ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

“ကၽြန္မက အဲဒီလိုကိုင္တာေတြကို မႀကိဳက္ဘူးလို႕ အေဒၚ့ကို ျပန္ေျပာျပတယ္။ ဒါေပမယ့္ အေဒၚက ကိုယ့္ဦးေလးေတြပဲ ကိုင္ပါေစ၊ ဘာျဖစ္လဲဆုိၿပီး ျပန္ေျပာတယ္။ တစ္ႀကိမ္မွာ က်မအိပ္ယာက ႏိုးလာေတာ့ က်မရဲ႕မိန္းမကုိယ္က အရမ္းနာေနၿပီး စပ္ေနတာ။ က်မေၾကာက္ၿပီး ထိုင္ေတာင္မထိုင္ရဲဘူး။ တစ္အိမ္လံုး ပတ္ေျပးၿပီး ေအာ္ေနခဲ့ရတယ္”

ေဒၚအိအိျဖဴက သူငယ္စဥ္က ႀကံဳေတြ႕ခဲ့ရတာေတြကို ေျပာျပခဲ့တာပါ။

ေဒၚအိအိျဖဴက အခုခ်ိန္မွာ သမီးႏွစ္ေယာက္ရဲ႕မိခင္ျဖစ္ၿပီး သူမဟာ ငယ္စဥ္က ဦးေလးအရင္းသံုးေယာက္ရဲ႕ အဓမၼျပဳက်င့္မႈကို ခံခဲ့ရသူတစ္ဦးျဖစ္ပါတယ္။ မိဘႏွစ္ပါး စီးပြားရွာထြက္ေနခ်ိန္ သမီးကိုယံုၾကည္ရတဲ့ ေဆြမ်ိဳးေမာင္ႏွမေတြ အိမ္မွာထားခဲ့ရာကေန စတင္ၿပီး ဦးေလးျဖစ္သူေတြက အခြင့္အေရးယူ၊ က်ဴးလြန္ခဲ့ၾကတာျဖစ္ပါတယ္။

“က်မငယ္ငယ္က အေဒၚနဲ႔အတူေနတာ။ ညအိပ္ရင္ အေဒၚနဲ႔ အတူအိပ္ေပမယ့္ မနက္ေရာက္ရင္ ဦးေလးေတြရဲ႕အိပ္ယာထဲ ေရာက္ေနတယ္။ က်မ(၆)ႏွစ္ေလာက္အရြယ္ေလာက္တည္းက ဦးေလးေတြရဲ႕ အဓမ္ၼျပဳက်င့္တာကိုခံခဲ့ရတယ္”လို႔ ေဒၚအိအိျဖဴက ေျပာပါတယ္။

အစပိုင္းမွာေတာ့ ဦးေလးေတြက တစ္အိမ္တည္းအတူေနတဲ့ တူမျဖစ္သူကို ခ်စ္စရာေကာင္းလို႔ဆိုၿပီး ပါးကိုဆြဲလိမ္တာ၊ နမ္းတာေတြ ျပဳလုပ္ေလ့ရိွၿပီး ေနာက္ပိုင္းသူမရဲ႕ခႏၶာကုိယ္ကို ထိတာကုိင္တာကေန လိင္ပိုင္းဆုိင္ရာက်ဴးလြန္မႈအထိ ျဖစ္လာခဲ့တာပါ။သက္ငယ္မုဒိန္းလို႔ေျပာလိုက္ရင္ သူစိမ္းအမ်ိဳးသားတစ္ေယာက္က မိန္းကေလးငယ္တစ္ေယာက္ကို အဓမ္ၼျပဳက်င့္တယ္လို႔ ျမင္တတ္ၾကပါတယ္။ ဒါေပမယ့္ ေဒၚအိအိျဖဴလုိ ဦးေလးအရင္းေတြရဲ႕ မုဒိန္းက်င့္ခံရတာေတြရိွသလို တျခားရင္းႏွီးတဲ့ ေဆြမိ်ဳးနီးစပ္ေတာ္သူေတြရဲ႕ မုဒိန္းက်င့္တာကို ခံေနရတဲ့မိန္းကေလးေတြလည္း အမ်ားအျပား ရိွေနပါတယ္။

ျမန္မာႏိုင္ငံမွာ သက္ငယ္မုဒိမ္းမႈဟာ ၂၀၁၆ ခုႏွစ္က (၆၇၁)မႈ ရွိခဲ့ျပီး ၂၀၁၇ ခုႏွစ္မွာ(၂၂၆)မႈ တိုးပြားလာတယ္လို႔ဆိုတဲ့အတြက္ (၈၉၇)မႈ ရွိေနပါတယ္။ ဒါေၾကာင့္မို႔ ၂၀၁၇ခုႏွစ္အတြင္းမွာ သက္ငယ္မုဒိမ္းမႈဟာ တစ္ရက္ကိုအနည္းဆံုး(၂)မႈျဖစ္ပြားေနတယ္လို႕ ျပည္ထဲေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။ သက္ငယ္မုဒိန္းမႈေတြထဲမွာ ပေထြး၊ အေဖအရင္း၊ ဦးေလး၊ အစ္ကို၊ ဆရာစတဲ့ ေဆြမိ်ဳးအသိုင္းအ၀ိုင္းနဲ႔ ရင္းႏွီးကၽြမ္း၀င္သူေတြ၊ ယံုၾကည္အားကိုးရတဲ့သူေတြရဲ႕ က်ဴးလြန္မႈေတြဟာ သူစိမ္းကက်ဴးလြန္တာထက္ ပိုမိုမ်ားျပားေနတာကိုလည္း ေတြ႕ရပါတယ္။

ေဒၚအိအိျဖဴကေတာ့ သူမႀကံဳေတြ႕ခဲ့ရသလို သမီးေတြကို မျဖစ္ေစလိုတာေၾကာင့္ မိခင္တစ္ေယာက္အေနနဲ႕ကေလးေတြရဲ႕ ခႏ္ၶာကိုယ္နဲ႕ပတ္သက္ၿပီး မထိသင့္၊ မကိုင္သင့္၊ မျပသင့္တဲ့အစိတ္အပိုင္းေတြအေၾကာင္းကို သင္ၾကားထားေပးတယ္လို႔ ဆိုပါတယ္။

သူက ကေလးေတြကို ကိုယ့္မိခင္မဟုတ္ဘဲ တျခားသူေတြက ခႏ္ၶာကိုယ္ကို ထိတာကိုင္တာျပဳလုပ္လာၿပီဆိုရင္ မိခင္ကို ခ်က္ခ်င္းလာေျပာဖို႔၊ ကေလးေတြကိုယ္တိုင္ ကာကြယ္တတ္ဖို႔၊ ကိုယ့္ခႏ္ၶာကိုယ္ရဲ႕ ဘယ္အစိတ္အပိုင္းေတြက ဘယ္လိုတန္ဖိုးရိွတယ္၊ ဘယ္လိုက်န္းမာေအာင္ ေနရမယ္၊ စတဲ့လိင္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္တာေတြကို နားလည္ေအာင္ ေျပာျပထားပါတယ္။လိင္ပိုင္းဆိုင္ရာ ပညာေပး (sex education)ဆိုတာဟာ ဖိုမဆက္ဆံတာတစ္ခုတည္း မဟုတ္ဘဲ မိန္းကေလးေရာ ေယာက္်ားေလးေရာ သိသင့္သိထိုက္တ့ဲ မ်ိဳးဆက္ပြားက်န္းမာေရးနဲ႔ ပတ္သက္တဲ့အေၾကာင္းအရာေတြ၊ ခႏ္ၶာကိုယ္ဖြံ႕ၿဖိဳးလာပံုနဲ႔ ဆက္စပ္ၿပီးကိုယ့္ခႏ္ၶာကိုယ္ကို ဘယ္လိုက်န္းမာေအာင္ ေနထိုင္ရမလဲ၊ ကိုယ့္ခႏ္ၶာကိုယ္ေပၚမွာ မိခင္ကလြဲရင္ တျခားသူေတြ မထိသင့္၊ မကိုင္သင့္တဲ့ အစိတ္ပိုင္းေတြရွိတဲ့အေၾကာင္း၊ ကိုယ့္ခႏၶာကိုယ္ကို တန္ဖိုးထားတတ္ဖို႔နဲ႔ ကိုယ့္ခႏၶာကိုယ္ကို တစ္ပါးသူလာေရာက္ ထိပါးရင္ ဘယ္လိုတုန္႔ျပန္ျပဳမူေျပာဆိုရမလဲဆိုတ့ဲ ေဆြးေႏြးမႈေတြကို အသက္အရြယ္လုိက္ သင္ၾကားေပးတာေတြကို ဆိုလိုတာပါ။

  “ကေလးေတြကို ဒါဟာလိင္လို႕လည္း သိစရာမလိုဘူး။ ဒီအဂၤါေတြဟာ သားသားတို႔ မီးမီးတို႔ပိုင္တဲ့အဂၤါေတြ ျဖစ္တယ္ဆိုတာကို သင္ၾကားရမယ္။ အဲ့ဒါေတြကို လာကိုင္တဲ့လူေတြရိွလာရင္ ဘယ္လိုမ်ဳိးျငင္းဆန္ရမလဲ၊ ဘာလို႔ျငင္းရမလဲ၊ ၿပီးရင္ ေမေမ ေဖေဖကိုဘယ္လိုမ်ိဳး ျပန္ေျပာျပရမလဲ၊ အဲဒါေတြ သင္ထားေပးတာဟာ လိင္ပညာေပးေတြပါ”လို႔ သက္ငယ္မုဒိမ္းနဲ႔ လိင္ပညာေပးအေၾကာင္း ဆက္စပ္မႈကို အခရာအမ်ိဳးသမီးအဖြဲ႕ တည္ေထာင္သူ မထားထားက ေျပာပါတယ္။

သက္ငယ္မုဒိမ္းမႈေတြ ေလ်ာ့က်ဖုိ႔အတြက္ တစ္ဖက္မွာ ဥပေဒနဲ႔တားဆီးကာကြယ္ရမွာျဖစ္သလို တစ္ဖက္မွာလည္း ေက်ာင္းပညာေရးမွာ လိင္ပိုင္းဆိုင္ရာနဲ႔ မ်ိဳးဆက္ပြားက်န္းမာေရးဆိုင္ရာ အသိပညာေတြကို သင္ၾကားေပးဖို႔လိုအပ္ေနတယ္လို႔ ေထာက္ျပေျပာဆိုလာၾကတာပဲ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ အစဥ္အလာ ယဥ္ေက်းမႈေတြအရ ကေလးနဲ႔မိဘအၾကား လိင္ကိစ္ၥအေၾကာင္း ေျပာရမွာကို ရွက္စရာလို႔ သေဘာထားၾကပါတယ္။ ဒါေၾကာင့္လည္း လိင္ပညာေပး(ွနထ နိကခေအငသည)လို႔ ေျပာလိုက္ရင္ ဖိုမဆက္ဆံတာကိုပဲ ျမင္ၾကေလ့ရိွပါတယ္။

လိင္ပညာေပးဆိုတာ လိင္ဆက္ဆံနည္းကို သင္ၾကားေပးတာမဟုတ္ဘဲ လိင္ပိုင္းဆိုင္ရာအႏိုင္က်င့္ေစာ္ ကားမႈေတြေလ်ာ့က်ေအာင္၊ ဆယ္ေက်ာ္သက္အရြယ္မိန္းကေလးေတြ အရြယ္မတိုင္ခင္ ကိုယ္၀န္ေဆာင္မႈေလ်ာ့က်ေအာင္၊ မ်ိဳးဆက္ပြားက်န္းမာေရးနဲ႔ ပတ္သက္ၿပီး အသိရိွေအာင္၊ လိင္ကေနတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြအေၾကာင္း သိရိွနားလည္ၿပီး ႀကိဳတင္ကာကြယ္ႏိုင္ေအာင္ စတဲ့ရည္ရြယ္ခ်က္ေတြရွိတာျဖစ္လို႔ လိင္ပညာေပးဟာ မျဖစ္မေနသင္ၾကားဖို႔ လိုအပ္ေနတာပါ။

လိင္ပညာေပး (sex education) ဆိုရာမွာ ကိုယ့္ကေလးရဲ႕ အသက္အရြယ္အလိုက္ နားလည္သိရွိႏိုင္မယ့္ စကားလံုးအသံုးအႏႈန္းမ်ိဳး ေရြးခ်ယ္ေျပာျပတတ္ဖို႔လိုၿပီး ဆယ္ေက်ာ္သက္အရြယ္မွာ လည္း သူတို႔သိသင့္တာေတြကို ေရြးခ်ယ္ေျပာျပတတ္ဖို႔လည္း အေရးၾကီးပါတယ္။

သားသမီး(၃)ေယာက္ရဲ႕မိခင္လည္းျဖစ္သူ မထားထားကေတာ့ စာသင္ေက်ာင္းေတြမွာ လိင္ပုိင္းဆိုင္ရာ အသိပညာနဲ႕ ပတ္သက္ၿပီး သင္ၾကားေပးေစလိုေပမယ့္ ေက်ာင္းသားေက်ာင္းသူေတြထက္ သူတို႔ရဲ႕မိဘေတြကလည္း လိင္ပညာေပးနဲ႔ပတ္သက္ၿပီး သိရိွထားဖို႔က အေရးႀကီးတယ္လို႔ဆိုပါတယ္။

“ဆရာမေတြကို ေသေသခ်ာခ်ာနားလည္ေအာင္၊ ေျပာရဲေအာင္၊ သင္တန္းေပးရမယ္။ သူတို႔အဆင္ေျပၿပီးေတာ့ သူတို႔သင္ဖို႔အတြက္ ရယ္ဒီျဖစ္သြားမွ၊ ၿပီးရင္ မိဘေတြကိုလည္း ပညာေပးရမယ္။ ဒီကေလးတစ္ေယာက္က ေက်ာင္းမွာတစ္ခုခုၾကားလာလို႕ အိမ္မွာျပန္ေမးရင္ အေမအေဖေတြက ေက်ာင္းမွာဘာေတြသင္ တာလဲဆိုတာ ျဖစ္မယ္။ ဥပမာ မိန္းကေလးအဂၤါအေၾကာင္းကို သင္တယ္၊ ဒါကိုအိမ္မွာကေလးက ျပန္ေျပာမယ္ဆိုရင္အိမ္မွာေတာင္ ဒီအေၾကာင္းေတြမေျပာဘူး။ ေက်ာင္းမွာဘာေတြေျပာေနတာလဲ။ ဘာေတြသင္တာလဲဆိုတဲ့ စိုးရိမ္စိတ္ေတြျဖစ္ၾကမယ္ဆိုေတာ့ မိဘေတြ နားလည္ထားမွျဖစ္မွာ”လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ၂၀၁၆ ခုႏွစ္ ပညာသင္ႏွစ္ကစတင္ၿပီး အေျခခံပညာ အလယ္တန္းျဖစ္တဲ့ (၇)တန္းကေန အထက္တန္းျဖစ္တဲ့ (၁၀)တန္းအထိစတင္သင္ၾကားေပးေနတယ္လို႔ဆိုပါတယ္။

လိင္ပညာေပးကို (၇)တန္းအရြယ္မွ သင္ၾကားေပးတာဟာ ေနာက္က်တယ္လို႔ ယူဆထားေပမယ့္ တစ္ဖက္မွာလည္း လိင္ကိစ္ၥကို ရွက္စရာလို႔ခံယူထားတဲ့ အသိုင္းအ၀ိုင္းထဲမွာ ခ်က္ခ်င္းဆိုသလို သင္ၾကားေပးလိုက္တာဟာလည္း သင္ၾကားရတဲ့ဆရာ၊ ဆရာမေတြအတြက္ အခက္ခဲျဖစ္ေစသလို သင္ၾကားခံရတဲ့ ကေလးေတြအတြက္လည္း အဆင္မေျပျဖစ္ေစၿပီး မိဘေတြရဲ႕စိုးရိမ္ပူပန္မႈေတြကလည္း ရိွေနပါတယ္။

မိဘေတြအေနနဲ႔ ကေလးေတြ လိင္ကိစ္ၥကိုသိရိွၿပီး စမ္းသပ္လိုစိတ္ေတြ ျဖစ္လာမွာကို စိုးရိမ္ပူပန္ေနၾကေပမယ့္ ေနာက္လာမယ့္မ်ိဳးဆက္ေတြအတြက္ေတာ့ အက်ိဳးရိွတဲ့အေၾကာင္းအရာျဖစ္လို႔ သင္ၾကားတာကို အားေပးတယ္လို႔ဆိုပါတယ္။

“အစ္မအေနနဲ႔ေတာ့ အရင္က နည္းနည္းေလးစုိးရိမ္မိတယ္။ မွားယြင္းၿပီးေတ့ာ စမ္းသပ္မလားေပါ့။ အထူးသျဖင့္ ဆယ္ေက်ာ္သက္အရြယ္ေတြမွာ စမ္းသပ္ခ်င္လာတယ္။ မွားယြင္းၿပီးေတာ့မ်ား စမ္းသပ္ၾကမလားလို႔ စိတ္ပူမိတယ္။ ဒါေပမယ့္ ေသေသခ်ာခ်ာျပန္စဥ္းစားၾကည့္လိုက္တဲ့အခ်ိန္မွာ သူတို႔က သိသိမသိသိ စမ္းခ်င္တဲ့ လူကေတာ့စမ္းမွာပဲ။ အဲဒီေတာ့ ဒါကိုပညာေရးပိုင္းမွာ စနစ္တက်ထည့္ထားမယ္။ ဥပမာ အစ္မေလ့လာထားမႈအရ ဘယ္အရြယ္ကေနစၿပီး သူတို႔ကို အဆင့္လိုက္ႀကီးထြားတဲ့အသက္အရြယ္အရ သူ႔ရဲ႕အကန္႔အသတ္အရ သင္ေပးထားမယ္ဆိုရင္ေတာ့ ဒါအရမ္းေကာင္းတဲ့အရာျဖစ္တယ္”လို႕ မိခင္တစ္ဦးျဖစ္သူ နန္႔သဇင္မင္းက ေျပာပါတယ္။

အခုလိုသင္ၾကားေပးျခင္းအားျဖင့္ မ်ိဳးဆက္ပြားက်န္းမာေရးနဲ႔ပတ္သက္ၿပီး အသိပညာရရိွသြားမွာ ျဖစ္သလို က်ားမအေျချပဳအၾကမ္းဖက္မႈေတြကလည္း ေလ်ာ့က်သြားမွာျဖစ္ပါတယ္။ ဒါေတြအျပင္ ေနာက္ဆက္တြဲအေနနဲ႔ ေစာစီးစြာ အိမ္ေထာင္ျပဳမႈေတြ၊ အဆင္သင့္မျဖစ္ေသးတဲ့ အရြယ္မွာ ကိုယ္၀န္ေဆာင္မႈေတြ၊ ေလ်ာ့က်သြားမွာျဖစ္ၿပီး ႏွစ္စဥ္မီးဖြားၿပီးေသဆံုးေနတဲ့ မိခင္အေရအတြက္ဟာလည္း ေလ်ာ့နည္းသြားမွာ ျဖစ္တယ္လို႔ ဆယ္ေက်ာ္သက္မိန္းကေလးေတြကို စြမ္းရည္ျမင့္တင္ေရးေတြ လုပ္ေဆာင္ေပးေနတဲ့ ေရာင္စံုမိန္းကေလးမ်ားအဖြဲ႕ရဲ႕ညိႇႏိႈင္းေရးမွဴး နန္႔သဇင္မင္းကေျပာပါတယ္။

တကယ္ေတာ့ ၿပီးျပည့္စံုတဲ့ လိင္ပညာေပးဆိုတာ အေျခခံအခ်က္(၃)ခ်က္ ရိွတယ္လို႕ ဆိုပါတယ္။ ပထမတစ္ခ်က္ကေတာ့ ခႏၶာေဗဒဆိုင္ရာသင္ၾကားေပးမႈျဖစ္ၿပီး ေနာက္တစ္ခ်က္ကေတာ့ ဒီခႏ္ၶာေတြနဲ႔ပတ္သက္ၿပီး ထိန္းသိမ္းပံု၊ က်ားမဆက္ဆံေရးအခန္းက႑နဲ႕ ေနာက္ဆံုးတစ္ခ်က္ကေတာ့ ကိုယ့္ႏိုင္ငံအတြင္း ကိုယ့္ေဒသအတြင္းျဖစ္ပ်က္ေနတဲ့ အျဖစ္အပ်က္ေတြ၊ ဓေလ့အယူအဆေတြကို ျပန္လည္ရွင္းလင္းတဲ့အပိုင္းတို႔ ပါ၀င္ပါတယ္။

အခုခိ်န္မွာေတာ့ လိင္ပိုင္းဆိုင္ရာပညာေပးဆိုရင္ ပထမတစ္ခ်က္ျဖစ္တဲ့ ခႏ္ၶာေဗဒဆိုင္ရာကိုသာ အားစိုက္သင္ၾကားေပးေနတာျဖစ္ၿပီး ကိုယ့္ေဒသတြင္းယဥ္ေက်းမႈဆိုင္ရာ က်ားမခြဲျခားထားတဲ့ အတားအဆီးေတြကို ျပန္လည္သံုးသပ္ရွင္းလင္းတဲ့အပိုင္းမွာေတာ့ အားနည္းေနေသးတယ္လို႔ သိရပါတယ္။

အခုလို တျဖည္းျဖည္းပိုမိုတိုးပြားလာတဲ့ က်ားမအေျချပဳအၾကမ္းဖက္မႈေတြ၊ မုဒိမ္းမႈေတြေလ်ာ့က်ဖို႔အတြက္ လိင္ပညာေပးကို ဆယ္ေက်ာ္သက္အရြယ္ေရာက္မွ သင္ၾကားေပးတာထက္ ဆယ္ႏွစ္ေအာက္ကေလးေတြမွာလည္း လိင္ပိုင္းဆုိင္ရာေစာ္ကားမႈေတြ ရိွေနတာေၾကာင့္ မူလတန္းအရြယ္ကတည္း သိသင့္တာေတြကိုသင္ၾကားေပးျခင္းဟာ  သက္ငယ္မုဒိန္းမႈေတြ ေလ်ာ့က်ေစဖို႔အတြက္ အေရးႀကီးတဲ့နည္းလမ္းတစ္ခုျဖစ္တယ္လို႔ အမ်ဳိးသမီးမ်ား အၾကမ္းဖက္မႈ ပေပ်ာက္ေရးလႈပ္ရွားေနသူေတြက ေျပာဆိုလိုက္တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခက္ဆစ္
Myitkyina News Journal
https://www.myitkyinanewsjournal.com

#Unicode Version#
“ကျွန်မက အဲဒီလိုကိုင်တာတွေကို မကြိုက်ဘူးလို့ အဒေါ့်ကို ပြန်ပြောပြတယ်။ ဒါပေမယ့် အဒေါ်က ကိုယ့်ဦးလေးတွေပဲ ကိုင်ပါစေ၊ ဘာဖြစ်လဲဆိုပြီး ပြန်ပြောတယ်။ တစ်ကြိမ်မှာ ကျမအိပ်ယာက နိုးလာတော့ ကျမရဲ့မိန်းမကိုယ်က အရမ်းနာနေပြီး စပ်နေတာ။ ကျမကြောက်ပြီး ထိုင်တောင်မထိုင်ရဲဘူး။ တစ်အိမ်လုံး ပတ်ပြေးပြီး အော်နေခဲ့ရတယ်”

ဒေါ်အိအိဖြူက သူငယ်စဉ်က ကြုံတွေ့ခဲ့ရတာတွေကို ပြောပြခဲ့တာပါ။

ဒေါ်အိအိဖြူက အခုချိန်မှာ သမီးနှစ်ယောက်ရဲ့မိခင်ဖြစ်ပြီး သူမဟာ ငယ်စဉ်က ဦးလေးအရင်းသုံးယောက်ရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ မိဘနှစ်ပါး စီးပွားရှာထွက်နေချိန် သမီးကိုယုံကြည်ရတဲ့ ဆွေမျိုးမောင်နှမတွေ အိမ်မှာထားခဲ့ရာကနေ စတင်ပြီး ဦးလေးဖြစ်သူတွေက အခွင့်အရေးယူ၊ ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။

“ကျမငယ်ငယ်က အဒေါ်နဲ့အတူနေတာ။ ညအိပ်ရင် အဒေါ်နဲ့ အတူအိပ်ပေမယ့် မနက်ရောက်ရင် ဦးလေးတွေရဲ့အိပ်ယာထဲ ရောက်နေတယ်။ ကျမ(၆)နှစ်လောက်အရွယ်လောက်တည်းက ဦးလေးတွေရဲ့ အဓမ်္မပြုကျင့်တာကိုခံခဲ့ရတယ်”လို့ ဒေါ်အိအိဖြူက ပြောပါတယ်။

အစပိုင်းမှာတော့ ဦးလေးတွေက တစ်အိမ်တည်းအတူနေတဲ့ တူမဖြစ်သူကို ချစ်စရာကောင်းလို့ဆိုပြီး ပါးကိုဆွဲလိမ်တာ၊ နမ်းတာတွေ ပြုလုပ်လေ့ရှိပြီး နောက်ပိုင်းသူမရဲ့ခန္ဓာကိုယ်ကို ထိတာကိုင်တာကနေ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအထိ ဖြစ်လာခဲ့တာပါ။သက်ငယ်မုဒိန်းလို့ပြောလိုက်ရင် သူစိမ်းအမျိုးသားတစ်ယောက်က မိန်းကလေးငယ်တစ်ယောက်ကို အဓမ်္မပြုကျင့်တယ်လို့ မြင်တတ်ကြပါတယ်။ ဒါပေမယ့် ဒေါ်အိအိဖြူလို ဦးလေးအရင်းတွေရဲ့ မုဒိန်းကျင့်ခံရတာတွေရှိသလို တခြားရင်းနှီးတဲ့ ဆွေမျိုးနီးစပ်တော်သူတွေရဲ့ မုဒိန်းကျင့်တာကို ခံနေရတဲ့မိန်းကလေးတွေလည်း အများအပြား ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုဟာ ၂၀၁၆ ခုနှစ်က (၆၇၁)မှု ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ(၂၂၆)မှု တိုးပွားလာတယ်လို့ဆိုတဲ့အတွက် (၈၉၇)မှု ရှိနေပါတယ်။ ဒါကြောင့်မို့ ၂၀၁၇ခုနှစ်အတွင်းမှာ သက်ငယ်မုဒိမ်းမှုဟာ တစ်ရက်ကိုအနည်းဆုံး(၂)မှုဖြစ်ပွားနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ သက်ငယ်မုဒိန်းမှုတွေထဲမှာ ပထွေး၊ အဖေအရင်း၊ ဦးလေး၊ အစ်ကို၊ ဆရာစတဲ့ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ၊ ယုံကြည်အားကိုးရတဲ့သူတွေရဲ့ ကျူးလွန်မှုတွေဟာ သူစိမ်းကကျူးလွန်တာထက် ပိုမိုများပြားနေတာကိုလည်း တွေ့ရပါတယ်။

ဒေါ်အိအိဖြူကတော့ သူမကြုံတွေ့ခဲ့ရသလို သမီးတွေကို မဖြစ်စေလိုတာကြောင့် မိခင်တစ်ယောက်အနေနဲ့ကလေးတွေရဲ့ ခန်္ဓာကိုယ်နဲ့ပတ်သက်ပြီး မထိသင့်၊ မကိုင်သင့်၊ မပြသင့်တဲ့အစိတ်အပိုင်းတွေအကြောင်းကို သင်ကြားထားပေးတယ်လို့ ဆိုပါတယ်။

သူက ကလေးတွေကို ကိုယ့်မိခင်မဟုတ်ဘဲ တခြားသူတွေက ခန်္ဓာကိုယ်ကို ထိတာကိုင်တာပြုလုပ်လာပြီဆိုရင် မိခင်ကို ချက်ချင်းလာပြောဖို့၊ ကလေးတွေကိုယ်တိုင် ကာကွယ်တတ်ဖို့၊ ကိုယ့်ခန်္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေက ဘယ်လိုတန်ဖိုးရှိတယ်၊ ဘယ်လိုကျန်းမာအောင် နေရမယ်၊ စတဲ့လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာတွေကို နားလည်အောင် ပြောပြထားပါတယ်။လိင်ပိုင်းဆိုင်ရာ ပညာပေး (sex education)ဆိုတာဟာ ဖိုမဆက်ဆံတာတစ်ခုတည်း မဟုတ်ဘဲ မိန်းကလေးရော ယောက်ျားလေးရော သိသင့်သိထိုက်တဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ ခန်္ဓာကိုယ်ဖွံ့ဖြိုးလာပုံနဲ့ ဆက်စပ်ပြီးကိုယ့်ခန်္ဓာကိုယ်ကို ဘယ်လိုကျန်းမာအောင် နေထိုင်ရမလဲ၊ ကိုယ့်ခန်္ဓာကိုယ်ပေါ်မှာ မိခင်ကလွဲရင် တခြားသူတွေ မထိသင့်၊ မကိုင်သင့်တဲ့ အစိတ်ပိုင်းတွေရှိတဲ့အကြောင်း၊ ကိုယ့်ခန္ဓာကိုယ်ကို တန်ဖိုးထားတတ်ဖို့နဲ့ ကိုယ့်ခန္ဓာကိုယ်ကို တစ်ပါးသူလာရောက် ထိပါးရင် ဘယ်လိုတုန့်ပြန်ပြုမူပြောဆိုရမလဲဆိုတဲ့ ဆွေးနွေးမှုတွေကို အသက်အရွယ်လိုက် သင်ကြားပေးတာတွေကို ဆိုလိုတာပါ။

  “ကလေးတွေကို ဒါဟာလိင်လို့လည်း သိစရာမလိုဘူး။ ဒီအင်္ဂါတွေဟာ သားသားတို့ မီးမီးတို့ပိုင်တဲ့အင်္ဂါတွေ ဖြစ်တယ်ဆိုတာကို သင်ကြားရမယ်။ အဲ့ဒါတွေကို လာကိုင်တဲ့လူတွေရှိလာရင် ဘယ်လိုမျိုးငြင်းဆန်ရမလဲ၊ ဘာလို့ငြင်းရမလဲ၊ ပြီးရင် မေမေ ဖေဖေကိုဘယ်လိုမျိုး ပြန်ပြောပြရမလဲ၊ အဲဒါတွေ သင်ထားပေးတာဟာ လိင်ပညာပေးတွေပါ”လို့ သက်ငယ်မုဒိမ်းနဲ့ လိင်ပညာပေးအကြောင်း ဆက်စပ်မှုကို အခရာအမျိုးသမီးအဖွဲ့ တည်ထောင်သူ မထားထားက ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုတွေ လျော့ကျဖို့အတွက် တစ်ဖက်မှာ ဥပဒေနဲ့တားဆီးကာကွယ်ရမှာဖြစ်သလို တစ်ဖက်မှာလည်း ကျောင်းပညာရေးမှာ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာတွေကို သင်ကြားပေးဖို့လိုအပ်နေတယ်လို့ ထောက်ပြပြောဆိုလာကြတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အစဉ်အလာ ယဉ်ကျေးမှုတွေအရ ကလေးနဲ့မိဘအကြား လိင်ကိစ်္စအကြောင်း ပြောရမှာကို ရှက်စရာလို့ သဘောထားကြပါတယ်။ ဒါကြောင့်လည်း လိင်ပညာပေး(ှနထ နိကခအေငသည)လို့ ပြောလိုက်ရင် ဖိုမဆက်ဆံတာကိုပဲ မြင်ကြလေ့ရှိပါတယ်။

လိင်ပညာပေးဆိုတာ လိင်ဆက်ဆံနည်းကို သင်ကြားပေးတာမဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော် ကားမှုတွေလျော့ကျအောင်၊ ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်မှုလျော့ကျအောင်၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီး အသိရှိအောင်၊ လိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေအကြောင်း သိရှိနားလည်ပြီး ကြိုတင်ကာကွယ်နိုင်အောင် စတဲ့ရည်ရွယ်ချက်တွေရှိတာဖြစ်လို့ လိင်ပညာပေးဟာ မဖြစ်မနေသင်ကြားဖို့ လိုအပ်နေတာပါ။

လိင်ပညာပေး (sex education) ဆိုရာမှာ ကိုယ့်ကလေးရဲ့ အသက်အရွယ်အလိုက် နားလည်သိရှိနိုင်မယ့် စကားလုံးအသုံးအနှုန်းမျိုး ရွေးချယ်ပြောပြတတ်ဖို့လိုပြီး ဆယ်ကျော်သက်အရွယ်မှာ လည်း သူတို့သိသင့်တာတွေကို ရွေးချယ်ပြောပြတတ်ဖို့လည်း အရေးကြီးပါတယ်။

သားသမီး(၃)ယောက်ရဲ့မိခင်လည်းဖြစ်သူ မထားထားကတော့ စာသင်ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ အသိပညာနဲ့ ပတ်သက်ပြီး သင်ကြားပေးစေလိုပေမယ့် ကျောင်းသားကျောင်းသူတွေထက် သူတို့ရဲ့မိဘတွေကလည်း လိင်ပညာပေးနဲ့ပတ်သက်ပြီး သိရှိထားဖို့က အရေးကြီးတယ်လို့ဆိုပါတယ်။

“ဆရာမတွေကို သေသေချာချာနားလည်အောင်၊ ပြောရဲအောင်၊ သင်တန်းပေးရမယ်။ သူတို့အဆင်ပြေပြီးတော့ သူတို့သင်ဖို့အတွက် ရယ်ဒီဖြစ်သွားမှ၊ ပြီးရင် မိဘတွေကိုလည်း ပညာပေးရမယ်။ ဒီကလေးတစ်ယောက်က ကျောင်းမှာတစ်ခုခုကြားလာလို့ အိမ်မှာပြန်မေးရင် အမေအဖေတွေက ကျောင်းမှာဘာတွေသင် တာလဲဆိုတာ ဖြစ်မယ်။ ဥပမာ မိန်းကလေးအင်္ဂါအကြောင်းကို သင်တယ်၊ ဒါကိုအိမ်မှာကလေးက ပြန်ပြောမယ်ဆိုရင်အိမ်မှာတောင် ဒီအကြောင်းတွေမပြောဘူး။ ကျောင်းမှာဘာတွေပြောနေတာလဲ။ ဘာတွေသင်တာလဲဆိုတဲ့ စိုးရိမ်စိတ်တွေဖြစ်ကြမယ်ဆိုတော့ မိဘတွေ နားလည်ထားမှဖြစ်မှာ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၁၆ ခုနှစ် ပညာသင်နှစ်ကစတင်ပြီး အခြေခံပညာ အလယ်တန်းဖြစ်တဲ့ (၇)တန်းကနေ အထက်တန်းဖြစ်တဲ့ (၁၀)တန်းအထိစတင်သင်ကြားပေးနေတယ်လို့ဆိုပါတယ်။

လိင်ပညာပေးကို (၇)တန်းအရွယ်မှ သင်ကြားပေးတာဟာ နောက်ကျတယ်လို့ ယူဆထားပေမယ့် တစ်ဖက်မှာလည်း လိင်ကိစ်္စကို ရှက်စရာလို့ခံယူထားတဲ့ အသိုင်းအဝိုင်းထဲမှာ ချက်ချင်းဆိုသလို သင်ကြားပေးလိုက်တာဟာလည်း သင်ကြားရတဲ့ဆရာ၊ ဆရာမတွေအတွက် အခက်ခဲဖြစ်စေသလို သင်ကြားခံရတဲ့ ကလေးတွေအတွက်လည်း အဆင်မပြေဖြစ်စေပြီး မိဘတွေရဲ့စိုးရိမ်ပူပန်မှုတွေကလည်း ရှိနေပါတယ်။

မိဘတွေအနေနဲ့ ကလေးတွေ လိင်ကိစ်္စကိုသိရှိပြီး စမ်းသပ်လိုစိတ်တွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြပေမယ့် နောက်လာမယ့်မျိုးဆက်တွေအတွက်တော့ အကျိုးရှိတဲ့အကြောင်းအရာဖြစ်လို့ သင်ကြားတာကို အားပေးတယ်လို့ဆိုပါတယ်။

“အစ်မအနေနဲ့တော့ အရင်က နည်းနည်းလေးစိုးရိမ်မိတယ်။ မှားယွင်းပြီးတေ့ာ စမ်းသပ်မလားပေါ့။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာ စမ်းသပ်ချင်လာတယ်။ မှားယွင်းပြီးတော့များ စမ်းသပ်ကြမလားလို့ စိတ်ပူမိတယ်။ ဒါပေမယ့် သေသေချာချာပြန်စဉ်းစားကြည့်လိုက်တဲ့အချိန်မှာ သူတို့က သိသိမသိသိ စမ်းချင်တဲ့ လူကတော့စမ်းမှာပဲ။ အဲဒီတော့ ဒါကိုပညာရေးပိုင်းမှာ စနစ်တကျထည့်ထားမယ်။ ဥပမာ အစ်မလေ့လာထားမှုအရ ဘယ်အရွယ်ကနေစပြီး သူတို့ကို အဆင့်လိုက်ကြီးထွားတဲ့အသက်အရွယ်အရ သူ့ရဲ့အကန့်အသတ်အရ သင်ပေးထားမယ်ဆိုရင်တော့ ဒါအရမ်းကောင်းတဲ့အရာဖြစ်တယ်”လို့ မိခင်တစ်ဦးဖြစ်သူ နန့်သဇင်မင်းက ပြောပါတယ်။

အခုလိုသင်ကြားပေးခြင်းအားဖြင့် မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာရရှိသွားမှာ ဖြစ်သလို ကျားမအခြေပြုအကြမ်းဖက်မှုတွေကလည်း လျော့ကျသွားမှာဖြစ်ပါတယ်။ ဒါတွေအပြင် နောက်ဆက်တွဲအနေနဲ့ စောစီးစွာ အိမ်ထောင်ပြုမှုတွေ၊ အဆင်သင့်မဖြစ်သေးတဲ့ အရွယ်မှာ ကိုယ်ဝန်ဆောင်မှုတွေ၊ လျော့ကျသွားမှာဖြစ်ပြီး နှစ်စဉ်မီးဖွားပြီးသေဆုံးနေတဲ့ မိခင်အရေအတွက်ဟာလည်း လျော့နည်းသွားမှာ ဖြစ်တယ်လို့ ဆယ်ကျော်သက်မိန်းကလေးတွေကို စွမ်းရည်မြင့်တင်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ ရောင်စုံမိန်းကလေးများအဖွဲ့ရဲ့ညှိနှိုင်းရေးမှူး နန့်သဇင်မင်းကပြောပါတယ်။

တကယ်တော့ ပြီးပြည့်စုံတဲ့ လိင်ပညာပေးဆိုတာ အခြေခံအချက်(၃)ချက် ရှိတယ်လို့ ဆိုပါတယ်။ ပထမတစ်ချက်ကတော့ ခန္ဓာဗေဒဆိုင်ရာသင်ကြားပေးမှုဖြစ်ပြီး နောက်တစ်ချက်ကတော့ ဒီခန်္ဓာတွေနဲ့ပတ်သက်ပြီး ထိန်းသိမ်းပုံ၊ ကျားမဆက်ဆံရေးအခန်းကဏ္ဍနဲ့ နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်နိုင်ငံအတွင်း ကိုယ့်ဒေသအတွင်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ ဓလေ့အယူအဆတွေကို ပြန်လည်ရှင်းလင်းတဲ့အပိုင်းတို့ ပါဝင်ပါတယ်။

အခုချိန်မှာတော့ လိင်ပိုင်းဆိုင်ရာပညာပေးဆိုရင် ပထမတစ်ချက်ဖြစ်တဲ့ ခန်္ဓာဗေဒဆိုင်ရာကိုသာ အားစိုက်သင်ကြားပေးနေတာဖြစ်ပြီး ကိုယ့်ဒေသတွင်းယဉ်ကျေးမှုဆိုင်ရာ ကျားမခွဲခြားထားတဲ့ အတားအဆီးတွေကို ပြန်လည်သုံးသပ်ရှင်းလင်းတဲ့အပိုင်းမှာတော့ အားနည်းနေသေးတယ်လို့ သိရပါတယ်။

အခုလို တဖြည်းဖြည်းပိုမိုတိုးပွားလာတဲ့ ကျားမအခြေပြုအကြမ်းဖက်မှုတွေ၊ မုဒိမ်းမှုတွေလျော့ကျဖို့အတွက် လိင်ပညာပေးကို ဆယ်ကျော်သက်အရွယ်ရောက်မှ သင်ကြားပေးတာထက် ဆယ်နှစ်အောက်ကလေးတွေမှာလည်း လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ရှိနေတာကြောင့် မူလတန်းအရွယ်ကတည်း သိသင့်တာတွေကိုသင်ကြားပေးခြင်းဟာ  သက်ငယ်မုဒိန်းမှုတွေ လျော့ကျစေဖို့အတွက် အရေးကြီးတဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို့ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားနေသူတွေက ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ခက်ဆစ်
Myitkyina News Journal
https://www.myitkyinanewsjournal.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top