ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မိန္းကေလးေတြအေနနဲ႔ တခါတေလ ဝယ္လာၿပီးမွ မႀကိဳက္လို႔ ေခ်ာင္ထိုးထားတဲ့ အလွပစၥည္းေတြ ရွိေနမွာပါ။ စိတ္ကူးေပါက္မွပဲ ျပန္သံုးၾကည့္မယ္ဆိုတဲ့ ပ်ိဳပ်ိဳေမေလးေတြလည္း တပံုႀကီးပါပဲ။ ေန႔တိုင္း မိတ္ကပ္လိမ္းၿပီး မိတ္ကပ္ပစၥည္းေတြ ကုန္လို႔ ခဏခဏအသစ္လဲတယ္ဆိုရင္ေတာ့ ကိစၥမရွိေပမယ့္ ေန႔တိုင္းအသံုးမျပဳဘဲ အလွျပင္ဖို႔လိုမွ မိတ္ကပ္ပစၥည္းေတြကို သံုးတယ္ဆိုရင္ေတာ့ ျပႆနာ နည္းနည္းရွိေနနိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကိုယ္သံုးတဲ့အခ်ိန္မွာ ပစၥည္းက စြန္႔ပစ္ဖို႔ အခ်ိန္တန္ေနၿပီ ျဖစ္မွာစိုးတာေၾကာင့္ပါ။ စြန္႔ပစ္ဖို႔လိုတဲ့ ပစၥည္းေတြကို သံုးမိမယ္ဆိုရင္ ကိုယ့္ရဲ႕ အသားအေရမွာ ထိခိုက္တာေတြ ျဖစ္လာႏိုင္ပါတယ္ေနာ္။

မိတ္ကပ္လိမ္းတဲ့အခါမွာ မပါမျဖစ္ သံုးတဲ့ တို႔ဖတ္၊ spoon ေတြကေတာ့ တစ္လေလာက္ပဲ သံုးသင့္တာပါေနာ္။ သူတို႔ေလးေတြက ေဈးလည္း အရမ္းမႀကီးတာမို႔ ျဖစ္ႏုိင္ရင္ေတာ့ ပ်ိဳပ်ိဳေမတုိ႔ တစ္လတစ္ႀကိမ္ လဲလွယ္ေပးဖို႔ လိုပါတယ္။

မ်က္လံုးဆိုတာ ခႏၶာကိုယ္အစိတ္အပိုင္းေတြထဲမွာ အေရးအႀကီးဆံုးမလား။ ဒီေတာ့ မ်က္လံုးကို ထိခိုက္ေစမယ့္ အလွကုန္ပစၥည္းေတြနဲ႔ မ်က္စိကို ေပးၿပီး မထိတာ အေကာင္းဆံုးပါ။ မ်က္ေတာင္ေလးေတြကုိ ဆိုးတဲ့ Mascara ေလးေတြ အခ်ိန္ၾကာလာရင္ မ်က္စိကို ထိခို္က္တာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။ အနည္းဆံုး(၃) လေလာက္ကို တစ္ႀကိမ္ အသစ္လဲေပးပါ။

မ်က္ခံုးေမႊးဆိုးဆြဲတံကိုလည္း မကုန္ေသးလို႔ အၾကာၾကီးခံတယ္ မထင္လိုက္နဲ႔ေနာ္။ အႏၱရာယ္ ကင္းေစဖို႔ မ်က္ခံုးေမႊးဆြဲတံ တစ္ေခ်ာင္းကို (၆) လကေန (၁၂) လၾကားမွာ တစ္ႀကိမ္ အသစ္လဲေနာ္။

ပ်ိဳပ်ိဳေမတို႔ေရ ႏႈတ္ခမ္းနီကို မႈိမတက္မခ်င္း၊ အနံ႔ဆိုးမထြက္မခ်င္း ဆိုးေနတယ္ဆိုရင္ေတာ့ ဒီအက်င့္ကို စြန္႔လႊတ္လိုက္ပါေနာ္။ ႏူးညံ႔လြန္းတဲ့ ပ်ိဳပ်ိဳေမတုိ႔ရဲ႕ ႏႈတ္ခမ္းသားေလး မထိခိုက္ခ်င္ဘူးဆိုရင္ေတာ့ Lip gloss ေလးေတြကို (၆) လကေန (၁) ႏွစ္ၾကားလဲေပးေနာ္။

မိတ္ကပ္အျမဲတမ္း လိမ္းတဲ့ မိန္းကေလးေတြကေတာ့ ဒီအခ်က္ကို ပူစရာမလိုပါဘူးေလေနာ္။ ဘာလို႔လဲဆိုေတာ့ ေအာက္ခံမိတ္ကပ္က တစ္ႏွစ္ကို တစ္ဗူးေတာ့ အနည္းဆံုး ကုန္ႏိုင္တာပါပဲ။ အျမဲမလိမ္းတဲ့ ပ်ိဳပ်ိဳေမေတြကေတာ့ ေအာက္ခံမိတ္ကပ္ တစ္ႏွစ္ေက်ာ္ၿပီဆိုရင္ ဆက္မလိမ္းနဲ႔ေတာ့နဲ႔ေနာ္။

Gloss lip မဟုတ္တဲ့ ႏႈတ္ခမ္းနီေတြဆိုရင္လည္း (၁) ႏွစ္ေလာက္ေနတာနဲ႔ ဆက္မသံုးသင့္ေတာ့ပါဘူးေနာ္။ ဘာလို႔လဲဆိုေတာ့ ႏွစ္ၾကာတဲ့ ႏႈတ္ခမ္းနီေတြက ႏႈတ္ခမ္း ေျခာက္ေသြ႔ျခင္းနဲ႔ ႏႈတ္ခမ္းသား မည္းညစ္ျခင္းေတြကို ျဖစ္ေစတာေၾကာင့္ပါ။

လက္သည္းနီ ႀကိဳက္တဲ့သူေတြ ရွိလား။ တခ်ိဳ႕လက္သည္းနီေတြကေတာ့ ခမ္းလြယ္ၿပီး တခ်ိဳ႕ကေတာ့ ေတာ္ေတာ္ေလး အဆိုးခံၾကပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ လက္သည္းနီ တစ္ပုလင္းကို တစ္ႏွစ္ပဲ ဆိုးပါေနာ္။ မဟုတ္ရင္ လက္သည္းထိပ္နားမွာ ပိုးဝင္ၿပီး ယားယံတာနဲ႔ လက္သည္းဝါတာေတြ ႏွစ္ဆ ျဖစ္ေစတာေၾကာင့္ပါ။

ေပါင္ဒါမိတ္ကပ္ေလးေတြကေတာ့ တစ္ႏွစ္ ကေန ႏွစ္ႏွစ္ေလာက္အထိ အသံုးခံပါတယ္ေနာ္။ မ်က္လံုးေပၚမွာ ျခယ္တဲ့ eye shadow ေတြကေတာ့ ႏွစ္ႏွစ္ေလာက္ ေနာက္ဆံုးထားၿပီး သံုးပါ။ ဒိ့ထက္အခ်ိန္ၾကာရင္ မ်က္လံုးထိခိုက္ႏိုင္ပါတယ္။ ပါးနီကေတာ့ မ်က္ႏွာမွာ အေပၚလြင္ဆံုး ျခယ္သတဲ့ေနရာပါ။ ပါးနီဗူးေလးေတြကိုေတာ့ (၁) ႏွစ္ကေန (၂) ႏွစ္အတြင္းပဲ သံုးေနာ္။ မဟုတ္ရင္ အလာ့ဂ်စ္ ျဖစ္ႏုိင္ပါတယ္။

ပ်ိဳပ်ိဳေမတို႔အတြက္ ဝမ္းသာစရာ ေကာင္းတဲ့အခ်က္ေတာ့ ရွိပါတယ္။ အဲဒါကေတာ့ မိတ္ကပ္ဘရက္ရွ္ရဲ႕ သက္တမ္းပါ။ မိတ္ကပ္ဘရက္ရွ္ေလးေတြကို ပံုမွန္ေလး သန္႔စင္ေဆးေၾကာမယ္ဆိုရင္ေတာ့ (၁) ႏွစ္ကေန (၅) ႏွစ္အထိ သံုးလို႔ရတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon

#Unicode Version#
မိန်းကလေးတွေအနေနဲ့ တခါတလေ ဝယ်လာပြီးမှ မကြိုက်လို့ ချောင်ထိုးထားတဲ့ အလှပစ္စည်းတွေ ရှိနေမှာပါ။ စိတ်ကူးပေါက်မှပဲ ပြန်သုံးကြည့်မယ်ဆိုတဲ့ ပျိုပျိုမေလေးတွေလည်း တပုံကြီးပါပဲ။ နေ့တိုင်း မိတ်ကပ်လိမ်းပြီး မိတ်ကပ်ပစ္စည်းတွေ ကုန်လို့ ခဏခဏအသစ်လဲတယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် နေ့တိုင်းအသုံးမပြုဘဲ အလှပြင်ဖို့လိုမှ မိတ်ကပ်ပစ္စည်းတွေကို သုံးတယ်ဆိုရင်တော့ ပြဿနာ နည်းနည်းရှိနေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်သုံးတဲ့အချိန်မှာ ပစ္စည်းက စွန့်ပစ်ဖို့ အချိန်တန်နေပြီ ဖြစ်မှာစိုးတာကြောင့်ပါ။ စွန့်ပစ်ဖို့လိုတဲ့ ပစ္စည်းတွေကို သုံးမိမယ်ဆိုရင် ကိုယ့်ရဲ့ အသားအရေမှာ ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်နော်။

မိတ်ကပ်လိမ်းတဲ့အခါမှာ မပါမဖြစ် သုံးတဲ့ တို့ဖတ်၊ spoon တွေကတော့ တစ်လလောက်ပဲ သုံးသင့်တာပါနော်။ သူတို့လေးတွေက ဈေးလည်း အရမ်းမကြီးတာမို့ ဖြစ်နိုင်ရင်တော့ ပျိုပျိုမေတို့ တစ်လတစ်ကြိမ် လဲလှယ်ပေးဖို့ လိုပါတယ်။

မျက်လုံးဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အရေးအကြီးဆုံးမလား။ ဒီတော့ မျက်လုံးကို ထိခိုက်စေမယ့် အလှကုန်ပစ္စည်းတွေနဲ့ မျက်စိကို ပေးပြီး မထိတာ အကောင်းဆုံးပါ။ မျက်တောင်လေးတွေကို ဆိုးတဲ့ Mascara လေးတွေ အချိန်ကြာလာရင် မျက်စိကို ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ အနည်းဆုံး(၃) လလောက်ကို တစ်ကြိမ် အသစ်လဲပေးပါ။

မျက်ခုံးမွှေးဆိုးဆွဲတံကိုလည်း မကုန်သေးလို့ အကြာကြီးခံတယ် မထင်လိုက်နဲ့နော်။ အန္တရာယ် ကင်းစေဖို့ မျက်ခုံးမွှေးဆွဲတံ တစ်ချောင်းကို (၆) လကနေ (၁၂) လကြားမှာ တစ်ကြိမ် အသစ်လဲနော်။

ပျိုပျိုမေတို့ရေ နှုတ်ခမ်းနီကို မှိုမတက်မချင်း၊ အနံ့ဆိုးမထွက်မချင်း ဆိုးနေတယ်ဆိုရင်တော့ ဒီအကျင့်ကို စွန့်လွှတ်လိုက်ပါနော်။ နူးညံ့လွန်းတဲ့ ပျိုပျိုမေတို့ရဲ့ နှုတ်ခမ်းသားလေး မထိခိုက်ချင်ဘူးဆိုရင်တော့ Lip gloss လေးတွေကို (၆) လကနေ (၁) နှစ်ကြားလဲပေးနော်။

မိတ်ကပ်အမြဲတမ်း လိမ်းတဲ့ မိန်းကလေးတွေကတော့ ဒီအချက်ကို ပူစရာမလိုပါဘူးလေနော်။ ဘာလို့လဲဆိုတော့ အောက်ခံမိတ်ကပ်က တစ်နှစ်ကို တစ်ဗူးတော့ အနည်းဆုံး ကုန်နိုင်တာပါပဲ။ အမြဲမလိမ်းတဲ့ ပျိုပျိုမေတွေကတော့ အောက်ခံမိတ်ကပ် တစ်နှစ်ကျော်ပြီဆိုရင် ဆက်မလိမ်းနဲ့တော့နဲ့နော်။

Gloss lip မဟုတ်တဲ့ နှုတ်ခမ်းနီတွေဆိုရင်လည်း (၁) နှစ်လောက်နေတာနဲ့ ဆက်မသုံးသင့်တော့ပါဘူးနော်။ ဘာလို့လဲဆိုတော့ နှစ်ကြာတဲ့ နှုတ်ခမ်းနီတွေက နှုတ်ခမ်း ခြောက်သွေ့ခြင်းနဲ့ နှုတ်ခမ်းသား မည်းညစ်ခြင်းတွေကို ဖြစ်စေတာကြောင့်ပါ။

လက်သည်းနီ ကြိုက်တဲ့သူတွေ ရှိလား။ တချို့လက်သည်းနီတွေကတော့ ခမ်းလွယ်ပြီး တချို့ကတော့ တော်တော်လေး အဆိုးခံကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်သည်းနီ တစ်ပုလင်းကို တစ်နှစ်ပဲ ဆိုးပါနော်။ မဟုတ်ရင် လက်သည်းထိပ်နားမှာ ပိုးဝင်ပြီး ယားယံတာနဲ့ လက်သည်းဝါတာတွေ နှစ်ဆ ဖြစ်စေတာကြောင့်ပါ။

ပေါင်ဒါမိတ်ကပ်လေးတွေကတော့ တစ်နှစ် ကနေ နှစ်နှစ်လောက်အထိ အသုံးခံပါတယ်နော်။ မျက်လုံးပေါ်မှာ ခြယ်တဲ့ eye shadow တွေကတော့ နှစ်နှစ်လောက် နောက်ဆုံးထားပြီး သုံးပါ။ ဒိ့ထက်အချိန်ကြာရင် မျက်လုံးထိခိုက်နိုင်ပါတယ်။ ပါးနီကတော့ မျက်နှာမှာ အပေါ်လွင်ဆုံး ခြယ်သတဲ့နေရာပါ။ ပါးနီဗူးလေးတွေကိုတော့ (၁) နှစ်ကနေ (၂) နှစ်အတွင်းပဲ သုံးနော်။ မဟုတ်ရင် အလာ့ဂျစ် ဖြစ်နိုင်ပါတယ်။

ပျိုပျိုမေတို့အတွက် ဝမ်းသာစရာ ကောင်းတဲ့အချက်တော့ ရှိပါတယ်။ အဲဒါကတော့ မိတ်ကပ်ဘရက်ရှ်ရဲ့ သက်တမ်းပါ။ မိတ်ကပ်ဘရက်ရှ်လေးတွေကို ပုံမှန်လေး သန့်စင်ဆေးကြောမယ်ဆိုရင်တော့ (၁) နှစ်ကနေ (၅) နှစ်အထိ သုံးလို့ရတယ်နော်။


ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top