အိႏၵိယနိုင္ငံမွွ အမ်ိဳးသားတစ္ဦးမွာ သတၱဳေခ်ာင္းတစ္ခု ဦးေခါင္းေရွ႕ႏွာေခါင္းေပၚမွ စိုက္ဝင္သြားၿပီး နားေဘးမွွ ေဖာက္ထြက္သြားသည္။ ကားတိုက္မွုျဖစ္၍ ယင္းသို႔ ဒဏ္ရာရရွိခဲ့သူ လူနာကို ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့သည္။ ဆရာဝန္မ်ားက ေလးနာရီၾကာ ခြဲစိတ္ကုသခဲ့ၿပီးေနာက္ အံ့အားသင့္ဖြယ္ သက္သာရာ ရရွိခဲ့သည္။

အူလပ္စ္ကူမား ၂၉ ႏွစ္မွာ သူငယ္ခ်င္းတစ္ေယာက္ႏွင့္အတူ ေလဆိပ္မွွအစ္ကိုျဖစ္သူအား သြားႀကိဳရန္ ကားေမာင္းသူႏွင့္အတူ ကားျဖင့္လိုက္ပါသြားခဲ့သည္။ ကားေမာင္းသြားေနစဥ္အတြင္း ေလာ္ရီကားတစ္စီးႏွင့္ ေခါင္းခ်င္းဆိုင္တိုက္မိခဲ့သည္။

ကားတိုက္မွုတြင္ ယာဥ္ေမာင္း အဗၺဒူလ္ဝဟားဘ္မွာ ေသဆုံးခဲ့ၿပီး ကူမားမွာမူ ကားေခါင္းခန္းထဲမွ သတၱဳေခ်ာင္းတစ္ခု ဦးေခါင္းထဲ စိုက္ဝင္ခဲ့သည္။

အိႏၵိယေတာင္ပိုင္း ကန္ေနာ္ၿမိဳ႕မွ ကူးမားကို သတၱဳေခ်ာင္းတစ္ခု ထိုးစိုက္ဝင္ေနမွုအား ခြဲစိတ္ပါရဂူမ်ားက ဖယ္ရွားေပးရန္ စီမံလုပ္ေဆာင္နိုင္ခဲ့သည္။

အိႏၵိယနိုင္ငံ ကိုဇီကိုဒီၿမိဳ႕မွ Aster MIMS ေဆး႐ုံတြင္ သတၱဳေခ်ာင္း ခြဲစိတ္ဖယ္ရွားေပးခဲ့ၿပီး သက္သာလာသည့္္ ကူမားက ျမန္ဆန္စြာ ေနျပန္ေကာင္းလာသည့္အေပၚ အံ့အားသင့္ခဲ့ၿပီး မ်က္စိအာ႐ုံ မကြယ္ေပ်ာက္ေစရန္ပင္ ဆရာဝန္မ်ားက ကုသေပးနိုင္ခဲ့သည္။

ကူမားက ”က်ေနာ္ကားမေတာ္တဆမွု ျဖစ္ခဲ့တယ္။ ေလာ္ရီကားနဲ႔ ေခါင္းခ်င္းဆိုင္ တိုက္မိတယ္။ ထိုင္ခုံအမွီထိပ္က သတၱဳေခ်ာင္းက ေခါင္းထဲကို ေဖာက္ဝင္သြားတယ္။ ကၽြန္ေတာ္ဒီလို ကားတိုက္မွုကေန ျပန္ေကာင္းလာမယ္လို႔ မေမၽွာ္လင့္မိဘူး။ ကၽြန္ေတာ္တဖန္ျပန္လည္ ေမြးဖြားလာသလို ခံစားမိတယ္” ဟု ေျပာၾကားသည္။

Aster MIMS ေဆး႐ုံမွွ စီအီးအို ေဒါက္တာ ရာဟူးမီႏြန္က “ေဖာက္ဝင္ေနတဲ့ စတီးေခ်ာင္းကို မ်က္စိအျမင္မထိခိုက္ေအာင္ ဖယ္ရွားဖို႔ဆိုတာက ေတာ္ေတာ္ႀကီးမားတဲ့ အလုပ္ပါ။ အလြန္ေသသပ္တဲ့ ခြဲစိတ္မွုနဲ႔ ခုလိုေနျပန္ေကာင္းလာတာေၾကာင့္ အာ႐ုံေၾကာခြဲစိတ္႒ာနက ဆရာဝန္ေတြကို ဂုဏ္ယူဝမ္းေျမာက္ ေၾကာင္း ေျပာလိုပါတယ္။ ဒီလိုျပင္းထန္ဒဏ္ရာရခဲ့တဲ့ေနရာမွာ လူေတာ္ေတာ္မ်ားမ်ား ေၾကာက္ၿပီး ေနာက္ျပန္ဆုတ္သြားတယ္။ လူငယ္တစ္ေယာက္က သူ႔ဆီလာၿပီး ေဆး႐ုံပို႔ေပးခဲ့တယ္” ဟု ေျပာၾကားသည္။

အႏၲရာယ္အလြန္မ်ားေသာ အေျခအေနတြင္ လူနာမွာ စတီးေခ်ာင္းအား ဆြဲႏွုတ္ရန္မႀကိဳးစားပဲ အခ်ိန္လုံလုံေလာက္ေလာက္ေပးၿပီး ခြဲစိတ္ဖယ္ရွားၿပီးသည္အထိ သတိထားေစာင့္ဆိုင္း သည္းခံေနခဲ့သည္ဟု နားလည္ရသည္။

Ref: Daily Mail

ဖိုးသူေတာ္ (www.phothutaw.com)
Credit: KSM / MUNA
# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံမှှ အမျိုးသားတစ်ဦးမှာ သတ္တုချောင်းတစ်ခု ဦးခေါင်းရှေ့နှာခေါင်းပေါ်မှ စိုက်ဝင်သွားပြီး နားဘေးမှှ ဖောက်ထွက်သွားသည်။ ကားတိုက်မှုဖြစ်၍ ယင်းသို့ ဒဏ်ရာရရှိခဲ့သူ လူနာကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆရာဝန်များက လေးနာရီကြာ ခွဲစိတ်ကုသခဲ့ပြီးနောက် အံ့အားသင့်ဖွယ် သက်သာရာ ရရှိခဲ့သည်။

အူလပ်စ်ကူမား ၂၉ နှစ်မှာ သူငယ်ချင်းတစ်ယောက်နှင့်အတူ လေဆိပ်မှှအစ်ကိုဖြစ်သူအား သွားကြိုရန် ကားမောင်းသူနှင့်အတူ ကားဖြင့်လိုက်ပါသွားခဲ့သည်။ ကားမောင်းသွားနေစဉ်အတွင်း လော်ရီကားတစ်စီးနှင့် ခေါင်းချင်းဆိုင်တိုက်မိခဲ့သည်။

ကားတိုက်မှုတွင် ယာဉ်မောင်း အဗ္ဗဒူလ်ဝဟားဘ်မှာ သေဆုံးခဲ့ပြီး ကူမားမှာမူ ကားခေါင်းခန်းထဲမှ သတ္တုချောင်းတစ်ခု ဦးခေါင်းထဲ စိုက်ဝင်ခဲ့သည်။

အိန္ဒိယတောင်ပိုင်း ကန်နော်မြို့မှ ကူးမားကို သတ္တုချောင်းတစ်ခု ထိုးစိုက်ဝင်နေမှုအား ခွဲစိတ်ပါရဂူများက ဖယ်ရှားပေးရန် စီမံလုပ်ဆောင်နိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံ ကိုဇီကိုဒီမြို့မှ Aster MIMS ဆေးရုံတွင် သတ္တုချောင်း ခွဲစိတ်ဖယ်ရှားပေးခဲ့ပြီး သက်သာလာသည့် ကူမားက မြန်ဆန်စွာ နေပြန်ကောင်းလာသည့်အပေါ် အံ့အားသင့်ခဲ့ပြီး မျက်စိအာရုံ မကွယ်ပျောက်စေရန်ပင် ဆရာဝန်များက ကုသပေးနိုင်ခဲ့သည်။

ကူမားက ”ကျနော်ကားမတော်တဆမှု ဖြစ်ခဲ့တယ်။ လော်ရီကားနဲ့ ခေါင်းချင်းဆိုင် တိုက်မိတယ်။ ထိုင်ခုံအမှီထိပ်က သတ္တုချောင်းက ခေါင်းထဲကို ဖောက်ဝင်သွားတယ်။ ကျွန်တော်ဒီလို ကားတိုက်မှုကနေ ပြန်ကောင်းလာမယ်လို့ မမျှော်လင့်မိဘူး။ ကျွန်တော်တဖန်ပြန်လည် မွေးဖွားလာသလို ခံစားမိတယ်” ဟု ပြောကြားသည်။

Aster MIMS ဆေးရုံမှှ စီအီးအို ဒေါက်တာ ရာဟူးမီနွန်က “ဖောက်ဝင်နေတဲ့ စတီးချောင်းကို မျက်စိအမြင်မထိခိုက်အောင် ဖယ်ရှားဖို့ဆိုတာက တော်တော်ကြီးမားတဲ့ အလုပ်ပါ။ အလွန်သေသပ်တဲ့ ခွဲစိတ်မှုနဲ့ ခုလိုနေပြန်ကောင်းလာတာကြောင့် အာရုံကြောခွဲစိတ်ဋ္ဌာနက ဆရာဝန်တွေကို ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောလိုပါတယ်။ ဒီလိုပြင်းထန်ဒဏ်ရာရခဲ့တဲ့နေရာမှာ လူတော်တော်များများ ကြောက်ပြီး နောက်ပြန်ဆုတ်သွားတယ်။ လူငယ်တစ်ယောက်က သူ့ဆီလာပြီး ဆေးရုံပို့ပေးခဲ့တယ်” ဟု ပြောကြားသည်။

အန္တရာယ်အလွန်များသော အခြေအနေတွင် လူနာမှာ စတီးချောင်းအား ဆွဲနှုတ်ရန်မကြိုးစားပဲ အချိန်လုံလုံလောက်လောက်ပေးပြီး ခွဲစိတ်ဖယ်ရှားပြီးသည်အထိ သတိထားစောင့်ဆိုင်း သည်းခံနေခဲ့သည်ဟု နားလည်ရသည်။

Ref: Daily Mail

ဖိုးသူတော် (www.phothutaw.com)
Credit: KSM / MUNA
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top