×

တစ္ခါတေလ အခ်စ္ေပၚမူတည္ၿပီး အရာအားလံုးကိုတည္ေဆာက္ၾကတဲ့သူေတြမွာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ လမ္းခြဲၿပီဆိုရင္ ေန႔စဥ္လည္ပတ္ေနတဲ့ အသက္ရွင္ေနထိုင္ မႈပံုစံေလးေတြေတာင္ ပံုမွန္မလည္ပတ္ႏိုင္ေတာ့တဲ့အထိခံစားၾကရပါတယ္။ စိတ္ဒဏ္ရာရၾကပါတယ္။

အဲဒီလို ခံစားရတဲ့ စိတ္ဒဏ္ရာကိုသက္သာလိုသက္သာျငား နည္းလမ္းအမ်ိဳးမ်ိဳး သံုးၿပီးေျဖေဖ်ာက္ တာလည္းရွိေပမယ့္ ေျဖေဖ်ာက္နည္းမွားလို႔ ဘဝပ်က္သြားၾကတဲ့သူေတြလည္းအမ်ားႀကီးပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ကံၾကမၼာက အေၾကာင္းဖန္လာၿပီဆိုေတာ့လည္း အေကာင္းဆံုးရင္ဆိုင္ရမွာ အဓိကတာဝန္ပဲမဟုတ္ပါလား။ ဒါေၾကာင့္ ခ်စ္သူ၊ ရည္းစားနဲ႔လမ္းခြဲျပတ္စဲၾကၿပီဆိုရင္ ဒီအခ်က္ေတြေတာ့မလုပ္တာအေကာင္းဆံုးပါပဲ။

ရည္းစားေဟာင္းကိုအဆက္အသြယ္လုပ္တာ

ခ်စ္သူရည္းစားေတြဆိုတာ ဘဝမွာေနာက္ထပ္တစ္ႀကိမ္ မိတ္ေဆြမျဖစ္ႏိုင္ေတာ့တဲ့သူေတြပါ။ ဒါေၾကာင့္ ျပတ္ၿပီဆိုရင္သူနဲ႔ပတ္သက္တဲ့အရာအားလံုးမွန္သမွ်ကိုစြန္႔လႊတ္လိုက္တာ အေကာင္း ဆံုးပါပဲ။ အထူး သျဖင့္ သူ႔ဖုန္းနံပါတ္၊ သူနဲ႔ပတ္သက္တဲ့အမွတ္တရ၊ လက္ေဆာင္ပစၥည္းေတြက အစေပါ့။ အဲဒီလို မဟုတ္ဘဲ သူ႔ကိုဆက္သြယ္ေနမယ္ဆိုရင္ သူနဲ႔ပတ္သက္တဲ့ခံစား ခ်က္ေတြ ကိုလည္းေမ့ေဖ်ာက္ ပစ္ဖို႔ခက္ခဲေနဦးမွာပါ။

အရက္၊ မူးယစ္ေဆးနဲ႔အာရံုလႊဲတာ

အသဲကြဲၿပီဆိုရင္တခ်ိဳ႕က အရက္တို႔မူးယစ္ေဆးတို႔နဲ႔ကုစားၾကတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီအရာေတြက ခံစားလို႔မေကာင္းတဲ့ မွတ္ဉာဏ္ေတြကို ခဏတျဖဳတ္ေမ့ေပ်ာက္သြားႏိုင္ေအာင္ လုပ္ႏိုင္လို႔ပဲျဖစ္ပါတယ္။ တခါတေလက်ေတာ့လည္း ရုပ္ရွင္ ဇာတ္လမ္းေတြထဲကလို လွလွပပေလး Feelခ်င္တာလည္းပါတာေပါ့ေလ။ ဒါေပမဲ့ ေသခ်ာတာတစ္ခုကေတာ့ အဲဒီလို အသဲကြဲတဲ့ စိတ္ဒဏ္ရာ ကို စိတ္နဲ႔ကုတာမွမဟုတ္ လံုးဝေပ်ာက္မွာမဟုတ္ပါဘူး။ ခဏတျဖဳတ္ေတာ့ ေမ့ထားလို႔ရေပမယ့္ မွတ္ဉာဏ္ထဲကေနေတာ့ အလုိလိုေပ်ာက္ကြယ္သြားမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ အသဲကြဲတဲ့ ဒဏ္ရာကို အရက္၊ မူးယစ္ေဆးတို႔သံုးၿပီး အာရံုလႊဲတာမ်ိဳးမလုပ္မိပါေစနဲ႔။ တကယ္ေတာ့ ဘဝက ရုပ္ရွင္ေတြထဲ ကထက္ ပိုၿပီးလက္ေတြ႕က်ပါတယ္။

ရည္းစားေဟာင္းအေၾကာင္းမေကာင္းေျပာတာ

ရည္းစားနဲ႔ျပတ္သြားေပမယ့္ အဲဒီရည္းစားအေၾကာင္း ေျပာျဖစ္ေနဦးမယ္ဆိုရင္ သင္သူ႔ကို တကယ္ မျပတ္ေသးဘူးလို႔ပဲဆိုရမွာပါ။ အထူးသျဖင့္ ျပတ္သြားတဲ့ရည္းစားေဟာင္းအေၾကာင္း မေကာင္းေျပာ တာကေတာ့အဆိုးဆံုးပါပဲ။ သူ႔ကိုမေကာင္းေျပာေနသမွ် သင့္အတြက္ေကာင္း တဲ့လက္တြဲေဖာ္ အသစ္ကိုထပ္ၿပီးရွာဖို႔ေႏွာင့္ေႏွးၾကန္႔ၾကာေနဦးမွာပါ။ ဒီအခ်ိန္မွာ သူနဲ႔ပတ္သက္တဲ့ အေကာင္း အဆိုးအားလံုးကို စြန္႔လႊတ္ဖို႔အခ်ိန္တန္ၿပီမဟုတ္ပါလား။

သူငယ္ခ်င္းေတြကိုအဆက္အသြယ္ျဖတ္တာ

အသဲကြဲၿပီဆိုရင္ တစ္ေယာက္တည္းေနၿပီး တိတ္တိတ္ေလးခံစားတတ္တဲ့သူေတြရွိပါတယ္။ တကယ္ေတာ့ အဲဒီလိုလုပ္တာဟာ သင့္ရဲ႕ခံစားခ်က္ေတြကိုပိုၿပီးဆိုးေစပါတယ္။ ခ်စ္သူရွိတုန္းက သူငယ္ခ်င္းေတြနဲ႔မေတြ႕ခဲ့လို႔ ခ်စ္သူနဲ႔ျပတ္မွသူငယ္ခ်င္းေတြနဲ႔ေတြ႕ရမွာမဝံ့မရဲျဖစ္ေနမိတယ္ ဆိုရင္ လည္း ဒီအခ်ိန္မွာ သူငယ္ခ်င္းေတြအေပၚ အရင္ကထက္ေကာင္းေပးဖို႔အခ်ိန္ေရာက္ပီ လို႔ပဲမွတ္ပါ။ သူငယ္ခ်င္းေကာင္းေတြဆိုတာ သင္လွည့္ၾကည့္တဲ့အခ်ိန္မွာ သင့္ေနာက္မွာအၿမဲ ရွိေနတတ္တဲ့ သူမ်ိဳးေတြေပါ့။

ရည္မွန္းခ်က္ပန္းတိုင္ေတြစြန္႔လႊတ္လိုက္တာ

ဒီအခ်က္ကေတာ့ လံုးဝမလုပ္သင့္ဆံုးအခ်က္ပါ။ သူငယ္ခ်င္းတို႔ေရ ယံုလားေတာ့မသိဘူး ေလာကႀကီး မွာ  အခ်စ္ဆိုတာ ထာဝရရွင္သန္ေနတဲ့ တစ္ခုတည္းေသာအရာဗ်။ သူနဲ႔ကိုယ္ အေၾကာင္းကံမပါလို႔ ေပါင္းရန္မျဖစ္ေတာ့ေပမယ့္ ခံစားတတ္တဲ့ ႏွလံုးသားကေတာ့ သင္နဲ႔က်န္ေနခဲ့ပါေသးတယ္။ ခဏ တျဖဳတ္ အနာတရျဖစ္သြားေပမယ့္ အခ်ိန္တန္ေတာ့လည္း အနာက်က္သြားမွာပါ။ ရည္းစားနဲ႔လမ္းခြဲ လိုက္ရလို႔ ကိုယ္ရည္မွန္းထားတဲ့ အိပ္မက္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြကိုပါ တစ္ပါတည္းေရစုန္ေျမာ လိုက္တာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။ ခံစားရတယ္ဆိုရင္ အခ်ိန္အတိုင္းအတာတစ္ခုအထိ စိတ္ကိုထြက္ေပါက္ေပးလုိက္ပါ။ ၿပီးရင္ေတာ့ ဘဝကိုေရွ႕ဆက္ပါ။

သင့္အတြက္ အခ်စ္အပါအဝင္ အသစ္ေတြအားလံုးကေမွ်ာ္ေနတယ္ဆိုတာမေမ့ပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ခါတလေ အချစ်ပေါ်မူတည်ပြီး အရာအားလုံးကိုတည်ဆောက်ကြတဲ့သူတွေမှာ အကြောင်း အမျိုးမျိုးကြောင့် လမ်းခွဲပြီဆိုရင် နေ့စဉ်လည်ပတ်နေတဲ့ အသက်ရှင်နေထိုင် မှုပုံစံလေးတွေတောင် ပုံမှန်မလည်ပတ်နိုင်တော့တဲ့အထိခံစားကြရပါတယ်။ စိတ်ဒဏ်ရာရကြပါတယ်။

အဲဒီလို ခံစားရတဲ့ စိတ်ဒဏ်ရာကိုသက်သာလိုသက်သာငြား နည်းလမ်းအမျိုးမျိုး သုံးပြီးဖြေဖျောက် တာလည်းရှိပေမယ့် ဖြေဖျောက်နည်းမှားလို့ ဘဝပျက်သွားကြတဲ့သူတွေလည်းအများကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကံကြမ္မာက အကြောင်းဖန်လာပြီဆိုတော့လည်း အကောင်းဆုံးရင်ဆိုင်ရမှာ အဓိကတာဝန်ပဲမဟုတ်ပါလား။ ဒါကြောင့် ချစ်သူ၊ ရည်းစားနဲ့လမ်းခွဲပြတ်စဲကြပြီဆိုရင် ဒီအချက်တွေတော့မလုပ်တာအကောင်းဆုံးပါပဲ။

ရည်းစားဟောင်းကိုအဆက်အသွယ်လုပ်တာ

ချစ်သူရည်းစားတွေဆိုတာ ဘဝမှာနောက်ထပ်တစ်ကြိမ် မိတ်ဆွေမဖြစ်နိုင်တော့တဲ့သူတွေပါ။ ဒါကြောင့် ပြတ်ပြီဆိုရင်သူနဲ့ပတ်သက်တဲ့အရာအားလုံးမှန်သမျှကိုစွန့်လွှတ်လိုက်တာ အကောင်း ဆုံးပါပဲ။ အထူး သဖြင့် သူ့ဖုန်းနံပါတ်၊ သူနဲ့ပတ်သက်တဲ့အမှတ်တရ၊ လက်ဆောင်ပစ္စည်းတွေက အစပေါ့။ အဲဒီလို မဟုတ်ဘဲ သူ့ကိုဆက်သွယ်နေမယ်ဆိုရင် သူနဲ့ပတ်သက်တဲ့ခံစား ချက်တွေ ကိုလည်းမေ့ဖျောက် ပစ်ဖို့ခက်ခဲနေဦးမှာပါ။

အရက်၊ မူးယစ်ဆေးနဲ့အာရုံလွှဲတာ

အသဲကွဲပြီဆိုရင်တချို့က အရက်တို့မူးယစ်ဆေးတို့နဲ့ကုစားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရာတွေက ခံစားလို့မကောင်းတဲ့ မှတ်ဉာဏ်တွေကို ခဏတဖြုတ်မေ့ပျောက်သွားနိုင်အောင် လုပ်နိုင်လို့ပဲဖြစ်ပါတယ်။ တခါတလေကျတော့လည်း ရုပ်ရှင် ဇာတ်လမ်းတွေထဲကလို လှလှပပလေး Feelချင်တာလည်းပါတာပေါ့လေ။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲဒီလို အသဲကွဲတဲ့ စိတ်ဒဏ်ရာ ကို စိတ်နဲ့ကုတာမှမဟုတ် လုံးဝပျောက်မှာမဟုတ်ပါဘူး။ ခဏတဖြုတ်တော့ မေ့ထားလို့ရပေမယ့် မှတ်ဉာဏ်ထဲကနေတော့ အလိုလိုပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ဒါကြောင့် အသဲကွဲတဲ့ ဒဏ်ရာကို အရက်၊ မူးယစ်ဆေးတို့သုံးပြီး အာရုံလွှဲတာမျိုးမလုပ်မိပါစေနဲ့။ တကယ်တော့ ဘဝက ရုပ်ရှင်တွေထဲ ကထက် ပိုပြီးလက်တွေ့ကျပါတယ်။

ရည်းစားဟောင်းအကြောင်းမကောင်းပြောတာ

ရည်းစားနဲ့ပြတ်သွားပေမယ့် အဲဒီရည်းစားအကြောင်း ပြောဖြစ်နေဦးမယ်ဆိုရင် သင်သူ့ကို တကယ် မပြတ်သေးဘူးလို့ပဲဆိုရမှာပါ။ အထူးသဖြင့် ပြတ်သွားတဲ့ရည်းစားဟောင်းအကြောင်း မကောင်းပြော တာကတော့အဆိုးဆုံးပါပဲ။ သူ့ကိုမကောင်းပြောနေသမျှ သင့်အတွက်ကောင်း တဲ့လက်တွဲဖော် အသစ်ကိုထပ်ပြီးရှာဖို့နှောင့်နှေးကြန့်ကြာနေဦးမှာပါ။ ဒီအချိန်မှာ သူနဲ့ပတ်သက်တဲ့ အကောင်း အဆိုးအားလုံးကို စွန့်လွှတ်ဖို့အချိန်တန်ပြီမဟုတ်ပါလား။

သူငယ်ချင်းတွေကိုအဆက်အသွယ်ဖြတ်တာ

အသဲကွဲပြီဆိုရင် တစ်ယောက်တည်းနေပြီး တိတ်တိတ်လေးခံစားတတ်တဲ့သူတွေရှိပါတယ်။ တကယ်တော့ အဲဒီလိုလုပ်တာဟာ သင့်ရဲ့ခံစားချက်တွေကိုပိုပြီးဆိုးစေပါတယ်။ ချစ်သူရှိတုန်းက သူငယ်ချင်းတွေနဲ့မတွေ့ခဲ့လို့ ချစ်သူနဲ့ပြတ်မှသူငယ်ချင်းတွေနဲ့တွေ့ရမှာမဝံ့မရဲဖြစ်နေမိတယ် ဆိုရင် လည်း ဒီအချိန်မှာ သူငယ်ချင်းတွေအပေါ် အရင်ကထက်ကောင်းပေးဖို့အချိန်ရောက်ပီ လို့ပဲမှတ်ပါ။ သူငယ်ချင်းကောင်းတွေဆိုတာ သင်လှည့်ကြည့်တဲ့အချိန်မှာ သင့်နောက်မှာအမြဲ ရှိနေတတ်တဲ့ သူမျိုးတွေပေါ့။

ရည်မှန်းချက်ပန်းတိုင်တွေစွန့်လွှတ်လိုက်တာ

ဒီအချက်ကတော့ လုံးဝမလုပ်သင့်ဆုံးအချက်ပါ။ သူငယ်ချင်းတို့ရေ ယုံလားတော့မသိဘူး လောကကြီး မှာ  အချစ်ဆိုတာ ထာဝရရှင်သန်နေတဲ့ တစ်ခုတည်းသောအရာဗျ။ သူနဲ့ကိုယ် အကြောင်းကံမပါလို့ ပေါင်းရန်မဖြစ်တော့ပေမယ့် ခံစားတတ်တဲ့ နှလုံးသားကတော့ သင်နဲ့ကျန်နေခဲ့ပါသေးတယ်။ ခဏ တဖြုတ် အနာတရဖြစ်သွားပေမယ့် အချိန်တန်တော့လည်း အနာကျက်သွားမှာပါ။ ရည်းစားနဲ့လမ်းခွဲ လိုက်ရလို့ ကိုယ်ရည်မှန်းထားတဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေကိုပါ တစ်ပါတည်းရေစုန်မြော လိုက်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ ခံစားရတယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုအထိ စိတ်ကိုထွက်ပေါက်ပေးလိုက်ပါ။ ပြီးရင်တော့ ဘဝကိုရှေ့ဆက်ပါ။

သင့်အတွက် အချစ်အပါအဝင် အသစ်တွေအားလုံးကမျှော်နေတယ်ဆိုတာမမေ့ပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top