ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

မြန္ျပည္နယ္ ေမာ္ လၿမိဳင္ၿမိဳ႕ရွိ တည္းခိုခန္းတစ္ခု တြင္ မတ္လ ၃ ရက္က စိတ္ႂကြ ေဆးျပား ၉,၀၀၀ ေက်ာ္ ဖမ္းဆီးရ မိေၾကာင္း ဒိုင္း၀န္ကြင္းနယ္ေျမ ရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
ေမာ္လၿမိဳင္ၿမိဳ႕ လႈိင္ရပ္ ကြက္ရွိ တည္းခိုခန္းတစ္ခုတြင္ တည္းခိုေနသည့္ ဘီကရမ္း (ခ)ဘီဂ်ဲ (၂၉) ႏွစ္ကုိ သတင္း အရရွာေဖြခဲ့ရာ စိတ္ႂကြေဆးျပား ၉,၀၀၀ ေက်ာ္ သိမ္းဆည္းရမိေၾကာင္း ရဲ မွတ္တမ္းတြင္ ေဖာ္ျပထားသည္။

အဆုိပါ ဖမ္းဆီးရမိသည့္ မူးယစ္ေဆး၀ါးမ်ားသည္ လြန္ခဲ့ သည့္ သုံးရက္ခန္႔က ရွမ္းျပည္ နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕တြင္ ေနထုိင္ေသာ မုိးေအာင္(၄၀)ႏွစ္ ႏွင့္ ခ်စ္ဆန္း(၃၆)ႏွစ္တို႔ထံမွ ၀ယ္ ယူခဲ့ျခင္းျဖစ္ကာ ေမာ္လၿမိဳင္ၿမိဳ႕ တြင္ ျပန္လည္ေရာင္းခ်ရန္ စီစဥ္ ေနရာမွ ဖမ္းဆီးခံရေၾကာင္း ရဲမွတ္တမ္းတြင္ေဖာ္ျပသည္။

‘‘ရွမ္းျပည္နယ္ေတာင္ပုိင္း ေနထုိင္တဲ့သူေတြဆီက ေဆးျပား ၂၀၀ တစ္ထုပ္ကို က်ပ္ရွစ္ေသာင္းနဲ႔၀ယ္ၿပီး ေမာ္လၿမိဳင္မွာျပန္ေရာင္း ဖုိ႔လာတယ္။ အခုလို ဖမ္းဆီးခံရ တယ္’’ဟု အထက္ပါတာ၀န္ရွိသူ က ေျပာသည္။

ထို႔ျပင္ ဘီကရမ္းထံေရာင္း ခ်ထားသူမ်ားကုိ ဖမ္းဆီးရန္ ဘီ ကရမ္း ကိုင္ေဆာင္ထားသည့္ လက္ကိုင္ဖုန္းျဖင့္ မူးယစ္ေဆး၀ါး ေရာင္းခ်ရသည့္ ေငြကုိလက္ခံရယူရန္ ေမာ္လၿမိဳင္ၿမိဳ႕ လႈိင္အေ၀း ေျပးယာဥ္ရပ္နားစခန္းတြင္ ခ်ိန္းဆို၍ ေစာင့္ဆုိင္းေနစဥ္ ခ်စ္ဆန္း(၃၆)ႏွစ္ကိုပါ ဖမ္းဆီးရမိေၾကာင္း ရဲမွတ္တမ္းတြင္ေဖာ္ျပသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဘီ ကရမ္း၊ မိုးေအာင္၊ ခ်စ္ဆန္းတုိ႔ ကို မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိ ေျပာင္းလဲေစတတ္သည့္ ဥပေဒ ပုဒ္မ ၁၅/၁၉(က)/(၂၀)(က)/၂၁ တို႔အရ ဒိုင္း၀န္ကြင္းနယ္ေျမရဲစ ခန္း၌ အမႈဖြင့္အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day News Journal
# Unicode Version ဖွင့ျဖတျရနျ #
မွန်ပြည်နယ် မော် လမြိုင်မြို့ရှိ တည်းခိုခန်းတစ်ခု တွင် မတ်လ ၃ ရက်က စိတ်ကြွ ဆေးပြား ၉,၀၀၀ ကျော် ဖမ်းဆီးရ မိကြောင်း ဒိုင်းဝန်ကွင်းနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မော်လမြိုင်မြို့ လှိုင်ရပ် ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသည့် ဘီကရမ်း (ခ)ဘီဂျဲ (၂၉) နှစ်ကို သတင်း အရရှာဖွေခဲ့ရာ စိတ်ကြွဆေးပြား ၉,၀၀၀ ကျော် သိမ်းဆည်းရမိကြောင်း ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် လွန်ခဲ့ သည့် သုံးရက်ခန့်က ရှမ်းပြည် နယ်တောင်ပိုင်း နမ့်စန်မြို့တွင် နေထိုင်သော မိုးအောင်(၄၀)နှစ် နှင့် ချစ်ဆန်း(၃၆)နှစ်တို့ထံမှ ဝယ် ယူခဲ့ခြင်းဖြစ်ကာ မော်လမြိုင်မြို့ တွင် ပြန်လည်ရောင်းချရန် စီစဉ် နေရာမှ ဖမ်းဆီးခံရကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြသည်။

‘‘ရှမ်းပြည်နယ်တောင်ပိုင်း နေထိုင်တဲ့သူတွေဆီက ဆေးပြား ၂၀၀ တစ်ထုပ်ကို ကျပ်ရှစ်သောင်းနဲ့ဝယ်ပြီး မော်လမြိုင်မှာပြန်ရောင်း ဖို့လာတယ်။ အခုလို ဖမ်းဆီးခံရ တယ်’’ဟု အထက်ပါတာဝန်ရှိသူ က ပြောသည်။

ထို့ပြင် ဘီကရမ်းထံရောင်း ချထားသူများကို ဖမ်းဆီးရန် ဘီ ကရမ်း ကိုင်ဆောင်ထားသည့် လက်ကိုင်ဖုန်းဖြင့် မူးယစ်ဆေးဝါး ရောင်းချရသည့် ငွေကိုလက်ခံရယူရန် မော်လမြိုင်မြို့ လှိုင်အဝေး ပြေးယာဉ်ရပ်နားစခန်းတွင် ချိန်းဆို၍ စောင့်ဆိုင်းနေစဉ် ချစ်ဆန်း(၃၆)နှစ်ကိုပါ ဖမ်းဆီးရမိကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဘီ ကရမ်း၊ မိုးအောင်၊ ချစ်ဆန်းတို့ ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သည့် ဥပဒေ ပုဒ်မ ၁၅/၁၉(က)/(၂၀)(က)/၂၁ တို့အရ ဒိုင်းဝန်ကွင်းနယ်မြေရဲစ ခန်း၌ အမှုဖွင့်အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top