မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×
၁။ ရှပ်အင်္ကျီနောက်မှာ ပါတဲ့ကွင်း
၂။ ferret bead
၆။ spagetti spoon
၉။ ဘော(လ်)ပင်ထိပ်က အဖုံး
# Unicode Version ဖြင့် ဖတ်ပါ #
၁။ ရှပ်အကျႌနောက်မှာ ပါတဲ့ကွင်း
သင် ရှပ်အကျႌနောက်မှာ ပါတဲ့ကွင်းလေးကို မကြာခဏတွေ့ဖူးမှာပါ။ တချို့က ဘာအတွက်လဲဆိုတာကို သိချင်ကြမှာပါ။ တကယ်တော့ ထိုကွင်းလေးတွေမှာ ရည်ရွယ်ချက် ၃ ခုရှိပါတယ်။ ပထမတစ်ခုကတော့ရိုးရှင်းပါတယ်။ သင်အကျႌကို အလွယ်တကူချိတ်ထားနိုင်ဖို့ပါ။ဒီနည်းဟာ ရိုးစင်းပီး သင့်အကျႌကိုလည်း မသပ်မရပ်ဖြစ်စေလို့ အသုံးနည်းပါတယ်။ဒုတိယအချက်ကတော့ သင်နက်ကတိုင်ဝတ်ဆင်ဖို့ပြင်ဆင်ရာမှာ လွယ်ကူစေဖို့ပါ။ နောက်ဆုံးအချက်က တော့ ရိုဆန်ပါတယ်။အရင်တုန်းက အမေရိကန်တက္ကသိုလ်ကျောင်းသားတွေ သူ့ကောင်မလေးတွေနဲ့ပထမဆုံး ချိန်းတွေ့ချိန်မှာ ကောင်မလေးထံမှ အချစ်ကို အပြည့်အဝရရှိတဲ့သင်္ကတအနေနဲ့ ကွင်းလေးကိုဖြတ်လိုက်ကြပါတယ်။
၂။ ferret bead
သင့်လပ်တော့(ပ်) အားသွင်းကြိုးအစွန်နားက စလင်ဒါပုံစံ လေးကိုလည်းသင်သတိထားမိမှာပါ။ အလှအပအတွက်လို့ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့ ferret bead လို့ခေါ်တဲ့ အရာလေးဟာ အီလက်ထရစ် ဆားကစ် တွေမှာ ဖြစ်ပေါ်တတ်တဲ့ ကြိမ်နှုန်းမြင့် ဆူညံမှုကို ကာကွယ်ဖို့ပါ။ ironပါဝင်တဲ့ ferrite လို့ခေါ်တဲ့ chemical တမျိုးနဲ့ ရိုးစင်းစွာဖုံး အုပ်ထားတာပါ။
၃။လေယာဉ်ပြတင်းပေါက်ပေါ်က အပေါက်ငယ်လေး
လေယာဉ်ပြတင်းပေါက်ပေါ်က အပေါက်ငယ်လေးတွေကိုတွေ့ သင်အမှတ်တမဲ့ဖြစ်နေမှာပါ။ သူ့လုပ်ဆောင်ချက်ကို ကြည့်ရအောင်။ တကယ်တော့ လေယာဉ်ပြတင်းပေါက်ကအပေါက်လေးတွေဟာ မာကြောပီး ဖိအားခံနိုင်တဲ့ ပလပ်စတစ်တမျိုးနဲ့ အလွှာနှစ်ထပ်လုပ်ထားတာပါ။ အကယ်၍ ထိုအပေါက်လေးတွေသာမရှိခဲ့ရင် အတွင်းလွှာဟာ ဖိအားကြောင့် ပလပ်စတစ်အပိုင်းလေးတွေဖြစ်သွားနိုင်ပါတယ်။ ထိုအပေါက်လေးတွေဟာ ဖိအားခြားနားမှုကိုအထိုက်အလျောက်ထိန်းပေးနိုင်ပီး သက်တောင့်သက်သာရှိစေပါတယ်။
၄။ အရောင်၂မျိုးပါ ခဲဖျက်
ငယ်ငယ်တည်းက အသုံးပြုခဲ့တဲ့ အရောင်၂မျိုးပါ ခဲဖျက်လေးတွေကိုသိတယ်ဟုတ်။ ကလေးအတွေးမှာတော့ ပန်းရောင်ပိုင်းဟာ ခဲတံအတွက်ဖြစ်ပီး အပြာပိုင်းဟာ ဘော(လ်)ပင် အတွက်လို့ပဲတထစ်ချမှတ်ခဲ့တာပါ။ တကယ်တော့ ပန်းရောင်အသားဟာ ခဲသားတိုင်းကိုလုံးဝပြောင်ရှင်းသွားစေမှာမဟုတ်ပါဘူး။ဒါကြောင့် အပြာရောင်အသားကို ခဲသားလုံးဝရှင်းလင်းသွားစေဖို့ထည့်ထားပေးတာပါ။
၅။ သင့်အားကစားဖိနပ်က အပေါက်ပို
သင့်အားကစားဖိနပ်က ပုံမှန်မဟုတ်တဲ့အပေါက်ပိုလေးတွေအကြောင်းပြောရအောင်။ တချို့ကတော့ အလှဆင်မှုလို့ထင်မှာပါ။ အဖြေကမှားပါတယ်။ ဖိနပ်ကြိုးကို ထိုအပေါက်လေးတွေပါအသုံးပြုချည်နှောင်ခြင်းက ဖိနပ်နဲ့ခြေထောက်တသားတည်းဖြစ်သွားစေပီး ပြေးတဲ့အခါပိုအဆင်ပြေစေမှာပါ။ စတင်အသုံးပြုချိန် တမျိုးဖြစ်နေစေပေမဲ့ ခြေအိတ်အတို ဝတ်ဆင်သူတွေအတွက် ပိုပီး သက်တောင့်သင်သာရှိစေမှာပါ။
၆။ spagetti spoon
spagetti spoon လေးရဲ့ လျှို့ဝှက်ချက်ကိုကောသိချင်မိလား။ ဇွန်းရဲ့ အောက်ခြေက အပေါက်လေးပါ။ တချို့ကတော့ ဒါဟာ spagetti ခပ်စဉ်မှာ အရည်မပါအောင်လို့ထင်ကြပါတယ်။ တကယ်တော့ အဲ့အပေါက်လေးက သင့်ရဲ့ spagetti အလုတ်တိုင်းရဲ့ ပမာဏကိုအတိအကျ ဖြစ်စေတာပါ။
၇။ ဂျင်းဘောင်းဘီပေါ်က အိတ်ကပ်အသေး
သင့်ဂျင်းဘောင်းဘီပေါ်က အိတ်ကပ်အသေးလေးကို သင်သထိထားမိမှာအသေအချာပါပဲ။ ဒါကို ၁၈၇၃မှာ Levi’s ဂျင်းတွေမှာ စတင်တပ်ဆင်ခဲ့ပီး အိတ်ဆောင်နာရီတွေအတွက် ဖန်တီးခဲ့တာပါ။
၈။ အဝတ်အစားတွေမှာ ပါလာတတ်တဲ့ ပိတ်စအပို
သင့်အဝတ်အစားတွေမှာ ပါလာတတ်တဲ့ ပိတ်စအပိုလေးတွေကို တွေ့ဖူးပါသလား။ အများစုက ဒါဟာ အစားထိုးဖို့နဲ့ ကြယ်သီးတွေအတွက်လို့ထင်ကြတာပါ။ဒါပေမဲ့ အဝတ်အထည်ထုတ်သူတွေဟာ သင်ဝယ်ယူတဲ့ အဝတ်အစားအရည်အသွေး လျော်ဖွတ်ခံနိုင်စွမ်းတို့ကို ကြိုတင်သိနိုင်အောင်ပါ။
၉။ ဘော(လ်)ပင်ထိပ်က အဖုံး
သင့်ဘော(လ်)ပင်ထိပ်က အဖုံးလေးက သင့်ကိုအသက်အန္တရာယ်က ကာကွယ်နိုင်ပါတယ်။ မျိုချမိရင်တောင်အသက်ရှူလမ်းကြောင်းမထိခိုက်စေအောင်လို့ထင်ပါလိမ့်မယ်။ တကယ်တော့ ဘာပဲမျိုချမိမိ မြူးကပ် မန်ဘရိမ်း က ပိုပီးကြီးထွားလာစေပီး အသက်အန္တရာယ်ရှိ လာနိုင်ပါတယ်။ မပူပါနဲ့ ထိုအပေါက်လေးက ထိုအဖြစ်ဆိုးကသင့်ကိုကယ်မှာပါ။
၁၀။ ဂျင်းဘောင်းဘီ အိတ်နား တဝိုက်က ဘုလေးတွေ
သင့်ဂျင်းဘောင်းဘီ အိတ်နား တဝိုက်က ဘုလေးတွေကို သင်ဘယ်လိုထင်ပါသလဲ။ အဲ့ဒီ့ snaps လေးတွေ rivetsရိုက်ထားတယ်လို့ထင်ကြပါတယ်။ တကယ်တော့ အိတ်ကိုမကြာခဏအသုံးပြုရာမှာဖြစ်ပေါ်စေတဲ့ ဂျင်းသားပွန်းခြင်းနဲ့ ပျက်စီးခြင်းကို ကာကွယ်ဖို့ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: စပွန့် (Daily Hot News)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top