AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

သင့္ရဲ႕ ဆံေကသာ အလွတရားဟာ သင့္ရဲ႕ ရုပ္သြင္ျပင္အေပၚ အမ်ားႀကီးသက္ေရာက္မႈွရွိပါတယ္။ ဆံေကသာအလွတရားဟာ မိန္းကေလးေတြအတြက္ေတာ့ တန္ဖိုးထားျမတ္ႏိုးရတဲ့ အလွတရားတစ္ခုပါပဲ။

အမ်ိဳးသမီးေတြ ဘာလို႔ ဆံပင္မသန္ရသလဲဆိုတဲ့အေၾကာင္းအရင္းကို အရင္ေျပာခ်င္ပါတယ္။

၁။ မ်ိဳးရိုး၊ ၂။ ဓာတုပစၥည္းမ်ားသံုးျခင္း၊ ၃။ အပူေပးစက္ေတြလြန္ကဲစြာသံုးျခင္း ၊ ၄။ ပရိုတင္းဓာတ္စားသံုးမႈ နည္းျခင္း ၊ ၅။ ေဟာ္မုန္းမညီမွ်ျခင္း၊ ၆။ အစာအဟာရ ညီညြတ္မွ်တေအာင္မစားျခင္း စတာေတြေၾကာင့္ပါ။

ဆံေကသာကို သန္စြမ္းလာေစဖို႔ သဘာဝနည္းလမ္းေတြကေတာ့

၁။ အုန္းဆီ

အုန္းဆီက ဆံေကသာအတြက္ ေကာင္းတယ္ဆိုတာ ကၽြန္မတို႔ အားလံုးသိၾကပါတယ္။ ဒါေပမယ့္ ထိထိေရာက္ေရာက္သံုးေလ့မရွိပါဘူး။ ဆံေကသာ သန္စြမ္းေစဖို႔ အုန္းဆီကို အၿမဲတမ္းလိမ္းထားဖို႔မလိုပါဘူး။

အုန္းဆီ စားပြဲတင္ဇြန္း ၂ ဇြန္းကို အပူေပးလိုက္ပါ။ ခပ္ေႏြးေႏြးေလးျဖစ္ေနခ်ိန္မွာ ဆံပင္အရင္းကေန အဖ်ားထိလိမ္းေပးလိုက္ၿပီး နာရဝက္ေလာက္ ေပါင္းထားေပးပါ။ ၿပီးရင္ ေခါင္းေလွ်ာ္ရည္ ေပါင္းေဆးတို႔နဲ႔ ေလွ်ာ္ခ်လို္ကပါ။

၂။ ၾကက္ဥ (သို႔) ႏို႕

ၾကက္ဥနဲ႔ ႏြားႏို႕ေတြမွာ ပရိုတင္းဓာတ္ၾကြယ္ဝစြာပါဝင္လို႔ ဆံေကသာကို အာဟာရျဖည့္ေပးၿပီး သန္စြမ္းေစပါတယ္။

အဆီပါတဲ့ ႏို႔ စားပြဲတင္ဇြန္း ၃ ဇြန္း (သို႔) ၾကက္ဥ ၁ လံုး (သို႔) ၂ လံုး လိုပါတယ္။ သင့္ဆံပင္ အထူအပါး ၊ အရွည္အတိုေပၚ မူတည္ၿပီး သံုးေပးပါ။ ၿပီးရင္ ဆံပင္အရင္းကေန အဖ်ားထိလိမ္းေပးၿပီး ၅ မိနစ္ေလာက္ ႏွိပ္နယ္ေပးပါ။ ၂ နာရီေလာက္ထားၿပီး ေခါင္းေလွ်ာ္ရည္ နဲ႔ ေလွ်ာ္ခ်လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle

#Unicode Version#
သင့်ရဲ့ ဆံကေသာ အလှတရားဟာ သင့်ရဲ့ ရုပ်သွင်ပြင်အပေါ် အများကြီးသက်ရောက်မှုှရှိပါတယ်။ ဆံကေသာအလှတရားဟာ မိန်းကလေးတွေအတွက်တော့ တန်ဖိုးထားမြတ်နိုးရတဲ့ အလှတရားတစ်ခုပါပဲ။

အမျိုးသမီးတွေ ဘာလို့ ဆံပင်မသန်ရသလဲဆိုတဲ့အကြောင်းအရင်းကို အရင်ပြောချင်ပါတယ်။

၁။ မျိုးရိုး၊ ၂။ ဓာတုပစ္စည်းများသုံးခြင်း၊ ၃။ အပူပေးစက်တွေလွန်ကဲစွာသုံးခြင်း ၊ ၄။ ပရိုတင်းဓာတ်စားသုံးမှု နည်းခြင်း ၊ ၅။ ဟော်မုန်းမညီမျှခြင်း၊ ၆။ အစာအဟာရ ညီညွတ်မျှတအောင်မစားခြင်း စတာတွေကြောင့်ပါ။

ဆံကေသာကို သန်စွမ်းလာစေဖို့ သဘာဝနည်းလမ်းတွေကတော့

၁။ အုန်းဆီ

အုန်းဆီက ဆံကေသာအတွက် ကောင်းတယ်ဆိုတာ ကျွန်မတို့ အားလုံးသိကြပါတယ်။ ဒါပေမယ့် ထိထိရောက်ရောက်သုံးလေ့မရှိပါဘူး။ ဆံကေသာ သန်စွမ်းစေဖို့ အုန်းဆီကို အမြဲတမ်းလိမ်းထားဖို့မလိုပါဘူး။

အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကို အပူပေးလိုက်ပါ။ ခပ်နွေးနွေးလေးဖြစ်နေချိန်မှာ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးလိုက်ပြီး နာရဝက်လောက် ပေါင်းထားပေးပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ လျှော်ချလိုကပါ။

၂။ ကြက်ဥ (သို့) နို့

ကြက်ဥနဲ့ နွားနို့တွေမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်လို့ ဆံကေသာကို အာဟာရဖြည့်ပေးပြီး သန်စွမ်းစေပါတယ်။

အဆီပါတဲ့ နို့ စားပွဲတင်ဇွန်း ၃ ဇွန်း (သို့) ကြက်ဥ ၁ လုံး (သို့) ၂ လုံး လိုပါတယ်။ သင့်ဆံပင် အထူအပါး ၊ အရှည်အတိုပေါ် မူတည်ပြီး သုံးပေးပါ။ ပြီးရင် ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပြီး ၅ မိနစ်လောက် နှိပ်နယ်ပေးပါ။ ၂ နာရီလောက်ထားပြီး ခေါင်းလျှော်ရည် နဲ့ လျှော်ချလိုက်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top