×

ညီမလေး ဖတ်ဖို့
===============






Credit: loveshort

#Unicode Version#
ညီမလေး ဖတ်ဖို့
===============
မင်းကို တကယ်ချစ်တဲ့ ယောက်ျားဆိုတာ ဘယ်လောက်ဝေးဝေး မင်းရှိတဲ့အရပ်ကို လာလိမ့်မယ်။
မင်းကို  တကယ်မချစ်တဲ့ ယောက်ျားက သူရှိတဲ့ အရပ်ကို ခေါ်တယ်။

မင်းကို တကယ်ချစ်တဲ့ ယောက်ျားဆိုတာ မင်းအပေါ် နားလည် သည်းခံ ခွင့်လွှတ်ပေးနိုင်တဲ့စိတ် အပြည့်ရှိတယ်။
မင်းကို တကယ်မချစ်တဲ့ ယောက်ျားကတော့ အသေးအဖွဲ့လေးတွေက အစ အပြစ်တင်ပါလိမ့်မယ်။

မင်းကို တကယ်ချစ်တဲ့ ယောက်ျားဆိုတာ အားအား မအားအား မင်းဆီကို မဖြစ်မနေ ဆက်သွယ်လိမ့်မယ်။
မင်းကို တကယ်မချစ်တဲ့ ယောက်ျားကတော့ မင်းဆီက စပြီး ဆက်သွယ်တာကို စောင့်နေလိမ့်မယ်။

မင်းကို တကယ်ချစ်တဲ့ ယောက်ျားဆိုတာ ဘယ်လို အခက်အခဲရှိရှိ မင်းနဲ့ နီးစပ်ဖို့အရေး သူနောက်မဆုတ် ကြိုးစား ပါလိမ့်မယ်။
မင်းကို တကယ်မချစ်တဲ့ ယောက်ျားကတော့ အခက်အခဲတွေကြား သူလှည့်ထွက် သွားပါလိမ့်မယ်။

မင်းကို တကယ်ချစ်တဲ့ ယောက်ျားဆိုတာ " ချစ်တယ် " ဆိုတဲ့ စကားကို ခဏခဏ ရေပက်မဝင်အောင် မပြောဘူး။
မင်းကို တကယ်မချစ်တဲ့ ယောက်ျားက ချစ်တယ် ဆိုတဲ့ စကားကို သူတို့ရဲ့ ဟန်ဆောင်မှုအတွက် ဒိုင်းတစ်ခုလိုသုံးပီး ခဏခဏ ပြောတတ်ကြတယ်။

မင်းကို တကယ်ချစ်တဲ့ ယောက်ျားဆိုတာ ချစ်သူဘဝမှာ စောင့်ထိန်းရမယ့် စည်းတွေကို လိုက်နာစောင့်ထိန်းတယ်။
မင်းကို တကယ်မချစ်တဲ့ ယောက်ျားက စောင့်ထိန်းသင့်တဲ့ စည်းတွေကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး… ညီမလေး 😋


ဖိုးသူတော် (www.phothutaw.com)
Credit: loveshort
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top