×

စစ္ကိုင္းတိုင္းေဒသႀကီး ဗန္းေမာက္ၿမိဳ႕ရွိ ဇလံုေတာင္ေပၚသို႔ မတ္ ၁၁ ရက္မွ စတင္၍ ျပင္ပမွလာေရာက္ၾကေသာ ပုဂၢလိက ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ေမာ္ေတာ္ဆိုင္ကယ္တို႔ကို လံုးဝ တက္ေရာက္ခြင့္မျပဳေတာ့ေၾကာင္း သိရသည္။

''ဘုရားဖူးခရီးသည္ကားေတြကို အရင္ကတည္းက တက္ေရာက္ ခြင့္ျပဳမထားပါဘူး၊ ဒါေပမယ့္ တခ်ဳိ႕ကားေတြ က်ေတာ့လည္း ခြင့္ျပဳခ်က္ေတာင္းၿပီးေတာ့ တက္သြားၾက တာေတြရွိေနတယ္၊ ဆိုင္ကယ္ေတြဆိုရင္လည္း ေဒသခံ ေက်းရြာေတြကလိုလို၊ ေစ်းဆိုင္တန္းေတြကလိုလိုနဲ႔ တခ်ဳိ႕ တက္သြားၾကတာေတြရွိေနတယ္၊ ဒီလိုတက္သြားၾကလို႔ မေတာ္တဆမႈေတြျဖစ္ၿပီး ထိခိုက္ဒဏ္ရာရတာေတြ၊ ေသဆံုး တာေတြ မၾကာခဏျဖစ္ေပၚေနလို႔ အခုလို လံုးဝပိတ္လိုက္ရ တာပါ'' ဟု ဇလံုေတာင္ရွိ တာဝန္ရွိသူတစ္ဦး၏ ေျပာျပခ်က္ အရ သိရသည္။

ဇလံုေတာင္သည္ အင္းေတာ္ၿမိဳ႕မွ ၂၉ မိုင္ ေတာင္ေျခမွ ေတာင္ေပၚသို႔ ၉ မိုင္ ၄ ဖာလံု တက္ေရာက္ရၿပီး ေတာင္ဆင္း၊ ေတာင္တက္ အလြန္ၾကမ္းတမ္းမတ္ေစာက္ေသာ ေျမသား ေတာင္ေပၚလမ္း ျဖစ္ေၾကာင္း သိရသည္။

ဇလံုေတာင္သို႔ လာေရာက္ၾကေသာ ျပည္တြင္းခရီးသည္ မ်ားအား ဗန္းေမာက္ၿမိဳ႕နယ္မွ တာဝန္ရွိသူတို႔၏ အစီအစဥ္ ျဖင့္ '' ဇလံုေတာင္'' ကားအသင္းမွ ဟိုင္းလတ္ဖိုးဝီးေမာ္ေတာ္ ယာဥ္ ၈၅ စီးျဖင့္ အတက္ခရီးတစ္ဦးလွ်င္ ေငြက်ပ္ ၃ဝဝဝ၊ အဆင္းခရီးတစ္ဦးလွ်င္ ေငြက်ပ္ ၃ဝဝဝ ႏႈန္းျဖင့္ အႏၱရာယ္ ကင္းရွင္းစြာ ပို႔ေဆာင္ေပးလ်က္ရွိၿပီး ႏုိင္ငံျခားသားခရီးသည္ တို႔အား ဝင္ေရာက္မႈပိတ္ပင္ထားၾကာင္း သိရသည္။

ဇလံုေတာင္ေပၚတြင္ ယခင္က ေမာ္ေတာ္ကားတိမ္းေမွာက္ မႈႏွင့္ မတ္ ၁ဝ ရက္က ေမာ္ေတာ္ဆိုင္ကယ္ တိမ္းေမွာက္မႈတို႔ ေၾကာင့္ ထိခိုက္ဒဏ္ရာရ ေသဆံုးမႈတို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Creditသက္ႏိုင္(ျပင္ဦးလြင္)

#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ရှိ ဇလုံတောင်ပေါ်သို့ မတ် ၁၁ ရက်မှ စတင်၍ ပြင်ပမှလာရောက်ကြသော ပုဂ္ဂလိက မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်တို့ကို လုံးဝ တက်ရောက်ခွင့်မပြုတော့ကြောင်း သိရသည်။

''ဘုရားဖူးခရီးသည်ကားတွေကို အရင်ကတည်းက တက်ရောက် ခွင့်ပြုမထားပါဘူး၊ ဒါပေမယ့် တချို့ကားတွေ ကျတော့လည်း ခွင့်ပြုချက်တောင်းပြီးတော့ တက်သွားကြ တာတွေရှိနေတယ်၊ ဆိုင်ကယ်တွေဆိုရင်လည်း ဒေသခံ ကျေးရွာတွေကလိုလို၊ ဈေးဆိုင်တန်းတွေကလိုလိုနဲ့ တချို့ တက်သွားကြတာတွေရှိနေတယ်၊ ဒီလိုတက်သွားကြလို့ မတော်တဆမှုတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတွေ၊ သေဆုံး တာတွေ မကြာခဏဖြစ်ပေါ်နေလို့ အခုလို လုံးဝပိတ်လိုက်ရ တာပါ'' ဟု ဇလုံတောင်ရှိ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက် အရ သိရသည်။

ဇလုံတောင်သည် အင်းတော်မြို့မှ ၂၉ မိုင် တောင်ခြေမှ တောင်ပေါ်သို့ ၉ မိုင် ၄ ဖာလုံ တက်ရောက်ရပြီး တောင်ဆင်း၊ တောင်တက် အလွန်ကြမ်းတမ်းမတ်စောက်သော မြေသား တောင်ပေါ်လမ်း ဖြစ်ကြောင်း သိရသည်။

ဇလုံတောင်သို့ လာရောက်ကြသော ပြည်တွင်းခရီးသည် များအား ဗန်းမောက်မြို့နယ်မှ တာဝန်ရှိသူတို့၏ အစီအစဉ် ဖြင့် '' ဇလုံတောင်'' ကားအသင်းမှ ဟိုင်းလတ်ဖိုးဝီးမော်တော် ယာဉ် ၈၅ စီးဖြင့် အတက်ခရီးတစ်ဦးလျှင် ငွေကျပ် ၃ဝဝဝ၊ အဆင်းခရီးတစ်ဦးလျှင် ငွေကျပ် ၃ဝဝဝ နှုန်းဖြင့် အန္တရာယ် ကင်းရှင်းစွာ ပို့ဆောင်ပေးလျက်ရှိပြီး နိုင်ငံခြားသားခရီးသည် တို့အား ဝင်ရောက်မှုပိတ်ပင်ထားကြာင်း သိရသည်။

ဇလုံတောင်ပေါ်တွင် ယခင်က မော်တော်ကားတိမ်းမှောက် မှုနှင့် မတ် ၁ဝ ရက်က မော်တော်ဆိုင်ကယ် တိမ်းမှောက်မှုတို့ ကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Creditသက်နိုင်(ပြင်ဦးလွင်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top