# Zawgyi Version ျဖင့္ဖတ္ရန္ #

၂ဝ၁၂ ခုႏွစ္ကတည္းက ေမာ္ဒယ္ အလွမယ္ တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကို ဝင္ေရာက္ခဲ့ကာ ၂ဝ၁၄ ခုႏွစ္မွစ ၍ ဇာတ္ကားမ်ား သ႐ုပ္ေဆာင္မႈတြင္ ပါဝင္လာေသာ ေမာ္ဒယ္ သ႐ုပ္ေဆာင္ အလွမယ္ ထားထက္ထက္ က သက္ငယ္ မုဒိမ္း ကို ေသဒဏ္ေပးဖို႔အားမေပးဘူးဟု ဆိုသည္။

”မုဒိမ္းမႈ ေတြက တစ္ခုနဲ႔ တစ္ခုျဖစ္ပုံခ်င္းက မတူဘူး။ တခ်ိဳ႕ေတြက ငယ္႐ြယ္တဲ့အခါ စမ္းသပ္မႈျဖစ္တဲ့အခါမ်ိဳးေပါ့။ သက္ငယ္မုဒိမ္းဆိုရင္ အရမ္းအ႐ြယ္မေရာက္ေသးတဲ့ ႏွစ္ႏွစ္၊ သုံးႏွစ္ကေလးေတြကို မုဒိမ္းက်င့္တယ္ဆိုရင္ ဒီကေလးေတြ ခံစားရတဲ့ ခံစားခ်က္ေတြက အရမ္းျပင္းထန္တယ္ေလေနာ္။ ဘယ္လိုမွ ကိုယ္တိ ေင္လည္းမခံစားႏိုင္ဘူး။ ခံစားေပးလို႔လည္း မရဘူး။ သည္းမခံႏိုင္ဘူးေပါ့။ ခြင့္လႊတ္လို႔ရတဲ့ကိစၥလည္း မဟုတ္ဘူး။ ျပစ္မႈက်ဴးလြန္တဲ့သူေတြကို ေသဒဏ္ေပးလိုက္ရင္ သူတို႔က ခဏေလးတင္တစ္ခါထဲေသသြားမွာ။ ထားထက္ကေတာ့ ေသဒဏ္ေပးဖို႔ အားမေပးဘူး။ ေသဒဏ္ထက္ကို သူတို႔ကို ေထာင္ဒဏ္အကန႔္အသတ္မရွိတို႔ ႏွစ္ရွည္ေထာင္ဒဏ္ကိုမွ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ေတြ လြတ္ၿငိမ္းခ်မ္းသာခြင့္ မရွိဘူးေပါ့။ အဲဒီလိုႀကီးမားတဲ့ေထာင္ဒဏ္ႀကီးေတြကို ပိုၿပီးေတာ့လိုခ်င္တယ္။ လူမမယ္ကေလးေတြ ခံစားရတဲ့အတိုင္း သူတို႔ခံစားဖို႔လိုတယ္”ဟု ထားထက္ထက္က ေျပာသည္။

သူမအေနျဖင့္ လက္ရွိကာလတြင္ စေန၊ တနဂၤေႏြအားလပ္ရက္မ်ား၌ အမ်ိဳးသမီးမ်ား၏ လုံၿခဳံမႈႏွင့္ မိမိကိုယ္ကို Strong ျဖစ္ေစရန္ ရည္႐ြယ္လ်က္ ကိုယ္ခံအတတ္ပညာမ်ားအား HAY ( Health & Active Youth) အစီအစဥ္တြင္ ပါဝင္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။

အားကစားသည္ အမ်ိဳးသမီးမ်ား၏ လုံၿခဳံေရးႏွင့္ ဆက္စပ္မႈရွိေၾကာင္း ေျပာျပရာတြင္လည္း ”မိန္းကေလးတစ္ေယာက္အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ လုံၿခဳံဖို႔အတြက္ ကိုယ္ခံအတတ္ပညာရပ္ အားကစားတစ္ခုခုကို တတ္ထား ဖို႔လိုအပ္ပါတယ္။ အနည္းဆုံးအရမ္းႀကီး ေယာက်္ားေလးတစ္ေယာက္နဲ႔အားၿပိဳင္ၿပီး မယွဥ္ႏိုင္ဘူးဆိုရင္ေတာင္ ခုခံကာကြယ္လို႔ရတယ္ဆိုေတာ့ တတ္ဖို႔အေရးႀကီးပါတယ္”ဟု ၎က အႀကံျပဳေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Unity Journal

# Unicode Version ဖြင့်ဖတ်ရန် #
၂ဝ၁၂ ခုနှစ်ကတည်းက မော်ဒယ် အလှမယ် တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်ခဲ့ကာ ၂ဝ၁၄ ခုနှစ်မှစ ၍ ဇာတ်ကားများ သရုပ်ဆောင်မှုတွင် ပါဝင်လာသော မော်ဒယ် သရုပ်ဆောင် အလှမယ် ထားထက်ထက် က သက်ငယ် မုဒိမ်း ကို သေဒဏ်ပေးဖို့အားမပေးဘူးဟု ဆိုသည်။

”မုဒိမ်းမှု တွေက တစ်ခုနဲ့ တစ်ခုဖြစ်ပုံချင်းက မတူဘူး။ တချို့တွေက ငယ်ရွယ်တဲ့အခါ စမ်းသပ်မှုဖြစ်တဲ့အခါမျိုးပေါ့။ သက်ငယ်မုဒိမ်းဆိုရင် အရမ်းအရွယ်မရောက်သေးတဲ့ နှစ်နှစ်၊ သုံးနှစ်ကလေးတွေကို မုဒိမ်းကျင့်တယ်ဆိုရင် ဒီကလေးတွေ ခံစားရတဲ့ ခံစားချက်တွေက အရမ်းပြင်းထန်တယ်လေနော်။ ဘယ်လိုမှ ကိုယ်တိ ငေ်လည်းမခံစားနိုင်ဘူး။ ခံစားပေးလို့လည်း မရဘူး။ သည်းမခံနိုင်ဘူးပေါ့။ ခွင့်လွှတ်လို့ရတဲ့ကိစ္စလည်း မဟုတ်ဘူး။ ပြစ်မှုကျူးလွန်တဲ့သူတွေကို သေဒဏ်ပေးလိုက်ရင် သူတို့က ခဏလေးတင်တစ်ခါထဲသေသွားမှာ။ ထားထက်ကတော့ သေဒဏ်ပေးဖို့ အားမပေးဘူး။ သေဒဏ်ထက်ကို သူတို့ကို ထောင်ဒဏ်အကန့်အသတ်မရှိတို့ နှစ်ရှည်ထောင်ဒဏ်ကိုမှ အလုပ်ကြမ်းနဲ့ထောင်ဒဏ်တွေ လွတ်ငြိမ်းချမ်းသာခွင့် မရှိဘူးပေါ့။ အဲဒီလိုကြီးမားတဲ့ထောင်ဒဏ်ကြီးတွေကို ပိုပြီးတော့လိုချင်တယ်။ လူမမယ်ကလေးတွေ ခံစားရတဲ့အတိုင်း သူတို့ခံစားဖို့လိုတယ်”ဟု ထားထက်ထက်က ပြောသည်။

သူမအနေဖြင့် လက်ရှိကာလတွင် စနေ၊ တနင်္ဂနွေအားလပ်ရက်များ၌ အမျိုးသမီးများ၏ လုံခြုံမှုနှင့် မိမိကိုယ်ကို Strong ဖြစ်စေရန် ရည်ရွယ်လျက် ကိုယ်ခံအတတ်ပညာများအား HAY ( Health & Active Youth) အစီအစဉ်တွင် ပါဝင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အားကစားသည် အမျိုးသမီးများ၏ လုံခြုံရေးနှင့် ဆက်စပ်မှုရှိကြောင်း ပြောပြရာတွင်လည်း ”မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် လုံခြုံဖို့အတွက် ကိုယ်ခံအတတ်ပညာရပ် အားကစားတစ်ခုခုကို တတ်ထား ဖို့လိုအပ်ပါတယ်။ အနည်းဆုံးအရမ်းကြီး ယောကျ်ားလေးတစ်ယောက်နဲ့အားပြိုင်ပြီး မယှဉ်နိုင်ဘူးဆိုရင်တောင် ခုခံကာကွယ်လို့ရတယ်ဆိုတော့ တတ်ဖို့အရေးကြီးပါတယ်”ဟု ၎င်းက အကြံပြုပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Unity Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top