ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေယာက်္ား၊ မိန္းမ ႏွစ္မ်ိဳးႏွစ္စားဆိုျပီး အဓိကအားျဖင္႔ ေလာကၾကီးက သတ္မွတ္ ခြဲျခားထားသလို သူတို႔ကို အေျခခံျပီး ပ်က္ဆီးျခင္း ၂ မ်ိဳး ရွိပါတယ္။ ဒါက လူေတြရဲ႕ အဓိကအားျဖင္႔ သူတို႔စိတ္ဓါတ္ကို အေျခခံပါတယ္။

ပ်က္ဆီးျခင္း ၂ မ်ိဳး အေၾကာင္းကို မေျပာခင္ ကၽြန္ေတာ္ ယုတၱိေဗဒရဲ႕ သေဘာတရားေလး နည္းနည္းေျပာျပခ်င္တယ္။ ယုတၱိေဗဒကို ကၽြန္ေတာ္ မကၽြမ္းက်င္ပါ ကၽြန္ေတာ္ သိသေလာက္ေလးကို သိသလိုသာ ေျပာျပျခင္း ျဖစ္ပါတယ္။

ျခင္မ်ားသည္ ေသြးစုပ္ၾကသည္။ ျခင္အမ်ားစုသည္ ေသြးကို စုပ္ယူၾကသည္။ ထို႔ေၾကာင္႔ ျခင္သည္ ေသြးစုပ္သည္။
(ဒါက ယုတၱိေဗဒ အရပါ။ ဒါကို လက္ခံၾကတယ္။ သိုေသာ္ ျခင္ထီးမ်ားသည္ ေသြးမစုပ္ၾကပါ။ သူတို႔က သီးႏွံတို႔မွ အရည္မ်ားကိုသာ စုပ္ယူၾကတယ္။)

က်ီးကန္းမ်ားသည္ အမည္းေရာင္ရွိၾကသည္။ က်ီးကန္းအမ်ားစုသည္ အမည္းေရာင္ ရွိသည္။ ထို႔ေၾကာင္႔ က်ီးကန္းသည္ အမည္းေရာင္ျဖစ္သည္။
(ဒါကေတာ႔ ယုတၱိေဗဒ အရပါ။ ဒါကို လက္ခံၾကပါတယ္။ ျမင္ေနရတာပဲေလ က်ီးကန္းေတြက အမည္းေရာင္ေတြ၊ သို႔ေသာ္ ၾသစေၾတးလ်မွာ ရွိေသာ က်ီးကန္းမ်ားတြင္ က်ီးကန္ျဖဴမ်ိဳးစိတ္မ်ား မ်ားစြာ ရွိေနေလသည္။)

ဒီလိုပါပဲ။ ပ်က္ဆီျခင္းေတြလည္း ႏွစ္မ်ိဳးရွိပါတယ္။ ဒီပ်က္ဆီျခင္းကို ေယာက်္ားနဲ႔ မိန္းမကို အေျခခံထားျပီး ခြဲျခားထားပါတယ္။

၁) ေယာက်္ားတို႔သည္ ပိုက္ဆံရွိလာေသာ အခါတြင္ ပ်က္ဆီးၾကသည္။

၂) မိန္းမတို႔သည္ ပိုက္ဆံ မရွိေသာ အခါတြင္ ပ်က္ဆီးၾကသည္။

ဒါဟာ ေလာကရဲ႕ အဆိုအမိန္႔တစ္ခုလို႔ ဆိုခ်င္ ဆိုလို႔ရပါတယ္။ ကၽြန္ေတာ္ ရွင္းျပပါ႔မယ္။

၁) ေယာက်္ားတို႔သည္ ပိုက္ဆံရွိလာေသာ အခါတြင္ ပ်က္ဆီးၾကသည္။

တကယ္လည္း ေလာကတြင္ ဒီလိုျဖစ္ေနၾကပါသည္။ မည္သည့္ႏိုင္ငံ မည္သည့္လူမ်ိဳး၊ မည္သည့္အသက္အရြယ္မေရြး ၊ ေယာက်္ားမ်ားသည္ ပိုက္ဆံမရွိေသာအခါမွာ သူတို႔ ထမင္းေလးစားရဖို႔၊ အလုပ္ေလးတစ္ခု ရဖို႔၊ ေနစရာေလးတစ္ခု ရဖို႔ဆိုျပီး ၾကိဳးစားေနရေသာေၾကာင္႔ သူတို႔ ကာရာအိုေကခန္းသို႔ မေရာက္၊ ႏိုက္ကလပ္သို႔ မသြားႏိုင္၊ မူးရစ္ေဆးဝါး မသံုးဆြဲျဖစ္။ သူတို႔မွာ လက္ရွိ စားဝတ္ေနေရးအရ ဘဝတည္ၿမဲေအာင္ ရပ္တည္ေနရတာနဲ႔တင္ ဒီကိစၥေတြကို မလုပ္ႏိုင္၊ မလုပ္ျဖစ္။

ဒါနဲ႔ ဒီလိုေနခဲ႔ရေသာ လူမ်ားသည္ သူ၏ ဝီရိယျဖင္႔ ၾကိဳးစားအားထုတ္ေသာအခါ တစ္ေန႔ သူတို႔ စီးပြားေရး အဆင္ေျပလာၾကသည္။ ထိုေနာက္ သူတို႔ ေငြေၾကး အေတာ္အတန္ ဖူလံုလာၾကတယ္ ဆိုပါေတာ႔။ ဒီအခါမွာ ဟိုးအရင္က ေငြေၾကး မျပည္႔စံုခင္အခ်ိန္ကို သူတို႔ သတိမရတတ္ၾကေတာ႔။ သူတို႔ ကာရာအိုေကခန္း ေရာက္မည္၊ ပန္းကုန္းေတြစြပ္မည္၊ ႏိုက္ကလပ္မွာ ထြန္႔မည္၊ လံုးဝမေညာင္းပဲ တစ္ခါ အႏွိပ္ခံမိမွ တစ္သက္လံုး ေညာင္းသြားၿပီး အၿမဲတမ္း အႏွိပ္ခန္း ေရာက္ေနေတာ႔မည္။

ဒါေၾကာင္႔ ေယာက်္ားေလးေတြဟာ ပိုက္ဆံမရွိခင္မွာ ပ်က္စီးဖို႔ မရွိပါ။ သူတို႔ အေနအစားဆင္းရဲတာသာ ရွိမည္။ သူတို႔ဘဝက ဘယ္လို ပ်က္စီးေစႏိုင္ပါ႔မလဲ။ ဒါေပမဲ႔ သူတို႔ ပိုက္ဆံရွိလာျပီဆုိရင္ ပ်က္ဆီးျခင္း လမ္းေၾကာင္းမ်ားေပၚသို႔ သူတို႔ ေျခခ်မိပါေလေရာ။ ထိုေၾကာင္႔ ေယာက်္ားေလးတို႔သည္ ပိုက္ဆံရွိလာေသာအခါ ပ်က္ဆီးၾကသည္။

၂) မိန္းမတို႔သည္ ပိုက္ဆံ မရွိေသာအခါတြင္ ပ်က္ဆီးၾကသည္။

မိန္းမမ်ားကေတာ႔ သူတို႔မွာ ျပည့္ျပည့္စံုစံုသာ ေနၾကရပါက သူတို႔ လွလွပပ ေနမည္၊ တင္႔တင္႔တယ္တယ္ ဝတ္စားမည္၊ သက္ေတာင္႔သက္သာ ဘဝကို ျဖတ္သန္းမည္။ ဒီလိုမ်ိဳး သူတို႔ဘဝစိတ္ကူးထဲမွာ ရွိသည္။

သို႔ေသာ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ သူတို႔ သူမ်ားေတြလို တင္႔ေတာင္႔တင္႔တယ္ မေနရပါက သူမ်ားေတြလို ေနခ်င္လာသည္။ သူမ်ားေတြလို ဝတ္စားခ်င္လာသည္။ သူမ်ားေတြ တန္းတူ ဂုဏ္ျပိဳင္ခ်င္လာသည္။ ထိုအရာသည္ မိန္းမတစ္ေယာက္ကို ပ်က္စီးေစျခင္း အေၾကာင္းအရင္းအစပင္ ျဖစ္ေလသည္။ သူမ်ားေတြနဲ႔ ဂုဏ္တုဂုဏ္ျပိဳင္ လုပ္လာေသာအခါမွာ သူမ်ားတန္းတူ ေနထိုင္ရေစဖို႔ အလြယ္နည္းကို လိုက္တတ္ၾကတယ္။

ဒီအလြယ္နည္းကေတာ႔ အေပ်ာ႔ဆံုး၊ အလြယ္ဆံုးအျဖစ္ သူမ်ား မယားငယ္လုပ္ျခင္း၊ အသက္ၾကီးေသာ မယားရွိလင္မ်ားထံမွ ျခဴစားျခင္း၊ သူမ်ားလင္ ၾကာခိုမိျခင္း။ ထိုမွတဆင္႔တတ္ခါ ေနာက္ပိုင္းတြင္ ေငြေၾကးရမယ္ဆိုရင္ လမ္းေၾကာင္း ေတြ႔သြားျပီျဖစ္ေသာေၾကာင္႔ ခႏၶာကိုယ္ပါရင္းျပီး ေငြရွာမိေလေတာ႔သည္။ ထိုအေၾကာင္းအရာမ်ားကား မိန္းမတစ္ေယာက္ ပ်က္ဆီးေစျခင္း အေၾကာင္းေတြပဲ ျဖစ္ပါတယ္။

ဒါေၾကာင္႔ လူဆိုတာ ကိုယ္႕ဘဝ တိုးတတ္ေရးအတြက္ အၿမဲတမ္း ၾကိဳးစားေနရမွာ ျဖစ္ပါတယ္။ “ဆင္းရဲတယ္ ဆိုတာ အသက္ကိုေတာင္မွ ရန္ရွာႏိုင္တယ္” လို႔ ၾကာနီကန္ ဆရာေတာ္ႀကီးကလည္း ေဟာခဲ႔ဖူးပါတယ္။ ထို႔ေၾကာင္႔ မိမိမွာ ေငြေၾကးဖူလံုေအာင္ေတာ႔ ၾကိဳးစားရွာေဖြေနရမွာျဖစ္ျပီး ဒီလို ေငြေၾကး မဖူလံုခင္မွာ မိန္းကေလးေတြလို မပ်က္ဆီးေအာင္ ကိုယ္႔ဖာသာကိုယ္ ထိန္းသိမ္းရမွာျဖစ္ျပီး၊ ေငြေၾကး ဖူလံုလာရင္လည္း ေယာက်္ားေလးေတြလို ပ်က္ဆီးျခင္း မျဖစ္ရေလေအာင္ မိမိဖာသာ ထိန္းသိမ္း ႀကိဳးစားရမွာ ျဖစ္ပါတယ္။

ဒါေပမဲ႔ ကၽြန္ေတာ္ အထက္မွာ ႀကိဳေျပာခဲ႔တဲ႔ “ယုတၱိေဗဒ” ရဲ႕ သေဘာတရားလိုပါပဲ။ ေလာကၾကီးမွာ ျဖစ္ပ်က္ေနတဲ႔ အေၾကာင္းအရာ အမ်ားစုကို ျခံဳေရးလိုက္တာပါ။ တကယ္ေတာ႔ ဆင္းရဲေနတဲ႔ ေယာက်္ားပဲ ျဖစ္ျဖစ္၊ ခ်မ္းသာေနတဲ႔ မိန္းမပဲျဖစ္ျဖစ္ ကိုယ္႔ကိုကိုယ္သာ မထိန္းသိမ္းခဲ႔ရင္ ေရာက္ရာအေျခအေနမွာ ပ်က္ဆီးမွာပါပဲ။ ဒါေၾကာင္႔ နိဂံုးစကားေလးကေတာ႔…
“ဘယ္လိုပဲ ျဖစ္ေနပါေစ။ ပ်က္ဆီးခ်င္တဲ႔သူကေတာ႔ ဘယ္လို အေျခအေနေတြ ျဖစ္ေနပါေစ ပ်က္ဆီးမွာပါပဲ”

ဒါကို မိမိဖာသာ သတိျဖင္႔သာ ထိန္းသင္႔႔ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ကိုေဇာ္

#Unicode Version#
ယောကျ်ား၊ မိန်းမ နှစ်မျိုးနှစ်စားဆိုပြီး အဓိကအားဖြင့် လောကကြီးက သတ်မှတ် ခွဲခြားထားသလို သူတို့ကို အခြေခံပြီး ပျက်ဆီးခြင်း ၂ မျိုး ရှိပါတယ်။ ဒါက လူတွေရဲ့ အဓိကအားဖြင့် သူတို့စိတ်ဓါတ်ကို အခြေခံပါတယ်။

ပျက်ဆီးခြင်း ၂ မျိုး အကြောင်းကို မပြောခင် ကျွန်တော် ယုတ္တိဗေဒရဲ့ သဘောတရားလေး နည်းနည်းပြောပြချင်တယ်။ ယုတ္တိဗေဒကို ကျွန်တော် မကျွမ်းကျင်ပါ ကျွန်တော် သိသလောက်လေးကို သိသလိုသာ ပြောပြခြင်း ဖြစ်ပါတယ်။

ခြင်များသည် သွေးစုပ်ကြသည်။ ခြင်အများစုသည် သွေးကို စုပ်ယူကြသည်။ ထို့ကြောင့် ခြင်သည် သွေးစုပ်သည်။
(ဒါက ယုတ္တိဗေဒ အရပါ။ ဒါကို လက်ခံကြတယ်။ သိုသော် ခြင်ထီးများသည် သွေးမစုပ်ကြပါ။ သူတို့က သီးနှံတို့မှ အရည်များကိုသာ စုပ်ယူကြတယ်။)

ကျီးကန်းများသည် အမည်းရောင်ရှိကြသည်။ ကျီးကန်းအများစုသည် အမည်းရောင် ရှိသည်။ ထို့ကြောင့် ကျီးကန်းသည် အမည်းရောင်ဖြစ်သည်။
(ဒါကတော့ ယုတ္တိဗေဒ အရပါ။ ဒါကို လက်ခံကြပါတယ်။ မြင်နေရတာပဲလေ ကျီးကန်းတွေက အမည်းရောင်တွေ၊ သို့သော် သြစတြေးလျမှာ ရှိသော ကျီးကန်းများတွင် ကျီးကန်ဖြူမျိုးစိတ်များ များစွာ ရှိနေလေသည်။)

ဒီလိုပါပဲ။ ပျက်ဆီခြင်းတွေလည်း နှစ်မျိုးရှိပါတယ်။ ဒီပျက်ဆီခြင်းကို ယောကျ်ားနဲ့ မိန်းမကို အခြေခံထားပြီး ခွဲခြားထားပါတယ်။

၁) ယောကျ်ားတို့သည် ပိုက်ဆံရှိလာသော အခါတွင် ပျက်ဆီးကြသည်။

၂) မိန်းမတို့သည် ပိုက်ဆံ မရှိသော အခါတွင် ပျက်ဆီးကြသည်။

ဒါဟာ လောကရဲ့ အဆိုအမိန့်တစ်ခုလို့ ဆိုချင် ဆိုလို့ရပါတယ်။ ကျွန်တော် ရှင်းပြပါ့မယ်။

၁) ယောကျ်ားတို့သည် ပိုက်ဆံရှိလာသော အခါတွင် ပျက်ဆီးကြသည်။

တကယ်လည်း လောကတွင် ဒီလိုဖြစ်နေကြပါသည်။ မည်သည့်နိုင်ငံ မည်သည့်လူမျိုး၊ မည်သည့်အသက်အရွယ်မရွေး ၊ ယောကျ်ားများသည် ပိုက်ဆံမရှိသောအခါမှာ သူတို့ ထမင်းလေးစားရဖို့၊ အလုပ်လေးတစ်ခု ရဖို့၊ နေစရာလေးတစ်ခု ရဖို့ဆိုပြီး ကြိုးစားနေရသောကြောင့် သူတို့ ကာရာအိုကေခန်းသို့ မရောက်၊ နိုက်ကလပ်သို့ မသွားနိုင်၊ မူးရစ်ဆေးဝါး မသုံးဆွဲဖြစ်။ သူတို့မှာ လက်ရှိ စားဝတ်နေရေးအရ ဘဝတည်မြဲအောင် ရပ်တည်နေရတာနဲ့တင် ဒီကိစ္စတွေကို မလုပ်နိုင်၊ မလုပ်ဖြစ်။

ဒါနဲ့ ဒီလိုနေခဲ့ရသော လူများသည် သူ၏ ဝီရိယဖြင့် ကြိုးစားအားထုတ်သောအခါ တစ်နေ့ သူတို့ စီးပွားရေး အဆင်ပြေလာကြသည်။ ထိုနောက် သူတို့ ငွေကြေး အတော်အတန် ဖူလုံလာကြတယ် ဆိုပါတော့။ ဒီအခါမှာ ဟိုးအရင်က ငွေကြေး မပြည့်စုံခင်အချိန်ကို သူတို့ သတိမရတတ်ကြတော့။ သူတို့ ကာရာအိုကေခန်း ရောက်မည်၊ ပန်းကုန်းတွေစွပ်မည်၊ နိုက်ကလပ်မှာ ထွန့်မည်၊ လုံးဝမညောင်းပဲ တစ်ခါ အနှိပ်ခံမိမှ တစ်သက်လုံး ညောင်းသွားပြီး အမြဲတမ်း အနှိပ်ခန်း ရောက်နေတော့မည်။

ဒါကြောင့် ယောကျ်ားလေးတွေဟာ ပိုက်ဆံမရှိခင်မှာ ပျက်စီးဖို့ မရှိပါ။ သူတို့ အနေအစားဆင်းရဲတာသာ ရှိမည်။ သူတို့ဘဝက ဘယ်လို ပျက်စီးစေနိုင်ပါ့မလဲ။ ဒါပေမဲ့ သူတို့ ပိုက်ဆံရှိလာပြီဆိုရင် ပျက်ဆီးခြင်း လမ်းကြောင်းများပေါ်သို့ သူတို့ ခြေချမိပါလေရော။ ထိုကြောင့် ယောကျ်ားလေးတို့သည် ပိုက်ဆံရှိလာသောအခါ ပျက်ဆီးကြသည်။

၂) မိန်းမတို့သည် ပိုက်ဆံ မရှိသောအခါတွင် ပျက်ဆီးကြသည်။

မိန်းမများကတော့ သူတို့မှာ ပြည့်ပြည့်စုံစုံသာ နေကြရပါက သူတို့ လှလှပပ နေမည်၊ တင့်တင့်တယ်တယ် ဝတ်စားမည်၊ သက်တောင့်သက်သာ ဘဝကို ဖြတ်သန်းမည်။ ဒီလိုမျိုး သူတို့ဘဝစိတ်ကူးထဲမှာ ရှိသည်။

သို့သော် အကြောင်းအမျိုးမျိုးကြောင့် သူတို့ သူများတွေလို တင့်တောင့်တင့်တယ် မနေရပါက သူများတွေလို နေချင်လာသည်။ သူများတွေလို ဝတ်စားချင်လာသည်။ သူများတွေ တန်းတူ ဂုဏ်ပြိုင်ချင်လာသည်။ ထိုအရာသည် မိန်းမတစ်ယောက်ကို ပျက်စီးစေခြင်း အကြောင်းအရင်းအစပင် ဖြစ်လေသည်။ သူများတွေနဲ့ ဂုဏ်တုဂုဏ်ပြိုင် လုပ်လာသောအခါမှာ သူများတန်းတူ နေထိုင်ရစေဖို့ အလွယ်နည်းကို လိုက်တတ်ကြတယ်။

ဒီအလွယ်နည်းကတော့ အပျော့ဆုံး၊ အလွယ်ဆုံးအဖြစ် သူများ မယားငယ်လုပ်ခြင်း၊ အသက်ကြီးသော မယားရှိလင်များထံမှ ခြူစားခြင်း၊ သူများလင် ကြာခိုမိခြင်း။ ထိုမှတဆင့်တတ်ခါ နောက်ပိုင်းတွင် ငွေကြေးရမယ်ဆိုရင် လမ်းကြောင်း တွေ့သွားပြီဖြစ်သောကြောင့် ခန္ဓာကိုယ်ပါရင်းပြီး ငွေရှာမိလေတော့သည်။ ထိုအကြောင်းအရာများကား မိန်းမတစ်ယောက် ပျက်ဆီးစေခြင်း အကြောင်းတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် လူဆိုတာ ကိုယ့်ဘဝ တိုးတတ်ရေးအတွက် အမြဲတမ်း ကြိုးစားနေရမှာ ဖြစ်ပါတယ်။ “ဆင်းရဲတယ် ဆိုတာ အသက်ကိုတောင်မှ ရန်ရှာနိုင်တယ်” လို့ ကြာနီကန် ဆရာတော်ကြီးကလည်း ဟောခဲ့ဖူးပါတယ်။ ထို့ကြောင့် မိမိမှာ ငွေကြေးဖူလုံအောင်တော့ ကြိုးစားရှာဖွေနေရမှာဖြစ်ပြီး ဒီလို ငွေကြေး မဖူလုံခင်မှာ မိန်းကလေးတွေလို မပျက်ဆီးအောင် ကိုယ့်ဖာသာကိုယ် ထိန်းသိမ်းရမှာဖြစ်ပြီး၊ ငွေကြေး ဖူလုံလာရင်လည်း ယောကျ်ားလေးတွေလို ပျက်ဆီးခြင်း မဖြစ်ရလေအောင် မိမိဖာသာ ထိန်းသိမ်း ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်တော် အထက်မှာ ကြိုပြောခဲ့တဲ့ “ယုတ္တိဗေဒ” ရဲ့ သဘောတရားလိုပါပဲ။ လောကကြီးမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ အများစုကို ခြုံရေးလိုက်တာပါ။ တကယ်တော့ ဆင်းရဲနေတဲ့ ယောကျ်ားပဲ ဖြစ်ဖြစ်၊ ချမ်းသာနေတဲ့ မိန်းမပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်သာ မထိန်းသိမ်းခဲ့ရင် ရောက်ရာအခြေအနေမှာ ပျက်ဆီးမှာပါပဲ။ ဒါကြောင့် နိဂုံးစကားလေးကတော့…
“ဘယ်လိုပဲ ဖြစ်နေပါစေ။ ပျက်ဆီးချင်တဲ့သူကတော့ ဘယ်လို အခြေအနေတွေ ဖြစ်နေပါစေ ပျက်ဆီးမှာပါပဲ”

ဒါကို မိမိဖာသာ သတိဖြင့်သာ ထိန်းသင့့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  ကိုဇော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top