×









#Unicode Version#
သားသမီးတွေနဲ့ လိင်ဆက်ဆံသည်ဟု စွပ်စွဲခံရသည့် လင်မယား

အင်ဒီယားနားမှ ကလေးမိဘစုံတွဲတစ်တွဲဟာ သူတို့၏သားသမီးအရင်းခေါက်ခေါက်တွေနဲ့ လိင်ဆက်ဆံသည်ဟု စွပ်စွဲခံရပြီး ယင်းကဲ့သိုဆွေမျိုးရင်းချာ အချင်းချင်း ကာမစပ်ယှက်မှုလုပ်ဆောင်ခြင်းဟာ မိသားစုသံယောစဉ်တစ်ခုတည်ဆောက်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ဆိုတဲ့အကြောင်း သက်ဆိုင်ရာအာဏာပိုင်တွေ ပြောပါတယ်။

အသက် ၃၅ နှစ်ရှိ၍ ကယ်လင် ဂျွန်ဆန် ဆိုသူလင်ယောက်ျားနှင့် သူ့ဇနီး ဆယ်လာ ဂျွန်ဆန် ၄၄ တို့ဟာ သူတို့၏ ကလေးတို့သုံးယောက်နှင့် ၂၀၁၂ မှစပြီး လိင်ဆက်ဆံခဲ့တယ်လို့ ဒါဇင်နဲ့ချီလူတစ်ချို့၏ တိုင်တန်းထွက်ဆိုမှုကြောင့် ရဲကဖမ်းဆီးလိုက်တာလို့ WISH သတင်းဌာနက ပြောဆိုသွားပါတယ်။

အဆိုပါအခင်းဖြစ်ရပ်နဲ့ပတ်သက်၍ ကလေးအကြီးဆုံးနှစ်ဦးမှ ဖြစ်ရပ်ကို မှန်ကန်စွာ လျှို့ဝှတ်ပြောဆိုလိုက်တဲ့နောက်မှာ Crawfordsville မိဘတွေကို စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တာဖြစ်တယ်လို့ Montgomery County Sheriff ရုံးမှ ပြောလိုက်ပါတယ်။

မှုခင်းမှတ်တမ်းများအရ သားအကြီးဆုံးဖြစ်သူကို စုံစမ်းစစ်ဆေးသူတွေမှ တွေ့ရှိသွားရာ “ မိသားစုအချင်းချင်း ကာမဆက်ယှက်တာ လူ့ဘဝရဲ့ ပုံမှန်နည်းလမ်းတစ်ခုပါ။ မိသားစု သံယောစဉ်တစ်ခု တည်ဆောက်ဖို့ အကောင်းဆုံးနည်းလမ်းဟာ မင်းမိဘတွေနဲ့ ကာမဆက်ဆံဖို့ဖြစ်တယ်။ အထူးသဖြင့် မင်းအမေနဲ့ပေါ့။ အပြင်က သူစိမ်းတွေထက် မိသားစုအချင်းချင်း လိင်ဆက်ဆံတာ ပိုပြီးလုံခြုံစိတ်ချရတယ်” လို့ အဖေကပြောသွားခဲ့တယ်ဟု တိုင်ကြားလိုက်ပါတယ်။

ညစ်ညမ်းဓာတ်ပုံတွေကို အတင်းအဓ္ခမမိဘတွေကကြည့်ခိုင်းတယ်လို့ အငယ်ဆုံးသမီးဖြစ်သူကလည်း အာဏာပိုင်တွေထံ တိုင်ကြားပြောဆိုလိုက်ပါ။ ဒါ့အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ပြောဆိုချက်အရ မိခင်ဖြစ်သူဟာ အရင်တုန်းက အိမ်မွေးခွေးနဲ့ပါ လိင်ဆက်ဆံခဲ့ဖူးသည်ဟု ယူဆထားတယ်လို့ သိရပါတယ်။

လင်းမယားနှစ်ဦးစလုံးကို ပြီးခဲ့တဲ့အင်္ဂါနေ့က ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီးတစ်ဦးကို ဒေါ်လာ ၅၀၀၀၀ စီ ခံဝန်ချုပ်ဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: MM Post ( Thawn Khai )
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top