AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

မီးဖုိေခ်ာင္ထဲက အိမ္သံုးဆားကုိ ဟင္းခ်က္ျပဳတ္စားေသာက္တဲ့ ေနရာမွာပဲ အသံုးဝင္တယ္လုိ႔ အမ်ား စုက သိ ထားၿပီးျဖစ္ၾကမွာပါ။ ဒါေပမယ့္ အိမ္သံုးဆားရဲ႕ ဂုဏ္သတၱိနဲ႕အသံုးဝင္ပံုေတြ သိထား သူေတြ အတြက္ေတာ့ တကယ့္ကုိအဖိုးတန္ပါပဲ။ အိမ္သံုးဆားကုိ ဥာဏ္ရွိသေလာက္ သံုးတတ္မယ္ဆုိရင္ေတာ့ အသံုးဝင္တဲ့ နည္းလမ္းေကာင္းေတြမ်ားစြာရွိေနပါတယ္။

အဲ့ဒီနည္း လမ္းေတြကလည္း အံ့အားသင့္စရာ ေကာင္းၿပီး တကယ့္ကုိအက်ိဳးထူးအသံုးဝင္တာမုိ႔လုိ႔ စာဖတ္သူေတြအတြက္ ေဖာ္ျပေပးလုိက္တယ္ေနာ္…

အိမ္သံုးဆားနဲ႔ ပုရြက္၊ ႏွံေကာင္ေတြ ေျပးေအာင္ လုပ္လုိ႔ရပါတယ္။ မီးဖုိေခ်ာင္ေတြ၊ အိပ္ခန္း၊ အဝတ္ ဘီဒုိ၊ တံခါးေဘာင္ေတြနဲ႔ တျခားေခ်ာင္ေနရာေတြမွာ ေတြ႔ရေလ့ရွိတဲ့ ပုရြက္ဆိတ္ေတြကုိ ဖယ္ရွားေပး ႏိုင္ပါတယ္။ ပုရြက္နဲ႔ ႏွံေကာင္ေတြ သူတုိ႔အသုိက္ခ်မယ့္ေနရာ၊ လမ္းေၾကာင္းေတြမွာ အိမ္သံုးဆားအနည္းငယ္ျဖဴးေပးလုိက္မယ္ဆုိရင္ အဲ့ဒီေနရာနဲ႔အေဝးကုိ ေျပးသြားေစႏုိင္ပါတယ္။

ေနအိမ္မွန္၊ ျပတင္းေပါက္၊ ကားမွန္ေတြမွာ ကပ္ေနတဲ့ ခ်ိဳး၊ အညွိေတြကုိလည္း အိမ္သံုးဆားက ဖယ္ရွား သန္႔စင္ေပးႏုိင္ ပါတယ္။ ဆားနဲ႔ ေရခပ္ေႏြးေႏြးတုိ႔ ေရာစပ္ၿပီး ရလာတဲ့အရည္နဲ႔ မွန္၊ ျပတင္း၊ တံခါး၊ ဖန္ခ်ပ္ေတြေပၚမွာ သုတ္မယ္ဆုိပါက ေခ်းေတြနဲ႔ အညွိေတြကင္းစင္သြား ပါလိမ့္ မယ္။

အဝတ္အစား၊ အက်ီ၊ ေဘာင္းဘီေတြ က်ံဳ႕သြားျခင္း၊ ေသးဝင္သြားျခင္းေတြကုိလည္း တားဆီးေပး ႏုိင္ပါတယ္။ အဝတ္အစားေတြေလွ်ာ္ဖြတ္တဲ့အခါမွာ သန္႔စင္ဆပ္ျပာေဆးရည္အျပင္ ဆားအနည္း ငယ္ကုိပါထည့္သြင္းၿပီး ေလွ်ာ္ဖြတ္ေပးမယ္ဆုိပါက အဝတ္အထည္ အသားေတြက်ံဳ႕ဝင္ျခင္း မျဖစ္ေတာ့ပါဘူး။

အထည္၊ လုိက္ကာ၊ ခန္းစီး အစရွိသျဖင့္ အိမ္တြင္းအလွဆင္ပစၥည္းေတြ အေရာင္တင္ႏုိင္ဖုိ႔ဆုိရင္ လည္း အိမ္သံုးဆားနဲ႔ အသံုးျပဳအေရာင္တင္လုိ႔ ရႏုိင္ပါေသးတယ္။ ဆားရည္စိမ္ၿပီး ေလွ်ာ္ဖြတ္ လုိက္ျခင္းအားျဖင့္ အထည္အလိပ္ေတြ၊ ခန္းစီးေတြရဲ႕ မူလအေရာင္ထက္ ပုိမုိေတာက္ေျပာင္တဲ့ အေရာင္ေတြကုိ ရရွိလာမွာပါ။

သြား၊ ခံတြင္းနဲ႔ ခႏၶာကုိယ္အေရျပား က်န္းမာလွေစဖုိ႔လည္း အိမ္သံုးဆားမွာ အျပည့္အဝတာ ဝန္ယူေပးပါလိမ့္မယ္။ သြားေတြျဖဴေဖြးလာဖုိ႔အတြက္ အိမ္သံုးဆားနဲ႔ ပံုမွန္တုိက္ေပးလုိ႔ရပါတယ္။ ေနာက္ၿပီး အသားအေရအတြက္ သီးသန္႔ အသားျဖဴခရင္မ္၊ ေပါင္းတင္တဲ့ ပစၥည္းေတြမလုိအပ္ပဲနဲ႔ အိမ္သံုးဆား ႏုႏုနဲ႔ ပံုမွန္ပြတ္တုိက္ေပးမယ္ဆုိရင္လည္း အသားေရေခ်ာေမြ႕ၿပီး အညစ္ အေၾကး ေတြကင္းစင္သြားေစ ႏုိင္ပါတယ္။

Source:naijapicks.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
မီးဖိုချောင်ထဲက အိမ်သုံးဆားကို ဟင်းချက်ပြုတ်စားသောက်တဲ့ နေရာမှာပဲ အသုံးဝင်တယ်လို့ အများ စုက သိ ထားပြီးဖြစ်ကြမှာပါ။ ဒါပေမယ့် အိမ်သုံးဆားရဲ့ ဂုဏ်သတ္တိနဲ့အသုံးဝင်ပုံတွေ သိထား သူတွေ အတွက်တော့ တကယ့်ကိုအဖိုးတန်ပါပဲ။ အိမ်သုံးဆားကို ဉာဏ်ရှိသလောက် သုံးတတ်မယ်ဆိုရင်တော့ အသုံးဝင်တဲ့ နည်းလမ်းကောင်းတွေများစွာရှိနေပါတယ်။

အဲ့ဒီနည်း လမ်းတွေကလည်း အံ့အားသင့်စရာ ကောင်းပြီး တကယ့်ကိုအကျိုးထူးအသုံးဝင်တာမို့လို့ စာဖတ်သူတွေအတွက် ဖော်ပြပေးလိုက်တယ်နော်…

အိမ်သုံးဆားနဲ့ ပုရွက်၊ နှံကောင်တွေ ပြေးအောင် လုပ်လို့ရပါတယ်။ မီးဖိုချောင်တွေ၊ အိပ်ခန်း၊ အဝတ် ဘီဒို၊ တံခါးဘောင်တွေနဲ့ တခြားချောင်နေရာတွေမှာ တွေ့ရလေ့ရှိတဲ့ ပုရွက်ဆိတ်တွေကို ဖယ်ရှားပေး နိုင်ပါတယ်။ ပုရွက်နဲ့ နှံကောင်တွေ သူတို့အသိုက်ချမယ့်နေရာ၊ လမ်းကြောင်းတွေမှာ အိမ်သုံးဆားအနည်းငယ်ဖြူးပေးလိုက်မယ်ဆိုရင် အဲ့ဒီနေရာနဲ့အဝေးကို ပြေးသွားစေနိုင်ပါတယ်။

နေအိမ်မှန်၊ ပြတင်းပေါက်၊ ကားမှန်တွေမှာ ကပ်နေတဲ့ ချိုး၊ အညှိတွေကိုလည်း အိမ်သုံးဆားက ဖယ်ရှား သန့်စင်ပေးနိုင် ပါတယ်။ ဆားနဲ့ ရေခပ်နွေးနွေးတို့ ရောစပ်ပြီး ရလာတဲ့အရည်နဲ့ မှန်၊ ပြတင်း၊ တံခါး၊ ဖန်ချပ်တွေပေါ်မှာ သုတ်မယ်ဆိုပါက ချေးတွေနဲ့ အညှိတွေကင်းစင်သွား ပါလိမ့် မယ်။

အဝတ်အစား၊ အကျီ၊ ဘောင်းဘီတွေ ကျုံ့သွားခြင်း၊ သေးဝင်သွားခြင်းတွေကိုလည်း တားဆီးပေး နိုင်ပါတယ်။ အဝတ်အစားတွေလျှော်ဖွတ်တဲ့အခါမှာ သန့်စင်ဆပ်ပြာဆေးရည်အပြင် ဆားအနည်း ငယ်ကိုပါထည့်သွင်းပြီး လျှော်ဖွတ်ပေးမယ်ဆိုပါက အဝတ်အထည် အသားတွေကျုံ့ဝင်ခြင်း မဖြစ်တော့ပါဘူး။

အထည်၊ လိုက်ကာ၊ ခန်းစီး အစရှိသဖြင့် အိမ်တွင်းအလှဆင်ပစ္စည်းတွေ အရောင်တင်နိုင်ဖို့ဆိုရင် လည်း အိမ်သုံးဆားနဲ့ အသုံးပြုအရောင်တင်လို့ ရနိုင်ပါသေးတယ်။ ဆားရည်စိမ်ပြီး လျှော်ဖွတ် လိုက်ခြင်းအားဖြင့် အထည်အလိပ်တွေ၊ ခန်းစီးတွေရဲ့ မူလအရောင်ထက် ပိုမိုတောက်ပြောင်တဲ့ အရောင်တွေကို ရရှိလာမှာပါ။

သွား၊ ခံတွင်းနဲ့ ခန္ဓာကိုယ်အရေပြား ကျန်းမာလှစေဖို့လည်း အိမ်သုံးဆားမှာ အပြည့်အဝတာ ဝန်ယူပေးပါလိမ့်မယ်။ သွားတွေဖြူဖွေးလာဖို့အတွက် အိမ်သုံးဆားနဲ့ ပုံမှန်တိုက်ပေးလို့ရပါတယ်။ နောက်ပြီး အသားအရေအတွက် သီးသန့် အသားဖြူခရင်မ်၊ ပေါင်းတင်တဲ့ ပစ္စည်းတွေမလိုအပ်ပဲနဲ့ အိမ်သုံးဆား နုနုနဲ့ ပုံမှန်ပွတ်တိုက်ပေးမယ်ဆိုရင်လည်း အသားရေချောမွေ့ပြီး အညစ် အကြေး တွေကင်းစင်သွားစေ နိုင်ပါတယ်။

Source:naijapicks.com

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top