မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ထုိင္းႏုိင္ငံက နက္ထနန္ဆုိတဲ့ ကေလးဟာ အသက္ ၅ ႏွစ္အရြယ္ကတည္းက လူမႈကြန္ရက္ေပၚမွာ နာမည္ႀကီးခဲ့ပါတယ္။

သူမရဲ႕မိခင္က သူမ မိတ္ကပ္ျပင္ေနတဲ့ ဗီြဒီယုိ႐ုပ္သံကို ယူက်ဳေပၚမွာ တင္လိုက္ခ်ိန္ လူမႈကြန္ရက္သံုးစြဲသူ တခ်ိဳ႕က သူမရဲ႕စြမ္းရည္ကုိ အံ့ၾသၾကၿပီး ထံုးစံအတုိင္း တခ်ိဳ႕ကေတာ့ အဆုိးျမင္တဲ့ မွတ္ခ်က္ေတြ ေပးခဲ့ၾကတာပါ။

နက္ထနန္က “က်မ အသက္ ၅ ႏွစ္အရြယ္မွာ က်မအေၾကာင္း သူတုိ႔ ေျပာတာေတြကို နားမလည္ဘူး။ က်မ အသက္ ၇ ႏွစ္အရြယ္ အဲဒါေတြကုိ ျပန္ဖတ္ၿပီးခ်ိန္မွာ က်မ ငိုၿပီး အိပ္ယာထဲ ဝင္ခဲ့ရတယ္။ မေကာင္းတဲ့ မွတ္ခ်က္ေတြကုိ ဂ႐ုမထားဖုိ႔ ကုိယ့္ဘာသာပဲ ျပန္ေျပာရတယ္။ အဲလုိမွ မဟုတ္ရင္ က်မ တုိးတက္မွာမဟုတ္ဘူး” လို႔ ေျပာပါတယ္။

သူမက တကယ့္အသက္ေမြးဝမ္းေက်ာင္း မိတ္ကပ္ပညာသင္တန္းကုိ အသက္ ၇ ႏွစ္အရြယ္မွာ တက္ေရာက္ခဲ့ၿပီး ထုိင္းႏုိင္ငံ သူမအိမ္ကေန ေဖ့စ္ဘြတ္ခ္ေပၚမွာ သူမရဲ႕ မိတ္ကပ္လိမ္းျခယ္နည္း သင္ခန္းစာေတြကို တုိက္႐ိုက္လႊင့္ခဲ့ပါတယ္။

နက္ထနန္ရဲ႕ မိခင္ျဖစ္သူက “က်မကိုယ္တုိင္ မိတ္ကပ္သိပ္မလိမ္းေတာ့ အလွျပင္ပစၥည္းေတြကို သူ လက္လွမ္းမမွီတဲ့ ေနရာေတြမွာ က်မ ဝွက္ထားခဲ့ဖူးတယ္။ သူက ဒီမိတ္ကပ္လိမ္းတာကို တခ်ိန္လံုး သင္ေနၿပီး ပုိေကာင္းလာေအာင္ ႀကိဳးစားတယ္။ ေနာက္ က်မအထင္ ဒါက သူ တကယ္ပဲ စိတ္ဝင္စားတ့ဲဟာ ျဖစ္မယ္။ မိတ္ကပ္ဆုိတာ ကေလးေတြအတြက္ မဟုတ္ဘူးဆုိတာလည္း သူသိပါတယ္။ ဒါေပမယ့္ ဒါကုိ သူ ႀကိဳက္ၿပီး ဒါကုိပဲ ဆက္လုပ္ခ်င္ေနတယ္။ မိသားစုက ပံ့ပုိးလုိ႔ ဆုိေပမယ့္ ဒါက သူမရဲ႕ ျပင္းျပတဲ့ဆႏၵေလ။ ဒါေၾကာင့္ သူမ ဒီေလာက္ထိေရာက္လာတာ” လုိ႔ ေျပာပါတယ္။

နက္ထနန္ရဲ႕ ေဖ့စ္ဘြတ္ခ္မွာ သူမကို ႏွစ္သက္ၿပီး Follow လုပ္ထားသူ ၇ သိန္း ၅ ေသာင္း ရွိၿပီး သူမက ၂၀၁၈ ခုႏွစ္ လန္ဒန္ ဖက္ရွင္ဝိခ္မွာ မိတ္ကပ္ပညာရွင္ေတြနဲ႔အတူ သြားေရာက္ ပူးေပါင္း လိမ္းျခယ္ေပးခဲ့ရပါတယ္။

“လန္ဒန္ဖက္ရွင္ဝိခ္ကေတာ့ က်မရဲ႕ ဂုဏ္အယူဆံုး အခ်ိန္ေတြပဲ။ က်မ လုပ္ဖူးသမွ်ေတြထဲမွာ အႀကီးဆံုး အခမ္းအနားပါပဲ။ အရင္က ႏုိင္ငံျခားသား ေမာ္ဒယ္ေတြနဲ႔ တြဲမလုပ္ဘူးေတာ့ ပြဲမစခင္ နည္းနည္းေတာ့ ေၾကာက္ေနတယ္။ ပြဲၿပီးသြားေတာ့ စိတ္ေအးသြားတယ္။ က်မလုပ္ႏုိင္ခဲ့တယ္။ က်မ ကုိယ့္ကုိယ္ကိုယ္ သိပ္ဂုဏ္ယူတာပဲ။ လန္ဒန္ဖက္ရွင္ဝိခ္ကုိ ေရာက္လာႏုိင္တာက က်မရဲ႕ ေအာင္ျမင္မႈေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အိမ္ထဲကေန ေဖ့စ္ဘြတ္ခ္ေပၚလႊင့္ရင္း ဒီေနရာ ေရာက္လာတယ္။ တခုခုကိုလုပ္ရတာ ႏွစ္သက္ရင္ ပန္းတုိင္ခ်မွတ္ၿပီး ေအာင္ျမင္ဖုိ႔ ဆံုးျဖတ္ခ်က္ခ် လုပ္ေဆာင္ပါ။ ကုိယ္အရမ္းႏွစ္သက္ဖုိ႔ပဲ လုိတယ္။ ရွင္တုိ႔လုပ္ႏုိင္ပါတယ္။ ကုိယ္ႀကိဳက္တဲ့အလုပ္ကို လုပ္ပါ။ ကိုယ္လုပ္တာကုိ ႀကိဳက္ႏွစ္သက္ပါ” လုိ႔ နက္ထနန္က ေျဖသြားေၾကာင္း ဘီဘီစီသတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံက နက်ထနန်ဆိုတဲ့ ကလေးဟာ အသက် ၅ နှစ်အရွယ်ကတည်းက လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးခဲ့ပါတယ်။

သူမရဲ့မိခင်က သူမ မိတ်ကပ်ပြင်နေတဲ့ ဗွီဒီယိုရုပ်သံကို ယူကျုပေါ်မှာ တင်လိုက်ချိန် လူမှုကွန်ရက်သုံးစွဲသူ တချို့က သူမရဲ့စွမ်းရည်ကို အံ့သြကြပြီး ထုံးစံအတိုင်း တချို့ကတော့ အဆိုးမြင်တဲ့ မှတ်ချက်တွေ ပေးခဲ့ကြတာပါ။

နက်ထနန်က “ကျမ အသက် ၅ နှစ်အရွယ်မှာ ကျမအကြောင်း သူတို့ ပြောတာတွေကို နားမလည်ဘူး။ ကျမ အသက် ၇ နှစ်အရွယ် အဲဒါတွေကို ပြန်ဖတ်ပြီးချိန်မှာ ကျမ ငိုပြီး အိပ်ယာထဲ ဝင်ခဲ့ရတယ်။ မကောင်းတဲ့ မှတ်ချက်တွေကို ဂရုမထားဖို့ ကိုယ့်ဘာသာပဲ ပြန်ပြောရတယ်။ အဲလိုမှ မဟုတ်ရင် ကျမ တိုးတက်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

သူမက တကယ့်အသက်မွေးဝမ်းကျောင်း မိတ်ကပ်ပညာသင်တန်းကို အသက် ၇ နှစ်အရွယ်မှာ တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ သူမအိမ်ကနေ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူမရဲ့ မိတ်ကပ်လိမ်းခြယ်နည်း သင်ခန်းစာတွေကို တိုက်ရိုက်လွှင့်ခဲ့ပါတယ်။

နက်ထနန်ရဲ့ မိခင်ဖြစ်သူက “ကျမကိုယ်တိုင် မိတ်ကပ်သိပ်မလိမ်းတော့ အလှပြင်ပစ္စည်းတွေကို သူ လက်လှမ်းမမှီတဲ့ နေရာတွေမှာ ကျမ ဝှက်ထားခဲ့ဖူးတယ်။ သူက ဒီမိတ်ကပ်လိမ်းတာကို တချိန်လုံး သင်နေပြီး ပိုကောင်းလာအောင် ကြိုးစားတယ်။ နောက် ကျမအထင် ဒါက သူ တကယ်ပဲ စိတ်ဝင်စားတဲ့ဟာ ဖြစ်မယ်။ မိတ်ကပ်ဆိုတာ ကလေးတွေအတွက် မဟုတ်ဘူးဆိုတာလည်း သူသိပါတယ်။ ဒါပေမယ့် ဒါကို သူ ကြိုက်ပြီး ဒါကိုပဲ ဆက်လုပ်ချင်နေတယ်။ မိသားစုက ပံ့ပိုးလို့ ဆိုပေမယ့် ဒါက သူမရဲ့ ပြင်းပြတဲ့ဆန္ဒလေ။ ဒါကြောင့် သူမ ဒီလောက်ထိရောက်လာတာ” လို့ ပြောပါတယ်။

နက်ထနန်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ သူမကို နှစ်သက်ပြီး Follow လုပ်ထားသူ ၇ သိန်း ၅ သောင်း ရှိပြီး သူမက ၂၀၁၈ ခုနှစ် လန်ဒန် ဖက်ရှင်ဝိခ်မှာ မိတ်ကပ်ပညာရှင်တွေနဲ့အတူ သွားရောက် ပူးပေါင်း လိမ်းခြယ်ပေးခဲ့ရပါတယ်။

“လန်ဒန်ဖက်ရှင်ဝိခ်ကတော့ ကျမရဲ့ ဂုဏ်အယူဆုံး အချိန်တွေပဲ။ ကျမ လုပ်ဖူးသမျှတွေထဲမှာ အကြီးဆုံး အခမ်းအနားပါပဲ။ အရင်က နိုင်ငံခြားသား မော်ဒယ်တွေနဲ့ တွဲမလုပ်ဘူးတော့ ပွဲမစခင် နည်းနည်းတော့ ကြောက်နေတယ်။ ပွဲပြီးသွားတော့ စိတ်အေးသွားတယ်။ ကျမလုပ်နိုင်ခဲ့တယ်။ ကျမ ကိုယ့်ကိုယ်ကိုယ် သိပ်ဂုဏ်ယူတာပဲ။ လန်ဒန်ဖက်ရှင်ဝိခ်ကို ရောက်လာနိုင်တာက ကျမရဲ့ အောင်မြင်မှုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အိမ်ထဲကနေ ဖေ့စ်ဘွတ်ခ်ပေါ်လွှင့်ရင်း ဒီနေရာ ရောက်လာတယ်။ တခုခုကိုလုပ်ရတာ နှစ်သက်ရင် ပန်းတိုင်ချမှတ်ပြီး အောင်မြင်ဖို့ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ပါ။ ကိုယ်အရမ်းနှစ်သက်ဖို့ပဲ လိုတယ်။ ရှင်တို့လုပ်နိုင်ပါတယ်။ ကိုယ်ကြိုက်တဲ့အလုပ်ကို လုပ်ပါ။ ကိုယ်လုပ်တာကို ကြိုက်နှစ်သက်ပါ” လို့ နက်ထနန်က ဖြေသွားကြောင်း ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top