ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဘြိဳင္လာအိုးမွတစ္ဆင့္ အထည္ခ်ဳပ္စက္႐ံု မီးေလာင္မႈ တြင္ မီးသတ္ယာဥ္ အစီးေရ ၄၀ ေက်ာ္ျဖင့္ တစ္နာရီေက်ာ္ၾကာ ၿငိႇိမ္းသတ္ခဲ့ရ သည္။

ေမွာ္ဘီၿမိဳ႕ ေညာင္ႏွစ္ပင္ လမ္း ဆတ္သြားေတာေက်းရြာရွိ ‘မခ်စ္စု’ အထည္ခ်ဳပ္စက္႐ံုတြင္ မီးေလာင္ကြၽမ္းေၾကာင္း မတ္လ ၁၀ ရက္ ည ၉ နာရီ ၃၆ မိနစ္ကသတင္းရရွိသျဖင့္  သြားေရာက္ၿငိႇိမ္းသတ္ခဲ့ေၾကာင္း မီးသတ္ဦးစီးဌာနက ထုတ္ျပန္သည္။

မီးေလာင္မႈကို မီးသတ္ဌာန က Level-2 အဆင့္သတ္မွတ္ၿပီး မီးသတ္ယာဥ္ အစီးေရ ၄၀ ေက်ာ္ျဖင့္ ၿငိႇိမ္းသတ္ခဲ့သည္။ မီးေလာင္ကြၽမ္းမႈကို ည ၁၀ နာရီ မိနစ္ ၂၀ တြင္ ထိန္းႏိုင္ခဲ့ၿပီး ၁၀ နာရီ ၄၅ မိနစ္၌ မီးၿငိႇိမ္းႏိုင္ခဲ့ေၾကာင္း ထုတ္ ျပန္ခ်က္တြင္ ပါရွိသည္။

အဆိုပါ မီးေလာင္ကြၽမ္းမႈသည္ စက္႐ံုေဘးရွိ ဘြိဳင္လာအိုးမွတစ္ဆင့္ စတင္ျဖစ္ပြားေၾကာင္း မီးသတ္တပ္ဖြဲ႕၀င္မ်ားက ေျပာသည္။

မီးေလာင္ခ်ိန္သည္ အလုပ္ ဆင္းၿပီးခ်ိန္ျဖစ္၍ လူအေသအ ေပ်ာက္မရွိေပ။ ဆံုး႐ႈံးမႈတန္ဖိုးကို မီးသတ္ဦးစီးဌာနက ည ၁၂ နာရီ ေက်ာ္အထိ မထုတ္ျပန္ေသးေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily





#Unicode Version#
ဘွိုင်လာအိုးမှတစ်ဆင့် အထည်ချုပ်စက်ရုံ မီးလောင်မှု တွင် မီးသတ်ယာဉ် အစီးရေ ၄၀ ကျော်ဖြင့် တစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရ သည်။

မှော်ဘီမြို့ ညောင်နှစ်ပင် လမ်း ဆတ်သွားတောကျေးရွာရှိ ‘မချစ်စု’ အထည်ချုပ်စက်ရုံတွင် မီးလောင်ကျွမ်းကြောင်း မတ်လ ၁၀ ရက် ည ၉ နာရီ ၃၆ မိနစ်ကသတင်းရရှိသဖြင့်  သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

မီးလောင်မှုကို မီးသတ်ဌာန က Level-2 အဆင့်သတ်မှတ်ပြီး မီးသတ်ယာဉ် အစီးရေ ၄၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့သည်။ မီးလောင်ကျွမ်းမှုကို ည ၁၀ နာရီ မိနစ် ၂၀ တွင် ထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၄၅ မိနစ်၌ မီးငြှိမ်းနိုင်ခဲ့ကြောင်း ထုတ် ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် စက်ရုံဘေးရှိ ဘွိုင်လာအိုးမှတစ်ဆင့် စတင်ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ဝင်များက ပြောသည်။

မီးလောင်ချိန်သည် အလုပ် ဆင်းပြီးချိန်ဖြစ်၍ လူအသေအ ပျောက်မရှိပေ။ ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီးဌာနက ည ၁၂ နာရီ ကျော်အထိ မထုတ်ပြန်သေးပေ။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top