္ရွိလာတဲ့ အန္နီေမးရွင္းကားေတြဆိုရင္ စင္ဒရဲလားကစၿပီး ေနာက္ပိုင္း Responzel, Frozen  စတဲ့အန္နီေမးရွင္းဇာတ္ကားေတြထဲက ဒစ္စနီမင္းသမီးေလးေတြအထိ ကေလးပရိသတ္ေရာ၊ လူႀကီးပရိသတ္ပါႏွစ္ၿခိဳက္အားေပးရေလာက္ေအာင္ ေအာင္ျမင္ပါတယ္။

ဒစ္စနီမင္းသမီးေလးေတြရဲ႕ဖက္ရွင္၊ ခႏၶာကိုယ္အခ်ိဳးအစား၊ မိတ္ကပ္ျပင္ဆင္မႈေတြကို Inspire လုပ္ၿပီး အတုယူဖန္တီးလာၾကတာေတြလည္းရွိပါတယ္။ အထူးသျဖင့္ ဒစ္စနီမင္းသမီးေလးေတြရဲ႕ သြယ္လ် တဲ့ေျခတံ၊ လက္တံနဲ႔ ရင္ဆို ရင္၊ တင္ဆို တင္၊ ခါးေနရာခါး အဲဒီလိုအခ်ိဳးအစားက်တဲ့ ခႏၶာကိုယ္ဆိုတာ အျပင္မွာေတာ္ေတာ္ခက္ခက္ခဲခဲ ဇြဲရွိရွိေလ့က်င့္ယူမွရတဲ့ခႏၶာကိုယ္အခ်ိဳးအစားေတြပါ။

ကာတြန္းကားထဲက ဇာတ္ေကာင္ေတြအတိုင္းျဖစ္ဖို႔ဆိုတာမလြယ္ကူပါဘူး။ ဒါေပမဲ့ ဒီလိုခက္ခဲတဲ့အလုပ္ကိုလုပ္ဖို႔ “Cinderella weight challenge” ဆိုၿပီး တြစ္တာမွာစိန္ေခၚပြဲႀကီး က်င္းပေနပါတယ္။

ဒါေပမဲ့ စင္ဒရဲလားဆိုတာ ကာတြန္းထဲက ဇာတ္ေကာင္သက္သက္ပါပဲ။ သူ႔လိုျဖစ္ေအာင္လိုက္လုပ္ဖို႔ ဆိုတာ အထူးသျဖင့္ Diet Planဟာအင္မတန္ အႏၱရာယ္မ်ားၿပီး လူ႔ခႏၶာကိုယ္ရဲ႕က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

သင့္ရဲ႕ အသက္၊ ကိုယ္အေလးခ်ိန္၊ အရပ္အေမာင္းကိုတြက္ခ်က္လိုက္ရင္ BMI ၁၈.၅ကေန ၂၄.၉အတြင္းရွိသူဟာပံုမွန္ကိုယ္အေလးခ်ိန္ျဖစ္ပါတယ္။ အဲဒီလိုမဟုတ္ဘဲ ၁၈.၅ထက္ေလ်ာ့ေနရင္ ပိန္လြန္းၿပီး ၂၄.၉ထက္မ်ားေနရင္ ကိုယ္အေလးခ်ိန္မ်ားတယ္လို႔သတ္မွတ္ပါတယ္။ အခုစိန္ေခၚမႈ ကေတာ့ ၁၈ထက္နည္းေအာင္လုပ္ရမွာျဖစ္တဲ့အတြက္ ခႏၶာကိုယ္က်န္းမာေရးကိုပါ ထိခိုက္ေစႏိုင္ တာပဲျဖစ္ပါတယ္။

ဒီစိန္ေခၚမႈကို ဂ်ပန္တြစ္တာတစ္ခုကေနစတင္လိုက္တယ္လို႔သိရပါတယ္။ဘယ္ေလာက္ပဲ က်န္းမာေရးအတြက္ အႏၱရာယ္မ်ားတဲ့ စိန္ေခၚမႈျဖစ္ပါေစ လက္ရွိတြစ္တာမွာ Cinderella Weight ကို Targetထားယွဥ္ၿပိဳင္ေနၾကဆဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ရွဲလုံးလေးတွေလို တောက်ပတဲ့မျက်လုံးတွေနဲ့ မျက်တောင်မွေးထူထူကော့ကော့ကြီးတွေရှိပြီး ခါးသေး ရင်ချီဖြစ်နေတဲ့ စင်ဒရဲလားလေးလိုဖြစ်ဖို့ ကလေးဘဝမှာအိမ်မက်မက်ခဲ့ဖူးကြမှာပါ။
ဒစ်စနီကထွက်ရှိလာတဲ့ အန်နီမေးရှင်းကားတွေဆိုရင် စင်ဒရဲလားကစပြီး နောက်ပိုင်း Responzel, Frozen  စတဲ့အန်နီမေးရှင်းဇာတ်ကားတွေထဲက ဒစ်စနီမင်းသမီးလေးတွေအထိ ကလေးပရိသတ်ရော၊ လူကြီးပရိသတ်ပါနှစ်ခြိုက်အားပေးရလောက်အောင် အောင်မြင်ပါတယ်။

ဒစ်စနီမင်းသမီးလေးတွေရဲ့ဖက်ရှင်၊ ခန္ဓာကိုယ်အချိုးအစား၊ မိတ်ကပ်ပြင်ဆင်မှုတွေကို Inspire လုပ်ပြီး အတုယူဖန်တီးလာကြတာတွေလည်းရှိပါတယ်။ အထူးသဖြင့် ဒစ်စနီမင်းသမီးလေးတွေရဲ့ သွယ်လျ တဲ့ခြေတံ၊ လက်တံနဲ့ ရင်ဆို ရင်၊ တင်ဆို တင်၊ ခါးနေရာခါး အဲဒီလိုအချိုးအစားကျတဲ့ ခန္ဓာကိုယ်ဆိုတာ အပြင်မှာတော်တော်ခက်ခက်ခဲခဲ ဇွဲရှိရှိလေ့ကျင့်ယူမှရတဲ့ခန္ဓာကိုယ်အချိုးအစားတွေပါ။

ကာတွန်းကားထဲက ဇာတ်ကောင်တွေအတိုင်းဖြစ်ဖို့ဆိုတာမလွယ်ကူပါဘူး။ ဒါပေမဲ့ ဒီလိုခက်ခဲတဲ့အလုပ်ကိုလုပ်ဖို့ “Cinderella weight challenge” ဆိုပြီး တွစ်တာမှာစိန်ခေါ်ပွဲကြီး ကျင်းပနေပါတယ်။

ဒါပေမဲ့ စင်ဒရဲလားဆိုတာ ကာတွန်းထဲက ဇာတ်ကောင်သက်သက်ပါပဲ။ သူ့လိုဖြစ်အောင်လိုက်လုပ်ဖို့ ဆိုတာ အထူးသဖြင့် Diet Planဟာအင်မတန် အန္တရာယ်များပြီး လူ့ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

သင့်ရဲ့ အသက်၊ ကိုယ်အလေးချိန်၊ အရပ်အမောင်းကိုတွက်ချက်လိုက်ရင် BMI ၁၈.၅ကနေ ၂၄.၉အတွင်းရှိသူဟာပုံမှန်ကိုယ်အလေးချိန်ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ၁၈.၅ထက်လျော့နေရင် ပိန်လွန်းပြီး ၂၄.၉ထက်များနေရင် ကိုယ်အလေးချိန်များတယ်လို့သတ်မှတ်ပါတယ်။ အခုစိန်ခေါ်မှု ကတော့ ၁၈ထက်နည်းအောင်လုပ်ရမှာဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင် တာပဲဖြစ်ပါတယ်။

ဒီစိန်ခေါ်မှုကို ဂျပန်တွစ်တာတစ်ခုကနေစတင်လိုက်တယ်လို့သိရပါတယ်။ဘယ်လောက်ပဲ ကျန်းမာရေးအတွက် အန္တရာယ်များတဲ့ စိန်ခေါ်မှုဖြစ်ပါစေ လက်ရှိတွစ်တာမှာ Cinderella Weight ကို Targetထားယှဉ်ပြိုင်နေကြဆဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top