AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×
မဟာသင်္ကြန်ကျချိန်​ ၁၃၇၉ခု၊​နှောင်​တန်​ခူးလပြည့်​ကျော်​(၁၄)ရက်​၊ခရစ်​နှစ်​ ၂၀၁၈ ခုနှစ်​ ဧပြီလ(၁၄)ရက်​ စ​နေ​နေမြန်​မာစံ​တော်​ချိန်​ နံနက်​(၁၁)နာရီ(၉)မိနစ်​(၅)စက္ကန့့်
(သုဒ္ဓဒိန်​-၁)
=======
Credit: Aung ko ko
# Unicode Version ဖြင့် ဖတ်ပါ #
ကဲ အားလုံးစောင့်မျှော်နေတဲ့ သင်္ကြန်စာလာပါပီမြန်မာသက္ကရာဇ်၁၃၈၀ခုနှစ် ၂၀၁၈သင်္ကြန်စာ လာပါပီမြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် အတွက်သူရိယသိဒ္ဓ န္တ မန္တလေး မဟာသင်္ကြန်စာ
မဟာသင်္ကြန်ကျချိန် ၁၃၇၉ခု၊နှောင်တန်ခူးလပြည့်ကျော်(၁၄)ရက်၊ခရစ်နှစ် ၂၀၁၈ ခုနှစ် ဧပြီလ(၁၄)ရက် စနေနေမြန်မာစံတော်ချိန် နံနက်(၁၁)နာရီ(၉)မိနစ်(၅)စက္ကန့့်
မဟာသင်္ကြန်အကြတ်နေ့ ၁၃၇၉ခုနှစ်နှောင်း ကဆုန်လဆန်း၁ရက်ခရစ်နှစ်၂၀၁၈ခုနှစ် ဧပြီလ ၁၅ရက်၊ တနင်္ဂနွေနေ့။
မဟာသင်္ကြန်တက်ချိန် ၁၃၇၉ခုနှစ်နှောင်းကဆုန်လဆန်း၂ရက်ခရစ်နှစ်၂၀၁၈ခုနှစ်ဧပြီလ၁၆ရက် တနင်္လာနေ့မြန်မာစံတော်ချိန် မွန်းလွဲညနေ(၃)နာရီ(၁၃)မိနစ်(၄၇)စက္ကန့်။
နှစ်ဆန်းတစ်ရက် ၁၃၈၀ခုနှစ်ကဆုန်လဆန်း(၃)ရက်ခရစ်နှစ်၂၀၁၈ခုနှစ်ဧပြီလ၁၇ရက် အင်္ဂါနေ့။
(သုဒ္ဓဒိန်-၁)
=======
ဇေယျတု သဗ္ဗမင်္ဂလံ။ အချင်းယူဇနာ ၅၀လုံးဝန်းယူဇနာ ၁၅၀ အတွင်းကားရွှေ အပကား ဖလ် အတိပြီးသော ရောင်ခြည်တထောင်ဆောင်သော”ဘာနုရာဇာ”မည်သောတနင်္ဂနွေဂြိုလ်မင်းသည်တပေါင်းဖြစ်သော မိန်ရာသီ ရေဝတီနက္ခတ်စတုထ္ထပါဒ် အဝသာန်နဝင်း မှတန်ခူးဖြစ်သော မိဿ ရာသီ အဝနီဿ နက္ခတ်ပထမပါဒ် အာဒိနဝင်းထက်သို့ တွက်စစ် ကောဇာနှစ်သင်္ချာကား၁၃၇၉ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁၄ရက်ခရစ်နှစ် ၂၀၁၈ခုနှစ် ဧပြီလ ၁၄ရက် စနေနေ့မြန်မာစံတော်ချိန်နံနက်စက် ၁၁နာရီ ၉မိနစ် ၅စက္ကန့်မြန်မာပဟိုရ် နံနက်၁ချက်တီး ကျော် ၅နာရီ ၂ပါဒ် ၁၁ဗီဇနာ ၅၉ခရာအချိန် မေထုန်ရာသီလဂ်၊မိန်ရာသီစန်း တနင်္လာဟောရတ် ၊ စနေကြင်း အင်္ဂါနဝင်း၊ စနေဒွါဒသင်း ၊ဗုဒ္ဓဟူးတိ ံသင်း ၊နက္ခတ် ၆လုံး၊ပါဒ်ပြည့် ၊ ၉ဃဋီ ၊ ၅၀,ဝိဃဋီ ၊ ၃အနုဃဋီပြည့်ထက်လဂ်စီးလျက်၊ထိုနာရီ၏က္ကုဋ္ဌဘဝါးသော်ကား ၊ ၁ဘဝါး ၊ ၁၃လက်သစ်၊၃မုယောတွင်ဗိသျှတိကရိုဏ်း နှင့် ယှဉ်လျက် ၊ ဘာနုရာဇာမည်သောတနင်္ဂနွေဂြိုလ်မင်းသည် အောက်မဲညိုပွင့်အဆင်းနှင့့်တူသော အဝတ်တန်ဆာကိုဝတ်ဆင်လျက်ဘီလူးစီး၍၊လက်တဖက်ကား ထင်းမီးကိုကိုင်၍ကျန်လက်တဖက်ကား ဝမ်းကိုပိုက်လျက်အရှေ့မြောက်ထောင့် မှသည်အနောက်တောင်ထောင့်သို့ဝင်၏။ရဿကာဒေဝီနတ်သမီးကားအလှည့်စေ့၍ ပရမီသွာနတ်မင်း၏သား (အာသီ) အမည်ရှိသောဗြဟ္မာမင်း၏ဦးခေါင်းကို ကမ်းသည်ရှိသော်နန္ဒာဒေဝီနတ်သမီးကားလက်ျာသို့ တစောင်း ခြေဆင်းလျက်လှမ်းလင့်၏။ကညာဒေဝီနတ်သမီးကား အဖြူ,အနီ,အစိမ်း,အပြာ,အဝါ အားဖြင့် “ငါးပါး”သောအဆင်းဖြင့်ပြီးသောအဝတ်တန်ဆာကိုဝတ်ဆင်လျက် သင်္ကြန်မင်းကိုစောင့်လင့်၏။မိုးဦးမိုးနှောင်းကောင်းအံ့,မိုးလယ်တံ့အံ့။မိုးကြိုးကြား တဖျင်းသုံးရွာအံ့။ကောက်ပဲအသီးအနှံ မကောင်း ၊ ပိုးတောက်တဲ့ဗောက်ဖတ်ထူအံ့။အရွက် အခက် အဖု အမြစ်ကောင်းအံ့။ပြည်ရွာမီးလောင်ဖန်များအံ့ ၊လူတို့ အနာ အဖျားများကုန်အံ့။ကျွဲ နွား အသေအပျောက်များအံ့။ထိုအသားကိုစား၍ လူတို့၌အသားမာများပေါက်အံ့။ပိဋကတ် ဗေဒင်တတ်သော ရဟန်း ၊ ပုဏ္ဏားတို့ဒဏ်သင့်ကုန်အံ့။ထိုနှစ်သူပုန် သူကန်များအံ့။ မင်းဥပဒ်ဖြစ်အံ့။မြေမငလျင်လှုပ်အံ့။ဘုရားပုထိုး ပြိုပျက်အံ့။ဆား ငရုတ်စွန်အံ့။(ဤကားမဟာသင်္ကြန်အကျအဟောတည်း)
သင်္ကြန်သုံးပါးတို့တွင်သမန္တမဟာသင်္ကြန်ဖြစ်သောကြောင့်သင်္ကြန်ကျပြီးနောက် ၂၄မိနစ် ရောက်သောအချိန်၌ဦးခေါင်းဆေးမင်္ဂလာပြုရာ၏။ဤကားအများနှင့်သက်ဆိုင်သော သာမည အခါပေတည်း။ အသီးအသန့်ဝိသေသအခါပေးကားသင်္ကြန်မြေခံသောသင်္ကြန်ကျသည့်ဘအချိန်တွင်တိထီ ၁၃လုံး ၄ဃဋီ၌ဣဋ္ဌ သောကြာမြေခံ၏။သင်္ကြန်ကျသည့်ရက်မှာ စနေနေ့ဖြစ်၏။သို့ဖြစ်ရာသင်္ကြန်အကျမြေခံ သာကြာနေ့ဖွားသားသမီးနှင့်သင်္ကြန်အကျနေ့ စနေနေ့ဖွားသားသမီးတို့မှကြွင်းကျန်ကုန်သော နေ့သားသမီးတို့သည်မိမိတို့၏နေ့အလိုက်ဂဟပတိအရပ်ကား တနင်္ဂနွေသားသမီးအတွက်မိမိမွေးနံကျရာ တနင်္ဂနွေအရပ်ဖြစ်သောအရှေ့မြောက်အရပ်ကို ပရိဝါရမှဆက်၍အာယု,နာဂရ ဘုမ္မိ,ဂဟပတိဟု ရေတွက်၍လက်ယာရစ် အားဖြင့် အရပ်မျက်နှာကိုလှည့်၍ ယူရာတွင်အနောက်တောင်ထောင့်အရပ်သည် ဂဟပတိအရပ်ဖြစ်၏။ထိူ့ကြောင့် တနင်္လာသားသမီးကား အနောက်ရပ်အင်္ဂါသားသမီးကားအနောက်မြောက်ထောင့်အရပ်ဗုဒ္ဓဟူးနေ့သားသမီးကား မြောက်အရပ်ကြာသပတေးသားသမီးကား အရှေ့အရပ်ရာဟုသားသမီးကားအရှေ့တောင်ထောင့်အရပ်များသို့မျက်နှာမူပြီးလျှင်မိမိတို့နံ၏အမြစ်ဖြစ်သောတနင်္ဂနွေကား ဒန်းညွန့်တနင်္လာကား အုန်းညွန့်အင်္ဂါကား ကံကော်ညွန့်ဗုဒ္ဓဟူးကား မြေစာညွန့်ကြာသပတေးကား ချယား (ရွက်လှ)ညွန့်ရာဟုကား မြေစာညွန့် အမြစ် နှင့် အတူပန်းညွန့်တို့ကို နင်းကြမ်းပြု၍ မိမိတို့နံ၏ အညွန့်ပန်း ဖြစ်သောတနင်္ဂနွေကား ကံ့ကော်ညွန့်တနင်္လာကားမြေစာညွန့်အင်္ဂါကား ချယား(ရွက်လှ)ညွန့်ဗုဒ္ဓဟူးကား သပြေညွန့်ကြာသပတေးကား လသီးညွန့်ရာဟုကားသပြေညွန့် ဟူသော အညွန့်နှင့်နံတူ ပန်းပွင့် ၊ ပန်းညွန့်တို့ကို အသီးသီးဆောင်လျက်ရတနာသုံးပါး၊မိဘဘိုးဘွား၊ဆရာသမားသကြား ၊ ဗြဟ္မာ ၊ စတုလောကပါလ ၊ သာသနာတော်စောင့် ၊ သမ္မာဒေဝ နတ်မြတ်နတ်ကောင်း တို့ကို ပူဇော်ကန်တော့ပြီး မိမိတို့ လိုရာဆန္ဒကို ဆုတောင်း၍ဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။သင်္ကြန်အကျမြေခံနေ့သားသမီးဖြစ်သောသောကြာနေ့သားသမီးတို့သည် မိမိတို့၏ဂဟပတိအရပ်ဖြစ်သော တောင်အရပ် သစ်ပင်ရင်းတွင်သောကြာ ၏ အမြစ် နေ့နံ ဖြစ်သည့် သပြေညွန့်ကိုအခင်းပြု၍သောကြာ၏ နံအညွန့်ပန်း ဖြစ်သည့် ဒန်းညွန့်ကိုဆောင်လျက် အကျရက်၌ အကျတိထီမြေခံပြတ်သောနံနက် ၉ နာရီ ၁၉မိနစ် နောက်ပိုင်း သင်္ကြန်အကျဂြဟဇာပွင့်ရာမြောက်အရပ်သို့မျက်နှာမူပြီးလျှင်ဘဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။သင်္ကြန်အကျနေ့စနေသားသမီးတို့သည်သင်္ကြန်အကြတ်နေ့တွင် မိမိတို့၏ဂဟပတိအရပ်ဖြစ်သော အရှေ့မြောက်အရပ် သစ်ပင်ရင်းတွင်စနေ၏အမြစ် နေ့နံဖြစ်သည့် သီးညွန့်ကိုအခင်းပြု၍ စနေ၏ နံညွန့်ပန်း ဖြစ်သည့် အုန်းညွန့်ကိုဆောင်လျက်သင်္ကြန်အကြတ်ရက်ဖြစ်သောတနင်္ဂနွေနေ့၌ဂြဟဇာပွင့်ရာသင်္ကြန်အကြတ်ဂြဟဇာဖြစ်သောအနောက်အရပ်သို့မျက်နှာမူပြီးလျှင်ရတနာသုံးပါး၊မိဘဆရာ၊ဗြဟ္မာသကြား၊စတုလောကပါလသာသနာတော်စောင့်နတ်မြတ်နတ်ကောင်းတို့အားလိုသောဆုကိုတောင်းပြီးဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။ဦးခေါင်းဆေးရသောအကျိုးကား။ ။သင်္ကန္တေ၊သင်္ကြန်ဟုခေါ်ဝေါ်အပ်သော တနင်္ဂနွေဂြိုလ်မင်းသည်။ပုဏ္ဏမေ၊အံသာ၃၆၀ရသဖြင့် တစ်ဘဂဏပြည့်၍မိန်ရာသီ အဝသာန်နဝင်းမှ မိဿရာသီ အာဒိနဝင်းသို့ပြောင်းခဲ့သည်ရှိသော်ဣဓ၊ဤလူ့ပြည်၌။မဏဝါ သတ္တဝါဟုခေါ်ဝေါ် အပ်ကုန်သော။မနုဇာ၊လူအပေါင်းတို့သည်။ သိရာ,ဦးခေါင်းဆေးကုန်ရာ၏။တေသံ,ထိုဦးခေါင်းဆေးကုန်သောသူတို့အား၊သတ္တဘာဂီ ၊ ခုနစ်နှစ်ကဖြစ်ကုန်သော။ရောဂီ ၊ အနာမျိုးတို့သည်။ ဝိနာသေယျုံ၊ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ ၊ ချမ်းသာခြင်း၏ အဖို့ဖြစ် ကုန်သော သတသဟဿာနိ၊တစ်သိန်းသော အကျိုးတို့သည်။ဘဝေယျုံ၊ဖြစ်ကုန်ရာ၏။သင်္ကြန်အခါရှောင်ကြဉ်ရန်အမှုများကား`နရုဒံ မေထုနံ သုရာ၊ဝဓကောဓေန တေလတာ။ရုက္ခဆေဒါ ဟနန္တဿ၊ကိဏေယျဝိက္ကိဏေယျ ဝါဣမာနိ ဒသကမ္မာနိ၊သက္ကောပိ ပရိဝဇ္ဇယေ “ဟု ဆိုသောကြောင့် မင်္ဂလာစကား ၊ လင်္ကာကြားအံ့၊ကြောင်းလျာစုံစေ့ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ရှောင်ကုန်ရာသား ၊v၁ မသာနှလုံး ညှိုးချုံးစိုးရိမ်မငြိမ်ပူဆွေး ၊ ငိုကြွေးကုန်ထ ၊ ၂ ကာမအရာ၊မေထု နာနှင့် ၊ ၃ ပါဏာသတ်ပုတ်လ၊ ၄ သောက်တုတ်သေရက် ၊ ၅ မျက်ထွက်မာန ၊လပဋိဃ နှင့် ဒေါသကိုငြိမ်း ၊ ၆ ဆီလိမ်းပွတ်ဆင် ၊ ၇ သစ်ပင်ခုတ်ဖြတ်၊၈ သတ်ခတ် ကုန်ရှောင် ၊ ၉ အရောင်း ၊ ၁၀ အဝယ်လဲလှယ်ဟူသည် ဤဆယ်မည်ကို လူ့ပြည်လူ့ခွင်လူကိုစင်ထား ၊ မြင်းမိုရ်ဖျားဝယ် ၊ သိကြားသော်မှ မပြုရရာ၊ရှောင်ကြဉ်ရာဟု ကျမ်းလာသော်ကား လင်္ကာကြားသည်။(ဤကားမဟာသင်္ကြန်အကျအလိုတည်း)
၁.တနင်္ဂနွေဖွားသားသမီးတို့သည်ဤနှစ်တွင် မိမိစွမ်းရည်ဖြင့်ဘရည်မှန်းချက် တစ်ခုတည်းစွဲမြဲစွာ ကြိုးစားလျှင်အောင်မြင်မှုရရှိနိုင်အံ့။အိမ်ထောင်ရေး ကံဆိုးမှုဘမကြုံစေရန် လူမှုရေးအရှုပ်အထွေးမှုများရှောင်ကြဉ်နိုင်လျှင် ပိုမိုကံကောင်းနိုင်အံ့။ပညာရေးအခွင့်အလမ်းကောင်းများကိုကောင်းစွာအသုံးချပြီးကြိုးစားလျှင် ရည်မှန်းချက်အောင် မြင်နိုင်အံ့ ၊ လေနာ ၊ လေငန်း ၊ လိပ်ခေါင်းဝေဒနာ၊ ဝမ်းဗိုက် ၊အစာအိမ်ဝေဒနာဖြစ်ပွားနိုင်အံ့။မည်သည့်ကိစ္စမဆိုလူအများနှင့်ဆောင်ရွက်ခြင်းကိုရှောင်ကြဉ်သင့်သည်။အင်္ဂါနေ့နှင့်ကြာသပတေးသားသမီးတို့နှင့် အကျိုးပေးကောင်းအံ့။ ကုန်မျိုးစုံ၊ပဲမျိုးစုံ၊ဆေး၊စာပေလုပ်ငန်း၊အိမ်,ခြံ,မြေလုပ်ငန်းတို့တွင်အောင်မြင်နိုင်အံ့။ချစ်မှုရေးရာတွင်ဘဦးနှောက်ထက်နှလုံးသားကိုဦးစားပေးလျှင်အမှားကြုံနိုင်အံ့။#ယတြာ မွေးနေ့နံနက်၉:၁၈အချိန်ကြာသပတေးနံဘုရားတွင်အဖြူ ရောင်ဝတ်ဆင်လျှက် သရက်ညွန့် ၉ညွန့်ကပ်လှူ ပူဇော်ပါ။၂တနင်္လာနေ့ဖွားဘသားသမီးတို့သည် ဤနှစ်တွင်လုပ်ငန်းလုပ်ဆောင်ရာ၌တာဝန်ယူမှု၊တာဝန်ခံမှုရှိပြီးလုပ်ဆောင်လျှင်အောင်မြင်အံ့ ၊ လူမှုဆက်ဆံရေးတွင်လှည့်ပတ်ဖုံးကွယ်မှုကင်းပြီးကတိတည်လျှင်ဂုဏ်ဒြပ်မြင့်အံ့ ၊ ဘာသာတရားကိုင်းရှိုင်းလျှင်ရေဘေးကြုံနိုင်သော်လည်း အန္တရာယ်မှ လွတ်ကင်းနိုင်ပြီးမရှိလျှင်ဘေးကြုံနိုင်အံ့။ အရှိန်အဝါကြီးကဲသူအမျိုးသမီးများကကူညီစောင့်ရှောက်အံ့ ၊ ငွေကြေးကိုစည်းစနစ်ဖြင့်သုံးစွဲလျှင်ကံကောင်းနိုင်အံ့ ၊ အဆုတ်,အသည်း,ရင်ဘတ်နှင့် ပတ်သက်သောဝေဒနာဖြစ်ပွားနိုင်အံ့။တနင်္လာနေ့ဖွား ဗုဒ္ဓဟူးနေ့ဖွားသားသမီးတို့နှင့်ကံအကျိုးပေးကောင်းအံ့ ၊ ဖျော်ရည်အလှကုန်,ဖက်ရှင်ဒီဇိုင်နာတို့တွင်အောင်မြင်အံ့။မေတ္တာရေးတွင်နှလုံးသားထက်ဦးနှောက်ကိုဦးစားပေးလျှင်ပဆင်ပြေနိုင်အံ့။#ယတြာ>မွေးနေ့နံနက် ၉:၉အချိန်ရာဟုနံဘုရားတွင်မဟော်ဂနီရောင်ဝတ်ဆင်ပြီးပေါက်စီ ၃လုံးလှူဒါန်းပါ။၃.အင်္ဂါနေ့ဖွားသားသမီးတို့သည် ဤနှစ်တွင်အလုပ်စီးပွားနှင့်လူမှုရေးတွင်စိုးရိမ်လွန်ခြင်း၊အားနာတတ်ခြင်းတို့ကိုရှောင်ကြဉ်လျက်စိတ်တည်ငြိမ်ပြီးဆုံးုဖတ်ချက်မှန်လျှင်အောင်မြင်နိုင်အံ့။အပေါင်းအသင်းမှားနိုင်အံ့၊ခရီးတိုလရီးရှည်မကြာခဏသွားရအံ့၊ကိုယ်ထူးကိုယ်ချွန်လုပ်ကိုင်လိုစိတ်ပြင်းပြအံ့၊မိသားစု၊အိမ်တွင်းရေး၊သားရေးသမီးရေးကိစ္စများအညံ့ကြုံနိုင်အံ့၊ပညာရေးတွင်စိတ်ပျံ့လွင့်မှုမရှိပဲကြိုးစားလျှင်အောင်မြင်အံ့။နှလုံး,အသည်း,သွေးနှင့်ပတ်သက်သောဝေဒနာဖြစ်ပွားနိုင်အံ့။ပျိုရွယ်သူများအနေဖြင့်သတိနှင့်နေထိုင်လျှင်ကံကောင်းနိုင်အံ့။အင်္ဂါနေ့ကြာသာပတေးနေ့ဖွားသားသမီးတို့နှင့်အကျိုးပေးကောင်းအံ့။စာပေလုပ်ငန်း,ဆန်စက်,ဆီစက်ကားထုတ်လုပ်ရောင်းဝယ်ခြင်းအကျိုးပေးအံ့။ယတြာ မွေးနေ့နံနက် ၉:၂၇အချိန်သောကြာနံဘုရားတွင်နက်ပြာရောင်ဝတ်ဆင်ပြီးနှင်းဆီပန်း၃ပွင့်လှူပါ။၄.ဗုဒ္ဓဟူးနေ့ဖွားသားသမီးတို့သည် ဤနှစ်တွင် လူမှုရေးနှင့်အလုပ်စီးပွား၌အပျော်အပါးနှင့်လောင်းကစားတို့ကိုရှောင်ကြဉ်ပြီးဘာသာတရားကိုင်းရှိုင်းခြင်းမိဘနှင့်ကျေးဇူးရှိသူတို့ကိုကျေးဇူးသိသူများအနေဖြင့်ကံကောင်းနိုင်၏။ထီပေါက်ကိန်း၊အိမ်ထောင်ဘက်မှအမွေ၊ငွေကြေးဥစ္စာရရှိနိုင်အံ့၊ဆေးထိုးဆေးသောက်မှားနိုင်အံ့။စနေတနင်္လာနေ့ဖွားတို့နှင့်ကံအကျိုးကောင်းနိုင်အံ့။ယုံကြည်မှုအလွဲသုံးစားခံရကိန်းရှိအံ့။အိမ်ခြံမြေအတွက်အရှုပ်အရှင်းဖြေရှင်းရအံ့။အတိတ်ကရန်သူ,ယခုမိတ်ဆွေဖြစ်ကိန်းကြုံအံ့။အဝတ်အထည်,ရတနာရောင်းဝယ်ခြင်းနှင့်ဓာတ်သတ္ထုတူးဖော်ရေး၊ထီရောင်းဝယ်ခြင်းတို့တွင်အကျိုးပေးအံ့။မိဘဆွေမျိုးမှသဘောမတူသူနှင့်အချစ်ရေးကိစ္စကြုံနိုင်ပြီးမကြာမီပြေလည်သွားနိုင်အံ့။ယတြာ မွေးနေ့၊တနင်္ဂနွေနံဘုရားတွင်နံနက်၉:၃၆အချိန်ဆင်ဆွယ်ရောင်ဝတ်ဆင်ပြီးမြတ်လေးညွန့်၉ညွန့်လှူပါ။.ရာဟုနေ့ဖွားသားသမီးတို့သည် ဤနှစ်တွင်ငွေဝင်ပါကရွှေဝယ်ယူစုဆောင်းလျှင်မြဲနိုင်အံ့။ကိုယ်ကျင့်သီလရှိသူတို့အဖို့မိတ်ကောင်းတွေ့ပြီးကံကောင်းနိုင်အံ့။ချစ်သူဟောင်းမိတ်ဆွေဟောင်းတို့နှင့်ဆုံဆည်းရအံ့။ဘုရားဖူး၊အလုပ်စီးပွားအတွက်အကျိုးရှိသောပြည်တွင်းပြည်ပခရီးသွားရအံ့။ဆရာကောင်းနှင့်မိမိကြိုးစားအားထုပ်မှုပေါင်းစပ်လျှင်ရည်မှန်းချက်အောင်မြင်အံ့။သောကြာ၊တနင်္လာနေ့ဖွားတို့နှင့်အကျိုးပေးအံ့။ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊အထည်အလိပ်လုပ်ငန်း၊အိုင်တီ၊ကွန်ပျူတာလုပ်ငန်း၊မီဒီယာလုပ်ငန်းတို့နှင့်အကျိုးပေးကောင်းအံ့။လေဖြတ်အစာအိမ်ရောဂါဖြစ်ပွားအံ့။ချစ်မှုရေးရာတွင်နှလုံးသားထက်ဦးနှောက်ကိုဦးစားပေးတတ်ပြီးကိုယ်ချစ်ထက်သူချစ်ကိုဦးစားပေးလျှင်ကံကောင်းနိုင်အံ့။ယတြာ မွေးနေ့နံနက်၉:၄၅ အချိန်ဗုဒ္ဓဟူးနံဘုရားတွင်အကွက်အပြောက်ရောင်မုန့်လုံးရေပေါ်၉လုံးကပ်လှူပါ။၅.ကြာသပတေးနေ့ဖွားသားသမီးတို့သည် ဤနှစ်တွင်မည်သည့်ကိစ္စမဆိုတဇွတ်ထိုးရှောင်ကြဉ်ကာလုပ်ကိုင်လျှင်အောင်မြင်မှုရရှိအံ့။အခွင့်အလမ်းကောင်းများကိုကောင်းစွာအသုံးခြနိုင်ခြင်းဖြင့်ရည်မှန်းချက်အောင်မြင်နိုင်အံ့။အိမ်ထောင်ရေးတွင် ဘေး,သွေးထိုးစကားမယုံကြည်လျှင်ကံကောင်းအံ့။ပညာရေးတွင်ရည်မှန်းချက်ကြီးမှုနှင့်စိတ်ဓာတ်ထက်မြတ်မှုတို့ကြောင့်အောင်မြင်အံ့။အခြွေအရံနှင့်ပြည့်စုံလျှက်ဂုဏ်ဒြပ်ကြီးမြင့်လာအံ့။ရာထူးစည်းစိမ်တိုးအံ့၊ဆီး,အကြောဝေဒနာ,နှလုံး,အဆုပ်ဝေဒနာတို့ဖြစ်ပွားနိုင်အံ့။တနင်္ဂနွေ သောကြာနေ့ဖွားတို့နှင့်အကျိုးပေးအံ့၊ကန်ထရိုက်လုပ်ငန်း,သစ်လုပ်ငန်း,ပရိဘောဂလုပ်ငန်းသွင်းကုန်ထုတ်ကုန်တို့နှင့်အကျိုးပေးအံ့။ကွဲကွာနေသောချစ်သူနှင့်ပြန်လည်ဆုံဆည်းနိုင်အံ့။ယတြာ မွေးနေ့နံနက်၉:၅၄အချိန် အင်္ဂါနံဘုရားတွင်နို့နှစ်ရောင်ဝတ်ဆင်ပြီးပေါက်ပန်းဖြူ၉ပွင့်လှူပါ။သောကြာနေ့ဖွားသားသမီးတို့သည် ဤနှစ်တွင် ရည်မှန်းချက်တခုတည်းသာဇောက်ချလုပ်ကိုင်ပါကစီးပွားရေးတွင်အောင်မြင်အံ့၊ထီပေါက်ကိန်းရှိအံ့၊ဆန့်ကျင်ဘက်အပြိုင်အဆိုင်အားကောင်းလာသည်နှင့်အမျှအောင်မြင်မှုပိုမိုရရှိနိုင်အံ့၊အလုပ်သစ်စီးပွားအသစ်မှအကျိုးရလဒ်ကောင်းရရှိအံ့၊အကျိုးရှိသောအလုပ်စီးပွားအတွက်ပြည်ပခရီးသွားရအံ့ကြန့်ကြာနေသောငွေကြေးဥစ္စာများပြန်လည်ရရှိနိုင်အံ့။ငွေကြေးဥစ္စာဝင်လွယ်ထွက်လွယ်ပျက်စီးလွယ်တတ်အံ့၊သွေးတိုးရောဂါ၊စိတ်ဖိစီးမှုဝေဒနာသွေးချိုရောဂါဝေဒနာဖြစ်ပွားနိုင်အံ့။ကြာသပတေးနေ့ဖွားဗုဒ္ဓဟူးနေ့ဖွားသားသမီးတို့နှင့်အကျိုးပေးကောင်းအံ့၊ရုပ်ရှင်,ဓာတ်ပုံ,မီဒီယာလုပ်ငန်းတို့နှင့်အကျိုးပေးကောင်းအံ့၊မေတ္တာရေးရာတွင်နှလုံးသားစေစားမှုကအနိုင်ယူသွားနိုင်အံ့။ ယတြာ မွေးနေ့နံနက်၉နာရီအချိန်စနေနံဘုရားတွင်မဟော်ဂနီရောင်ဝတ်ဆင်ပြီးမုန့်လက်ဆောင်းကပ်လှူပါ။၇စနေနေ့ဖွားသားသမီးတို့သည်….ဤနှစ်တွင်မာန်မာနလျှော့ပြီးမှန်ကန်သောဆုံးဖြတ်ချက်တို့ကြောင့်အောင်မြင်မှုရရှိနိုင်အံ့။လုပ်ငန်းအပြိုင်အဆိုင်များကိုကျော်လွှားနိုင်ပြီးဂုဏ်သတင်းထင်ပေါ်နိုင်အံ့၊လူမှုဆက်ဆံရေးတွင်အားမနာတမ်းပြောဆိုမှုတို့ကိုရှောင်ကြဉ်လျှင်ပိုမိုအောင်မြင်နိုင်အံ့၊စွန့်စားရသောအလုပ်ကိစ္စများကိုရှောင်ကြဉ်သင့်သည်။မိသားစုဝင်အချင်းချင်းပဋိပခများဖြစ်ပေါ်တတ်အံ့၊လူမှုအရှုပ်အထွေးများကိုရှောင်ကြဉ်နိုင်လျှင်စီးပွားတက်ကာဂုဏ်ဒြပ်ကြီးမားနိုင်အံ့ဗုဒ္ဓဟူး၊သောကြာနေ့ဖွားတို့နှင့်အကျိုးပေးအံ့။သံ,သံမဏိလုပ်ငန်းဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတို့နှင့်အကျိုးပေးအံ့။ဆရာကောင်းနှင့်တွေ့ပြီးကြိုးစားလျှင်ရည်မှန်းချက်အောင်မြင်နိုင်အံ့။မှန်ကန်သောဖူးစာရှင်ကိုတွေ့ရအံ့။ယတြာ မွေးနေ့နံနက် ၉:၂၇အချိန်တနင်္လာနံဘုရားတွင်ကော်ဖီရောင်ဝတ်ဆင်ပြီးသီဟိုဠ်ညွန့်၉ညွန့်ကပ်လှူပါ။
သင်္ကြန်အတာတက်ရသောအခါကား
မြန်မာသက္ကရာဇ် ၁၃၇၉ခုနှစ်နှောင်းကဆုန်လဆန်း၂ရက်ခရစ်နှစ်၂၀၁၈ခုနှစ်ဧပြီလ၁၆ရက်တနင်္လာနေ့မြန်မာစံတော်ချိန်မွန်းလွဲညနေစက်၃နာရီ၁၃မိနစ်၄၇စက္ကန့်၊မြန်မာပဟိုရ် နေ့၁ချက်တီးကျော် ဝ-နာရီ၊ဝ-ပါဒ်၊၁၃ဗီဇနာ ၊၂၈ ခရာ၊အချိန်သိဟ်ရာသီလဂ်၊မိဿရာသီစန်း၊တနင်္လာဟောရတ်၊ကြာသပတေးတြင်း၊ဗုဒ္ဓဟူးနဝင်း၊ကြာသပတေးဒွါဒသင်း၊ဗုဒ္ဓဟူးတိ ံသင်း၊နက္ခတ်၁၀လုံး၊၁ ပါဒ်၊၉ဃဋီ၊ ၁၇ဝီယဋီ၊၁၈အနုဃဋီထက်လဂ်စီးလျှက်ထိုနာရီ၏ဣဋ္ဌဘဝါးသော်ကား၊၇ ဘဝါး၊၅ လက်သစ်၊၃ မုယောတွင်ကိတုဂနကရိုဏ်းနှင့်ယှဉ်လျှက်သီရိသူရိယသိဒ္ဓန ္တသံဒိဋ္ဌကြမတ္တ ဗိုလ်ပြိုသည်နှင့်အညီ၊သညီဝေါဟာ၊သက္ကရာဇ် ၁၃၇၉ ခုနှစ်ပြည့်၍ အတာနှစ်သစ် ၁၃၈၀ ခုနှစ်သို့အနာတက်သည်။အတာသင့်သော တနင်္လာ သားသမီးတို့သည်အတာတက်သောအချိန်၌ရတနာ ၇ ပါးဖြင့်ဆင်ယင်၍မြတ်သောနေရာမှဘုရား,တရား,သံဃာရတနာသုံးပါး၊မိဘဘိုးဘွား၊ဆရာသမား၊ဗြဟ္မာသိကြား၊စတုလောကပါလသာသနာနော်စောင့်သမ္မာဒေဝနတ်မြတ်နတ်ကောင်းတို့အားမိမိတို့ဆန္ဒရှိသောဝတ္ထုပစ္စည်းတို့ဖြင့်လှူဒါန်းပူဇော်ပသ၍တိတီမြေခံဗုဒ္ဓဟူး၏ဂြဟဇာပွင့်ရာဖြစ်သောအရှေ့ရပ်သို့မျက်နှာမူပြီးလျှင်အတာစားကုန်ရာ၏။(၁၃၈၀ခုနှစ်အတာစားသောနေ့သည်တနင်္လာနေ့ဖြစ်သည် )
အတာစားခြင်းအကျိုးကား
အတာပုည၊ကုသလကို၊ပြုကြကုန်သောအမျိုးသား,အမျိုးသမီးတို့သည် `အတာကမ္မံကရောန ္တဿ၊ မဟာဘောဂံ မဟာသုခံ။မဟာပ္ဖလံ စတုဒ္ဒိသံ၊ဝေရီဇေယျသုမင်္ဂလံ´ဟုပသေနဒီကောသလမင်းကြီးအားမြတ်စွာဘုရားဟောကြားတော်မူသည်ကိုအကြောင်းပြု၍ထိုကဲ့သို့ရတနာသုံးပါးစသည်တို့အားလှူဒါန်းပူဇော်ကြသောသူတို့သည်ကောင်းကျိုးချမ်းသာမင်္ဂလာတရားပြန့်ပွားတိုးတက်ပြည့်စုံကုန်ရာ၏။အတာဆန်းထူးနှစ်ဟောင်းကျူး၍တန်ခူးလည်သည်၊နှစ်အမည်ကားဖုသျှနှစ်တည်း။နှစ်ကိုခွေးစောင့်၏၊လကိုကြောင်စောင့်၏၊ရက်ကိုကြွက်စောင့်၏၊မြေကိုဒက္ခရက်ဘီလူးစောင့်၏၊ကောင်းကင်ကိုကာလမည်သောနတ်သားစောင့်၏၊ရေကိုကြက်စောင့်၏၊မိုးကိုကျေးစောင့်၏၊တောကိုခင်္သြေ့စောင့်၏။လူတို့၏အဓိပတိကားမင်း၊အခြေ၄ခုတို့၏အဓိပတိကား ခွေး၊ငှက်တို့၏အဓိပတိကား,ကြက်၊သစ်ပင်တို့၏အဓိပတိကားသမင်စာ၊ဝါးတို့အဓိပတိကား ဝသဲ၊မြက်တို့အဓိပတိကား သမန်း၊နက္ခန်၁၂လုံးငုတ်၏၊၁၃လုံးပေါ်၏၊မြေဩဇာတက်အံ့။မိုးဦးမိုးလယ်နာအံ့။မိုးနှောင်းကောင်းအံ့၊မိုးအကြိမ်၁၀၀ရွာအံ့ရေကြီးအံ့။တောတောင်မကောင်းချိုင့်ဝှမ်းရာကောင်းအံ့။မြေထက်ရောက်သောကောက်ပဲဟူသမျှအမြစ်၊အဖု၊အရွက်၊အသီးအနှံမကောင်း။လူတို့မွတ်သိပ်ကုန်အံ့၊အချင်းချင်းလုယက်ကြကုန်အံ့၊ငါးသေအံ့၊လူတို့စကားမမှန်ကျင့်ကုန်အံ့ထူးပြားသောအနာတို့ပေါက်၍သေပျောက်အံ့။ကဆုန်၊ဝါဆို၊နတ်တော်၊တပေါင်းဤလကားစပါးရှားအံ့။လူတို့ငတ်မွတ်ကုန်အံ့၊မီးလောင်ဖန်များအံ့။မင်းလဲပမျတ်ထွက်ဖန်များအံ့၊ဗိုလ်ပါထိန်လန့်အံ့၊စစ်ရောက်အံ့။ဥပဒ်ကြီးဖြစ်အံ့။ကဆုန်လဆန်းမိုးသံကြားအံ့၊နယုန်လမှာရွာအံ့ကောက်ရင်၊ကောက်လတ် ကောင်းအံ့၊သစ်သီးကွမ်းသီးနည်းအံ့၊ဤနှစ်ဖွားသောသားကားအနာအဖျားနည်းအံ့။စိတ်နှလုံးဆင်းရဲအံ့။ပညာနည်းအံ့။သူ့အသက်ကိုမချစ်တတ်။သူ့သားအိမ်ယာကိုပြစ်မှားတတ်အံ့။အသက်၆၀နေရအံ့။(ဤကား အတာစက္ခုအလိုတည်း)*မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ဝင်ဆရာဦးမင်းသိန်းB.Sc(Hons;)H.G.Pတို့ကတွက်ချက်စီမံထုတ်ဝေသည်*
ဖိုးသူတော် (www.phothutaw.com)
Credit: Aung ko ko
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top