iMyanmarHouse.com - Best Property Website for Myanmar
×

ရန္ကုန္-မႏၲေလး အျမန္လမ္းတြင္ Hi Ace (အန္စာတံုး)ယာဥ္တစ္စီး မီးေလာင္ရာမွ ယာဥ္ေပၚပါ လူရွစ္ဦး ေသဆံုးမႈႏွင့္ပတ္သက္၍ ပုဒ္မ သံုးခုျဖင့္ တရားစြဲဆိုထားေသာ ယာဥ္ေမာင္း အမ်ိဳးသားကို မတ္လ ၂၁ ရက္ေန႔တြင္ လွည္းကူးၿမိဳ႕နယ္ တရား႐ံုး၌ အမႈကို အၿပီးသတ္ စီရင္ခ်က္ အမိန္႔ခ်မွတ္မည္ျဖစ္ေၾကာင္း ေသဆံုးသူ၏ မိသားစုဝင္မ်ားထံမွ သိရသည္။

ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/ ၂၈၅/ ၂၇၉ ျဖင့္ စြဲခ်က္တင္ စစ္ေဆးေနေသာ ယာဥ္ေမာင္း ကိုေအာင္ခန္႔(ခ) ဇြဲျမန္မာမွာ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ ၂၁ ရက္ နံနက္ပိုင္းက ပုဂံဘုရားဖူးခရီးစဥ္မွ ရန္ကုန္သို႔ အျမန္လမ္းအတိုင္း အန္စာတံုးကား ေမာင္းႏွင္လာစဥ္ မိုင္တိုင္အမွတ္ ၄/၂ အနီး လမ္း၏ ဘယ္ဘက္တြင္ ကာရံထားေသာ အလူမီနီယံ လက္တန္းေဘာင္ကို ဝင္တိုက္မိၿပီး ယာဥ္မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း၊ မီးေလာင္မႈေၾကာင့္ ယာဥ္ေပၚပါ ကိုးဦးအနက္ ၎တစ္ဦးတည္းသာ အသက္ရွင္ လြတ္ေျမာက္ခဲ့ၿပီး ရွစ္ဦးမွာ မီးေလာင္ေသဆံုးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ေသဆံုးသူမ်ားမွာ ဆ႒ဂံေဆာက္လုပ္ေရး လုပ္ငန္းပိုင္ရွင္ ဦးဝင္းထြန္းႏွင့္ ယင္းကုမၸဏီမွ ဝန္ထမ္းမ်ားျဖစ္ၿပီး ယင္းအမႈကို စီအိုင္ဒီမွ ကိုင္တြယ္စစ္ေဆးခဲ့ၿပီးေနာက္ လွည္းကူးၿမိဳ႕နယ္တရား႐ံုးတြင္ ယင္းအမႈကို တရားစြဲဆို စစ္ေဆးခဲ့ရာတြင္ တရားလိုျပသက္ေသ ၂၂ ဦးကို စစ္ေဆးကာ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ ၂၉ ရက္ေန႔က ယာဥ္ေမာင္း ေအာင္ခန္႔(ခ) ဇြဲျမန္မာကို ပုဒ္မသံုးခုျဖင့္ စြဲခ်က္တင္ စစ္ေဆးရန္ တရားသူႀကီးက အမိန္႔ခ်မွတ္ခဲ့သည္။

“ဒီအမႈကို ဥပေဒလမ္းေၾကာင္းအရ မွန္ကန္တဲ့ တရားစီရင္မႈ ျဖစ္လာဖို႔ တစ္ခုသာ အစ္မတို႔က ေမွ်ာ္လင့္ထားပါတယ္”ဟု မီးေလာင္ေသဆံုးခဲ့ေသာ ဆ႒ဂံ ေဆာက္လုပ္ေရးလုပ္ငန္းပိုင္ရွင္ ဦးဝင္းထြန္း၏ က်န္ရစ္သူ ဇနီးက ေျပာသည္။

အဆိုပါအမႈကို စြဲခ်က္တင္ အမိန္႔ခ် မွတ္ခဲ့ၿပီးေနာက္ တရားစြဲဆိုခံရသူ ေအာင္ခန္႔ (ခ) ဇြဲျမန္မာ၏ အက်ိဳးေဆာင္ေရွ႕ေနဘက္က ျပန္ေခၚသက္ေသ ေလးဦးကို စစ္ေဆးေပးရန္ ေလွ်ာက္တင္ခဲ့ၿပီး ယင္းအမႈကို မတ္လ ၂၁ ရက္ေန႔တြင္ လွည္းကူးၿမိဳ႕နယ္ တရား႐ံုး၌ အၿပီးသတ္စီရင္ခ်က္ အမိန္႔ခ်မွတ္မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice
# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Hi Ace (အန်စာတုံး)ယာဉ်တစ်စီး မီးလောင်ရာမှ ယာဉ်ပေါ်ပါ လူရှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုထားသော ယာဉ်မောင်း အမျိုးသားကို မတ်လ ၂၁ ရက်နေ့တွင် လှည်းကူးမြို့နယ် တရားရုံး၌ အမှုကို အပြီးသတ် စီရင်ချက် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၈၅/ ၂၇၉ ဖြင့် စွဲချက်တင် စစ်ဆေးနေသော ယာဉ်မောင်း ကိုအောင်ခန့်(ခ) ဇွဲမြန်မာမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းက ပုဂံဘုရားဖူးခရီးစဉ်မှ ရန်ကုန်သို့ အမြန်လမ်းအတိုင်း အန်စာတုံးကား မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၄/၂ အနီး လမ်း၏ ဘယ်ဘက်တွင် ကာရံထားသော အလူမီနီယံ လက်တန်းဘောင်ကို ဝင်တိုက်မိပြီး ယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ကိုးဦးအနက် ၎င်းတစ်ဦးတည်းသာ အသက်ရှင် လွတ်မြောက်ခဲ့ပြီး ရှစ်ဦးမှာ မီးလောင်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူများမှာ ဆဋ္ဌဂံဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးဝင်းထွန်းနှင့် ယင်းကုမ္ပဏီမှ ဝန်ထမ်းများဖြစ်ပြီး ယင်းအမှုကို စီအိုင်ဒီမှ ကိုင်တွယ်စစ်ဆေးခဲ့ပြီးနောက် လှည်းကူးမြို့နယ်တရားရုံးတွင် ယင်းအမှုကို တရားစွဲဆို စစ်ဆေးခဲ့ရာတွင် တရားလိုပြသက်သေ ၂၂ ဦးကို စစ်ဆေးကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ယာဉ်မောင်း အောင်ခန့်(ခ) ဇွဲမြန်မာကို ပုဒ်မသုံးခုဖြင့် စွဲချက်တင် စစ်ဆေးရန် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

“ဒီအမှုကို ဥပဒေလမ်းကြောင်းအရ မှန်ကန်တဲ့ တရားစီရင်မှု ဖြစ်လာဖို့ တစ်ခုသာ အစ်မတို့က မျှော်လင့်ထားပါတယ်”ဟု မီးလောင်သေဆုံးခဲ့သော ဆဋ္ဌဂံ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးဝင်းထွန်း၏ ကျန်ရစ်သူ ဇနီးက ပြောသည်။

အဆိုပါအမှုကို စွဲချက်တင် အမိန့်ချ မှတ်ခဲ့ပြီးနောက် တရားစွဲဆိုခံရသူ အောင်ခန့် (ခ) ဇွဲမြန်မာ၏ အကျိုးဆောင်ရှေ့နေဘက်က ပြန်ခေါ်သက်သေ လေးဦးကို စစ်ဆေးပေးရန် လျှောက်တင်ခဲ့ပြီး ယင်းအမှုကို မတ်လ ၂၁ ရက်နေ့တွင် လှည်းကူးမြို့နယ် တရားရုံး၌ အပြီးသတ်စီရင်ချက် အမိန့်ချမှတ်မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top