ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

တရားထိုင္ျခင္း ဟာ အက်ိဳးေက်းဇူး မ်ားတယ္ ဆိုတာ လူတိုင္း လိုလို သိၾကေပမဲ့ ခက္ခဲနက္ နဲ တဲ့ ကိစၥလို႕ ထင္ျမင္ ၾကျပီး တစိုက္ မတ္မတ္ လုပ္ၾကတဲ့သူ ရွားပါတယ္။ အထူးသျဖင့္ လူငယ္ အမ်ားစု က တရားထိုင္ တာဟာ ဘာသာေရး အလုပ္ျဖစ္ျပီး ငယ္ရြယ္စဥ္ မွာ မလိုအပ္ေသးဘူး လို႕ထင္ၾကပါတယ္။

ဒါေပမဲ့ တရားထိုင္ျခင္း ကို တပတ္ေလာက္ လုပ္ၾကည့္လိုက္ရင္ ပဲ ခံစားရတဲ့ေကာင္းက်ိဳးေတြ ကို သိရွိ လာႏုိင္ျပီး အက်ိဳးေက်းဇူးေတြ ကိုလည္း လက္ေတြ႕ၾကံဳလာ ရမွာျဖစ္ပါတယ္။ ဘ၀ မွာ စိတ္တည္ျငိမ္ျခင္း၊ စိတ္ေအးခ်မ္းျခင္း ကို ပိုင္ဆိုင္ လာတဲ့ အခါ ေပ်ာ္ရႊင္ခ်မ္းေျမ့ျပီး လူမႈေရး ဆိုင္ရာျပႆ နာမ်ား၊ က်န္းမာေရး ဆိုင္ရာျပႆ နာမ်ားလည္း ေလ်ာ့ပါး လာမွာ အေသ အခ်ာပါပဲ။

စိတ္တည္ျငိမ္မႈ ရရွိျခင္း -
တခါတရံ မွာ ဘာလုပ္ရမွန္း မသိေလာက္ေအာင္ ေတြေ၀ရတဲ့ အခါမ်ိဳးေတြ လူတိုင္း မွာ ရွိတတ္ၾကပါတယ္။ စိတ္ေတြ ႐ႈပ္ေထြးျပီး ေသခ်ာ ရွင္းလင္းေအာင္ မေတြးႏိုင္လို႕ အေျခအေန တစ္ခု မွာ ကိုယ္ ဘယ္လိုေနရာ ကေန ပါ၀င္ေျဖရွင္းရမယ္ ဆို တာ ေသခ်ာ မသိႏိုင္တာ မ်ိဳး ပဲ ျဖစ္ပါတယ္။

စိတ္ မတည္ျငိမ္ဘူး ဆိုရင္ ရွင္းရွင္း လင္းလင္း မစဥ္းစားႏုိင္တဲ့ အတြက္ ခံစားခ်က္ေတြ ကို လည္း မထိန္း ခ်ဳပ္ႏုိင္ ပဲ မွားယြင္းတတ္ ပါတယ္။ တရားထိုင္ျခင္း ကို ခပ္ၾကာၾကာေလး လုပ္ လိုက္ တဲ့ အခါမွာေတာ့ စိတ္ကို တည္ျငိမ္ေအာင္ ထားတတ္လာျပီး တစ္ခုခုၾကံဳလာတဲ့အခါ တည္ျငိမ္ေအာင္ ထိန္းလာႏုိင္တဲ့ အတြက္ မိမိရဲ႕ရင္တြင္းဆႏၵ ကို ေသခ်ာျမင္ႏိုင္ လာမွာ ျဖစ္ပါ တယ္။

အဲဒီ အခါမွာ “လိုခ်င္ျခင္း “ နဲ႕ “လိုအပ္ျခင္း” ကို ေသခ်ာခြဲျခမ္းစိတ္ျဖာ လာႏုိင္ျပီး ေရာေထြး တဲ့ ဆံုးျဖတ္ခ်က္မ်ိဳး ကို မခ် မိေတာ့ပဲ ဘ၀ကို မွန္ကန္တည့္မတ္ စြာ ေလွ်ာက္ လွမ္းႏိုင္လာ မွာျဖစ္ ပါတယ္။

သင့္ရဲ႕ စိတ္အစဥ္ ဟာ ေအာက္ေျခကိုျမင္ရတဲ့ အထိ ၾကည္လင္ေနတဲ့ ေရကန္လို မ်ိဳးျဖစ္ေန မယ္ဆိုရင္ အရာရာ ကို ျမင္ႏိုင္လို႕ ေျခလွမ္းတိုင္း ေျခလွမ္းတိုင္း ကို အႏၱရာယ္ ကင္း စြာ ေလ်ွာက္ လွမ္းႏုိင္မွာျဖစ္ပါတယ္။

စိတ္ေအးခ်မ္းမႈ ရရွိျခင္း -
တရားထိုင္ျခင္း ရဲ႕ အက်ိဳးေက်းဇူးေနာက္တစ္ခု ကေတာ့ စိတ္ေအးခ်မ္းမႈ ရရွိျခင္းပဲ ျဖစ္ပါ တယ္။ တရား ထိုင္ခါစ မွာေတာ့ စိတ္ဟာ ကေယာက္ကယက္ နဲ႕ မတည္ျငိမ္ႏိုင္ေသးတဲ့ အတြက္ စိတ္တည္ျငိမ္ေအာင္ ထိန္းဖို႕ သိပ္ကို ခက္ခဲေနတတ္ ပါတယ္။

စိတ္ဟာ ျငိမ္ျငိမ္ မေနလိုပဲ ဟိုဟို ဒီဒီေတြးရင္း အေရး မပါတာေတြေရာ အေရး ပါတာေတြပါ အကုန္ဦးေႏွာက္ ထဲေပၚလာေတာ့တာပါပဲ။ ဒါေပမဲ့ ပံုမွန္ တရားထိုင္ရင္းနဲ႕ က်င့္သား ရလာတဲ့ အခါ စိတ္ကို တည္ျငိမ္ေအာင္ ထိန္းလာႏုိင္ျပီး အေတြးေတြ ရပ္တန္႕လို႕ အနားယူျငိမ္ သက္ေန တဲ့ စိတ္ႏွလံုးကို ပိုင္ဆိုင္လာမွာျဖစ္ပါတယ္။

တရား ထိုင္ခ်ိန္ကာလ တစ္ခဏေလး မွာပဲျဖစ္ျဖစ္ စိတ္ကိုေအးခ်မ္းေအာင္ ထားႏုိင္ လိုက္တာ ဟာ ဘယ္အေျခအေန မွာပဲျဖစ္ျဖစ္ စိတ္ကိုေအးခ်မ္းေအာင္ ထားႏိုင္ဖို႕ ၾကိဳတင္ေလ့က်င့္မႈ တစ္ခု ပါပဲ။

ဒါ့အျပင္ စိတ္ အစဥ္ဟာ တည္ျငိမ္ေအးခ်မ္းေနျပီး အရာအားလံုးကို အေႏွးျပကြက္ လို ျပန္ျမင္ေယာင္ ကာ မိမိ ရဲ႕အေတြးအျမင္ေတြ၊ လုပ္ေဆာင္ခ်က္ေတြ၊ မိသားစု ဆက္ ဆံေရးေတြ နဲ႕ ပတ္သက္ျပီး သင့္တင့္မ်ွတစြာ ေနထိုင္မယ့္နည္းလမ္းကို ရွာေဖြေတြ႕ရွိ သြား တတ္ ပါတယ္။တည္ျငိမ္ေအးခ်မ္း စြာေနထိုင္ႏိုင္ျခင္း ရဲ႕ ေနာက္ကြယ္ က အႏွစ္သာရ ဟာ တရားထိုင္ျခင္း ကေန ရရွိတဲ့ အလံုးစံုျငိမ္းေအးျခင္း သေဘာတရားပါပဲ။

စိတ္ဖိစီးမႈ ဆိုင္ရာ ေရာဂါေ၀ဒနာ မ်ားကို သက္သာေလ်ာ့ပါးေစျခင္း -
တရားထိုင္ျခင္း ဟာ စိတ္ႏွလံုး ကို ကုစားေပး႐ံုသာ မက စိတ္ဖိစီးမႈ ကိုလည္း ေလ်ာ့ပါးေစကာ စိတ္ဖိစီးမႈ ကေန ျဖစ္ေပၚလာေစတဲ့ ဆိုးက်ိဳးေတြကိုပါ ဖယ္ရွားေပးပါတယ္။ ဒါေၾကာင့္ စိတ္ပင္ ပန္း လူ ပင္ပန္းမႈေၾကာင့္ အျဖစ္မ်ားတတ္တဲ့ ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္း၊ ဆီးခ်ိဳေရာဂါ၊ ခႏၶာ ကိုယ္ နာက်င္ ကိုက္ခဲမႈနဲ႕ ေခါင္းကိုက္ေ၀ဒနာတို႕ ျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးပါတယ္။

စိတ္ဓါတ္က်ျခင္း၊ အိပ္မေပ်ာ္ျခင္း နဲ႕ အိပ္စက္မႈ ဆိုင္ရာျပႆ နာေတြကိုလည္း တရား ထိုင္ျခင္းျဖင့္ သက္သာေလ်ာ့႔ပါး လာေအာင္ ကုစားႏုိင္ပါတယ္။

လက္ေတြ႔သေဘာ အရေျပာရရင္ တရားထိုင္ျခင္း ဆိုတာဟာ စိတ္ကို ရွင္းႏုိင္သမွ် ရွင္းေအာင္ ၊ ျငိမ္ႏိုင္သမွ် ျငိမ္ေအာင္ ထားျပီး “ဗလာသက္သက္ ကင္းဗတ္စ” တစ္ခု လို ျဖစ္ေအာင္ စိတ္ႏွလံုး ကို သန္႕စင္လိုက္ျခင္းပါပဲ။ သင္ဟာ သင့္ ဘ၀ရဲ႕ ပန္းခ်ီဆရာ ဆိုရင္ “ဗလာသက္ သက္ကင္းဗတ္စ” လိုျဖစ္ေနတဲ့ သင့္ရဲ႕ စိတ္ကေလးေပၚမွာ သင္လိုရာ ပန္းခ်ီကားကို ဆြဲႏိုင္ေတာ့ မွာပဲေပါ့။

ေရအလ်ဥ္လိုၾကည္လင္ေန တဲ့ စိတ္အာ႐ံု ရွိမွသာ အဆံုးမဲ့ ဖန္တီးႏိုင္စြမ္းနဲ႕ သင့္ စိတ္ၾကိဳက္ ဘ၀ ပန္းခ်ီတစ္ခု ကို ဆြဲႏိုင္မွာျဖစ္ပါတယ္။ တစ္ေန႕မွာ ၁၀ မိနစ္ ကေန မိနစ္ ၂၀ အထိ တရား ထိိုင္ျခင္းျဖင့္ အျမဲအစဥ္ အလုပ္မ်ားေနရွာတဲ့ စိတ္အာ႐ံု ကို ခဏ အနားေပးလိုက္တဲ့ အခါ ရရွိ လာမယ့္ ထူးျခားတဲ့ အက်ိဳးေက်းဇူးေတြ ကို ရွာေဖြ ခံစားလိုက္ၾကရေအာင္။

  ဖိုးသူေတာ္ (www.phothutaw.com)
Credit: Search Myanmar
#Unicode Version#
တရားထိုင်ခြင်း ဟာ အကျိုးကျေးဇူး များတယ် ဆိုတာ လူတိုင်း လိုလို သိကြပေမဲ့ ခက်ခဲနက် နဲ တဲ့ ကိစ္စလို့ ထင်မြင် ကြပြီး တစိုက် မတ်မတ် လုပ်ကြတဲ့သူ ရှားပါတယ်။ အထူးသဖြင့် လူငယ် အများစု က တရားထိုင် တာဟာ ဘာသာရေး အလုပ်ဖြစ်ပြီး ငယ်ရွယ်စဉ် မှာ မလိုအပ်သေးဘူး လို့ထင်ကြပါတယ်။

ဒါပေမဲ့ တရားထိုင်ခြင်း ကို တပတ်လောက် လုပ်ကြည့်လိုက်ရင် ပဲ ခံစားရတဲ့ကောင်းကျိုးတွေ ကို သိရှိ လာနိုင်ပြီး အကျိုးကျေးဇူးတွေ ကိုလည်း လက်တွေ့ကြုံလာ ရမှာဖြစ်ပါတယ်။ ဘ၀ မှာ စိတ်တည်ငြိမ်ခြင်း၊ စိတ်အေးချမ်းခြင်း ကို ပိုင်ဆိုင် လာတဲ့ အခါ ပျော်ရွှင်ချမ်းမြေ့ပြီး လူမှုရေး ဆိုင်ရာပြဿ နာများ၊ ကျန်းမာရေး ဆိုင်ရာပြဿ နာများလည်း လျော့ပါး လာမှာ အသေ အချာပါပဲ။

စိတ်တည်ငြိမ်မှု ရရှိခြင်း -
တခါတရံ မှာ ဘာလုပ်ရမှန်း မသိလောက်အောင် တွေဝေရတဲ့ အခါမျိုးတွေ လူတိုင်း မှာ ရှိတတ်ကြပါတယ်။ စိတ်တွေ ရှုပ်ထွေးပြီး သေချာ ရှင်းလင်းအောင် မတွေးနိုင်လို့ အခြေအနေ တစ်ခု မှာ ကိုယ် ဘယ်လိုနေရာ ကနေ ပါဝင်ဖြေရှင်းရမယ် ဆို တာ သေချာ မသိနိုင်တာ မျိုး ပဲ ဖြစ်ပါတယ်။

စိတ် မတည်ငြိမ်ဘူး ဆိုရင် ရှင်းရှင်း လင်းလင်း မစဉ်းစားနိုင်တဲ့ အတွက် ခံစားချက်တွေ ကို လည်း မထိန်း ချုပ်နိုင် ပဲ မှားယွင်းတတ် ပါတယ်။ တရားထိုင်ခြင်း ကို ခပ်ကြာကြာလေး လုပ် လိုက် တဲ့ အခါမှာတော့ စိတ်ကို တည်ငြိမ်အောင် ထားတတ်လာပြီး တစ်ခုခုကြုံလာတဲ့အခါ တည်ငြိမ်အောင် ထိန်းလာနိုင်တဲ့ အတွက် မိမိရဲ့ရင်တွင်းဆန္ဒ ကို သေချာမြင်နိုင် လာမှာ ဖြစ်ပါ တယ်။

အဲဒီ အခါမှာ “လိုချင်ခြင်း “ နဲ့ “လိုအပ်ခြင်း” ကို သေချာခွဲခြမ်းစိတ်ဖြာ လာနိုင်ပြီး ရောထွေး တဲ့ ဆုံးဖြတ်ချက်မျိုး ကို မချ မိတော့ပဲ ဘဝကို မှန်ကန်တည့်မတ် စွာ လျှောက် လှမ်းနိုင်လာ မှာဖြစ် ပါတယ်။

သင့်ရဲ့ စိတ်အစဉ် ဟာ အောက်ခြေကိုမြင်ရတဲ့ အထိ ကြည်လင်နေတဲ့ ရေကန်လို မျိုးဖြစ်နေ မယ်ဆိုရင် အရာရာ ကို မြင်နိုင်လို့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ကို အန္တရာယ် ကင်း စွာ လျှောက် လှမ်းနိုင်မှာဖြစ်ပါတယ်။

စိတ်အေးချမ်းမှု ရရှိခြင်း -
တရားထိုင်ခြင်း ရဲ့ အကျိုးကျေးဇူးနောက်တစ်ခု ကတော့ စိတ်အေးချမ်းမှု ရရှိခြင်းပဲ ဖြစ်ပါ တယ်။ တရား ထိုင်ခါစ မှာတော့ စိတ်ဟာ ကယောက်ကယက် နဲ့ မတည်ငြိမ်နိုင်သေးတဲ့ အတွက် စိတ်တည်ငြိမ်အောင် ထိန်းဖို့ သိပ်ကို ခက်ခဲနေတတ် ပါတယ်။

စိတ်ဟာ ငြိမ်ငြိမ် မနေလိုပဲ ဟိုဟို ဒီဒီတွေးရင်း အရေး မပါတာတွေရော အရေး ပါတာတွေပါ အကုန်ဦးနှောက် ထဲပေါ်လာတော့တာပါပဲ။ ဒါပေမဲ့ ပုံမှန် တရားထိုင်ရင်းနဲ့ ကျင့်သား ရလာတဲ့ အခါ စိတ်ကို တည်ငြိမ်အောင် ထိန်းလာနိုင်ပြီး အတွေးတွေ ရပ်တန့်လို့ အနားယူငြိမ် သက်နေ တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။

တရား ထိုင်ချိန်ကာလ တစ်ခဏလေး မှာပဲဖြစ်ဖြစ် စိတ်ကိုအေးချမ်းအောင် ထားနိုင် လိုက်တာ ဟာ ဘယ်အခြေအနေ မှာပဲဖြစ်ဖြစ် စိတ်ကိုအေးချမ်းအောင် ထားနိုင်ဖို့ ကြိုတင်လေ့ကျင့်မှု တစ်ခု ပါပဲ။

ဒါ့အပြင် စိတ် အစဉ်ဟာ တည်ငြိမ်အေးချမ်းနေပြီး အရာအားလုံးကို အနှေးပြကွက် လို ပြန်မြင်ယောင် ကာ မိမိ ရဲ့အတွေးအမြင်တွေ၊ လုပ်ဆောင်ချက်တွေ၊ မိသားစု ဆက် ဆံရေးတွေ နဲ့ ပတ်သက်ပြီး သင့်တင့်မျှတစွာ နေထိုင်မယ့်နည်းလမ်းကို ရှာဖွေတွေ့ရှိ သွား တတ် ပါတယ်။တည်ငြိမ်အေးချမ်း စွာနေထိုင်နိုင်ခြင်း ရဲ့ နောက်ကွယ် က အနှစ်သာရ ဟာ တရားထိုင်ခြင်း ကနေ ရရှိတဲ့ အလုံးစုံငြိမ်းအေးခြင်း သဘောတရားပါပဲ။

စိတ်ဖိစီးမှု ဆိုင်ရာ ရောဂါဝေဒနာ များကို သက်သာလျော့ပါးစေခြင်း -
တရားထိုင်ခြင်း ဟာ စိတ်နှလုံး ကို ကုစားပေးရုံသာ မက စိတ်ဖိစီးမှု ကိုလည်း လျော့ပါးစေကာ စိတ်ဖိစီးမှု ကနေ ဖြစ်ပေါ်လာစေတဲ့ ဆိုးကျိုးတွေကိုပါ ဖယ်ရှားပေးပါတယ်။ ဒါကြောင့် စိတ်ပင် ပန်း လူ ပင်ပန်းမှုကြောင့် အဖြစ်များတတ်တဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါ၊ ခန္ဓာ ကိုယ် နာကျင် ကိုက်ခဲမှုနဲ့ ခေါင်းကိုက်ဝေဒနာတို့ ဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။

စိတ်ဓါတ်ကျခြင်း၊ အိပ်မပျော်ခြင်း နဲ့ အိပ်စက်မှု ဆိုင်ရာပြဿ နာတွေကိုလည်း တရား ထိုင်ခြင်းဖြင့် သက်သာလျော့ပါး လာအောင် ကုစားနိုင်ပါတယ်။

လက်တွေ့သဘော အရပြောရရင် တရားထိုင်ခြင်း ဆိုတာဟာ စိတ်ကို ရှင်းနိုင်သမျှ ရှင်းအောင် ၊ ငြိမ်နိုင်သမျှ ငြိမ်အောင် ထားပြီး “ဗလာသက်သက် ကင်းဗတ်စ” တစ်ခု လို ဖြစ်အောင် စိတ်နှလုံး ကို သန့်စင်လိုက်ခြင်းပါပဲ။ သင်ဟာ သင့် ဘဝရဲ့ ပန်းချီဆရာ ဆိုရင် “ဗလာသက် သက်ကင်းဗတ်စ” လိုဖြစ်နေတဲ့ သင့်ရဲ့ စိတ်ကလေးပေါ်မှာ သင်လိုရာ ပန်းချီကားကို ဆွဲနိုင်တော့ မှာပဲပေါ့။

ရေအလျဉ်လိုကြည်လင်နေ တဲ့ စိတ်အာရုံ ရှိမှသာ အဆုံးမဲ့ ဖန်တီးနိုင်စွမ်းနဲ့ သင့် စိတ်ကြိုက် ဘ၀ ပန်းချီတစ်ခု ကို ဆွဲနိုင်မှာဖြစ်ပါတယ်။ တစ်နေ့မှာ ၁၀ မိနစ် ကနေ မိနစ် ၂၀ အထိ တရား ထိုင်ခြင်းဖြင့် အမြဲအစဉ် အလုပ်များနေရှာတဲ့ စိတ်အာရုံ ကို ခဏ အနားပေးလိုက်တဲ့ အခါ ရရှိ လာမယ့် ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ကို ရှာဖွေ ခံစားလိုက်ကြရအောင်။

  ဖိုးသူတော် (www.phothutaw.com)
Credit: Search Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top