ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕ရိွ ေနအိမ္မ်ားသို႔ လိုက္လံျဖန္႔ျဖဴးေရာင္းခ်ေပးေနသည့္ ၂၀ လီတာ ၀င္ေရသန္႔ဘူးႀကီးမ်ားမွေရကို က်ဳိခ်က္ၿပီးမွသာ ေသာက္သံုးသင့္သည္ဟု အမ်ဳိးသားေရအရင္းအျမစ္ေကာ္မတီမွ အႀကံေပးပုဂၢိဳလ္ေဒါက္တာ ဦးခင္ေမာင္လြင္က News Watch သို႔ ေျပာသည္။

လက္ရိွျပည္တြင္းေစ်းကြက္၌ ေရာင္းခ်ေနသည့္ ေရသန္႔ဘူးအေသးမ်ားကို စနစ္တက်ပံုမွန္စစ္ေဆးမႈမ်ား ျပဳလုပ္ေနေသာေၾကာင့္ အသင့္ေသာက္သံုးႏိုင္ေသာ္လည္း ၂၀ လီတာ၀င္ ေရသန္႔ဘူးႀကီးမ်ားကိုမူ အသင့္ ေသာက္သံုးရန္မသင့္ဟု ၎က ေျပာသည္။

”ေရဘူးအႀကီးေတြ ေတာ္ေတာ္မ်ားမ်ားက ေရဘူးအေနာက္ေတြျဖစ္ေနတာပဲ ေတြ႕ရတယ္။ ၿပီးေတာ့ ဒီ ၂၀ လီတာဘူးႀကီးေတြဆိုရင္လည္း ေသေသခ်ာခ်ာစစ္စစ္ေဆးေဆးနဲ႔ လုပ္ၾကတာ သိပ္မေတြ႕ရဘူး။ ကိုယ္ကိုယ္ တိုင္မ်က္စိနဲ႔ ျမင္ရတာေတာ့ ေရဘူးလွယ္တာေတာင္မွ ကိုယ့္ေရွ႕မွာတင္ပဲေကာက္ၿပီး လွယ္ေနတာေတြ ေတြ႕တာေပါ့။ တကယ္က်ေတာ့ ေရဘူးတခုကေန တခုထည့္ၿပီဆိုတာနဲ႔ တၿပိဳင္နက္တည္း ေရဘူးအသစ္ထဲ ကိုထည့္ရမယ္။ ပိုးသတ္ရမယ္၊ လူနဲ႔ မထိရဘူး၊ မကိုင္ရဘူး။ ဒီေရဘူးကို သယ္တဲ့အခါမွာလည္း ေနပူမထိရဘူး။ PVC လို႔ေခၚတဲ့ ေရဘူးအေနာက္ေတြက ေနပူနဲ႔ မထိသင့္ဘူး။ ျပည္သူလူထုအေနနဲ႔ကေတာ့ အႏၲရာယ္ကင္း ခ်င္ရင္ေတာ့ ဘူးအၾကည္နဲ႔ဟာကိုေသာက္ပါ။ ဘူးအေသးကို ေရြးေသာက္ပါ။ ဘူးအႀကီးဆိုရင္ေတာ့ ေကာင္း တာကေတာ့ မ်က္နွာသစ္တဲ့ေနရာမွာ၊ သြားတိုက္တဲ့ေနရာမွာ သံုးတာက ပိုေကာင္းပါတယ္လို႔ ေျပာခ်င္တယ္” ဟု ေဒါက္တာ ဦးခင္ေမာင္လြင္က ေျပာသည္။

ထို႔ျပင္ ရန္ကုန္ၿမိဳ႕တြင္ ထုတ္လုပ္ေနသည့္ ေရသန္႔ဘူးခံြအမ်ားစုသည္ ပလတ္စတစ္အထူျဖင့္ ျပဳလုပ္ထားသည့္ အျဖဴေရာင္ေရသန္႔ဘူးမ်ားျဖစ္သျဖင့္ ထိုေရဘူးမ်ားကို ေနေရာင္ျခည္ႏွင့္ တိုက္႐ိုက္ထိေတြ႕ေစေသာအခါ ဓာတုအားျဖင့္ ဓာတ္ျပဳျခင္းမ်ားျဖစ္ပြားကာ ေသာက္သံုးရန္ အႏၲရာယ္ရိွသည္ဟု မတ္လ ၃ ရက္က Yangon Book Plaza တြင္ ျပဳလုပ္ခဲ့သည့္ ေရအရင္းအျမစ္ စီမံခန္႔ခဲြမႈႏွင့္ သန္႔ရွင္းေသာေသာက္သံုးေရအေၾကာင္း ေဆြးေႏြးပဲြတြင္ Myanmar Green Network မွ ေဒၚေဒ၀ီသန္႔စင္က ေျပာသည္။

”PVC ပလတ္စတစ္ေတြက ေနပူနဲ႔ထိလို႔ရိွရင္ Chemical ဓာတုေျပာင္းလဲမႈရိွတယ္။ အဲဒီလို ေရဘူးအျဖဴအပိတ္ကို သံုးတဲ့လူေတြ ေက်ာက္ကပ္ေရာဂါအျဖစ္မ်ားတာ ေဆး႐ံုႀကီးရဲ႕ေက်ာက္ကပ္ဌာနမွာ ေတြ႕ရတယ္။ ေသာက္ေရသန္႔က စက္႐ံုကထြက္လာတာေကာင္းတယ္။ ဘူးထဲထည့္ၿပီး ေနပူထဲလွည့္ပို႔တဲ့အခါမွာ ဓာတ္ျပဳ ျခင္း (reaction) ျဖစ္သြားတာ”ဟု ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: News Watch Journal

#Unicode Version#
ရန်ကုန်မြို့ရှိ နေအိမ်များသို့ လိုက်လံဖြန့်ဖြူးရောင်းချပေးနေသည့် ၂၀ လီတာ ဝင်ရေသန့်ဘူးကြီးများမှရေကို ကျိုချက်ပြီးမှသာ သောက်သုံးသင့်သည်ဟု အမျိုးသားရေအရင်းအမြစ်ကော်မတီမှ အကြံပေးပုဂ္ဂိုလ်ဒေါက်တာ ဦးခင်မောင်လွင်က News Watch သို့ ပြောသည်။

လက်ရှိပြည်တွင်းဈေးကွက်၌ ရောင်းချနေသည့် ရေသန့်ဘူးအသေးများကို စနစ်တကျပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေသောကြောင့် အသင့်သောက်သုံးနိုင်သော်လည်း ၂၀ လီတာဝင် ရေသန့်ဘူးကြီးများကိုမူ အသင့် သောက်သုံးရန်မသင့်ဟု ၎င်းက ပြောသည်။

”ရေဘူးအကြီးတွေ တော်တော်များများက ရေဘူးအနောက်တွေဖြစ်နေတာပဲ တွေ့ရတယ်။ ပြီးတော့ ဒီ ၂၀ လီတာဘူးကြီးတွေဆိုရင်လည်း သေသေချာချာစစ်စစ်ဆေးဆေးနဲ့ လုပ်ကြတာ သိပ်မတွေ့ရဘူး။ ကိုယ်ကိုယ် တိုင်မျက်စိနဲ့ မြင်ရတာတော့ ရေဘူးလှယ်တာတောင်မှ ကိုယ့်ရှေ့မှာတင်ပဲကောက်ပြီး လှယ်နေတာတွေ တွေ့တာပေါ့။ တကယ်ကျတော့ ရေဘူးတခုကနေ တခုထည့်ပြီဆိုတာနဲ့ တပြိုင်နက်တည်း ရေဘူးအသစ်ထဲ ကိုထည့်ရမယ်။ ပိုးသတ်ရမယ်၊ လူနဲ့ မထိရဘူး၊ မကိုင်ရဘူး။ ဒီရေဘူးကို သယ်တဲ့အခါမှာလည်း နေပူမထိရဘူး။ PVC လို့ခေါ်တဲ့ ရေဘူးအနောက်တွေက နေပူနဲ့ မထိသင့်ဘူး။ ပြည်သူလူထုအနေနဲ့ကတော့ အန္တရာယ်ကင်း ချင်ရင်တော့ ဘူးအကြည်နဲ့ဟာကိုသောက်ပါ။ ဘူးအသေးကို ရွေးသောက်ပါ။ ဘူးအကြီးဆိုရင်တော့ ကောင်း တာကတော့ မျက်နှာသစ်တဲ့နေရာမှာ၊ သွားတိုက်တဲ့နေရာမှာ သုံးတာက ပိုကောင်းပါတယ်လို့ ပြောချင်တယ်” ဟု ဒေါက်တာ ဦးခင်မောင်လွင်က ပြောသည်။

ထို့ပြင် ရန်ကုန်မြို့တွင် ထုတ်လုပ်နေသည့် ရေသန့်ဘူးခွံအများစုသည် ပလတ်စတစ်အထူဖြင့် ပြုလုပ်ထားသည့် အဖြူရောင်ရေသန့်ဘူးများဖြစ်သဖြင့် ထိုရေဘူးများကို နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့စေသောအခါ ဓာတုအားဖြင့် ဓာတ်ပြုခြင်းများဖြစ်ပွားကာ သောက်သုံးရန် အန္တရာယ်ရှိသည်ဟု မတ်လ ၃ ရက်က Yangon Book Plaza တွင် ပြုလုပ်ခဲ့သည့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောသောက်သုံးရေအကြောင်း ဆွေးနွေးပွဲတွင် Myanmar Green Network မှ ဒေါ်ဒေဝီသန့်စင်က ပြောသည်။

”PVC ပလတ်စတစ်တွေက နေပူနဲ့ထိလို့ရှိရင် Chemical ဓာတုပြောင်းလဲမှုရှိတယ်။ အဲဒီလို ရေဘူးအဖြူအပိတ်ကို သုံးတဲ့လူတွေ ကျောက်ကပ်ရောဂါအဖြစ်များတာ ဆေးရုံကြီးရဲ့ကျောက်ကပ်ဌာနမှာ တွေ့ရတယ်။ သောက်ရေသန့်က စက်ရုံကထွက်လာတာကောင်းတယ်။ ဘူးထဲထည့်ပြီး နေပူထဲလှည့်ပို့တဲ့အခါမှာ ဓာတ်ပြု ခြင်း (reaction) ဖြစ်သွားတာ”ဟု ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: News Watch Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top