iMyanmarHouse.com - Best Property Website for Myanmar
×

အဆင့္(၃) အူမႀကီးကင္ဆာေရာဂါျဖစ္ေနေသာ လူနာမ်ားသည္ အေစ့အဆန္မ်ား ပုံမွန္စားေပးျခင္းျဖင့္ ေရာဂါျပန္ေပၚလာျခင္းႏွင့္ အသက္ေသဆုံးႏုိင္မႈအႏၲရာယ္ ေလ်ာ့နည္းႏုိင္ေၾကာင္း ေလ့လာ မႈတစ္ရပ္က ေဖာ္ျပသည္။

နယူးေဟသင္ၿမိဳ႕ရွိ ေယးလ္ကင္ဆာစင္တာမွ သုေတသီမ်ား ျပဳလုပ္သည့္ ယင္းေလ့လာမႈရလဒ္ကုိ Clinical Oncology ဂ်ာနယ္ တြင္ ေဖာ္ျပထားသည္။


ယခင္ကေလ့လာမႈမ်ားတြင္ အေစ့အဆန္မ်ားစားျခင္းေၾကာင့္ အမ်ိဳးအစား(၂)ဆီးခ်ိဳေရာဂါ၊ ဇီ၀ျဖစ္စဥ္ဆုိင္ရာေရာဂါႏွင့္ အင္ဆူ လင္အသုံးမခ်ႏုိင္ျဖစ္မႈ စေသာအေျခအေနမ်ားျဖစ္ႏုိင္သည့္ အႏၲ ရာယ္ ေလ်ာ့ပါးေစေၾကာင္း ေတြ႕ရွိခဲ့သည္။ ယင္းအေျခအေနမ်ား သည္ အူမႀကီးကင္ဆာျဖစ္ပြားမႈႏွင့္ ဆက္စပ္ေနသည္။

က်န္းမာေရးႏွင့္ညီေသာ ျပဳမူေနထုိင္ပုံ၊ ကုိယ္လက္လႈပ္ရွားမႈ ပုိလုပ္ျခင္း၊ က်န္းမာေရးႏွင့္ညီေသာအေလးခ်ိန္ကုိ ထိန္းထားျခင္း၊ သၾကားႏွင့္ အခ်ိဳရည္ေသာက္သုံးမႈေလွ်ာ့ခ်ျခင္းတို႔က အူမႀကီးကင္ ဆာေရာဂါအေျခအေနကုိ အေထာက္အကူျပဳသကဲ့သုိ႔ အေစ့အဆန္မ်ား စားသုံးမႈကလည္း အေထာက္အကူျပဳေၾကာင္း သုေတသီ မ်ားက ေျပာသည္။

သီတင္းတစ္ပတ္လွ်င္ အေစ့အဆန္ ႏွစ္ႀကိမ္ပုံမွန္စားသူမ်ားသည္ အူမႀကီးကင္ဆာေရာဂါ ကင္းစင္ႏုိင္ေျခႏွင့္ အသက္ရွင္ႏုိင္ေျချမင့္မားေၾကာင္း သုေတသီမ်ားကေျပာသည္။

အေစ့အဆန္မ်ား စားျခင္းေၾကာင့္ အင္ဆူလင္အသုံးမခ်ႏုိင္ျဖစ္မႈ ေလ်ာ့နည္းေစႏုိင္သည္။ ခႏၶာကုိယ္က အင္ဆူလင္ကုိ ထုတ္လုပ္ေသာ္လည္း ထိေရာက္စြာအသုံးမခ်ႏုိင္ပါက အမ်ိဳးအစား(၂)ဆီးခ်ိဳေရာဂါႏွင့္ အျခားဆက္စပ္ေရာဂါမ်ား ျဖစ္ႏုိင္သည္။

အေစ့အဆန္မ်ားသည္ အျခားေသာက်န္းမာေရးႏွင့္မညီသည့္ အစားအစာမ်ားထက္ ဆာေလာင္မႈကုိ ထိန္းခ်ဳပ္ရာတြင္ ပုိထိေရာက္မႈရွိၿပီး ကိုယ္အေလးခ်ိန္ထိန္းသိမ္းရန္ အေထာက္အကူျပဳေၾကာင္း သုေတသီမ်ားကေျပာသည္။

ကာဗုိဟုိက္ဒရိတ္ပါ၀င္မႈမ်ားေသာ အစားအစာမ်ားေရွာင္ၿပီး ေလ့က်င့္ခန္းပုံမွန္လုပ္ျခင္း၊ အ၀လြန္မျဖစ္ေအာင္ေနထုိင္ျခင္းတို႔ ျဖင့္လည္း က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစသည္။

အေစ့အဆန္မ်ားစားသုံးျခင္းသည္ ေဆး၀ါးမ်ား၏ အစြမ္းႏွင့္ မတူဘဲ တစ္မူူထူးကဲေၾကာင္း ၎တို႔ကေျပာသည္။ 

—Ref: UPI

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

#Unicode Version#
အဆင့်(၃) အူမကြီးကင်ဆာရောဂါဖြစ်နေသော လူနာများသည် အစေ့အဆန်များ ပုံမှန်စားပေးခြင်းဖြင့် ရောဂါပြန်ပေါ်လာခြင်းနှင့် အသက်သေဆုံးနိုင်မှုအန္တရာယ် လျော့နည်းနိုင်ကြောင်း လေ့လာ မှုတစ်ရပ်က ဖော်ပြသည်။

နယူးဟေသင်မြို့ရှိ ယေးလ်ကင်ဆာစင်တာမှ သုတေသီများ ပြုလုပ်သည့် ယင်းလေ့လာမှုရလဒ်ကို Clinical Oncology ဂျာနယ် တွင် ဖော်ပြထားသည်။


ယခင်ကလေ့လာမှုများတွင် အစေ့အဆန်များစားခြင်းကြောင့် အမျိုးအစား(၂)ဆီးချိုရောဂါ၊ ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါနှင့် အင်ဆူ လင်အသုံးမချနိုင်ဖြစ်မှု စသောအခြေအနေများဖြစ်နိုင်သည့် အန္တ ရာယ် လျော့ပါးစေကြောင်း တွေ့ရှိခဲ့သည်။ ယင်းအခြေအနေများ သည် အူမကြီးကင်ဆာဖြစ်ပွားမှုနှင့် ဆက်စပ်နေသည်။

ကျန်းမာရေးနှင့်ညီသော ပြုမူနေထိုင်ပုံ၊ ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီသောအလေးချိန်ကို ထိန်းထားခြင်း၊ သကြားနှင့် အချိုရည်သောက်သုံးမှုလျှော့ချခြင်းတို့က အူမကြီးကင် ဆာရောဂါအခြေအနေကို အထောက်အကူပြုသကဲ့သို့ အစေ့အဆန်များ စားသုံးမှုကလည်း အထောက်အကူပြုကြောင်း သုတေသီ များက ပြောသည်။

သီတင်းတစ်ပတ်လျှင် အစေ့အဆန် နှစ်ကြိမ်ပုံမှန်စားသူများသည် အူမကြီးကင်ဆာရောဂါ ကင်းစင်နိုင်ခြေနှင့် အသက်ရှင်နိုင်ခြေမြင့်မားကြောင်း သုတေသီများကပြောသည်။

အစေ့အဆန်များ စားခြင်းကြောင့် အင်ဆူလင်အသုံးမချနိုင်ဖြစ်မှု လျော့နည်းစေနိုင်သည်။ ခန္ဓာကိုယ်က အင်ဆူလင်ကို ထုတ်လုပ်သော်လည်း ထိရောက်စွာအသုံးမချနိုင်ပါက အမျိုးအစား(၂)ဆီးချိုရောဂါနှင့် အခြားဆက်စပ်ရောဂါများ ဖြစ်နိုင်သည်။

အစေ့အဆန်များသည် အခြားသောကျန်းမာရေးနှင့်မညီသည့် အစားအစာများထက် ဆာလောင်မှုကို ထိန်းချုပ်ရာတွင် ပိုထိရောက်မှုရှိပြီး ကိုယ်အလေးချိန်ထိန်းသိမ်းရန် အထောက်အကူပြုကြောင်း သုတေသီများကပြောသည်။

ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများသော အစားအစာများရှောင်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အဝလွန်မဖြစ်အောင်နေထိုင်ခြင်းတို့ ဖြင့်လည်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည်။

အစေ့အဆန်များစားသုံးခြင်းသည် ဆေးဝါးများ၏ အစွမ်းနှင့် မတူဘဲ တစ်မူူထူးကဲကြောင်း ၎င်းတို့ကပြောသည်။

—Ref: UPI

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top